စီနီယာအကိုကြီးကို အကူအညီတောင်းခြင်း....
Vol. 11 Ch. 168
" သူ တော်တော် ဒေါသထွက်သွားတဲ့ပုံပဲ။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။
လွန်ခဲ့သော နှစ်တစ်သောင်းမှာ ချီခွန်ကြယ်သခင်၏ နောက်ဆုံးတပည့်က သူ၏ အဆင့်အတန်းကို ထုတ်ဖော်ခဲ့သည်မှာ အံ့ဩစရာမရှိပေ။
အမှန်တော့ ယခု ဟေးယုအို၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရချိန်တွင် လင်းယွမ်ကလည်း ၁၃ တောင်ထိပ်သခင်ဟူသော သူ၏ အဆင့်အတန်းကို ထုတ်ဖော်ချင်ခဲ့သည်။
ထို့နောက် ဟေးယုအို၏ သနားငဲ့ညှာရန် တောင်းပန်သည်ကို ကြည့်ရပေလိမ့်မည်။ ထိုမျှသာမက ဟေးယုမျိုးနွယ်၏ ဆဋ္ဌမအလွှာထက် ကျော်လွန်သော ဟေးယုမိုပင် လာရောက်တောင်းပန်ရပေလိမ့်မည်။
သို့သော် ထိုသို့ဖြစ်ပြီးနောက် လင်းယွမ်ကလည်း ချီခွန်ကြယ်သခင်၏ နောက်ဆုံးတပည့်ကဲ့သို့သော အခြေအနေများကို ရင်ဆိုင်ရပေလိမ့်မည်။ မျိုးနွယ်ခြားများက သဲလွန်စများရရှိပြီး လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားကြပေလိမ့်မည်။
" နှိမ့်ချနေဖို့ တော်တော်ခက်တာပဲ။ " လင်းယွမ်က သူ၏ မျက်ခုံးများကို ပွတ်လိုက်သည်။
ဆင့်ကဲပြောင်းလဲသူဖြစ်ပြီးနောက် ယခု ပဉ္စမအလွှာသို့ ရောက်သည်အထိ လင်းယွမ်က ကန်လန်ကြယ်မှ ထွက်မသွားဘဲ ပြဿနာမဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့လေသည်။
သာမန်ပဉ္စမအလွှာများပင် ကြယ်နယ်မြေများကြား သွားလာကြလေသည်။ ပဉ္စမအလွှာများက အာကာသထဲတွင် မရှင်သန်နိုင်သော်လည်း လူသားမျိုးနွယ်၏ နည်းပညာက မြင့်မားသောကြောင့် ကြယ်နယ်မြေများကြား သွားလာနိုင်သော အာကာသာစစ်သင်္ဘောများကို တီထွင်ခဲ့ကြလေသည်။
ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများပင် အာကာသစစ်သင်္ဘောများကို အသုံးပြုကြလေသည်။ ၎င်းက လူသားမျိုးနွယ်၏ ပို့ဆောင်ရေးနည်းလမ်းတစ်ခုပင် ဖြစ်သည်။ သို့သော် လင်းယွမ်ကတော့ ယနေ့အထိ ဂြိုလ်ပေါ်မှ ထွက်မသွားခဲ့ပေ။
သို့သော် ဟေးယုအိုက သူ့ကို ရှာတွေ့ခဲ့လေသည်။ သာမန်အဖွဲ့အစည်းများကို အလွယ်တကူ ငြင်းပယ်နိုင်သော်လည်း ဟေးယုအိုက ဟေးယုမျိုးနွယ်ကို ကိုယ်စားပြုပြီး ဟေးယုမျိုးနွယ်က ချီခွန်ကြယ်နယ်မြေတွင် အသန်မာဆုံး အင်အားစုငါးခုထဲမှ တစ်ခုဖြစ်လေသည်။
" ငါက ဟေးယုအိုကို ငြင်းပယ်လိုက်ပေမယ့် ဘာမှဖြစ်လာမှာတော့မဟုတ်ဘူး။ ဟေးယုအိုက ဘယ်လောက်သတ္တိကောင်းကောင်း အပြင်လောကမှာ လှုပ်ရှားရဲမှာမဟုတ်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။
စကြာဝဠာလူသားမဟာမိတ်တွင် ဥပဒေအမျိုးမျိုးရှိပြီး အဆင့်မြင့် ဆင့်ကဲပြောင်းလဲသူတစ်ယောက်က အခြားနိုင်ငံသားများအား တိုက်ခိုက်ခြင်းကို တင်းကျပ်စွာ တားမြစ်ထားသည်။ ၎င်းကို ကျူးလွန်ခဲ့လျှင် ပြင်ထန်သော အပြစ်ဒဏ်ကို ခံရပေလိမ့်မည်။
ဟေးယုအိုက လင်းယွမ်ကို လျို့ဝှက်စွာ တိုက်ခိုက်ခဲ့လျှင် နတ်ဘုရားသုံးပါး၏ ရှာဖွေစစ်ဆေးခြင်းကို ခံရပါက ဟေးယုမိုသာမက ဟေးယုမျိုးနွယ်ပင် ထိခိုက်နိုင်လေသည်။
သို့သော် ဟေးယုအိုက ရူးသွပ်သွားလျှင်ရော။ လင်းယွမ်က ထိုအချက်ကိုလည်း ထည့်တွေးထားသောကြောင့် သူ၏ စီနီယာအကိုကြီးနှင့် ဆက်သွယ်ခဲ့သည်။
လင်းယွမ်က ဟေးယုမျိုးနွယ်၏ သတ္တမအလွှာဖြစ်သော ဟေးယုမိုကို ဆန့်ကျင်မိလျှင်တော့ သူ၏ ဆရာကို ဆက်သွယ်မည်ဖြစ်သည်။ သို့သော် ဟေးယုအိုကတော့ သူ၏ အကိုကြီးနှင့်ပင် လုံလောက်လေသည်။ လင်းယွမ်က ထိုကဲ့သို့ ကိစ္စသေးသေးလေးအတွက် သူ၏ ဆရာကို ဒုက္ခမပေးချင်ပေ။
VR ကမ္ဘာတွင် လင်းယွမ်က သူ၏ စီနီယာအကိုဆီသို့ ရောက်လာသည်။ ချိခွန်ကြယ်သခင်၏ ပထမဆုံးတပည့်ဖြစ်သည်နှင့်အညီ စီနီယာအကိုကြီးက အသန်မာဆုံးဖြစ်ပြီး အားလုံးအတွက် အတုယူစရာလူတစ်ယောက်လည်း ဖြစ်သည်။
" ညီငယ်လေး မင်းက ငါ့ကို ဘာလို့လာရှာတာလဲ။ " စီနီယာအကိုကြီးက လင်းယွမ်ကို နွေးထွေးစွာ ကြည့်ပြီး ပြောလိုက်သည်။
ချီခွန်ကြယ်သခင်နှင့် အချိန်ကြာနေထိုင်ခဲ့သောကြောင့် ကြယ်သခင်က လင်းယွမ်အား မည်မျှတန်ဖိုးထားသည်ကို သူသိလေသည်။ လင်းယွမ်က သူ့ကို အရင်ဆုံးရှာဖွေခဲ့သောကြောင့် သူတို့၏ ဆက်ဆံရေးက ပို၍ ကောင်းမွန်လာပေလိမ့်မည်။
" အကိုကြီး ကျွန်တော် အကိုကြီး အကူအညီနည်းနည်းလိုနေလို့။ " လင်းယွမ်က စပြောလိုက်သည်။
လင်းယွမ်က ဟေးယုအိုနှင့် အဖြစ်အပျက်များကို သူ၏ အကိုကြီးအား ပြောပြလိုက်သည်။
" ဟေးယုမိုရဲ့ အငယ်ဆုံးသားက အတော်သတ္တိကောင်းနေပါလား " စီနီယာအကိုကြီးက ရေရွတ်လိုက်သည်။ သူ၏ ရှေ့တွင် ဟေးယုမိုပင် လေးစားမှုပြရလေသည်။ သူ၏ အငယ်ဆုံးသားဆိုလျှင် စကားထဲထည့်ပြောစရာပင်မလိုပေ။
" ညီငယ်လေး ဒီကိစ္စကို ဘယ်လိုဖြစ်စေချင်လဲ။ " စီနီယာအကိုကြီးက လေးနက်စွာ မေးလိုက်သည်။
သူ့အတွက် ထိုကိစ္စကို ဖြေရှင်းရန် ခက်ခဲခြင်းမရှိဘဲ အလွန်လွယ်ကူလေသည်။ အရိုးရှင်းဆုံးမှာ ဟေးယုမိုကို ဆက်သွယ်ပြီး သူ၏ သားကို ဆုံးမထားရန် သတိပေးလိုက်ရုံသာဖြစ်သည်။ စီနီယာအကိုကြီး၏ အဆင့်အတန်းနှင့် သူ၏ စကားတစ်ခွန်းက ဟေးယုမျိုးနွယ်ကို လှုပ်ခါသွားစေနိုင်ပြီး နောက်တစ်ရက်တွင် ဟေးယုအိုက မျိုးနွယ်၏ ဖမ်းဆီးခြင်းခံရပြီး သူ့ဆီသို့ လာရောက်တောင်းပန်ရပေလိမ့်မည်။
ဟေးယုမိုက ကောင်းကျိုးဆိုးကျိုးများကို ချိန်ဆပြီး အခြေအနေများအား ကောင်းကောင်းဖြေရှင်းနိုင်လေသည်။
ထိုနည်းလမ်းက အန္တရာယ်ကင်းသည်ဟု မဆိုလိုပေ။ ထိုသို့လုပ်လိုက်လျှင် လင်းယွမ်၏ အဆင့်အတန်းက ထွက်ပေါ်သွားပေလိမ့်မည်။
လင်းယွမ်က ထိုနည်းလမ်းကို ရွေးချယ်လျှင် သူ့ကို ချီခွန်ပင်မကြယ်သို့ အရင်ဆုံးလာရန် စီနီယာအကိုကြီးက သတိပေးထားသည်။
" အကိုကြီး ကျွန်တော် ကန်လန်ကြယ်မှာ နောက်ထပ် နှစ်နည်းနည်း နေချင်သေးတယ်။ " လင်းယွမ်က စဉ်းစားရင်း ပြောလိုက်သည်။ ဆဋ္ဌမအလွှာသို့ မရောက်မီ လင်းယွမ်က ချီခွန်ပင်မကြယ်သို့ မသွားချင်ပေ။
ထိုနေရာတွင် စွမ်းအားကောင်းသော လူများ များစွာ ရှိလေသည်။ လင်းယွမ်က သူ၏ လျို့ဝှက်ချက်များကို ထိန်းသိမ်းထားရန် လိုအပ်လေသည်။ အနန္တကမ္ဘာများ၏ ဂိတ်တံခါး၊ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တို့ဖြစ်၏။
ဆဋ္ဌမအလွှာသို့ မရောက်မီ ဆင့်ကဲပြောင်းလဲသူ၏ စိတ်ဝိညာဉ်က အခြေခံဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် ပေါင်းစည်းခြင်းမရှိသေးဘဲ သူတို့၏ လျို့ဝှက်ချက်များကို သတိထားမိနိုင်လေသည်။
လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို စိတ်မပူပေ။ VR ကမ္ဘာပင် အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို ပုံတူမကူးနိုင်သောကြောင့် ချီခွန်ကြယ်သခင်လည်း သတိထားမိမည်မဟုတ်သည်ကို လင်းယွမ်က ခန့်မှန်းမိလေသည်။
သို့သော် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က သူ၏ စိတ်ဝိညာဉ်နှင့် အပြည့်အဝ ပေါင်းစည်းခြင်းမရှိသေးပေ။ ချီခွန်ပင်မကြယ်မှ စွမ်းအားကြီးတည်ရှိမှုများက တစ်စုံတစ်ခုကို သတိပြုမိသွားလျှင် အန္တရာယ်ရှိနိုင်လေသည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ လက်ရှိအလားအလာနှင့် ၎င်း၏ ဖန်တီးသူသာ ထွက်ပေါ်လာလျှင် လင်းယွမ်၏ ချီခွန်မျိုးနွယ်၏ ၁၃တောင်ထိပ်သခင် အဆင့်အတန်း ထွက်ပေါ်လာသည်ထက် နိမ့်ကျမည်မဟုတ်ပေ။
" ကန်လန်ကြယ်က ထွက်မသွားချင်သေးဘူးလား။ " စီနီယာအကိုကြီးက သူ၏ မေးစေ့ကို ပွတ်နေသည်။ ဆိုလိုသည်မှာ သူက ဟေးယုမျိုးနွယ်ကို တိုက်ရိုက်သတိပေး၍ မရပေ။
" ဘာလုပ်ရမလဲ ငါသိပြီ။ " စီနီယာအကိုကြီးက ခေါင်းငြိမ့်ပြီး လင်းယွမ်ကို ပြောလိုက်သည်။ " မစိုးရိမ်နဲ့ ညီငယ်လေး။ ကန်လန်ကြယ်မှာ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ထား။ အဲ့ဒီဟေးယုအိုက ညီငယ်လေးကို နှောက်ယှက်ဖို့ အခွင့်အရေးရှိမှာ မဟုတ်ဘူး။ "
" ပြီးတော့ သူက အဲ့ဒီ ရှေ့ဖြစ်ဟောခြင်း ဆင့်ကဲပြောင်းလဲသူတွေနဲ့တောင် ညီငယ်လေးရဲ့ အဆင့်အတန်းကို ရှာမတွေ့စေရဘူး။ " စီနီယာအကိုကြီး၏ အမူအရာက အနည်းငယ် လေးနက်သွား၏။
လူသားမျိုးနွယ်၏ သမိုင်းတွင် ကြယ်စကြာဝဠာကို စစ်တုရင်ခုံသဖွယ် သဘောထားပြီး အထွတ်အထိပ်အင်အားစုများကို နယ်ရုပ်များသဖွယ် သူတို့၏ အစီအစဉ်ထဲတွင် အသုံးချသွားခဲ့သော ထိပ်တန်း ရှေးဖြစ်ဟောသူများ ရှိခဲ့လေသည်။
ထိပ်တန်းအဆင့် ရှေးဖြစ်ဟောသူများက ရှားပါးပြီး လူသားမျိုးနွယ်၏ ထိပ်တန်းအဆင့် ရှေးဖြစ်ဟောသူများက အလင်းနှစ်များစွာဝေးသော လူသားမျိုးနွယ် ပင်မကြယ်နယ်မြေတွင်သာ နေထိုင်ကြလေသည်။
" ဒါဆို အကိုကြီးကို ကျေးဇူးတင်ပါတယ်။ " လင်းယွမ်က စိတ်အေးသွား၏။
စီနီယာ အကိုကြီးက သူ၏ တောင်းဆိုမှုကို တုန့်ဆိုင်းခြင်းမရှိဘဲ သဘောတူခဲ့လေသည်။ အခြား သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများပင် စီနီယာအကိုကြီး၏ မျက်နှာသာပေးမှုကို မရရှိကြပေ။
" ညီအကိုတွေကြားထဲမှာ ဘာကျေးဇူးတင်စရာလိုလဲ။ " စီနီယာအကိုကြီးက ပြောလိုက်သည်။ " ညီငယ်လေး ဆဋ္ဌမအလွှာကို မြန်မြန်ရောက်အောင် ကြိုးစား။ အကိုကြီးက မင်းနဲ့အတူတူသောက်ဖို့ စောင့်နေမယ်။ "
ကန်လန်ကြယ်တွင် လင်းယွမ်က သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ စီနီယာအကိုကြီးက တာဝန်ယူလိုက်ပြီဖြစ်သောကြောင့် သူက ဟေးယုအိုကို စိတ်ပူရန် မလိုအပ်တော့ပေ။
" ငါ ဆဋ္ဌမအလွှာကို ရောက်ရင် ငါ့ရဲ့ စိတ်ဝိညာဉ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နဲ့ အပြည့်အဝ ပေါင်းစည်းသွားလိမ့်မယ်။ အခြားသူတွေက ငါကျင့်ကြံတဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို သတိထားမိမှာမဟုတ်တော့ဘူး။ " လင်းယွမ်က တွေးလိုက်သည််။
ဆဋ္ဌမအလွှာက လင်းယွမ်အတွက် အရည်အသွေးဆိုင်ရာ ပြောင်းလဲခြင်းလည်း ဖြစ်သည်။ ထိုပြောင်းလဲမှုက ခွန်အားသာမက အဆင့်အတန်းလည်း အပါအဝင်ဖြစ်သည်။ လင်းယွမ်က ဆဋ္ဌမအလွှာသို့ ရောက်သည်နှင့် ချီခွန်မျိုးနွယ်၏ ၁၃ ယောက်မြောက်တောင်ထိပ်သခင်ဖြစ်သည်ကို လူတိုင်း၏ ရှေ့တွင် ဖော်ပြနိုင်ပေလိမ့်မည်။ သူက ဆက်လက်ဖုံးကွယ်ရန် မလိုအပ်တော့ပေ။
ဟေးယုအိုက ပလ္လင်ပေါ်တွင် ထိုင်ပြီး သူ၏ မျက်နှာက မဲမှောင်နေသည်။
" သခင်လေး..." ဖေးကျောက်က ဟေးယုအိုပေါ်လာသည်နှင့် အရိုအသေပေးလိုက်သည်။
" အဲ့ဒီလင်းယွမ်.... ငါ့ကို ငြင်းလိုက်တယ်။ " ဟေးယုအိုက ဖေးကျောက်ကို ကြည့်ပြီး ပြောလိုက်သည်။
" သူက သခင်လေးကိုယ်တိုင် ဖိတ်ခေါ်တာကို ငြင်းပယ်လိုက်တာလား။ " ဖေးကျောက်က အံ့ဩသွား၏။
ဟေးယုမျိုးနွယ်၏ တိုက်ရိုက်မျိုးဆက်တစ်ယောက်က ဖိတ်ခေါ်ခြင်းမှာ ဂုဏ်ယူဖွယ်ရာတစ်ခုပင် ဖြစ်သည်။ လင်းယွမ်က ဘယ်လိုလုပ်ငြင်းပယ်ရဲတာလဲ။
" ဒါဆို သခင်လေး ဘာလုပ်ဖို့ စီစဉ်ထားလဲ။ " ဖေးကျောက်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
" ငါဘာလုပ်ရမှာလဲ။ ငါဘာလုပ်သင့်တယ်လို့ မင်းထင်လဲ။ " ဟေးယုအိုက မေးလိုက်သည်။
" အလယ်အဆင့်ဂြိုလ်လေးက ပါရမီရှင်တစ်ယောက်ပဲ။ သခင်လေးရဲ့ ဖိတ်ခေါ်မှုကို ငြင်းပယ်တာက သူ့ရဲ့ ဆုံးရှုံးမှုပဲ။ သခင်လေးက အဲ့ဒီအတွက် စိတ်မပူဘဲ အခြားသူတွေကို ဆက်ပြီး စုဆောင်းသင့်ပါတယ်။ " ဖေးကျောက်က ထိုကဲ့သို့သော လူတစ်ယောက်အတွက် မလိုအပ်သော ပြဿနာများ မဖြစ်စေရန် စဉ်းစားပြီး ပြောလိုက်သည်။
" မဟုတ်ဘူး။ သူက သာမန်ပါရမီရှင်တစ်ယောက်မဟုတ်ဘူး။ " ဟေးယုအိုက ငြင်းဆိုလိုက်သည်။
လင်းယွမ်က ဟေးယုမျိုးနွယ်၏ စီးပွားရေးအဖွဲ့မှ ရွေးချယ်ပေးထားသော ၂၂၃ယောက်ထဲမှ တစ်ယောက်ဖြစ်၏။ သူက ကြယ်နယ်မြေအဆင့် ပြိုင်ပွဲတွင် ဟေးယုအိုအတွက် ငွေကြေးများစွာကို ရှာပေးနိုင်ပြီး ထိုသို့သော ပါရမီရှင်တစ်ယောက်ကို ဟေးယုအိုက ထိန်းချုပ်ထားရန် လိုအပ်လေသည်။
" သခင်လေးဘက်မှာ လင်းယွမ်ရှိမှဖြစ်မှာလား။ " ဖေးကျောက်က မေးလိုက်သည်။
" မှန်တယ်။ " ဟေးယုအိုက ခေါင်းငြိမ့်လိုက်၏။
" ဒါကမခက်ပါဘူး။ နည်းနည်းတော့ ဒုက္ခများလိမ့်မယ်။ " ဖေးကျောက်က စဉ်းစားလိုက်သည်။
" ပြောပါ..." ဟေးယုအိုက စိတ်ဝင်စားသွား၏။
" လင်းယွမ်က သခင်လေးရဲ့ လက်အောက်ကို မဝင်ချင်ဘူးဆိုရင် သူ့ကို ဝင်ဖို့ ဖိအားပေးလိုက်ပေါ့။ " ဖေးကျောက်က အကြံပေးလိုက်သည်။