ညီအကိုများတွေ့ဆုံခြင်း....
Vol. 11 Ch. 166
မိသားစုကြီးများနှင့် အင်အားစုများက အပေါ်ယံတွင် စွဲမက်ဖွယ်ကောင်းနေသော်လည်း အတွင်းရေးယှဉ်ပြိုင်မှုများက အလွန်ပြင်းထန်ကြလေသည်။ ရှေ့ဆက်မတိုးလျှင် သေဆုံးသည်အထိ ဖြစ်နိုင်လေသည်။
ဟေးယုအိုက အာဏာ သို့မဟုတ် ချမ်းသာမှုကို လုံးဝ လက်မလျှော့လျှင် သူက ထောင်ချီသော သူ၏ ညီအကိုများနှင့် ယှည်ပြိုင်ရပေလိမ့်မည်။ ၎င်းက ဟေးယုမျိုးနွယ်တစ်ခုတည်း မဟုတ်ပေ။
ချီခွန်မျိုးနွယ်၏ အဓိကအဖွဲ့ဝင်များကြား ယှဉ်ပြိုင်မှုကလည်း အလွန်ရက်စက်လေသည်။ အရည်အချင်းမပြည့်မီလျှင် သူတို့ကို ဖယ်ထုတ်ပြီး အခြားတစ်ယောက် အစားထိုးသွားပေလိမ့်မည်။
လင်းယွမ်က တောင်ထိပ်သခင်တစ်ယောက်အဖြစ် ချီခွန်မျိုးနွယ်၏ ထိပ်ဆုံးတွင် ရပ်နေခဲ့သောကြောင့် ထိုအခြေအနေမျိုးနှင့် ကြုံတွေ့ရမည်မဟုတ်ပေ။ ချီခွန်မျိုးနွယ်၏ အရင်းအမြစ်များက လင်းယွမ်အတွက် ကန့်သတ်ချက်မရှိပေ။ သူ၏ တာဝန်မှာ အခြားတပည့်များနှင့် ယှဉ်ပြိုင်ရန်မဟုတ်ဘဲ သူ၏ လေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်ရန်သာ ဖြစ်သည်။
လင်းယွမ်က ကြယ်ခုနှစ်လုံးလှိုဏ်ဂူစမ်းသပ်မှုတွင် ပြိုင်ပွဲဝင်တစ်သန်းကျော်ကို ကျော်တက်ခဲ့ရုံသာမက သူ၏ အထက်တွင် အနီရောင်သင်္ကေတပိုင်ရှင် သုံးယောက်ရှိသော်လည်း သူကသာ ၁၃ ယောက်မြောက် တောင်ထိပ်သခင်တစ်ယောက် ဖြစ်လာခဲ့သည်။
" ဒါနဲ့ အပြင်မှာ ဟေးယုအိုက သူလိုချင်တာမရမချင်း ဘာမဆိုလုပ်တဲ့သူပဲ။ မစ္စတာလင်းက သူ့ရဲ့ ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်တော့ လွယ်လွယ်နဲ့တော့ လွှတ်ပေးမှာမဟုတ်လောက်ဘူး။ "
" ဟေးယုအိုက တကယ်လှုပ်ရှားရဲရင်တော့ မစ္စတာလင်းက အခြားတောင်ထိပ်သခင်တွေကို ပြောလိုက်ရုံပါပဲ။ ဟေးယုအိုက တောင်ထိပ်သခင်တွေရဲ့ အမိန့်ကို မနာခံဘဲ မနေရဲဘူး။ " ဟိုမင်က သတိပေးလိုက်သည်။
ချီခွန်မျိုးနွယ်၏ ရှေ့တွင် ဟေးယုမျိုးနွယ်က နှိမ့်ချ၍ နာခံမှုရှိသော်လည်း သူတို့ကို မသန်မာဟု ပြော၍မရပေ။ သို့သော် ချီခွန်မျိုးနွယ်သာမရှိလျှင် ဟေးယုမျိုးနွယ်က ကြယ်နယ်မြေ၏ အုပ်စိုးသူဖြစ်နိုင်ပြီး အဓိကအင်အားစုငါးခုတွင် အခြားအင်အားစုလေးခုက မလိုအပ်ဘဲ ဟေးယုမျိုးနွယ်ကို မဆန့်ကျင်ရဲကြပေ။
" ငါနားလည်ပြီ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
နောက်ဆုံးအခြေအနေသို့ မရောက်မီ လင်းယွမ်က သူ၏ စီနီယာအကိုများကို အားကိုးမည်မဟုတ်ပေ။ ဟေးယုမျိုးနွယ်နှင့် ချီခွန်မျိုးနွယ်၏ တောင်ထိပ်သခင်များ၏ လှုပ်ရှားမှုများကို မရေတွက်နိုင်သော မျက်လုံးများက စောင့်ကြည့်နေကြသည်။
လင်းယွမ်က သူ၏ အစစ်အမှန် အဆင့်အတန်းကို ဖုံးကွယ်ပြီး ကန်လန်ကြယ်တွင် လေ့ကျင့်နေခြင်းဖြစ်သောကြောင့် တောင်ထိပ်သခင်များနှင့် ဟေးယုမျိုးနွယ်ကြားတွင်သာ ဝင်ပါခဲ့လျှင် စွမ်းအားကြီးတည်ရှိမှုများက တစ်စုံတစ်ခုကို သတိပြုမိသွားပေလိမ့်မည်။
မူလကမ္ဘာတွင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များစွာ ရှိပြီး ၎င်းတို့ထဲတွင် ရှေးဖြစ်ဟောခြင်းလည်း အပါအဝင်ဖြစ်သည်။ ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အချက်အလက်များမှ တွက်ချက်နိုင်လေသည်။
တောင်ထိပ်သခင်တစ်ယောက်က လင်းယွမ်အတွက် ဟေးယုမျိုးနွယ်ကို ဖိနှိပ်ခဲ့လျှင် မရေတွက်နိုင်သော အင်အားစုများက အခြေအနေကို တွက်ချက်ပြီး ခန့်မှန်းနိုင်လေသည်။
" လင်းယွမ်က တကယ် ဘာလို့ငါ့ကို ငြင်းပယ်ခဲ့တာလဲ။ ငါပေးတဲ့ ကမ်းလှမ်းမှုတွေက မလုံလောက်လို့လား။ " ပလ္လင်ပေါ်တွင် ဟေးယုအိုက စဉ်းစားနေဆဲ ဖြစ်သည်။
သူက အခြားဆင့်ကဲပြောင်းလဲသူများကို စုဆောင်းနေချိန်တွင် လင်းယွမ်အကြောင်း တွေးနေခဲ့သည်။
သူ မိသားစုမှ ထွက်လာသောအချိန်တွင် သူ၏ ဖခင် ဟေးယုမိုက သူ့ကို ရွေးချယ်စရာ နှစ်ခုပေးခဲ့သည်။
ပထမရွေးချယ်မှုမှာ မိသားစုမှ ယဉ်ကျေးမှု ငွေတစ်ဆယ်ထရီလီယံကို ယူသွားရန်ဖြစ်သည်။ ထို့နောက် ဟေးယုမိသားစုက သူ့ကို ထောက်ပံ့မှုမပေးတော့ဘဲ မိသားစုကို ပြန်လာပြီး ခေါင်းဆောင်နေရာကို ရယူလိုလျှင် ယဉ်ကျေးမှုငွေ တစ်ဆယ်ထရီလီယံအစား စကြာဝဠာငွေ တစ်ရာဘီလီယံကို ပြန်ပေးရမည်ဖြစ်သည်။ ယဉ်ကျေးမှုငွေ တစ်သောင်းလျှင် စကြာဝဠာငွေ တစ်ကျပ်ဖြစ်သည်။
ဟေးယုအိုက တစ်ဆယ်ထရီလီယံ၏ အဆတစ်ရာကို ပြန်ရှာနိုင်မှ မျိုးနွယ်ကို ပြန်ရန် အရည်အချင်း ပြည့်မီမည်ဖြစ်သည်။
ဒုတိယရွေးချယ်မှုမှာ မျိုးနွယ်၏ စီးပွားရေအဖွဲ့မှ ပြည့်စုံသော စီးပွားရေးတစ်ခုကို ခွင့်ပြုရန် ဖြစ်သည်။ ဟေးယုအိုက မိသားစုကို ပြန်လာပြီး ခေါင်းဆောင်နေရာကို ယှဉ်ပြိုင်ရန်အတွက် ဆယ်ထရီလီယံကိုသာ ရှာဖွေရန် လိုအပ်လေသည်။
ဟေးယုအိုက ဒုတိယရွေးချယ်မှုကို ရွေးချယ်ခဲ့သည်။ ဟေးယုမျိုးနွယ်က သူ့အတွက် အာရီနာပြိုင်ပွဲစီးပွားရေးကို စီစဉ်ပေးခဲ့သည်။ စီးပွားရေးအချက်အလက်များမှာ အသက်တစ်ရာအောက် စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူ ၂၂၃ယောက်ကို ရှာဖွေရန် ဖြစ်သည်။
ဟေးယုအိုက ထိုဆင့်ကဲပြောင်းလဲသူ ၂၂၃ယောက်ကို ပြိုင်ပွဲအတွက် လေ့ကျင့်ပြီး ဝင်ရောက်ယှဉ်ပြိုင်ရန် ဖြစ်သည်။ ထို၂၂၃ယောက်တွင် လင်းယွမ်အပါအဝင် ဖြစ်သည်။
" လင်းယွမ် " ဟေးယုအို၏ စိတ်ထဲတွင် လင်းယွမ်အပေါ် စီးပွားရေးအဖွဲ့၏ အကဲဖြတ်မှုများ ပေါ်လာသည်။
" အသက်နှစ်ဆယ်ကျော်မှာ စတုတ္ထအလွှာထဲ ဝင်ရောက်ပြီး အလယ်အဆင့်ကနေ နှောင်းပိုင်းအဆင့်ထိ ရောက်ခဲ့တယ်။ သေချာလေ့ကျင့်ပေးရင် သူက ပြိုင်ပွဲမစခင် စတုတ္ထအလွှာရဲ့ အထွတ်အထိပ်ကို ရောက်မှာပဲ။ အနာဂတ်မှာ အသက်တစ်ရာအောက် ပဉ္စမအလွှာကို ရောက်ဖို့တောင် မျှော်လင့်ချက်ရှိတယ်။ "
" ပဉ္စမအလွှာနဲ့ ကြယ်နယ်မြေအဆင့် အာရီနာပြိုင်ပွဲကိုသာ ဝင်ပြိုင်ခဲ့ရင် အဆင့်တစ်ထောင်ထဲကို အလွယ်တကူ ဝင်နိုင်လိမ့်မယ်။ "
" ငါဟေးယုအိုက အဲ့ဒီလင်းယွမ်ကို ရအောင်ခေါ်မယ်။ " ဟေးယုအိုက ဖေးကျောက်ကို ကြည့်ပြီး ပြောလိုက်သည်။ " ပါရမီရှင်တွေက မောက်မာတယ်လို့ ငါကြားဖူးတယ်။ မင်းဖိတ်ခေါ်တာကို သူက ငြင်းပယ်ခဲ့ပေမယ့် ငါဖိတ်ခေါ်ရင်ရော အောက်မြင်လောက်လား။ "
" သခင်လေး..." ဖေးကျောက်က အနည်းငယ် အံ့ဩသွားသည်။ " ကျွန်တော် သေချာမသိဘူး။ ဒါပေမယ့် သခင်လေးကိုယ်တိုင် ဖိတ်ခေါ်ရင်တော့ အဲ့ဒီလင်းယွမ်က နှစ်ခါပြန်စဉ်းစားရလိမ့်မယ်။ "
ဟေးယုအို၏ အဆင့်အတန်းနှင့် အာဏာနှင့်နောက်ခံမရှိသော ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို ကိုယ်တိုင်ဖိတ်ခေါ်ခြင်းက အတော်မျက်နှာသာပေးထားသည်ဟု ပြောလို့ရပေသည်။
VR ကမ္ဘာတွင် တောင်ထိပ်သခင် ၁၂ ယောက်က စုစည်းနေကြသည်။ ခနကြာသောအခါ လင်းယွမ်လည်း ပေါ်လာသည်။
" စီနီယာအကိုတို့ ကျွန်တော် ကျင့်ကြံနေတာနဲ့ နည်းနည်းနောက်ကျသွားတယ်။ " လင်းယွမ်က သူ၏ စီနီယာအကိုများကို တောင်းပန်လိုက်သည်။
တောင်ထိပ်သခင်တစ်ယောက်ဖြစ်လာပြီးနောက် စီနီယာအကိုကြီးက သူတို့ကြားမှ ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ရန် အားလုံးကို စုစည်းရန် အခါအားလျော်စွာ ဖိတ်ခေါ်လေ့ရှိသည်။ VR ကမ္ဘာတွင် ဖြစ်သောကြောင့် သူတို့က ခနအတွင်း ရောက်လာနိုင်ကြလေသည်။
" ဟားဟား ငါတို့ညီငယ်လေးက တကယ်အထင်ကြီးစရာပဲ။ သူက အသက်တစ်ရာတောင်မပြည့်သေးဘူး ပဉ္စမအလွှာကို ရောက်နေပြီ။ ဆဋ္ဌမအလွှာကိုရောက်ဖို့က အချိန်တစ်ခုပဲ လိုတယ်။ "စီနီယာအကိုကြီးက ရယ်ပြီး ပြောလိုက်သည်။
လင်းယွမ် ပဉ္စမအလွှာသို့ ရောက်သွားခြင်းကို ချီခွန်ကြယ်သခင်နှင့် စီနီယာအကိုအားလုံး သိကြလေသည််။
" ညီငယ်လေးက အထူးခန္ဓာကိုယ်တွေ သွေးမျိုးဆက်တွေမရှိဘဲ ပဉ္စမအလွှာကို ရောက်နိုင်တာက တကယ်ရှားပါးတယ်။ "
စကြာဝဠာလူသားမဟာမိတ်တွင် အလွန်ထူးချွန်သော ပါရမီရှင်များစွာ ရှိလေသည်။ အသက်တစ်ရာအောက်တွင် ပဉ္စမအလွှာမပြောနှင့် ဆဋ္ဌမအလွှာပင် ပေါ်ခဲ့ဖူးလေသည်။
သို့သော် ထိုပါရမီရှင်များက အထူးခန္ဓာကိုယ်နှင့် သွေးမျိုးဆက်အမျိုးမျိုး ပိုင်ဆိုင်ကြလေသည်။ အချို့က စတုတ္ထအလွှာ သို့မဟုတ် ပဉ္စမအလွှာ ခွန်အားဖြင့်ပင် မွေးဖွားလာကြသည်။ သူတို့၏ စမှတ်များက အလွန်မြင့်မားပြီး နှိုင်းယှဉ်ရန်ပင် မလိုအပ်ပေ။
သို့သော် လင်းယွမ်က ကွဲပြားလေသည်။ တောင်ထိပ်သခင် ဆယ့်နှစ်ယောက်က လင်းယွမ်နှင့် အပြင်တွင် မတွေ့ဖူးကြသော်လည်း ချီခွန်ကြယ်သခင်၏ ပြောစကားအရ လင်းယွမ်က မည်သည့်ခန္ဓာကိုယ်၊ သွေးမျိုးဆက်မှမရှိဘဲ သာမန်သာ ဖြစ်သည်ကို သိခဲ့ရလေသည်။
" ငါတို့ညီငယ်လေးသာ အချိန်ယူပြီးကျင့်ကြံနိုင်ရင် ဆယ်စုနှစ်အချို့အတွင်း ဆဋ္ဌမအလွှာကို ချိုးဖျက်နိုင်လိမ့်မယ်။ "
" ညီငယ်လေး ဆဋ္ဌမအလွှာကို မချိုးဖျက်ခင် အခြေခံဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို သေချာရွေးချယ်ရလိမ့်မယ်။ အဲ့ဒါက မင်းနဲ့ ပိုပြီးသင့်တော်လေ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းက ပိုပြီး မြန်လေပဲ။ " စီနီယာအကိုကြီးက အကြံပေးလိုက်သည်။
" အဲ့ဒါက အနာဂတ်မှာ ဆဋ္ဌမအလွှာက သတ္တမအလွှာကို ချိုးဖျက်ရင်လည်း ပိုပြီး အထောက်အကူဖြစ်လိမ့်မယ်။ "
စီနီယာအကိုကြီးက ကိုယ်နှင့်သင့်တော်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုသာ ရွေးချယ်ပြီး အသန်မာဆုံးဖြစ်ရန် မလိုအပ်သည်ဟု ပြောခဲ့သည်။ ထို့ကြောင့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က လင်းယွမ်အတွက် အသင့်တော်ဆုံးပင် ဖြစ်သည်။
" ညီငယ်လေးရဲ့ ကျင့်ကြံခြင်းအရှိန်နဲ့ သတ္တမအလွှာကို ရောက်ဖို့ ဖြစ်နိုင်တယ်။ ဒါနဲ့ အဲ့အချိန်ရောက်ရင် ငါတို့က ညီငယ်လေးကို ဘယ်လိုခေါ်မလဲ။ " တတိယအကိုက အခြားညီအကိုများကို ကြည့်ပြီး ပြောလိုက်သည်။
" အာ အဲ့ဒါက..." စတုတ္ထအကိုက မျက်ခုံးပင့်သွား၏။ " ညီငယ်လေးက သတ္တမအလွှာကို ရောက်ရင် ချီခွန်မျိုးနွယ်ရဲ့ ထောက်တိုင်တစ်ခုဖြစ်လာလိမ့်မယ်။ ငါတို့ သူ့ကိုဘယ်လိုခေါ်ရမလဲ စဉ်းစားရလိမ့်မယ်။ "
" ဟားဟား လောင်စန်း သူတို့ကို မစတော့နဲ့။ " ဒုတိယအကိုက ခေါင်းခါပြီးပြောလိုက်သည်။
ဆဋ္ဌမအလွှာမှ သတ္တမအလွှာသို့ ရောက်ရန် အထူးအခွင့်အလမ်းတစ်ခု လိုအပ်လေသည်။ လင်းယွမ်က ဆယ်စုနှစ်အချို့အတွင်း ဆဋ္ဌမအလွှာသို့ ရောက်လာလျှင်တောင် သတ္တမအလွှာကို အလွယ်တကူရောက်နိုင်လိမ့်မည် မဟုတ်ပေ။ မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲသူများက ဆဋ္ဌမအလွှာတွင် နှစ်ပေါင်းများစွာ ပိတ်ဆို့နေကြသည်။
သူ၏ ညီအကိုများနှင့် တစ်နာရီကျော် စကားပြောပြီးသောအခါ သူတို့က နှုတ်ဆက်လိုက်ကြသည်။ လင်းယွမ်က VR ကမ္ဘာမှ ထွက်လာသည်။
" ဒီတစ်ခါတိုးတက်မှုကို ကြည့်ရအောင်..."လင်းယွမ်က သူ၏ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းကို ကြည့်လိုက်သည်။
" ၂၀ ရာခိုင်နှုန်း..." လင်းယွမ်က ပြုံးလိုက်သည်။ ထိုနှုန်းဖြင့် လင်းယွမ်က နှစ်နှစ်မလိုအပ်ဘဲ တစ်နှစ်ကျော်အတွင်း ဆဋ္ဌမအလွှာကို ရောက်ပေလိမ့်မည်။ ထို့နောက် သူက ဆဋ္ဌမအလွှာ ကြယ်ဖျက်ဆီးသူတစ်ယောက် ဖြစ်လာပေလိမ့်မည်။