← Chapters

နတ်ဆိုးကြွက်မျိုးနွယ်...

Vol. 11 Ch. 170

နတ်ဆိုးကြွက်မျိုးနွယ်...

Vol. 11 Ch. 170

စီနီယာအကိုကြီးက ဟေးယုမိုနှင့် ဟေးယုမျိုးနွယ်ကို လျို့ဝှက်စွာ သတိပေးနိုင်လေသည်။

သို့သော် ဟေးယုအိုက လင်းယွမ်ကို ရုတ်တရက် လွှတ်ပေးလိုက်လျှင် သို့မဟုတ် ဟေးယုမျိုးနွယ်၏ ဆင့်ခေါ်ခြင်းကို ခံခဲ့ရလျှင် အခြားအင်အားစုများက သတိပြုမိသေးနိုင်လေသည်။ ထိုရှေ့ဖြစ်ဟောခြင်း ဆင့်ကဲပြောင်းလဲသူများက အသေးအဖွဲ့ကိစ္စလေးတွေကို အသုံးပြု၍ အခြေအနေကို တွက်ချက်နိုင်စွမ်းရှိကြလေသည်။

ထို့အပြင် စီနီယာအကိုကြီးက ဟေးယုမျိုးနွယ်ကို မယုံကြည်ပေ။ သူက သူတို့ကို လျို့ဝှက်စွာ သတိပေးခဲ့လျှင်တောင် အခြားအင်အားစုများက မသိနိုင်သော်လည်း ဟေးယုမျိုးနွယ်က သေချာပေါက် သတိထားမိပေလိမ့်မည်။ သူတို့က မကောင်းသော ရည်ရွယ်ချက်များရှိလျှင် ပြဿနာများ ဖြစ်လာနိုင်လေသည်။

ထို့ကြောင့် စီနီယာအကိုကြီးအတွက် အကောင်းဆုံးနည်းလမ်းမှာ ကန်လန်ကြယ်သို့ ကိုယ်တိုင် လာနေခြင်း ဖြစ်သည်။ သူရှိနေလျှင် ကန်လန်ကြယ်ပျက်ဆီးလျှင်တောင် သူ၏ ညီငယ်လေးကို အန္တရာယ်မရှိဘဲ ကယ်တင်နိုင်လေသည်။

သူ၏ လက်ရှိခန္ဓာကိုယ်က ကိုယ်ပွားဖြစ်လျှင်တောင် မူလခန္ဓာကိုယ်ထက် များစွာ အားနည်းခြင်း မရှိပေ။ သူက ထိုကိုယ်ပွားကို ယခုမှ ဖန်တီးထားသောကြောင့် အပြင်လူများက သူ၏ အဆင့်အတန်းကိုလည်း သိကြမည်မဟုတ်ပေ။

ဗဟိုကုန်းမြေနေအိမ်။

လင်းယွမ်က မြေအောက်လေ့ကျင့်ရေးကွင်းတွင် ထိုင်နေသည်။

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ ပဉ္စမအလွှာကို တင်ပြပြီးတော့ ဉာဏ်ပညာနတ်ဘုရားက ငါ့ရဲ့ အချက်အလက်တွေကို အရင်ထက်ပိုပြီး လျို့ဝှက်ခဲ့တယ်။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။

အချက်အလက်များ ပိတ်ပင်ခြင်းက ကာကွယ်မှုအပြင် သတိပေးမှုလည်း ဖြစ်သည်။ တစ်စုံတစ်ယောက်က လင်းယွမ်၏ အချက်အလက်များကို ရှာဖွေခဲ့လျှင် အချက်အလက်များက ပိတ်ပင်ထားသည်ကို တွေ့ရပေလိမ့်မည်။

အချက်အလက်များ ပိတ်ပင်ခြင်းမှာ ထိုလူက လူသားမျိုးနွယ်အတွက် မည်မျှအရေးပါသည်ကို သိနိုင်လေသည်။ ထိုလူများမှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးသူများ၊ အနုပညာရှင်များ၊ သိပ္ပံပညာရှင်များ စသည်ဖြင့် အမျိုးမျိုးရှိကြလေသည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဋ္ဌမအလွှာ အလားအလာရှိသောကြောင့် လင်းယွမ်က အနာဂတ်တွင် ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။ ထိုကဲ့သို့ အရေးပါသော လူတစ်ယောက်က အချက်အလက်များ ပိတ်ပင်ထားလျှင် အခြားသူများ၏ အာရုံကို ဆွဲဆောင်နိုင်ပေလိမ့်မည်။

ထို့ကြောင့် သူ၏ အချက်အလက်များကို သာမန်လူများနှင့် မခြားအောင် ပြုလုပ်နိုင်လေသည်။ အခြားသူများကို သူ့ကို စုံစမ်းခဲ့လျှင် ဉာဏ်ပညာနတ်ဘုရားဖန်တီးထားသော အချက်အလက်များဖြစ်သော ပဉ္စမအလွှာသို့ ရောက်နိုင်သည့် စတုတ္ထအလွှာ ပါရမီရှင်တစ်ယောက်ဟုသာ မြင်ကြပေလိမ့်မည်။

ကန်လန်ကြယ်၏ အခြားတစ်ဖက်တွင် အရပ်ပုပုနှင့်လူက လက်ထဲတွင် အစားအသောက်များနှင့် လမ်းလျှောက်နေသည်။

" အာ ဒီဂြိုလ်က အဆင့်မမြင့်ပေမယ့် အစားအသောက်တွေကတော့ မဆိုးဘူး။ " လူပုလေးက သာမန်အတိုင်း လမ်းလျှောက်နေသော်လည်း လူအချို့က သူ့ကို ရှောင်ဖယ်သွားကြသည်။

" ဘာလဲဟ။ နတ်ဆိုးကြွက်မျိုးနွယ်ကို မမြင်ဖူးကြဘူးလား။ " လူပုလေးက သူ၏ ဗိုက်ကို ပွတ်လိုက်သည်။

နတ်ဆိုးကြွက်မျိုးနွယ်....လူသားမျိုးနွယ်နှင့် ပူးပေါင်းခဲ့သော မျိုးနွယ်တစ်ခုဖြစ်ပြီး နှစ်ပေါင်းများစွာအတွင်း လူသားမျိုးနွယ်နှင့် လုံးဝ ပေါင်းစပ်သွားသော်လည်း သူတို့က အလယ်အဆင့် အသက်ဂြိုလ်များတွင် ပေါ်လာသည်မှာ ရှားပါးလေသည်။

" ဒီဂြိုလ်ပေါ်က မိန်းကလေးတွေက ငါ့ရဲ့ စံနှုန်းတွေနဲ့ မကိုက်ညီဘူး။ နတ်ဆိုးကြွက်မျိုးနွယ်က အာလူးလေးတွေလောက် ချစ်စရာမကောင်းဘူး။ " အနည်းငယ် လမ်းလျှောက်ပြီးသောအခါ လူပုလေးက ဗဟိုကုန်းမြေရှိရာသို့ ကြည့်လိုက်သည်။

" ဉာဏ်ပညာနတ်ဘုရားက အဲ့ဒီလူကို ကာကွယ်ဖို့ နယ်စပ်စစ်မြေပြင်ကနေ ငါ့ကို လျို့ဝှက်တာဝန်တစ်ခုနဲ့ ပြန်ဆင့်ခေါ်ပြီး ဒီဂြိုလ်ပေါ်မှာ သက်တော်စောင့် လာလုပ်ခိုင်းတယ်။ " လူပုလေးက သက်ပြင်းချလိုက်သည်။

သူက သတ္တမအလွှာ တည်ရှိမှုတစ်ခုဖြစ်ပြီး နယ်စပ်စစ်မြေပြင်၏ အရေးပါသော လူတစ်ယောက် ဖြစ်သည်။ သို့သော် ယခု သူက အလယ်အဆင့် ဂြိုလ်လေးပေါ်တွင် ဦးတည်ရာမရှိ လျှောက်သွားနေရလေသည်။

" ဒါပေမယ့် ဒါက အဲ့ဒီလူရဲ့ အရေးပါမှုကို သိနိုင်တယ်။ ဉာဏ်ပညာနတ်ဘုရားက အရေးမပါတဲ့ အလုပ်ကို လုပ်မှာမဟုတ်သလို မဟာမိတ်ရဲ့ အရင်းအမြစ်တွေကိုလည်း ဖြုန်းတီးပစ်မှာမဟုတ်ဘူး။ " လူပုလေးက တွေးလိုက်သည်။

" ဉာဏ်ပညာနတ်ဘုရားပေးတဲ့ တာဝန်က အဲ့ဒီပါရမီရှင် လင်းယွမ်ကို ဆဋ္ဌမအလွှာကို ရောက်တဲ့အထိ ကာကွယ်ပေးဖို့ပဲ။ " လူပုလေးက လင်းယွမ်၏ အချက်အလက်များကို ကြည့်လိုက်သည်။

၎င်းတို့က ဉာဏ်ပညာနတ်ဘုရား ဖန်တီးထားသော အချက်အလက်များသာ ဖြစ်ပြီး အရေးမပါလှပေ။

" အဲ့ဒီလင်းယွမ်က အခု စတုတ္ထအလွှာမှာရှိပြီး ပဉ္စမအလွှာကို ရောက်နိုင်ပေမယ့် ဆဋ္ဌမအလွှာဆိုရင်တော့..." လူပုလေးက ဤဂြိုလ်ပေါ်တွင် ရာစုနှစ်အချို့ နေရလိမ့်မည်ဟု တွေးလိုက်သည်။ " အနားယူတယ်ပဲ သဘောထားရမှာပေါ့။ "

လဝက်ကြာပြီးနောက် ဟေးယုမျိုးနွယ်က ကန်လန်ကြယ်နှင့် ကုန်သွယ်မှုကို တဖြည်းဖြည်း ဖြတ်တောက်ခဲ့သည်။ ကန်လန်ကြယ်၏ ကော်ပိုရေးရှင်းအဖွဲ့များက ရုတ်တရက် ထိတ်လန့်သွားကြသည်။

ထိုအဖွဲ့များက အကျိုးအမြတ်များရရှိရန် ဟေးယုမျိုးနွယ်ကို မှီခိုနေရပြီး ဟေးယုမျိုးနွယ်က စာချုပ်ကို ချိုးဖောက်ပြီး လျော်ကြေးပေးချေခြင်းက သူတို့ကို တုန်လှုပ်သွားစေခဲ့သည်။

" ဘာဖြစ်တာလဲ။ "

" အရင် ငါတို့က ကောင်းကောင်းပူးပေါင်းခဲ့ကြတာပဲ မဟုတ်လား။ "

" ငါတို့အဖွဲ့က ဟေးယုမျိုးနွယ်ပဲ တတ်နိုင်တဲ့ ရှားပါးသတ္တုတွေကို ဖန်တီးခဲ့တာပဲ။ သူတို့ထွက်သွားရင် ငါတို့က ဘယ်သူနဲ့ လက်တွဲမှာလဲ။ "

ကန်လန်ကြယ်၏ စီးပွားရေး အဖွဲ့အစည်းများက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

" မစ္စတာ ဟေးယုကန် ကန်လန်ကြယ်က ကျုပ်တို့နဲ့ ကုန်သွယ်မှုကို ဘာလို့ဖြတ်ပစ်ချင်တာလဲ။ " အဖွဲ့တစ်ခု၏ ဒါရိုက်တာတစ်ဦးက ဟေးယုမျိုးနွယ်ဝင်တစ်ယောက်ကို ဆက်သွယ်လိုက်သည်။

ကုမ္ပဏီတစ်ခုနှစ်ခု ရပ်တန့်သွားခြင်းက အရေးပေါ်အခြေအနေတစ်ခုသာ ဖြစ်သော်လည်း ယခု ဟေးယုမျိုးနွယ်က ကန်လန်ကြယ်နှင့် စီပွားရေးအားလုံးကို ရပ်တန့်လိုက်ခြင်းဖြစ်သည်။ အဆင့်မြင့်ပုဂ္ဂိုလ်များက ကန်လန်ကြယ်ကို ပစ်မှတ်ထားနေသည်မှာ ထင်ရှားလေသည်။

" ကန်လန်ကြယ်ပေါ်က မင်းတို့ရဲ့ လုပ်ရပ်ကို မင်းက မသိဘူးလား။ " ဟေးယုကန်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

" ကျုပ်တကယ်မသိတာပါ။ " ကော်ပိုရေးရှင်းဒါရိုက်တာက ကူကယ်ရာမဲ့သွား၏။ " ကျေးဇူးပြုပြီး ကျုပ်ကို ပြောပြပါ။ ကျုပ်တို့ ပြင်ဆင်ချိန်ရှိပါတယ်။ "

" မင်းတို့ရဲ့ ကန်လန်ကြယ်မှာ လင်းယွမ်လို့ခေါ်တဲ့ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ရှိတယ်။ " ဟေးယုကန်က ပြတ်သားစွာ ပြောလိုက်သည်။ " အဲ့ဒီလင်းယွမ်က မစ္စတာအိုရဲ့ ဖိတ်ခေါ်မှုကို ငြင်းပယ်ခဲ့တယ်။ မစ္စတာအိုက ရိုးသားပြီး ကောင်းမွန်တဲ့ အခြေအနေတွေနဲ့ ကမ်းလှမ်းခဲ့ပေမယ့် သူက ငြင်းပယ်နေတုန်းပဲ။ "

" သူက ဟေးယုမျိုးနွယ်ကို အထင်သေးတာလား။ မင်းတို့ရဲ့ ကန်လန်ကြယ်မှာ ဒီလိုနိုင်ငံသားတစ်ယောက် ရှိလို့ ဟေးယုမျိုးနွယ်က မင်းတို့နဲ့ ဆက်ပြီးပူးပေါင်းဖို့ မလိုအပ်တော့ဘူး။ " ထိုသို့ပြောပြီး ဟေးယုကန်က ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။

" လင်းယွမ်..." ဒါရိုက်တာက မှင်သက်သွား၏။ လင်းယွမ်က နောက်ဆုံးပြိုင်ပွဲတွင် ပထမရခဲ့သော ပါရမီရှင်တစ်ယောက်ဖြစ်သည်ကို သူသိလေသည်။ သို့သော် ယခု လင်းယွမ်က ဟေးယုမျိုးနွယ်ကို ဆန့်ကျင်ခဲ့လေသည်။

လင်းယွမ်ကလည်း ကန်လန်ကြယ်ပေါ်မှ ပြောင်းလဲမှုများကို သတိပြုမိလေသည်။ " အဲ့ဒီဟေးယုအိုက ကန်လန်ကြယ်နဲ့ ကုန်သွယ်မှုကို ဖြတ်တောက်ပြီး လူထုအမြင်နဲ့ ငါ့ကို ဖိအားပေးချင်တာပဲ။ "

လင်းယွမ်က မျက်မှောင်ကြုတ်နေသည်။ ယခု ကန်လန်ကြယ်မှ ကုန်သွယ်ရေးလုပ်ငန်းများက သူ့ကို စတင်အပြစ်တင်နေကြပြီဖြစ်သည်။ ဟေးယုအို၏ ဖိတ်ခေါ်မှုကို ငြင်းပယ်ခဲ့ခြင်း၊ ကန်လန်ကြယ်ကို ထိုကိစ္စထဲ ဆွဲထည့်ခြင်း၊ ယခု ဟေးယုအိုကို မတောင်းပန်ခြင်း။ အားလုံးက လင်းယွမ်ကို ဝိုင်းပြီး အပြစ်တင်နေကြသည်။

" ငါက အသက်ငယ်ပြီး အတွေ့အကြုံမရှိလို့ လူသန်းပေါင်းများစွာရဲ့ ဖိအားကို မခံနိုင်ဘူးလို့ ဟေးယုအိုက ထင်နေတာလား။ သူ့ကိုတောင်းပန်ရမှာလား။ " အထင်သေးသော အမူအရာက လင်းယွမ်၏ မျက်နှာတွင် ပေါ်လာသည်။

သာမန် စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ထိုကဲ့သို့သော ဖိအားကို ခံနိုင်မည်မဟုတ်ပေ။ သို့သော် လင်းယွမ်က သာမန်လူမဟုတ်ပေ။ ဆင်းသက်ခြင်း လေးကြိမ် ပြုလုပ်ပြီးနောက် နှစ်ပေါင်းရှစ်ရာနီးပါး ရှင်သန်ခဲ့ပြီး ထိုဖိအားလောက်က လင်းယွမ်အတွက် စာမဖွဲ့ပေ။

" အခြေအနေကို ဖြေရှင်းတာက လွယ်တယ်။ ချီခွန်မျိုးနွယ်ရဲ့ အရှိန်အဝါကို အသုံးပြုလိုက်ရုံပဲ။ ဒါပေမယ့် ငါက အဲ့လိုလုပ်ရင် ချီခွန်ပင်မကြယ်ကို အရင်သွားမှ ရလိမ့်မယ်။ ပြီးတော့ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ လျို့ဝှက်ချက်ကလည်း ပေါက်ကြားသွားလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

အကောင်းဆုံးနည်းလမ်းမှာ ပြင်ပဖိအားများကို လျစ်လျူရှုထားရန် ဖြစ်သည်။ ဆဋ္ဌမအလွှာသို့ ရောက်လျှင် ထိုပြဿနာများအားလုံးက ဖြေရှင်းပြီးသား ဖြစ်သွားပေလိမ့်မည်။

ကန်လန်ကြယ်၏ VR ကမ္ဘာတွင် အုပ်ချုပ်သူ စုန်ဝူယန်က ဟေးယုမျိုးနွယ်နှင့် ကုန်သွယ်မှုပြုလုပ်သော အဖွဲ့များ၏ ဒါရိုက်တာများနှင့် တွေ့ဆုံနေသည်။

" အခြေအနေက ဘယ်လိုလဲ။ " အုပ်ချုပ်သူစုန်ဝူယန်က ထိပ်ဆုံးတွင် ထိုင်ပြီး အခြားသူများကို ကြည့်လိုက်သည်။

" အုပ်ချုပ်သူစုန် အခု ဟေးယုအဖွဲ့က ကျုပ်တို့နဲ့ကုန်သွယ်မှု ဖြတ်တောက်သွားပြီ။ သဘောတူညီချက်အရ စာချုပ်ဖောက်ဖျက်ခဲ့လို့ လျော်ကြေးပေးခဲ့ပေမယ့် အဲ့ဒီလျော်ကြေးနဲ့ ကျုပ်တို့ရဲ့ ပြဿနာကို ယာယီပဲ ဖြေရှင်းနိုင်လိမ့်မယ်။ "

" အခုအရေးကြီးဆုံးက နောက်ထပ်ကုန်သွယ်မှုလုပ်နိုင်မယ့်အဖွဲ့ကို ရှာဖွေ့ဖို့ပဲ။ ဒါပေမယ့် ဟေးယုမျိုးနွယ်ရဲ့ အရှိန်အဝါက ကြီးမားတယ်။ သူတို့က ကန်လန်ကြယ်နဲ့ ကုန်သွယ်မှုဖြတ်တောက်ခဲ့တာဖြစ်လို့ အခြားအဖွဲ့တွေကလည်း ကျုပ်တို့နဲ့ ကုန်သွယ်မှုမလုပ်ချင်ကြတော့ဘူး။ "

ဟေးယုမျိုးနွယ်က ကန်လန်ကြယ်နှင့် ကုန်သွယ်မှုဖြတ်တောက်ခဲ့သောကြောင့် အခြားအဖွဲ့များက ဟေးယုမျိုးနွယ်ကို ဆန့်ကျင်ပြီး ကန်လန်ကြယ်နှင့် ကုန်သွယ်မှုပြုလုပ်ကြမည် မဟုတ်ပေ။ ကန်လန်ကြယ်က သူတို့၏ အမြတ်အစွန်းများကို စွန့်လွှတ်ပြီး အနိမ့်ဆုံးစျေးကို ချပေးလျှင်တောင် ဘယ်သူမှထွက်မလာရဲမှာ စိုးရိမ်ရလေသည်။

ချီခွန်ကြယ်နယ်မြေတွင် ဟေးယုမျိုးနွယ်က အင်အားစုငါးခုထဲမှ တစ်ခုဖြစ်သော်လည်း သူတို့က အခြားအင်အားစုကြီး လေးခုထက် ပို၍ မြင့်တက်လာကြသည်။

" အချိန်ကြာလာရင် ကျုပ်တို့နဲ့ ကုန်သွယ်နေတဲ့ အခြားအဖွဲ့တွေလည်း တဖြည်းဖြည်း လျှော့နည်းသွားမှာ စိုးရိမ်မိတယ်။ " တစ်ယောက် စိုးရိမ်စွာ ပြောလိုက်သည်။

ကန်လန်ကြယ်၏ စီးပွားရေးအဆက်အသွယ်များ လျှော့နည်းသွားသည်နှင့် ကန်လန်ကြယ်က အဆင့်နိမ့်အသက်ဂြိုလ်သို့ ကျသွားနိုင်လေသည်။

" ငါနားလည်ပြီ။ မင်းတို့က ဒီကိစ္စကို ဘယ်လိုဖြေရှင်းချင်ကြလဲ။ " အုပ်ချုပ်သူစုန်ဝူယန်က မေးလိုက်သည်။

" အရိုးရှင်းဆုံးကတော့ လင်းယွမ်က ဟေးယုအိုကို ပြန်တောင်းပန်လိုက်တာပဲ။ " တစ်ယောက်က ပြောလိုက်ပြီး အခြားသူများကလည်း ခေါင်းငြိမ့်လိုက်ကြသည်။

လင်းယွမ်က ဟေးယုအို၏ လက်အောက်သို့ ဝင်လိုက်မှသာ ကန်လန်ကြယ်က အကျပ်အတည်းမှ လွတ်မြောက်နိုင်ပြီး ဟေးယုမျိုးနွယ်နှင့် ကုန်သွယ်မှု ပြန်လည်ပြုလုပ်နိုင်မည်ဖြစ်သည် ။

All Chapters