← Chapters

ဟေးယုအို၏ ကိုယ်တိုင်ဖိတ်ခေါ်မှု....

Vol. 11 Ch. 167

ဟေးယုအို၏ ကိုယ်တိုင်ဖိတ်ခေါ်မှု....

Vol. 11 Ch. 167

ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ဆဋ္ဌမအလွှာသို့ ချိုးဖျက်ရာတွင် အရေးကြီးဆုံးမှာ သူတို့၏ အခြေခံဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် သူတို့၏ စိတ်ဝိညာဉ်ပေါင်းစည်းမှုက ပြည့်စုံသော အခြေအနေသို့ ရောက်ရန်လိုအပ်လေသည်။ စိတ်ဝိညာဉ်ပေါင်းစည်းခြင်းပြီးမြောက်သည်နှင့် အဆင့်တက်နိုင်ပြီဖြစ်သည်။

သို့သော် သင့်တော်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ရှာဖွေရန် လွယ်ကူသော အလုပ်တစ်ခုမဟုတ်ပေ။ တစ်ခါတစ်ရံ အစောပိုင်းကျင့်ကြံခြင်းတွင် လိုက်လျောညီထွေရှိသော်လည်း စတုတ္ထအလွှာ သို့မဟုတ် ပဉ္စမအလွှာကို ရောက်မှ အတားအဆီးများ ပေါ်လာနိုင်လေသည်။ တစ်ခါတစ်ရံ အစောပိုင်းတွင် အတားအဆီးများ ကြုံတွေ့ရသော်လည်း စတုတ္ထအလွှာ၊ ပဉ္စမအလွှာကို ရောက်မှ အလွန်လိုက်လျောညီထွေရှိသွားနိုင်လေသည်။

စကြာဝဠာလူသားမဟာမိတ်တွင် မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များစွာ ရှိလေသည်။ ထို့ကြောင့် ဆင့်ကဲပြောင်းလဲသူများက တစ်ခုနှင့် မသင့်တော်လျှင် နောက်တစ်ခုကို ရွေးချယ်နိုင်လေသည်။ ရွေးချယ်စရာများ များသဖြင့် ဆဋ္ဌမအလွှာအရေအတွက်က ပိုတိုးလာပြီး သတ္တမအလွှာနှင့် အဋ္ဌမအလွှာများပင် ထွက်ပေါ်လာနိုင်လေသည်။

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ငါဖန်တီးထားတာဖြစ်လို့ ငါနဲ့ အရမ်းလိုက်ဖက်တယ်။ စိတ်ဝိညာဉ်ပေါင်းစည်းခြင်းက အခြားလူတွေအတွက် ခက်ခဲနိုင်ပေမယ့် ငါ့အတွက်ကတော့ ပန်းခြံထဲ လမ်းလျှောက်နေရသလိုပဲ။ "

လင်းယွမ်က သက်ပြင်းချလိုက်သည်။ အကယ်၍ သူက ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ရွေးချယ်ခဲ့လျှင် သူ၏ စိတ်ဝိညာဉ်ပေါင်းစည်းမှုက ယခုအချိန်တွင် ချောမွေ့နေမည်မဟုတ်ပေ။

အမှန်တော့ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က လင်းယွမ်နှင့် မသင့်တော်ပေ။ သူက ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လှည့်စားခဲ့ခြင်းသာ ဖြစ်သည်။

သို့သော် စိတ်ဝိညာဉ်ပေါင်းစည်းခြင်းတွင် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းက အနည်းငယ်သာ အကူအညီဖြစ်လေသည်။ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ရွေးချယ်ခဲ့လျှင် သူက ပထမခြေလှမ်းကိုပင် စတင်ရဦးမည်မဟုတ်ပေ။

လင်းယွမ်က လေ့ကျင့်ရေးပြီးနောက် အဆောက်အဦးထဲမှ ထွက်ပြီး မြက်ခင်းပြင်သို့ လမ်းလျှောက်သွားလိုက်သည်။

သူ၏ မိဘများက VR ကမ္ဘာတွင် ရှုခင်းအမျိုးမျိုးကို ကြည့်ရှုနိုင်သော်လည်း ထိုနေရာတွင် နေပူဆာလုံကြသည်ကို သဘောကျကြလေသည်။

လင်းချောင်ချန်နှင့် သူ၏ ဇနီးက လက်တွေ့ကို ပို၍ သဘောကျကြပြီး တစ်ခါတစ်ရံမှ VR ကမ္ဘာကို သွားတတ်ကြလေသည်။

" ဝိုး...." ကောင်းကင်တွင် အလင်းတန်းတစ်ခု ပျံသန်းသွားသည်။

လင်းယွမ်က မော့ကြည့်စရာမလိုဘဲ သူ၏ ညီမလေး လင်းယိဖြစ်သည်ကို သိနေသည်။ လင်းယိက စိတ်စွမ်းအားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ရွေးချယ်ခဲ့သည်။ ထိုလမ်းစဉ်က ကျယ်ပြန့်ပြီး ကျင့်ကြံခြင်းလိုအပ်ချက်က သာမန်ထက် စိတ်စွမ်းအားသန်မာနေရန် လိုအပ်လေသည်။

စိတ်စွမ်းအားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အနှစ်သာရမှာ ဆင့်ကဲပြောင်းလဲသူ၏ စိတ်စွမ်းအားပင် ဖြစ်သည်။ ပထမအလွှာနှင့် ဒုတိယအလွှာ စိတ်စွမ်းအားဆင့်ကဲပြောင်းလဲသူများ၏ တိုက်ခိုက်မှုများက ရုပ်ပိုင်းဆိုင်ရာသာ ဖြစ်သည်။ သူတို့က စိတ်စွမ်းအားဖြင့် လက်နက် တစ်ခု သို့မဟုတ် ထိုထက်ပိုသော လက်နက်များကို ထိန်းချုပ်ပြီး ရန်သူကို တိုက်ခိုက်နိုင်ကြလေသည်။ အလားတူပင် သူတို့က ထိုလက်နက်ကို ထိန်းချုပ်ပြီး ၎င်းအပေါ်တွင် စီးနှင်ခြင်းဖြင့် ပျံသန်းနိုင်ကြလေသည်။

" အနာဂတ်မှာ ဘယ်လောက်တိုးတက်နိုင်မလဲ ကြည့်ရတာပေါ့။ " လင်းယွမ်က တွေးလိုက်သည်။

သူက လင်းယိကို သိုင်းတာအိုအား လေ့ကျင့်မပေးချေ။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က မည်မျှအလားအလာ ရှိသည်ဖြစ်စေ လူတိုင်းနှင့် မသင့်တော်နိုင်ပေ။

သူ၏ မိသားစုနှင့် စကားအနည်းငယ် ပြောပြီးနောက် လင်းယွမ်က မြေအောက်လေ့ကျင့်ရေးကွင်းသို့ ပြန်လာခဲ့သည်။ သူက သိုင်းတာအိုဆင့်ကဲပြောင်းလဲပြောင်းလဲခြင်းလမ်းစဉ်အကြောင်း စဉ်းစားနေစဉ် AI လက်ထောက်၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

" သခင် ဟေးယုမျိုးနွယ်က မစ္စတာအိုက သခင်နဲ့တွေ့ချင်နေပါတယ်။ "

" ဟေးယုအိုလား။ " လင်းယွမ်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

ဟေးယုအိုက အလျှော့မပေးသော စိတ်ဓာတ်ရှိသည်ကို ဟိုမင်ဆီမှ ကြားပြီးနောက် ဖေးကျောက်ကို ငြင်းပယ်ခြင်းက ထိုကိစ္စကို အဆုံးမသတ်နိုင်သေးကြောင်း လင်းယွမ်က နားလည်ခဲ့သည်။

" တွေ့တာပေါ့။ " ခနစဉ်းစားပြီးနောက် လင်းယွမ်က ဟေးယုအိုနှင့် တွေ့ရန် ဆုံးဖြတ်လိုက်သည်။

ဉာဏ်ပညာနတ်ဘုရား၏ အုပ်ချုပ်မှုအောက်တွင် လင်းယွမ်က လက်မခံခဲ့လျှင်တောင် ဟေးယုအိုက ဘာမှလုပ်နိုင်မည်မဟုတ်ပေ။

VR ကမ္ဘာ၏ ကိုယ်ပိုင်နေရာတွင် လင်းယွမ်က ဟေးယုအိုနှင့် တွေ့ဆုံလိုက်သည်။ ဟေးယုအို၏ ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင်သင်္ကေတများရှိပြီး မြင့်မြတ်သော အော်ရာကို ထုတ်လွှတ်နေသည်။

ဟေးယုမျိုးနွယ်၏ သွေးမျိုးဆက်က လူသားမျိုးနွယ်ပင်မဟုတ်ဘဲ မျိုးနွယ်ခြားများ၏ သွေးမျိုးဆက်လည်း ပါဝင်သည်ဟု ပြောကြသည်။ ထိုဖြစ်စဉ်က လူသားမျိုးနွယ်တွင် သာမန်သာဖြစ်၏။ စွမ်းအားကောင်းသော မျိုးနွယ်ခြားများက ပါရမီရှင်များကို မွေးထုတ်ပေးနိုင်ကြသည်။

" ညီလေးလင်းယွမ် " ဟေးယုအိုက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

လင်းယွမ်ကို စုဆောင်းပြီး ဟေးယုမျိုးနွယ်၏ စီးပွားရေအဖွဲ့မှ အစီအစဉ်ကို အောင်မြင်နိုင်ရန် ဟေးယုအိုက သူ၏ အဆင့်အတန်းကို နှိမ့်ချထားရန် လိုအပ်လေသည်။ သူက မျိုးနွယ်သို့ ပြန်ပြီး ခေါင်းဆောင်ပလ္လင်ပေါ်တွင် ထိုင်ချင်သေးသည်။

" မစ္စတာအို..." လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။

နှစ်ယောက်လုံးက ထိုင်ခုံတွင် ထိုင်လိုက်ကြသည်။ ဟေးယုအိုက လိုရင်းကို မပြောသေးဘဲ အခြားအကြောင်းကို စတင်ပြောဆိုလိုက်သည်။

" ဒီနှစ်တွေမှာ ငါက အာရီနာပြိုင်ပွဲတွေကို ကြည့်ပြီး ငါတို့လူသားမျိုးနွယ်မှာ ပါရမီရှင်တွေအများကြီးရှိတာ သိခဲ့ရတယ်။ အမှောင်စိတ်ဝိညာဉ်ကြယ်နယ်မြေမှာ အမှောင်စိတ်ဝိညာဉ်သွေးမျိုးဆက်ကို နိုးထခဲ့တဲ့ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာခဲ့တယ်။ ပုံမှန်အတိုင်းပဲ အမှောင်နိယာမမှာ ထူးချွန်တယ်။ "

" ဒီလိုစွမ်းရည်နဲ့ဆို အမှောင်အမျိုးအစား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ရွေးချယ်လိုက်ရင် ပဉ္စမအလွှာကနေ ဆဋ္ဌမအလွှာကိုတောင် ရောက်နိုင်တယ်။ အနာဂတ်မှာ သတ္တမအလွှာကို ရောက်ဖို့တောင် မျှော်လင့်ချက်ရှိတယ်။ " ဟေးယုအိုက ပြုံး၍ ပြောလိုက်သည်။

" အမှန်ပဲ။ စကြာဝဠာထဲမှာ မရေတွက်နိုင်တဲ့ ပါရမီရှင်တွေ ရှိကြတယ်။ " လင်းယွမ်က ခေါင်းငြိမ့်ပြီး လက်ခံလိုက်သည်။

ချီခွန်ကြယ်သခင်၏ တပည့် ၁၃ယောက်မြောက် တောင်ထိပ်သခင်ဖြစ်လာပြီးနောက် လင်းယွမ်က စကြာဝဠာထဲမှ အကြောင်းအရာအမျိုးမျိုးကို သိခဲ့ရသည်။ လူသားမျိုးနွယ်က များပြားလှသောကြောင့် မရေတွက်နိုင်သော ပါရမီရှင်များ ထွက်ပေါ်ခဲ့လေသည်။

သို့သော် သူတို့က မည်မျှပါရမီရှိပါစေ ပါရမီရှင်များသာ ဖြစ်ပြီး သန်မာသော စစ်သည်များ မဟုတ်ကြပေ။ နှစ်စဉ်နှစ်တိုင်း လူသားမျိုးနွယ်၏ မရေတွက်နိုင်သော ပါရမီရှင်များက မျိုးနွယ်ခြားများ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံနေရသည်။

သူတို့က ပို၍ ထူးချွန်လျှင် ပို၍ နှိမ့်ချနေရန် လိုအပ်ပြီး ဆဋ္ဌမအလွှာသို့ ရောက်သည်အထိ စိတ်ရှည်သည်းခံပြီး လျို့ဝှက်နေရန် လိုအပ်လေသည်။

" ဒါပေမယ့် ဘယ်လောက်ပဲ အရည်အချင်းရှိရှိ သူတို့ကို ထောက်ပံ့ပေးဖို့ အရင်းအမြစ်တွေလိုအပ်တယ်။ မဟုတ်ရင် သူတို့ရဲ့ အရည်အချင်းတွေက အလကားဖြစ်သွားလိမ့်မယ်။ " ဟေးယုအိုက လင်းယွမ်ကို ကြည့်လိုက်သည်။

" မှန်တယ်။ အရည််ချင်းက အရေးပါသလို အရင်းအမြစ်တွေကလည်း အရေးကြီးတယ်။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။

လူသားမျိုးနွယ်က ဘာကြောင့် သန်မာသော လူများကို တစ်ယောက်ပြီးတစ်ယောက် မွေးထုတ်ပေးနိုင်တာလဲ။ လူသားမျိုးနွယ်က နယ်မြေများ ဆက်တိုက်တိုးချဲ့ပြီး မျိုးနွယ်ခြားများ၏ အရင်းအမြစ်များကို သိမ်းပိုက်ပြီး သူတို့၏ သန်မာသော စစ်သည်များထံ ပေးပို့သောကြောင့်ပင် မဟုတ်ပါလား။

" လင်းယွမ် ငါ့ညီ မင်းက အခြားအဖွဲ့တွေ မဝင်ရသေးဘူးမဟုတ်လား။ မင်းငါ့လက်အောက်ကို ဝင်ဖို့ စိတ်ဝင်စားလား။ "

၎င်းကို ပြောပြီး ဟေးယုအိုက ထပ်ပြောလိုက်သည်။ " လင်းယွမ် မြန်မြန်မငြင်းလိုက်နဲ့ဦး။ "

" နှစ်ရှစ်ဆယ် မင်းငါ့လက်အောက်မှာ နှစ်ရှစ်ဆယ်ပဲနေပေး။ ပြီးရင် မင်းအချိန်မရွေး ထွက်သွားနိုင်တယ်။ အဲ့ဒီနှစ်ရှစ်ဆယ်အတွင်းမှာလည်း မင်းအေးအေးဆေးဆေး လေ့ကျင့်နိုင်ဖို့ အရင်းအမြစ်တွေ ထောက်ပံ့ပေးမယ်။ "

" ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေလား။ မင်းက ဟေးယုမျိုးနွယ်ရဲ့ ဘယ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မဆို လေ့လာနိုင်တယ်။ "

"ရှားပါးရတနာတွေလား။ စကြာဝဠာရတနာတွေလား။ လျို့ဝှက်နည်းစနစ်တွေလား။ မင်းလိုချင်တာကို ငါရအောင်လုပ်ပေးမယ်။ " ဟေးယုအိုက လင်းယွမ်ကို ကြည့်လိုက်သည်။

တကယ်တော့ သူပြောခဲ့သော အခြေအနေများက ပါးစပ်ကတိများသာ ဖြစ်သည်။ လင်းယွမ်လိုအပြင်လူတစ်ယောက်ကို ဟေးယုမျိုးနွယ်ရဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေကို လေ့လာခွင့်ပေးမှာလား။

သို့သော် ယခုအချိန်တွင် ဟေးယုအိုက ၎င်းတို့ကို ဂရုမစိုက်နိုင်ပေ။ အရင်ဆုံး လင်းယွမ်က သူ၏ လက်အောက်သို့ ဝင်ရောက်လာရန် လိုအပ်လေသည်။ ဟေးယုမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ရှာဖွေရတွင် သူက အချိန်အတိအကျကို မပြောခဲ့ပေ။

ဟေးယုအိုက မလိမ်ပေ။ နှစ်ရှစ်ဆယ်ကြာပြီးလျှင် လင်းယွမ်က အသက်တစ်ရာကျော်ပြီဖြစ်သောကြောင့် ပြိုင်ပွဲတွင် ပါဝင်နိုင်တော့မည်မဟုတ်ပေ။ ထို့ကြောင့် သူက လင်းယွမ်ကို ဆက်ခေါ်ထားလည်း ထူးခြားသွားမည်မဟုတ်ပေ။

" နှစ်ရှစ်ဆယ် အလုပ်လုပ်ပေးရမှာလား။ " လင်းယွမ်၏ အမူအရာက တည်ငြိမ်နေသည်။

" ငါက ပြိုင်ပွဲမှာ ဒီလောက်နှိမ့်ချပြီးနေခဲ့တာတောင် ဟေးယုအိုက ငါ့ကို အဲ့လောက် တန်ဖိုးထားနေတာလား။ " လင်းယွမ်က ကူကယ်ရာမဲ့သွား၏။

ဟေးယုအိုနှင့် အခြားအဖွဲ့များက ပြိုင်ပွဲမှ စွမ်းဆောင်မှုများကြောင့် သူ့အား ဖိတ်ခေါ်နေကြသည်ကို သူသိလေသည်။ သို့သော် လင်းယွမ်က ပြိုင်ပွဲတွင် ခွန်အားအချို့ ဖုံးကွယ်ခဲ့သည်ကို ဟေးယုအိုက သတိထားမိပြီး သူ့ကို လူကိုယ်တိုင် လာရောက်ဖိတ်ခေါ်ခြင်းဖြစ်သည်။

" လင်းယွမ် ငါ့ညီ မင်းဘယ်လိုထင်လဲ။ " ဟေးယုအိုက လင်းယွမ်ကို မျှော်လင့်ချက်များနှင့် ကြည့်လိုက်သည်။

သူက ကိုယ်တိုင်လာဖိတ်ခေါ်ရုံသာမက ပိုများသော ကမ်းလှမ်းမှုများအပြင် နေထိုင်ချိန်ကိုလည်း နှစ်ရှစ်ဆယ်အထိ လျှော့ပေးခဲ့လေသည်။

" မစ္စတာအို... " လင်းယွမ်က ဟေးယုအိုကို ကြည့်လိုက်သည်။ " ကျုပ်က အာရီနာပြိုင်ပွဲတွေကို တကယ်စိတ်မဝင်စားတာပါ။ မစ္စတာအို အဲ့ဒီအတွက် ဆက်ပြီး ကြိုးစားဖို့ မလိုပါဘူး။ "

" ဟမ် " ဟေးယုအိုက အနည်းငယ် မှင်သက်သွား၏။

လင်းယွမ်က သူ့ကို အမှန်တကယ် ငြင်းပယ်ခဲ့သည်။ ဟေးယုအိုက သူ၏ ရိုးသားမှုကို ပြသခဲ့သော်လည်း ငြင်းပယ်နေတုန်းပင် ဖြစ်သည်။

ဟေးယုအိုက ငြိမ်သက်သွား၏။ သူ၏ စိတ်အားထက်သန်သော အမူအရာက လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ အစကတည်းက သူက နွေးထွေးသော လူတစ်ယောက်မဟုတ်ပေ။ အခြေအနေကို သူဘယ်လောက်တန်ဖိုးထားကြောင်းသာ ပြသခဲ့ခြင်းဖြစ်သည်။ သို့သော် လင်းယွမ်က ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သောကြောင့် ဆက်လက်ဟန်ဆောင်နေရန် မလိုအပ်တော့ပေ။

" လင်းယွမ် မင်းရဲ့ ဆုံးဖြတ်ချက်က သေချာသွားပြီလား။ " ဟေးယုအိုက နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။

" သေချာပါတယ်။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။

ချီခွန်မျိုးနွယ်၏ တောင်ထိပ်သခင်တစ်ယောက်အနေဖြင့် ဟေးယုအို၏ အမိန့်မပြောနှင့် ဟေးယုမျိုးနွယ်ကိုပင် ဂရုစိုက်ရန် မလိုအပ်ပေ။

" ကောင်းပြီ။ " ဟေးယုအိုက မတ်တပ်ရပ်လိုက်သည်။

လင်းယွမ်၏ ငြင်းပယ်မှုက ဟေးယုအို၏ ရိုးသားမှုကို စော်ကားသကဲ့သို့ ဖြစ်သွားလေသည်။ ထို့အပြင် ဟေးယုမျိုးနွယ်၏ စီးပွားရေးအဖွဲ့မှ ရွေးချယ်ပေးထားသော အသက်တစ်ရာအောက် ဆင့်ကဲပြောင်းလဲသူနှစ်ရာကျော်တွင် လင်းယွမ်က အရေးပါဆုံးမဟုတ်ပေ။ သို့သော် ဟေးယုအို၏ ဖိတ်ခေါ်မှုကို ပထမဆုံး ငြင်းပယ်သူ ဖြစ်လေသည်။

" သာမန်အရည်အချင်းနဲ့ မောက်မာလွန်းတယ်။ " ဟေးယုအိုက ထိုစကားများကို ရေရွတ်ပြီးနောက် ပျောက်ကွယ်သွားသည်။

ဟေးယုမျိုးနွယ်၏ အဆင့်အရ လင်းယွမ်ကဲ့သို့ အသက်တစ်ရာအောက် စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူ၏ အရည်အချင်းက ထိပ်တန်းမဟုတ်ပေ။ သို့သော် သာမန်အရည်အချင်းလည်း မဟုတ်ပေ။

လင်းယွမ်၏ အရည်အချင်းထက် သူ၏ မောက်မာမှုက ပိုများနေသောကြောင့် ဟေးယုအိုက စိတ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

All Chapters