အရသာရှိတယ်
Vol. 28 Ch. 418
လင်းဖန်သည် ပါမောက္ခကွန်ပြူတာအတွေ့အကြုံရှိနေသည်။
တစ်ချိန်တည်းမှာပင်၊ လင်းဖန်တွင် ဟက်ကာကျွမ်းကျင်မှုများလဲရှိသည်။
ရှုပ်ထွေးတဲ့ ပရိုဂရမ်တစ်ခုကို ရေးတာကသူ့အတွက်ဘာမှမဟုတ်ပေ။
ရှောင်ပန် နှင့် ရှောင်အန်း တို့သည် လင်းဖန် ၏ ခန္ဓာကိုယ်မှ နွေးထွေးသော အသက်ရှုသံကို ခံစားလိုက်ရသောအခါသူမတို့၏ လှပသော မျက်နှာများသည် ရှက်ရွံ့စွာမှုကြောင်ြနီမြန်းသွားကြသည်။
အချိန်အတော်ကြာပြီးနေညက် “ကောင်းပြီ... ကောင်းပြီ” လို့ပြောလိုက်ကြသည်။
ထို့နောက် လင်းဖန် က လင်းချင်ကျူကိုကြည့်ကာ “မင်းကရော...” လို့ မေးလိုက်သည်။
လင်းချင်ကျူကခဏလောက်စဉ်းစားပြီး “လျှပ်စစ်သံလိုက်” လို့ပြောလိုက်သည်။
လင်းဖန်သည် ခေါင်းညိတ်ကာ ဘောပင်နှင့် စာရွက်ကို ကောက်ယူကာ မေးခွန်းပေါင်းများစွာကို အမြန်ရေးလိုက်သည်။
ဒါကိုကြည့်ရင်းလင်းချင်ကျူကလင်းဖန်ဘာမှမပြောခင် “ဟုတ်ကဲ့ပါမောက္ခ လင်း”ဟုပြောလိုက်သည်။
နောက်ဆုံးတွင်လင်းဖန် သည် နင်းကျန်းကျန်း ကို “မင်းကရော....”
နင်းကျန်းကျန်းက “NS ညီမျှခြင်း”
ဟော့ကျောက်ဝူ၊ဂျင်ချန်ကျူ၊လင်းချင်ကျူ နှင့် အခြားသူများ သည် ဒါကိုကြားလိုက်ရသောအခါအားလုံးကအံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
သူတို့သည် သင်္ချာဘာသာရပ်တွင် သင်ကြားနေသော ကျောင်းသားများ မဟုတ်ကြပါ။
သို့သော်၊ NS ညီမျှခြင်းသည် ထောင်စုနှစ်အတွင်းမဖြေရှင်းပြဿနာများထဲမှ တစ်ခုဖြစ်ပြီး ၎င်းကို မဖြေရှင်းနိုင်သည်မှာနှစ်ပေါင်းရာနှင့်ချီ၍ ရှိနေပြီကိုတော့သူတို့သိသည်။
နင်းကျန်းကျန်း သည် NS ညီမျှခြင်းကိုကျွမ်းတာလား။
ဟော့ကျောက်ဝူ က “ကျန်းကျန်း နင်ထောင်စုနှစ်ပုစ္ဆာကို တကယ်လေ့လာနေတာပေါ့။ ဘယ်အဆင့်ထိလေ့လာပြီးပြီလဲ။”
ဒါကိုကြားတော့နင်းကျန်းကျန်း၏ မျက်နှာတစ်ခုလုံး အနည်းငယ် နီရဲသွားသည်။
ဘယ်အဆင့်ကို လေ့လာပြီးပြီလဲ။
သူသည် သာမန်ကောလိပ်ကျောင်းသားတစ်ဦးမျှသာဖြစ်သည်။ သူဘယ်လိုလို့လေ့လာနိုင်မှာလဲ။
အခုမှစမှာဖြစ်သည်။
လင်းဖန်သည် ၎င်းကို သိပ်ဂရုမစိုက်ဘဲ nsညီမျှခြင်းနှင့် ပတ်သတ်သည့်မေးခွန်းများကို ရေးသားခဲ့သည်။
နင်းကျန်းကျန်းသည် လင်းဖန်၏ ပြေပြစ်သော လက်ရေးနှင့် ရှုပ်ထွေးသော တွက်ချက်မှုများကို ကြည့်ကာ အာရုံများ ပျောက်ဆုံးသွားသည်။
ဤအခိုက်အတန့်တွင် လင်းဖန်သည် သူနှင့်အတူ သင်္ချာမော်ဒယ်ပြိုင်ပွဲတွင် ပါဝင်ခဲ့သည့် မြင်ကွင်းကို ရုတ်တရက် သတိရမိသွားသည်။
ထိုအချိန်တွင်နင်းကျန်းကျန်းသည် အဆင့်မြင့်ပညာရေးဖလားကို သူသာဆွတ်ခူးနိုင်မည်ဟုထင်ခဲ့သည်။
သို့သော်သူသည်ထိုဆုကိုမရဘဲလင်းဖန်ကရရှိခဲ့သည်။
ယင်းနှင့်ပတ်သက်၍...
နင်းကျန်းကျန်း သည် အမြဲတမ်းမကျေမနပ်ဖြစ်နေသည်။သို့သော်ယခုအချိန်တွင်မကျေနပ်မှုများအစားအံအားသင့်များကအစားထိုးဝင်သွားသည်။
နင်းကျန်းကျန်းက အံ့အားသင့်သွားတာကိုမြင်တော့ လင်းဖန်က “မင်းနားမလည်ဘူးလား? ရိုးရှင်းတဲ့အကြောင်းအရာကို ပြောင်းဖို့ လိုသေးတာလား” လို့ မေးလိုက်သည်။
ဒါကိုကြားတော့နင်းကျန်းကျန်း၏ မျက်နှာတစ်ခုလုံး နီရဲလာပြီး “မဟုတ်ဘူး၊ မဟုတ်ဘူး” ဟု ကမန်းကတန်းပြောလိုက်သည်။
လင်းဖန်က ခေါင်းညိတ်ပြီး “ကောင်းပြီ၊ ဒါဆိုအဖြေကို ရှာတော့။ နားမလည်တာရှိရင်ငါ့ကိုမေးလို့ရတယ်။”
လူတိုင်းက ကိုယ်ဖြေစရာရှိတာကိုဖြေနေကြသည်။(ဖြေတယ်လို့သာပြောတာလင်းဖန်သူတို့ကိုပေးထားတဲ့ဟာကအရိုးရှင်းဆုံးမေးခွန်းကနေသင်ယူခိုင်းတာပါ)
ဒီလူတွေဟာ ဂုဏ်သိက္ခာရှိတဲ့ တက္ကသိုလ်အသီးသီးက ပါရမီရှင်တွေ ဖြစ်ထိုက်တယ်လို့ ပြောရမည်ဖြစ်သည်။
များမကြာမီ သူတို့သည် စာကြည့်တိုက်မှ စာအုပ်အမြောက်အမြားကို ယူဆောင်လာပြီး အမြန်ကြည့်ကာ မှတ်စုများနှင့် တွက်ချက်မှုများကိုဆက်လက်ပြုလုပ်ကြသည်။
ရုတ်တရက် ရုံးတစ်ရုံးလုံးကသည်စာအုပ်လှန်သံ၊ ဘောပင်ထိပ်နဲ့ စားပွဲထိသံတို့နှင့်ဆူညံသွားသည်။
လူအများစုသည် နာရီဝက်၊ တစ်နာရီ စာကျက်ရန်သာအာရုံစိုက်နိုင်သည်...
သို့သော်လည်း ယခုလူ၆ယောက်တို့သည်အစာစားခြင်း၊ ရေသောက်ခြင်းနှင့် အိမ်သာသွားခြင်းမှအပသူတို့သည် တစ်နေ့တာလုံးနီးပါးသင်ယူမှုတွင်စိတ်နှစ်ထားကြသည်။
မူရင်းရှိသူတို့ဗလာစာအုပ်တွင် မရေမတွက်နိုင်သော ရှုပ်ထွေးသောပုံစံများနှင့် တွက်ချက်မှုများရှိကြသည်။
ဒီလိုမျိုးတွက်နေတာသုံးရက်တိတိကြာမြင့်ခဲ့သည်။
...
ဒီနေ့ လူတိုင်းသည်အိမ်ပြန်ဖို့ အဆင်သင့်ဖြစ်တဲ့အခါ ဟော့ကျောက်ဝူက ရုတ်တရက် ပြောသည်” ပါမောက္ခ လင်း ၊ ငါ့ ရှောင်ဘိုင် ကို ယူလာလို့ရမလား “
“ရှောင်ဘိုင်လား?” လင်းဖန်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
သူ့အသံ ကျသွားသည်နှင့် သူ့လက်ကောက်ဝတ်ရှိ စူပါစမတ်နာရီက အနည်းငယ် တုန်ခါသွားသည်။
သို့သော်လည်း တုံ့ပြန်ခြင်းတော့မရှိပေ။
ဘာလို့လဲဆိုတော့ ဒီမှာ တခြားသူတွေ အများကြီးရှိတယ်ဆိုတာ သိလို့ပင်ဖြစ်သည်။
ဟော့ကျောက်ဝူက “ဒါက ငါမွေးထားတဲ့ ကြောင်ပါ။ ငါအိမ်မှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ထားခဲ့တယ်ဆိုတော့သူတစ်ယောက်ထဲအထီးကျန်နေလိမ့်မယ်”
ပြီးတာနဲ့ ချက်ချင်းပင်သူက”ဟုတ်ပါတယ်၊ ဒါက အဓိကအကြောင်းပြချက်မဟုတ်ပါဘူး။ အဓိကကတော့ ကျွန်တော်နဲ့ ရှောင်ဘိုင်အတူတူရှိတဲ့အခါကျရင်ကျနော့်ရဲ့သင်ယူမှုစွမ်းဆောင်ရည်က အများကြီးတိုးတက်လာတယ်”
ရုံးကို ကြောင်ယူလာတာလား ?
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း၊ဟော့ကျောက်ဝူ၊ ရှောင်ပန်၊ရှောင်အန်း၊ဂျင်ချန်ကျူ၊လင်းချင်ကျူတို့သည် စာဖတ်လေ့လာခဲ့ကြသည်။
လင်းဖန်သည်ကတော့သူ့ဆဲလ်ဖုန်းသုံးခြင်းသို့မဟုတ်ကွန်ပြူတာသုံးခြင်းတို့သာလုပ်နေရသည်။
ကြောင်ကိုသာ ရုံးကိုခေါ်လာရင်ဒါက တော်တော်ကောင်းမဲ့ပုံပဲ။
ဒီတော့ လက်းဖန် က ခေါင်းညိတ်ပြီး “ကောင်းပြီ ဒါဆို မင်းခေါ်လာနိုင်တယ်နိုင်” လို့ပြောလိုက်သည်။
“ကျေးဇူးပါ ပါမောက္ခလင်း’’ဟော့ကျောက်ဝူ က ဝမ်းသာအားရ ပြောလိုက်သည်။
…………
နောက်တစ်နေ့။
နင်းကျန်းကျန်း၊ ဂျင်ချန်ကျူ၊လင်းချင်ကျူ၊ရှောင်ပန်၊ရှောင်အန်းနှင့်ဟော့ကျောက်ဝူတို့ အားလုံးသည်ရုံးသို့ အချိန်မီ ရောက်လာကြသည်။
ဟော့ကျောက်ဝူ၏ ပခုံးပေါ်တွင် ကြောင်ဖြူတစ်ကောင် လဲလျောင်းနေသည်။
လက်းချင်ကျူက “ဒါ ရှောင်ဘိုင်လား။ အရမ်းချစ်စရာကောင်းတယ်၊မင်းပုခုံးပေါ်မှာလဲလျောင်းတာကြိုက်ပုံရတယ်”
သုံးရက်ကြာ ပေါင်းသင်းပြီးသောအခါတွင် လူအများအပြားသည် အခြေခံအားဖြင့် တစ်ဦးနှင့်တစ်ဦး ရင်းနှီးသွားကြပြီး ရံဖန်ရံခါ စကားစမြည်ပြောဆိုကြသည်။
ဟော့ကျောက်ဝူက ဂုဏ်ယူစွာပြောသည် “ဟုတ်ပါတယ်၊ ငါတို့ရှောင်ဘိုင်က ငါ့ပခုံးပေါ်မှာ လှဲရတာကို ကြိုက်တယ်။ !”
လက်းချက်ကျူ အံ့သြသွားပြီး “ ငါ ပွေ့ဖက်လို့ရမလား?”
ဟော့ကျောက်ဝူက “ဒါက အလုပ်မဖြစ်မှာကို ငါကြောက်တယ်၊ ငါ့ရဲ့ ရှောင်ဘိုင် က ငါ့အပေါ် အရမ်းကပ်တွယ်တယ်၊ သူကငါ့တစ်ယောက်ထဲကိုပွေ့ဖက်ထားချင်တာ”
ထိုအချိန်တွင် လင်းဖန်သည် ဖြည်းညှင်းစွာ ဝင်လာသည်။
ဟော့ကျောက်ဝူ၊ ဂျင်ချန်ကျူ၊လင်းချင်ကျူ၊နင်းကျန်းကျန်း၊ရှောင်ပန်၊ရှောင်အန်းတို့သည်
“မင်္ဂလာပါ ပါမောက္ခ Lin” ဟု နှုတ်ဆက်လိုက်ကြသည်။
လင်းဖန်က ခေါင်းညိတ်ပြီး “မင်္ဂလာပါ” ဟုပြန်ပြောသည်။
“ညောင်!”
“ညောင်!”
ကြောင်ကလေးကစကားပြောလိုက်သည်။
ဟော့ကျောက်ဝူနှင့်တခြားသူတွေအတွက်တော့ ကြောင်လေးရဲ့ အသံက ကြည်လင်ပြီး ချိုမြိန်လွန်းလှသည်။
လင်းဖန်သည် ကြောင်လေး၏ အသံကို ကြားလိုက်သောအခါ သူ့မျက်နှာတွင် ထူးဆန်းသော အကြည့်တစ်ခု ပေါ်လာသည်။
လင်းဖန်သည် တိရိစ္ဆာန်များနှင့် ဆက်သွယ်ပြောဆိုနိုင်သော အရည်အချင်းရှိပြီး တိရိစ္ဆာန်များအားလုံးပြောတာကို နားလည်ကာ ဆက်သွယ်နိုင်သည်။
ကြောင်ဖူ “ဒီနေ့ ငါစားရမယ့်ဟာကအရသာရှိပုံမပေါ်ဘူး!”
လင်းဖန်သည် ယွမ် ၁၀၀၀ ဖြင့် သူဝယ်ခဲ့သော အကောင်းဆုံး အမဲသားနှင့် ကြောင်အစားအစာတစ်ထုပ်ကို ဆုတ်ဖြဲကာ “ရှောင်ဘိုင်၊ဒီကိုလာစား..လာ” လို့ပြောလိုက်သည်။
ကြောင်ငယ်လေးသည်တုံ့ဆိုင်းမနေဘဲ ဟော့ကျောက်ဝူ၏ပခုံးပေါ်မှ တိုက်ရိုက်ခုန်ဆင်းကာ လင်းဖန်ဆီသို့ လျှောက်သွားသည်။
ဒါကိုကြည့်ရင်းဂျင်ချန်ကျူ၊လင်းချင်ကျူနှင့်အခြားသူများ အားလုံး ဟော့ကျောက်ဝူ ကို လှမ်းကြည့်ကြသည်။
သူတို့အကြည့်ကနေပြောနေပုံမှာ-မင်းပြောတော့မင်းကိုအရမ်းခင်တွယ်တယ်ဆိုဒါကမင်းပြောတဲ့ခင်တွယ်မှုပုံစံလား။
ထိုအချိန်တွင် ကြောင်ကလေးသည် လင်းဖန်၏ရှေ့သို့ ရောက်ရှိလာပြီး လင်းဖန်၏လက်ထဲရှိ အရည်အသွေးမြင့် အမဲသားနှက့်ကြောင် အစာကို စားကာ အူမြူးနေသည့် အသံကို ဆက်လက်ကြားနေရသည်။
“စားလို့ကောင်းတယ်၊ ဒီလိုအရသာမျိုး မစားဖူးဘူး!”
“အရသာရှိလွန်းတယ်!”
လင်းဖန်က ပြုံးပြီး “လာ၊ ပွေ့ဖက်ပါရစေ၊ ငါ့မှာ အရသာရှိတာတွေအများကြီးရှိတယ်” လို့ပြောလိုက်သည်။
ကြောင်ကလေးသည် လုံးဝမတုံ့ဆိုင်းဘဲ လင်းဖန်၏လက်ထဲသို့ တိုက်ရိုက်ခုန်ဆင်းကာ ဝမ်းသာအားရပွတ်သပ်ပြီးပြောလိုက်သည်။
“သခင်... မင်းက ငါ့သခင်အသစ်ဖြစ်မှာလား”
ဒီမှာကြည့်ရင်း ဂျင်ချန်ကျူ၊လင်းချင်ကျူနှင့်
အခြားသူများသည် ဟော့ကျောက်ဝူ ကို တစ်ဖန်ပြန်ကြည့်လိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး