← Chapters

ကြိုးစားပါ

Vol. 28 Ch. 419

ကြိုးစားပါ

Vol. 28 Ch. 419

ဟော့ကျောက်ဝူ က ပါးစပ်ကို ဖွင့်ထသော်လည်း ဘာပြောရမှန်းမသိဖြစ်နေသည်။

အရင်တုန်းသယသည်ရှောင်ဘိုင်ကို လက်ယပ်ခေါ်နေသရွေ့ မကြာခင် ရောက်လာသည်။

ဒါပေမယ့် ဒီတစ်ခါတော့...

ဟော့ကျောက်ဝူ၏လက်သည် ကျိုးလုနီးပါးဖြစ်နေပြီဖြစ်သော်လည်း ရှောင်ဘိုင်သည် လင်းဖန်၏ခြေရင်းတွင်နေကာလင်းဖန်၏ခြေထောက်ကိုအဆက်မပြတ်သတ်နေသည်။

အကူအညီမဲ့စွာဖြင့်ဟော့ကျောက်ဝူသည် လင်းဖန်ထံသို့လာပြီး “ရှောင်ဘိုင်၊ ပရော်ဖက်ဆာ လင်းမှာ အရေးကြီးတဲ့ ကိစ္စတွေအများကြီးရှိတယ်၊ သူ့ကို မနှောင့်ယှက်ပါနဲ့” လို့ပြောလိုက်သည်။

စကားပြောနေစဉ်တွင် ဟော့ကျောက်ဝူ သည် ကြောင်ကို ပွေ့ဖက်ရန်လှမ်းကိုင်လိုက်သည်။

သို့သော်လည်း ရှောင်ဘိုင်သည် သူ့ခန္ဓာကိုယ်ကို ဘေးသို့ တိုက်ရိုက် ရှောင်လိုက်သည်။

ထို့နောက် ချက်ချင်းပင် လင်းဖန်၏ ရင်ခွင်ထဲသို့ တိုက်ရိုက်ဝင်သွားလေသည်။

ဒါကိုတွေ့တော့ဂျင်ချန်ကျူ၊လင်းချင်ကျူ

နှင့် အခြားသူများသည် ထူးဆန်းသောအကြည့်ကို ထပ်မံပြသခဲ့သည်။

ယခုအချိန်တွင်ဟော့ကျောက်ဝူ၏ မျက်နှာတွင်ရှက်ကိုးရှက်ကန်းဖြစ်နေမှုနှင့် ပြည့်နှက်နေသည်။

ခဏအကြာတွင် ပါမောက္ခလင်း၊ ကြောင်စာ ဘယ်မှာဝယ်လာသနည်းဟု မေးလိုက်သည်။

သူ့ကြောင်က ဒီကြောင်အစားအစာကို အရမ်းကြိုက်လို့ဒီမှာ​ဒီလိုနေနေတာဆိုတာကိုသဘောပေါက်သွားသောကြောင့်မေးလိုက်ဖြင်းဖြစ်သည်။

လင်းဖန် က “ငါအဲဒါကို စူပါမားကတ်တစ်ခုမှာ ဝယ်ခဲ့တာ”

ဒါကိုကြားတော့ဟော့ကျောက်ဝူ၏ မျက်ခုံးများ အနည်းငယ် လှုပ်သွားသည် ။

သူသည်ကျန်ပေ့ကို ရက်အနည်းငယ်သာ ရောက်ဖူးသည်။

ဒါပေမယ့် ကျန်ပေ့ကစူပါမားကတ်ဆိုင်နာမည်ကို ကြားဖူးသည်။(စူပါမားကတ်ကိုယ်တိုင်ကနာမည်ပါ)

“ဒါ... ဒီကြောင်စာထုပ်က ဘယ်လောက်လဲ” ဟော့ကျောက်ဝူက သတိထားပြီး မေးသည်။

“ယွမ် ၁၀၀၀ ကျော်သာ ကုန်ကျတယ်လို့ ထင်တယ်။” လင်းဖန်က ပြောသည်။

ယွမ် ၁၀၀၀ ကျော်သာ ကုန်တယ််ဟု ထင်တာလား။ !

ဟော့ကျောက်ဝူ၊ဂျင်ချန်ကျူ၊လင်းချင်ကျူ

နှင့် အခြားသူများ အားလုံး တုန်လှုပ်သွားကြသည်။

သိရန်…

လင်းဖန်၏လက်ရှိ ကြောင်စာအိတ်သည် လက်ဖဝါးအရွယ်မျှသာရှိသည်။

ဒီလောက်နည်းနည်းလေးကိုယွမ် ၁၀၀၀ ကျော်လား?

အစကဟော့ကျောက်ဝူ သည် အိမ်ပြန်ရောက်ပြီးနောက် နေ့တိုင်း ရှောင်ဘိုင်ကို ဤကြောင်စာကျွေးရန် စဉ်းစားနေဆဲဖြစ်သည်။

ဤနည်းဖြင့် ရှောင်ဘိုင်သည် အနာဂတ်တွင် သူ့ကိုယ်သာတွယ်ကပ်မည်ဖြစ်သည်။

ယခုအခိုက်အတန့်တွင် သူသည် ဤအကြံအစည်ကို လုံးဝမေ့သွားခဲ့သည်။

ဒီကြောင်စာကို နေ့တိုင်းကျွေးရမှာလား။

ဟော့ကျောက်ဝူ သည် လင်းဖန်၏ ရင်ခွင်ထဲတွင် လဲလျောင်းနေသောရှောင်ဘိုင်ကိုကြည့်ပြီးနောက်သူ့နေရာသူပြန်လာခဲ့သည်။

ထို့နောက်ဟော့ကျောက်ဝူ၊ ဂျင်ချန်ကျူ၊လင်းချင်ကျူ၊ နှင့် အခြားသူများသည် ယနေ့စာသင်ချိန်ကို တစ်ဖန်စတင်တော့သည်။

“ဒါ ဒါ ဒါ!”

ဘောပင်ထိပ်နှင့် စားပွဲခုံတျု့ထိသံများထိ ထပ်မံထွက်ပေါ်လာပြန်သည်။

ဟော့ကျောက်ဝူသည်ရှောင်ဘိုင်သာသူနဲ့အတူရှိရင်သူ့ရဲ့သင်ယူမှုစွမ်းရည်ကို မြှင့်တင်ပေးတယ်ဟုဆိုသည်။ဒါကအမှန်ဖြစ်ပုံရသည်။

နှစ်နာရီကြာပြီးနောက် ဟော့ကျောက်ဝူသည် စာရွက်ကြမ်းကြီးတစ်အုပ်ကိုယူကာ လင်းဖန်ထံ အလွန်စိတ်လှုပ်ရှားစွာ ရောက်လာသည်။

“ပရော်ဖက်ဆာ လင်း၊ ကြည့်ပါအုံး... ဒီမေးခွန်းရဲ့ အဖြေက ဘယ်လိုလဲ။”

ဒါကိုကြားတော့နင်းကျန်းကျန်း၊ရှောင်ပန်၊ရှောင်အန်း၊ ဂျင်ချန်ကျူ၊လင်းချင်ကျူတို့ ၏နှလုံးသည်အနည်းငယ်တင်းကြပ်သွားသည် ။

လင်းဖန်သည် လူတိုင်းအတွက် မေးခွန်းအချို့ကို ချမှတ်ခဲ့သည်။

သို့သော် ဤအကြောင်းအရာများအားလုံးသည် အလွန်ရှုပ်ထွေးလေသည်။

ယခုဟော့ကျောက်ဝူကဒီလိုမေးခွန်းကို ဒီလောက်မြန်မြန်ဖြေခဲ့တာလား။

လင်းဖန်သည်ဟော့ကျောက်ဝူပေးသော စာရွက်ကြမ်းကိုယူကာ အမြန်လှန်လိုက်သည်။

ဟော့ကျောက်ဝူက အချိန်တန်လျှင် “ပါမောက္ခ လင်း၊ မင်းရဲ့မေးခွန့းအကြောင်းအရာက အရမ်းကောင်းတာပဲ!”

“ကျောက်ကပ်သည် လူ့ခန္ဓာကိုယ်၏အရေးကြီးဆုံးအရာဖြစ်သည်”

“မင်းရဲ့မေးခွန်းတွေကနေငါရေးထားတဲ့ အဖြေနည်းလမ်းတွေက ဒီကျောက်ကပ်ကိုဆက်လက်အလုပ်လုပ်နိုင်မှာသေချာတယ်!”

“ပါမောက္ခလင်း၊ မင်းရဲ့ ကျောက်ကပ်အကြောင်း နားလည်မှုက လုံးဝကိုထိပ်တန်းပဲ”

ဤအချိန်တွင် လင်းဖန် က “မင်းရဲ့ အဖြေနည်းလမ်းအရ မူလက အားအင်ကုန်ခမ်းသွားတဲ့ ကျောက်ကပ်ကအလုပ်ပြန်လုပ်နိုင်မှာမဟုတ်ပဒမကြာခင် ရောင်လာလိမ့်မယ်”

“ဟမ်’’ ဟော့ကျောက်ဝူခဏအကြာ အံ့အားသင့်သွားသည်။

လင်းဖန်က တိုက်ရိုက်ပြောလိုက်သည် “ပြန်စဉ်းစားပါ။”

ဟော့ကျောက်ဝူသည် မျက်မှောင်ကြုတ်လိုက်သည်။

ခဏအကြာတွင် သူသည် ခဏတာဝမ်းနည်းငါအဖြေကိုထပ်မံစဉ်းစားကာထပ်မံရေးသားတော့သာ်။

“ဒါ ဒါ ဒါ!”

ဒီတစ်ခါတော့ဟော့ကျောက်ဝူသည်ခေါင်းမထောင်တန်းရေးလေသည်။

တစ်နာရီခန့်ကြာပြီးနောက် သူသည် နောက်ထပ်စာရွက်ကြမ်းတစ်အုပ်ကိုယူကာ လင်းဖန်ထံသို့ ရောက်လာသည်။

လင်းဖန်က ကျေနပ်စွာ ခေါင်းညိတ်ပြီး “ဒါကမှ မဆိုးဘူး!”

ဒါကိုကြားတော့ဟော့ကောက်ဝူ က သူ့မျက်နှာမှာ ရွှင်မြူးတဲ့အမူအရာနဲ့အပြုံးကို ပြသပြီး ဂုဏ်ယူစွာနဲ့ “ပရော်ဖက်ဆာ လင်းရှောင်ဘိုင်နဲ့သာအတူရှိရင်ငါ့ စွမ်းဆောင်ရည် ပိုမြင့်လာလိမ့်မယ် လို့ ငါပြောခဲ့တယ် မဟုတ်လား”

ဟော့ကျောက်ဝူရဲ့စိတ်ဓာတ်ကတစ်ကယ်မာကျော်တယ်လို့ဆိုလို့ကသည်။တစ်ချို့လူတွေသာဆိုလင်းဖန်ကမှားတယ်လို့ပြောလိုက်တာနဲ့စိတ်ပျက်အားငယ်ဖြစ်ငယ်ငိုင်ပြီးနေလိမ့်မည်ဖြစ်သည်။ ရဲ့ စိတ်ဓာတ်က တကယ်ကောင်းတယ်လို့ ပြောရမယ်။

ဟော့ကျောက်ဝူစကားပြောနေချိန်တွင် ထွားကြိုင်းဝဖြိုးသော ကြောင်ဖြူတစ်ကောင်သည် လင်းဖန်၏ဘေးတွင် လှဲလျောင်းကာလင်းဖန်၏လက်ကိုပွတ်သပ်ရင်းအသံထွက်နေသည်။

ဒါကိုတွေ့တော့ဟော့ကျောက်ဝူ၏ အမူအရာ ချက်ခြင်း အေးခဲသွားသည်။

ဒီလိုသခင် မသိတဲ့ကြောင်ကငါရဲ့သင်ယူမှုနဲ့ဆိုင်ရဲ့လား။

ထို့နောက်ချက်ချင်းပဲဒီကြောင်က သူ့ကိုယ်ပိုင် သင်ယူမှုစွမ်းရည်တိုးတက်လာတာနဲ့ဘာမှမဆိုင်ဘူးလို့စိတ်ထဲကနေပြောလိုက်သည်။

နင်းကျန်းကျန်းနှင့်အခြားသူများ အားလုံး သည်ဟော့ကျောက်ဝူကို မနာလိုဖြစ်နေကြသည်။

ဟော့ကျောက်ဝူ သည် လင်းဖန်၏မေးခွန်းကို ပထမဆုံးဖြေဆိုနိုင်သူဖြစ်သည်။

သို့သော် လူတိုင်းသည် စိတ်ဓာတ်မကျကြပေ။

ဆန့်ကျင်ဘက်တွင်သူတို့အားလုံးသည်သူထက်ငါအရင်ပြီးအောင်ဖြေဖို့ပိုမိုစိတ်အားထက်သန်လာကြသည်။

အထူးသဖြင့် ရှောင်ပန် နှင့် ရှောင်အန်းတို့သည် စူပါမားကတ်သေးသေးလေးတွင် ပေါင်မုန့်နှစ်ခုကို တိုက်ရိုက်ဝယ်ယူပြီးနောက် ကွန်ပျူတာရှေ့တွင် မုန့်စားရင်း ပရိုဂရမ်ကို ဆက်လက်ဖျက်နေကြသည်။

လင်းဖန်၏ရှေ့တွင်သူမတို့သည်လူတစ်ဦးကို ဆုံးရှုံးထားပြီး ဒုတိယလူကျော်တက်မှာကိုလုံးဝမလို​ကြောင်း သူမတို့ကိုယ်သူမတိတ်တဆိတ်ပြော​ကြသည်။

“ဒါ ဒါ ဒါ!”

ရှောင်ပန် နှင့် ရှောင်အန်း တို့သည် လှပသောမျက်လုံးနှစ်လုံးဖြင့်မျက်တောင်မခတ်ဘဲ ရှုပ်ထွေးသောကုဒ်များပြည့်နေသော ဖန်သားပြင်ကို စိုက်ကြည့်နေကြပြီး ၎င်းတို့၏ ကျောက်စိမ်းသဖွယ်လက်နှစ်ချောင်းသည် ကီးဘုတ်ပေါ်တွင် လျင်မြန်စွာ နှိပ်နေလေသည်။

“ဒင်!”

ဒီအချိန်မှာ သူတို့ရှေ့က ကွန်ပြူတာမှာ အသံတိုးတိုးလေး ထွက်လာသည်။

ပြီးတာနဲ့ ချက်ချင်းဆိုသလိုပဲ “ပထမဆုံးအတားအဆီးကိုဖြေရှင်းပြီးပြီ” ဆိုတဲ့ စကားလုံးကြီးကြီးတစ်ခု။ ကွန်ပြူတာ စခရင်ပေါ်တွင် ပေါ်လာသည်။

အခုအချိန်တွင်…

ဂျင်ချန်ကျူမတ်တပ်ထရပ်ပြီး “ပါမောက္ခလင်း ဒီမေးခွန်းကို ငါဖြေနိုင်ပြီထင်တယ်”

လင်းဖန်က ချက်ချင်းပြန်မဖြေပေ။ အဲဒီအစား ရှောင်ပန်နဲ့ ရှောင်အန်းတို့ရဲ့ ဖန်သားပြင်ကို တစ်ချက်ကြည့်လိုက်ပြီး ​‘’ရှောင်ပန်နဲ့ ရှောင်အန်းနင်တို့နှစ်ယောက် အလုပ်ကောင်းကောင်းလုပ်ခဲ့တယ်!”

“ဒီပရိုဂရမ်မှာ စုစုပေါင်း အဆင့်သုံးဆင့်ရှိတယ်၊ ခက်ခဲတဲ့ပြဿနာ(ပုစ္ဆာ)ကို ဖြေရှင်းတဲ့သူနဲ့ နှိုင်းယှဉ်ရင် အဆင့်တစ်ဆင့်ပြီးသွားပြီလို့ဆိုနိုင်တယ်’’(ဟော့ကျောက်ဝူလဲအဲ့အတိုင်းပါပဲ)

လင်းဖန်၏စကားများကြောင့်ရှောင်ပန် နှင့် ရှောင်အန်းတို့သည်သူမတို့၏မျက်နှာတွင်အလှဆုံးအပြုံးကိုပြုံးလိုက်ကြလေသည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters