← Chapters

မာစတာအဆင့်စာဖိုးမှူး

Vol. 28 Ch. 416

မာစတာအဆင့်စာဖိုးမှူး

Vol. 28 Ch. 416

လင်းဖန်သည် ဖန်သားပြင်ပေါ်ရှိ မေးလ်ကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားသည်။

သူ တစ်ခုခုကို တွေးမိပုံရပြီး နောက်အီးမေးလ်ကို အမြန်ဖွင့်လိုက်သည်။

ရှောင်အန်း၏အီးမေးလ်ဖြစ်နေသည်ကိုတွေ့လိုက်သည်။ရှောင်အန်းနှင့်ရှောင်ပန်တို့အီးမေးလ်၏ အပေါ်ပိုင်းသည်အထင်ကြီးလောက်စရာ ရေးထားသည်။

လင်းဖန်က ပြုံး၍မနေနိုင်ဘဲ “ဒီကလေးမလေးနှစ်ယောက်က ငါ့တပည့်တွေဖြစ်ချင်တာလား”

“ငါသူတို့နဲ့အတူရှိတဲ့အချိန်ကသိပ်မရှိဘူး။ ငါ့တပည့်ဖြစ်ပြီးတဲ့နောက်ကျရင်ငါနဲ့မကြာခဏ အတူတူနေနိုင်တယ်၊ ဒါက မဆိုးတဲ့ကိစ္စပဲ..!”

လင်းဖန်သည် စကားပြောနေစဉ်တွင် ရှောင်ပန် နှင့် ရှောင်အန်း တို့၏ ဖောင်ကို ဖတ်လိုက်သည်။

ထို့နောက် အီးမေးလ်နောက်တစ်လုကို ဆက်နှိပ်သည်။

မကြာခင်မှာပဲအီးမေးလ် 50 လုံး ဖတ်လို့ပြီးသွားလေသည်။

မူလက လင်းဖန်သည် သင်္ချာ၊ ကွန်ပျူတာ၊ ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒဘာသာရပ်တို့တွင် လူတစ်ဦးစီကို ရွေးချယ်ရန် စီစဉ်ထားသည်။

သို့သော် ရှောင်ပန်နှင့် ရှောင်အန်းတို့သည် ကွန်ပြူတာတွင် ကျွမ်းကျင်သူများဖြစ်သည်။

နောက်ဆုံးတွင် လင်းဖန်ရွေးချယ်သော ကျောင်းသားဦးရေမှာ သူသတ်မှတ်ထားသောငါးယောက်မှ ခြောက်ယောက်သို့ ပြောင်းလဲသွားသည်။

ကျောင်းသားများကို ရွေးချယ်ခြင်းသည် လင်းဖန် အတွက် ကိစ္စသေးသေးလေးမျှသာဖြစ်သည်။

အီးမေးလ် ၆ စောင်ကို ပြန်ဖြေကြားပြီးနောက် အိပ်ပျော်သွားခဲ့သည်။

ကျန်ပေ့တက္ကသိုလ်၊ အမျိုးသမီးအိပ်ဆောင်။

ရှောင်ပန်နှင့် ရှောင်အန်း တို့သည် သူတို့အားလပ်ချိန်တိုင်း အီးမေးလ်ကို စိုက်ကြည့်နေကြသည်။

ဒီနေ့လဲခြွင်းချက်မရှိပေ။

ညစာစားပြီးသောအခါ ကွန်ပြူတာဖွင့်၍ မျက်တောင်မခတ်ဘဲ ကွန်ပျူတာစခရင်ကို ကြည့်နေကြသည်။ သူမတို့၏ လှပသော မျက်နှာများသည် မျှော်လင့်ချက်နှင့် ပြည့်နှက်နေသည်။

“ဒင်ဒေါင်!”

ထိုအချိန်တွင် ကွန်ပြူတာမှအချက်ပေးသံများ ထွက်ပေါ်လာသည်။

အီးမေးလ်တစ်စောင် ထွက်ပေါ်လာသည်။

နောက်အခိုက်အတန့်တွင်ရှောင်ပန် နှင့် ရှောင်အန်းတို့၏ လှပသော မျက်နှာနှစ်ခုသည် ပန်းများပွင့်သကဲ့သို့ ပြုံးလိုက်ကြသည်။

အီးမေးလ်တွင် စကားလုံးခြောက်လုံးသာ ရှိသည်။သို့သော်​ဤစားလုံးခြောက်လုံးသည်သူမတို့ကိုအဆုံးအစမရှိပျော်ရွှင်စေသည်။

...

ပေကျင်းတက္ကသိုလ်၊ အမျိုးသားအိပ်ဆောင်။

ဟော့ကျိဝူ သည် ယခုအချိန်တွက်Dota2ကိုဆော့နေလေသည်။

“အားလုံးပဲမန်မြန်လာဟ..3၊ 2၊ 1၊ ငါ့ရဲ့ကြီးမားတဲ့ စကေးကိုပြမယ်” လို့ အော်ပြောလိုက်သည်။

“1 kill!”

“2kill!”

“3kill”

“4kill and 5kill”

မကြာခင်မှာ သူက ရန်သူရဲ့နောက်ဆုံးအဆောက်အဦးကို ဖြိုပြီးနောက် အောင်ပွဲရခဲ့သည်။

“နိုင်သွားပြီကွ” ဟော့ကျောက်ဝူက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

သူ့ဘေးက အခန်းဖော်က “ဟော့ကျိဝူ၊ အရမ်းစိတ်လှုပ်ရှားမနေနဲ့အုံး၊အခုမှတစ်ပွဲပဲရှိသေးတယ်”

ဟော့ကျောက်ဝူက ပေါ့ပေါ့ပါးပါးနဲ့ “ကောင်းပြီ”

“ဒင်ဒေါင်!”

ထိုအချိန်တွင် ဟော့ကျောက်ဝူ၏ လက်ကိုင်ဖုန်းသည် အနည်းငယ်တုန်ခါသွားပြီး အီးမေးလ်တစ်စောင် ထွက်ပေါ်လာသည်။

ပို့လာသောအိးမေးလ်က်ုဖတ်လိုက်လေသည်။

နောက်အခိုက်အတန့်မှာတော့ ဟော့ကျောက့ဝူ က “ကောင်းလိုက်တာ!...ဟားဟား....”

အခန်းဖော်က “ဟော့ကျောက်ဝူမင်းအသံကို လျှော့အုံး!”

သို့သော်…

ဒီတစ်ခါတော့ ဟော့ကျောက်ဝူက မကြားရသလိုမျိုးရယ်နေလေသည်။

“ကောင်းတယ်ဟားဟား!”

လင်းဖန်ကသူကိုတပည့်အဖြစ်လက်ခံခဲ့သည်။

...

အင်တာနက်မှာလည်းချက်ချင်းဆူညံနေသည်။

လင်းဖန်သည် ကျောင်းသားများကို ရွေးချယ်ပြီးနောက် ကျန်ပေ့တက္ကသိုလ် ၏တရားဝင်ဝက်ဘ်ဆိုက်တွင်လည်း အချိန်နှင့်တစ်ပြေးညီ ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

[ကျန်ပေ့တက္ကသိုလ်- ရက်အတော်ကြာ သေချာစဉ်းစားပြီးနောက် လင့းဖန်သည် ကျောင်းသား 6 ဦးကို ရွေးချယ်ခဲ့ပြီး ၎င်းတို့မှာ ကျန်ပေ့တက္ကသိုလ် မှ ရှောင်ပန် နှင့် ရှောင်အန်း၊ ဟွာကျင်းတက္ကသိုလ် မှ နင်းကျန်းကျန်း ၊ ကျင်ချန်တက္ကသိုလ် မှ ဟော့ကျောက်ဝူ ၊ မိုဒူတက္ကသိုလ် မှ ဂျင်ချန်ကျူနှင့် ရှောင်ခီ တက္ကသိုလ်မီ လင်းချင်ချူ သူတို့ကပါမောက္ခလင်းဖန်စီကနေအများကြီးသင်ယူနိုင်ဖို့မြော်လင့်တယ်။ထို့အပြင်လျှောက်လွှတင်သွင်းတာကိုလဲယခုမှစပိတ်ချလိုက်ပါပြီ 】

မကြာမီ မက်ဆေ့ခ်ျအများအပြားသည် တစ်ခုပြီးတစ်ခု တက်လာတော့သည်။

[စနိုး: ဆရာလင်းက အခု ကျောင်းသား 6 ယောက်ကို ရွေးလိုက်ပြီလား။ မြန်လိုက်တာငါတောင်အီးမေးလ်မပို့ရသေးဘူး။ 】

[လီလီ: ငါလည်း! မနက်ဖြန်မှပို့ဖို့လုပ်ထားတာ။ 】

[ဒန်ဒန်: ငါကတော့အီးမေးလ်​ပို့ထားတယ်။ဒါပေမဲ့စိတ်မကောင်းစရာကရွေးချယ်တဲ့ထဲမှာငါမပါဘူး။ 】

[လူလူ: အပေါ်ကတစ်ယောက်မင်းနဲ့ငါနဲ့ကအတူတူပဲ။ 】

[စတန့်- ရှောင်ခီတက္ကသိုလ် မှ လင်းချင်ချူ၊ သူမတွင် ညီမတစ်ယောက်ရှိမရှိမေးပေးကြပါ။ 】

[ဂျက်: အားလုံးက ဟွာရှကျောင်းသားတွေလား။ ငါတို့အမေရိကန် မပါဘူးလား။ 】

[ဖတ့်- ငါတို့ရဲ့အီဂယ်နိုင်ငံလည်းမပါဘူး။ဒါကတရားမျှတမှုမရှိဘူး။ 】

[မစ္စတာဟွမ် : တရားမျှတမှုလား။ တရားမျှတမှုဆိုတာဘာလဲ။ ဆရာလင်းသည် တရုတ်နိုင်ငံမှဖြစ်သည်။ ထို့ကြောင့် သူရွေးတဲ့ ကျောင်းသားကလဲတရုတ်နိုင်ငံကပဲဖြစ်တယ်ဆိုတာကသဘာဝကျတယ်လေ 】

[ဘီယန်- မင်းတို့စကားကိုစောစောမပြောနဲ့အုံး၊ငါတို့ ဘစ်ဘန်နိုင်ငံဟာ လင်းဖန် ရဲ့ အထောက်အထားကို အတည်ပြုပြီးသွားပြီ၊ သူက ငါတို့ဘစ်ဘန်နိုင်ငံဖြစ်နိုင်ချေ အရမ်းများတယ်။ 】

[လူးဝစ့်- ဘစ်ဘန် နိုင်ငံ၊ ငါ မင်းတို့ကို အရှက်မဲ့ဆုံးလို့ ခေါ်တော့မယ်။ 】

...

နွေးထွေးသော နေရောင်ခြည်သည် ပြတင်းပေါက်ပေါ်ကိုကျရောက်သောအခါ။

လင်းဖန်သည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

ထို​နောက်သူက ဖုန်းကို အရင်ကြည့်လိုက်သည်။

“0:00နာရီတရုတ်ဘဏ်မှ ယွမ် 7,543,900 ရရှိသည်။”

ထို့နောက် သူသည် ဆိုင်းအင်ဝင်သည့်စနစ်ကို အာရုံစိုက်လိုက်သည်။

“ဆိုင်းအင်လုပ်မယ်!”

【ဒင်း! ဂုဏ်ယူပါသည်၊ သင်သည် မာစတာအဆင့်စားဖိုမှူး အတွေ့အကြုံကို ရရှိပါသည်။ သင်ချက်ပြုတ်သောအစားအစာများသည်သာမန်လူများထက် သာလွန်ကောင်းမွန်ပြီး တစ်ချိန်တည်းမှာပင်သင့်အားစွဲမက်ဖွယ်ရောင်ဝါကျက်သရေကို ပြသနိုင်သည်။ 】

ဒါကိုကြည့်ရင်းလင်းဖန်၏ အမူအရာ အနည်းငယ် လှုပ်ရှားသွားသည်။

နောက်ဆုံးတော့ ယွမ် 10 သန်းသည်သူ့အတွက်အသုံးမဝင်တဲ့အရာသာဖြစ်သည်။

ယခုမာစတာအဆင့်စားဖိုမှူးအတွေ့အကြုံဆိုတာကအဖိုးမဖြတ်နိုင်ပေ။

အရင်က လင်းဖန်သည် အရမ်းတော်တဲ့ စားဖိုမှူးတစ်ယောက်ဖြစ်ဖို့ စိတ်ကူးထားသည်။

နောက်ပိုင်းတွင် သူကိုယ်တိုင်ချက်ပြုတ်ရန် ကြိုးစားခဲ့သည်။

သို့သော်သူချက်သောဟင်း၏အရသာသည်သူကိုယ်တိုင်တောင်မစားနိုင်တဲ့အထိကောင်းလေသည်။(ရွဲ့တာ)

အဲဒီနောက်မှာတော့သူသည်ဟင်းလုံးဝမချက်တော့ပေ။

မာစတာအဆင့်စားဖိုမှူးအတွေ့အကြုံ၊ ဒါကအရမ်းကောင်းတဲ့အရာပင်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လင်းဖန်သည် သူ့စိတ်ထဲတွင် ချက်ပြုတ်နည်းများစွာသည်ရုတ်တရက်ဝင်လာပြီးသူသည်ဟင်းကိုနှစ်ပေါင်းများစွာချက်လာသလိုခံစားရသည်။

လင်းဖန်သည်အရုပ်သစ်ရသလိမျိုးစမ်းသပ်ရန်မစောင့်နိုင်တော့ပေ။ထို့နောက်သူသည်စျေးသို့သွားကာသည် ဆန်၊အမဲသား၊ သြစတြေးလျပုဇွန်၊ ကြက်ဥ၊ခေါက်ဆွဲ၊ အာလူး၊ ငရုတ်သီးစိမ်း၊......စသောပါဝင်ပစ္စည်းများကိုဝယ်ကာအိမ်သို့ပြန်လာလေသည်။

လင်ဖန်သည် ပါဝင်ပစ္စည်းများနှင့်အတူ မီးဖိုခန်းသို့ ရောက်ရှိလာသည်။

ထို့နောက်လင်းဖန်သည် အာလူးများကို ကောက်ယူပြီး ဓားလက်ကိုင်ကို ဆုပ်ကိုင်လိုက်သည်။

“ဒန့်..ဒန့်..ဒန့်...”

စည်းချက်ညီသော ဓားခုတ်သံများသည် မီးဖိုချောင်တွင်ချက်ချင်းထွက်ပေါ်လာသည်။

ထို့နောက် တူညီသောအရွယ်အစားနှင့် တူညီသောအထူရှိသော အာလူးအတုံးများပါးလုံးကိုဇလံထဲသို့ထဲလိုက်လေသည်။

ထို့နောက်ဒယ်ဆိုးကိုအပူပေးသည်။အပူပေးပြီးနောက်ဆီးကိုထည့်သည်။ထို့နောက်ဝယ်လာသောအမဲသား၊ကြက်ဥ......စသည့်ပါဝင်ပစ္စည်းတွေကိုထည့်ကာချက်လိုက်လေသည်။

မကြာခင်မှာပဲသင်းပျံ့ပြီးသရေယိုစရာရနံ့များထွက်လာကြသည်။

အရသာရှိတဲ့ အစားအသောက် ပင်လယ်စာခေါက်ဆွဲကိုဒယ်အိုးကနေပန်းကန်ထဲသို့ထည့်လိုက်လေသည်။ထို့နောက်တခြားဟင်းလျာများကိုလဲပန်ကန်ထဲသို့ထည့်လိုက်လေသည်။

လင်းဖန်က ပင်လယ်စာခေါက်ဆွဲကို ကောက်ယူပြီး ပါးစပ်ထဲထည့်ကာ “ခေါက်ဆွဲက အရမ်းကောင်းတယ်၊ အရသာရမ်းရှိတယ်!”

လင်းဖန်သည် အမဲသားကင်ကို ကောက်ယူပြီး ဝါးလိုက်ကာ “အပူချိန်ကအနေတော်ပဲငါဖန်တီးထားတဲ့ဆော့စ်နဲ့သုတ်ပြီးကင်ထားတာဆိုတော့အရသာကပြောစရာမလိုအောင်ကောင်းတယ်”

ထမင်းစားနေစဉ်တွင်လင်းဖန်ဟင်းပွဲတစ်ခုစီကိုစားတိုင်းမှတ်ချက်ပေးသည်။

ခဏအကြာတွင် စားပွဲပေါ်ရှိ အစားအစာအားလုံးကုန်သွားလေသည်။

လင်းဖန်သည် သူ၏ တင်းကားနေသော ဗိုက်ကို ကိုင်လိုက်ပြီးသူ့မျက်နှာပေါ်တွင်ကျေနပ်သောအမူအရာတစ်ခု ပေါ်လာသည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters