← Chapters

စိတ်ဝိညာဉ်ပေါင်းစည်းမှု ၈၅ ရာခိုင်နှုန်း....

Vol. 11 Ch. 172

စိတ်ဝိညာဉ်ပေါင်းစည်းမှု ၈၅ ရာခိုင်နှုန်း....

Vol. 11 Ch. 172

" ဟမ် " ဖန်ချင်းက မှင်သက်သွား၏။ သူက ကူညီရန် ဆုံးဖြတ်ထားပြီးသောကြောင့် လင်းယွမ်အတွက် လွတ်လမ်းပင် တွေးထားခဲ့သည်။

သို့သော် ထိုလူအိုကြီးက အလွန်စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ သူက အနည်းငယ် စဉ်းစားမရဖြစ်သွား၏။

" အရူး " လူအိုကြီးက ဖန်ချင်းကို စိုက်ကြည့်လိုက်သည်။ " ငါ့ကို ပြောစမ်း။ မင်း ချီခွန်မျိုးနွယ်ကို မဝင်နိုင်ဘဲ ဟေးယုအိုရဲ့ ဖိတ်ခေါ်မှုကို ခံရရင် မင်းလက်ခံမှာလား။ " လူအိုကြီးက မေးလိုက်သည်။

" ကျွန်တော် ..... လက်ခံလောက်တယ်။ " ဖန်ချင်းက စဉ်းစားပြီး ပြောလိုက်သည်။

ချီခွန်မျိုးနွယ်ကို မဝင်ခဲ့လျှင် သူ့တွင် နောက်ခံမရှိတော့ပေ။ ဟေးယုမျိုးနွယ်ကဲ့သို့ အင်အားစုကြီးတစ်ခု၏ ဖိတ်ခေါ်မှုကို ရင်ဆိုင်ရလျှင် ငြင်းပယ်ရန် အကြောင်းရင်းမရှိပေ။ သူက ဂြိုလ်ပေါ်တွင် မနေဘဲ အပြင်သို့ ထွက်သွားပါက ဟေးယုမျိုးနွယ်ကို သတိထားနေရပေလိမ့်မည်။

" ကဲ ငါ့ကို ပြောစမ်း။ မင်းရဲ့ အကိုလင်းက အရူးလား။ " လူအိုကြီးက မေးလိုက်သည်။

" လင်းယွမ်က အရူးတော့မဟုတ်ဘူး။ " ဖန်ချင်းက ချက်ချင်း ပြောလိုက်သည်။

" လင်းယွမ်က မရူးဘူးဆိုရင် သူက ရူးမိုက်တဲ့ ဆုံးဖြတ်ချက်ကို ဘာလို့ချခဲ့တာလို့ မင်းထင်လဲ။ " လူအိုကြီးက ရှင်းပြလိုက်သည်။

" လင်းယွမ်က သူ့မှာ ဝှက်ဖဲတွေ ရှိသေးတာပေါ့။ သူက ဟေးယုမျိုးနွယ် မဟုတ်ဘူး ဟေးယုအိုကို ဂရုမစိုက်တာပဲ။ " ဖန်ချင်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

" အနည်းဆုံးတော့ မင်းမှာ ဦးနှောက်ရှိသေးတာပဲ။ " လူအိုကြီးက အထင်သေးစွာ ပြောလိုက်သည်။ " အခု မင်းရဲ့ အကိုလင်းကို ကူညီလိုက်ရင် အနာဂတ်မှာ အကျိုးအမြတ်တွေ ရလိမ့်မယ်။ "

" ငါ သေချာတယ်။ " ဖန်ချင်းက အားလုံးကို ကြည့်ပြီး ပြောလိုက်သည်။ " ဒီနေ့ ငါ့ကို ကူညီတဲ့ ဘယ်သူ့ကိုမဆို ငါပြန်ပြီးပေးဆပ်မယ်လို့ ကတိပေးတယ်။ အနာဂတ်မှာ ပြဿနာတစ်ခုခုရှိရင် ငါ့ဆီကို တိုက်ရိုက်လာနိုင်တယ်။ "

" ဟမ့် " ၎င်းကို မြင်သောအခါ တတိယမျက်လုံးနှင့်လူက အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပျောက်ကွယ်သွားသည်။ သူက ထိုအသေးအဖွဲကိစ္စများတွင် ပါဝင်ရန် ပျင်းလွန်းပြီး ဖန်ချင်း၏ ကတိကိုသာ တန်ဖိုးထားလေသည်။

ဆင့်ကဲပြောင်းလဲသူအများစုက ဖန်ချင်းကို မျက်နှာသာပေးခဲ့ကြသည်။ ငွေရောင်ဆံပင်နှင့် ရင်လင်းပင် သူမ၏ နောက်မှ အင်အားစုကို စကားပြောပေးရန် ကတိပေးခဲ့သည်။ အဆုံးတွင် ထိုကိစ္စက သူတို့အတွက် ခက်ခဲခြင်းမရှိဘဲ အနည်းငယ် အားစိုက်လိုက်ရုံသာရှိသည်။

VR ကမ္ဘာတွင် ဟေးယုအို၏ အမူအရာက မဲမှောင်နေသည်။

" သေစမ်း....အဲ့ဒီဖန်ချင်းက လင်းယွမ်အတွက် ဒီလောက်ထိ လုပ်ပေးလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ သူက ကန်လန်ကြယ်နဲ့ ကုန်သွယ်မှုလုပ်ဖို့ သူ့ရဲ့ မိတ်ဆွေတွေကိုတောင် တောင်းဆိုခဲ့တယ်။ "

ဟေးယုအိုက ကူကယ်ရာမဲ့နေသည်။ အစတွင် ဖန်ချင်းက လင်းယွမ်အတွက် စကားအနည်းငယ် ပြောပေးခြင်းသာ ဖြစ်သည်ဟု သူက ထင်နေခဲ့သည်။ သို့သော် ဖန်ချင်းက လင်းယွမ်ဘက်တွင် ပြတ်သားစွာ ရပ်တည်လိမ့်မည်ဟု မထင်ခဲ့ပေ။

" ပြီးတော့ ချီခွန်မျိုးနွယ်က ဖန်ချင်းနဲ့အတူ ဟေးယုမျိုးနွယ်ကို ဆန့်ကျင်ဖို့ တကယ်ပဲ စည်းလုံးနေကြတာလား။ " ဟေးယုအိုက ပို၍ ဒေါသထွက်လာသည်။

" သခင်လေး အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ " အောက်မှ ဖေးကျောက်က မေးလိုက်သည်။

" ဘာလုပ်မလဲ။ ငါတို့ ဘာထပ်လုပ်နိုင်မှာလဲ။ ငါ ချီခွန်မျိုးနွယ်ကို ဆန့်ကျင်ရမှာလား။ " ဟေးယုအိုက သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။ " ငါလုပ်ရဲရင်တောင် မျိုးနွယ်က ငါ့ကို အတင်းအကျပ် ပြန်ခေါ်မှာပဲ။ "

ဖန်ချင်းနှင့် ကစားခြင်းက အကျိုးဆက်များ မပြင်းထန်သလို ချီခွန်မျိုးနွယ်နှင့်လည်း ဘာမှမသက်ဆိုင်ပေ။ သို့သော် ယခု သူက ရှေ့ဆက်တိုးလျှင် ချီခွန်မျိုးနွယ်နှင့် ရန်သူဖြစ်လာပေလိမ့်မည်။ ချီခွန်မျိုးနွယ်၏ အဖွဲ့ဝင်များစွာ ပါဝင်လာသဖြင့် ဟေးယုအိုက ဘာလုပ်ရမှန်းမသိတော့ပေ။

အချိန်များကုန်ဆုံးလာပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ဝက်ကျော် ကုန်သွားခဲ့သည်။

လင်းယွမ်က သူ၏ ကျင့်ကြံမှုပြီးဆုံးသွားပြီး အင်တာနက်ပေါ်သို့ ကြည့်လိုက်သည်။

" ဟမ် ဟေးယုမျိုးနွယ်ရဲ့ လွှမ်းမိုးမှုက အဆုံးသတ်သွားပြီပဲ။ "

လင်းယွမ်က မြေအောက်လေ့ကျင့်ရေးကွင်းမှ ထွက်လာခဲ့သည်။

လွန်ခဲ့သော နှစ်ဝက်က ချီခွန်မျိုးနွယ်မှ အဖွဲ့ဝင်များ၏ အင်အားစုများက ကန်လန်ကြယ်နှင့် ကုန်သွယ်မှုပြုလုပ်ခဲ့သောကြောင့် ဟေးယုမျိုးနွယ်၏ လွှမ်းမိုးမှုက သဘာဝအတိုင်း ပျောက်ကွယ်သွားခဲ့သည်။ အင်တာနက်ပေါ်မှ လင်းယွမ်ကို အပြစ်တင်မှုများကလည်း မရှိတော့ပေ။

" ဒါက လူသားတွေရဲ့ သဘာဝပဲ။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။

" နှစ်ဝက်အချိန် စိတ်ဝိညာဉ်ပေါင်းစည်းမှုက..." လင်းယွမ်က မျက်လုံးများ မှိတ်လိုက်ပြီး စိတ်ဝိညာဉ်ပေါင်းစည်းမှုကို အာရုံခံလိုက်သည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နှစ်ဝက်ကျော် သန့်စင်ပြီးနောက် သူ၏ စိတ်ဝိညာဉ်ပေါင်းစည်းမှုကလည်း ပြည့်စုံလုနီးပါး ဖြစ်သွားခဲ့သည်။

" ၈၅ ရာခိုင်နှုန်း..." လင်းယွမ်က မျက်လုံးများ ဖွင့်ပြီး ပြုံးလိုက်သည်။

စိတ်ဝိညာဉ်ပေါင်းစည်းမှု ၈၅ ရာခိုင်နှုန်းမှာ လင်းယွမ်က အသွင်ပြောင်းလဲခြင်း၏ နှောင်းပိုင်အဆင့်သို့ ရောက်ပြီး ဆဋ္ဌမအလွှာနှင့် နီးကပ်နေပြီဖြစ်သည်။ လင်းယွမ်က ဆက်လက်ကျင့်ကြံပြီး စိတ်ဝိညာဉ်ပေါင်းစည်းခြင်းကို မြှင့်တင်ရန် ပြင်လိုက်သည်။

ရုတ်တရက် လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ အကြောင်းမှာ သူ၏ စိတ်ထဲမှ အနန္တကမ္ဘာများ၏ ဂိတ်တံခါး ပြင်ပဧရိယာက အလင်းရောင်များ လင်းလက်လာသောကြောင့်ပင် ဖြစ်သည်။

" အခု သွားလို့ရပြီလား။ " လင်းယွမ်၏ စိတ်အသိက အနန္တကမ္ဘာများ၏ ဂိတ်တံခါးပေါ်သို့ ကျရောက်သွားသည်။

" အခုပဲ..." လင်းယွမ်က အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

သူက ပဉ္စမအလွှာနှင့် ဆဋ္ဌမအလွှာကြားမှ အရေးကြီးသော အခြေအနေတွင် ရှိနေသည်။ စိတ်ဝိညာဉ်ပေါင်းစည်းခြင်းက ၈၅ ရာခိုင်နှုန်းတွင် ရှိနေပြီး ပြည့်စုံလုနီးပါး ဖြစ်နေသည်။ စိတ်ဝိညာဉ်ပေါင်းစည်းခြင်း တိုးမြင့်လာရန် လင်းယွမ်က သူ၏ ဉာဏ်အလင်းများကို အသုံးပြုပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြည့်စုံစေရန် လိုအပ်လေသည်။

သူက ဆင်းသက်ခြင်းကို ယခုစတင်ခဲ့လျှင် သူ၏ စိတ်အသိက အခြားကမ္ဘာသို့ ဝင်ရောက်သွားပြီး စိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်းက ရပ်တန့်သွားပေလိမ့်မည်။ ဆင်းသက်နေစဉ် လင်းယွမ်က အခြားကမ္ဘာတွင် ဆဋ္ဌမအလွှာကို ရောက်သွားနိုင်သော်လည်း ပြန်ရောက်လာသောအခါ စိတ်ဝိညာဉ်ပေါင်းစည်းခြင်းဖး နောက်ဆုံးအပိုင်းကို ဆက်လက်မြှင့်တင်ရမည်ဖြစ်သည်။

လင်းယွမ် စိုးရိမ်နေသည်မှာ မတိုးတက်မည်ကို မဟုတ်ပေ။ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းကို ရုတ်တရက် ရပ်တန့်လိုက်ခြင်းက မလိုလားအပ်သော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်လေသည်။ စိတ်ဝိညာဉ်ပေါင်းစည်းခြင်းက မတိုးတက်သော်လည်း လျှော့ကျသွားခြင်း သို့မဟုတ် ပေါင်းစည်းခြင်းအရှိန်က ရုတ်တရက် နှေးကွေးသွားခြင်း စသည်တို့ ဖြစ်နိုင်လေသည်။

စကြာဝဠာလူသားမဟာမိတ်တွင် နှစ်ပေါင်းများစွာအတွင်း ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူအချို့က သူတို့၏ စိတ်ဝိညာဉ်နှင့် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တို့ ကိုက်ညီနေချိန်တွသ် မတော်တဆဖြစ်ရပ်များကြောင့် အနှောက်အယှက် အမျိုးမျိုးကို ကြုံတွေ့ခဲ့ရသည်။ စိတ်ဝိညာဉ်ပေါင်းစည်းမှုကို ပြန်လည်စတင်ချိန်တွင် ပေါင်းစည်းခြင်း၏ အရှိန်ကို သက်ရောက်မှုရှိကြောင်း တွေ့ခဲ့ရသည်။

" ထားလိုက်တော့ ဆဋ္ဌမအလွှာကို ရောက်ပြီးမှပဲ သွားတော့မယ်။ " လင်းယွမ်က စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။

ဆင်းသက်ခြင်းကို နှောင့်နှေးခြင်းက လင်းယွမ်ကို မည်သည့်ဆုံးရှုံးမှုမှ မဖြစ်စေဘဲ အနန္တကမ္ဘာများ၏ ဂိတ်တံခါးက စွမ်းအားများ ဆက်လက်စုဆောင်းနိုင်လေသည်။ ဥပမာ ဆင်းသက်ခြင်းက ရေတစ်လီတာကုန်လျှင် လင်းယွမ်က ဆက်သက်ခြင်းမပြုလုပ်လျှင်တောင် ထိုရေတစ်လီတာက ပျောက်သွားမည်မဟုတ်ဘဲ ဆက်လက်တိုးပွားနေမည်ဖြစ်သည်။ သီအိုရီအရ လင်းယွမ်က နှစ်အချို့စောင့်ပြီး ဆက်တိုက် ဆင််းသက်နိုင်လေသည်။

ကန်လန်ကြယ်၏ အပြင်ဘက် အာကာသယာဉ်တစ်စီး ရပ်တန့်သွားသည်။

" ခေါင်းဆောင် ကျုပ်တို့ ကန်လန်ကြယ်ကို ရောက်ပါပြီ။ "

အာကာသယာဉ်ထဲတွင် အစိမ်းရောင်ဆံပင်နှင့် လူငယ်တစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ " ငါ ပထမဆုံး ဂြိုလ်ပေါ်က ထွက်ဖူးတာပဲ။ ကန်လန်ကြယ်က ပျော်စရာကောင်းလောက်ပါတယ်။ "

" ပျော်စရာလား။ " အစိမ်းရောင်ဆံပင်နှင့် သက်လတ်ပိုင်းလူကြီးက မျက်လုံးများဖွင့်ပြီး သက်ပြင်းချလိုက်သည်။ " ဒီလိုအလယ်အဆင့် အသက်ဂြိုလ်တစ်ခုပေါ်မှာ နေရတာ ဘယ်လောက်နာကျင်စရာကောင်းလဲဆိုတာ မင်းသိလာလိမ့်မယ်။ "

" အာ နာကျင်စရာကောင်းတယ်..." လူငယ်က အံ့ဩသွား၏။

သက်လတ်ပိုင်းလူက ထပ်ပြောလိုက်သည်။ " ဖျော်ဖြေရေးတွေ ဇိမ်ခံတာတွေ အရင်းအမြစ်ထောက်ပံ့မှုတွေ အားလုံးက အဆင့်မြင့် အသက်ဂြိုလ်တွေနဲ့ ယှဉ်နိုင်ပါ့မလား။ "

" ဒီတစ်ခါ ကန်လန်ကြယ်ပေါ်မှာ ကုန်သွယ်ရေးဌာနတစ်ခု တည်ဆောက်ဖို့ သခင်မလေးကသာ အမိန့်မပေးခဲ့ရင် ငါ ဒီကို လာမှာမဟုတ်ဘူး။ " သက်လတ်ပိုင်းလူကြီးက သက်ပြင်းချလိုက်သည်။

" ဟုတ်ကဲ့။ ကန်လန်ကြယ်ရဲ့ ပါရမီရှင်ဆင့်ကဲပြောင်းလဲသူ လင်းယွမ်က ဟေးယုအိုရဲ့ ဖိတ်ခေါ်မှုကို ငြင်းပယ်ခဲ့လို့ ကန်လန်ကြယ်က ပစ်မှတ်ထားခြင်းခံခဲ့ရတာတဲ့။ "

" ကန်လန်ကြယ်က နောက်ထပ် ပါရမီရှင် ဖန်ချင်းက ချီခွန်မျိုးနွယ်ကို ဝင်ရောက်နိုင်ခဲ့တယ်။ ဖန်ချင်းနဲ့ လင်းယွမ်တို့က မိတ်ဆွေရင်းတွေဖြစ်လို့ သခင်မလေးနဲ့ အခြားသူတွေကို အကူအညီတောင်းပြီး ကန်လန်ကြယ်နဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ တည်ဆောက်စေခဲ့တယ်။ " လူငယ်က အကြောင်းအရာ အစုံအလင်ကို ပြောလိုက်သည်။သူက ဂြိုလ်ပေါ်မှ ပထမဆုံး ထွက်လာခြင်းဖြစ်သောကြောင့် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။

" ဖန်ချင်းက တကယ်စိတ်ထားကောင်းတဲ့လူပဲ။ " လူငယ်က နာလိုဟန်ဖြင့် ပြောလိုက်သည်။ အနိုင်ကျင့်ခံရသောအခါ သူတို့ဘက်တွင် ရပ်တည်ပေးသော သူငယ်ချင်းမျိုးကို ဘယ်သူက မလိုချင်ပဲနေမှာလဲ။

" ဖန်ချင်းက သစ္စာရှိတယ်။ ဒါပေမယ့် အဲ့ဒီလင်းယွမ်ကတော့ အခြေအနေကို နားမလည်ဘူး။ " သက်လတ်ပိုင်းလူကြီးက သူ၏ ခေါင်းကို ခါလိုက်သည်။ " မစ္စတာအိုရဲ့ အဆင့်အတန်းနဲ့ သူကိုယ်တိုင် လေးစားမှုပြပြီး ဖိတ်ခေါ်ခဲ့ပေမယ့် အဲ့ဒီလင်းယွမ်က ငြင်းရဲတယ်။ "

" အဲ့ဒီလူက တစ်ကိုယ်ကောင်းဆန်လွန်းတယ်။ ဖန်ချင်းရဲ့ အကူအညီသာမရရင် သူ့ရဲ့ အနာဂတ်က သနားစရာကောင်းနေလိမ့်မယ်။ " သတ်လတ်ပိုင်းလူက ဖြည်းညင်းစွာ ပြောလိုက်သည်။

ကုန်သွယ်ရေးအတွက် ဌာနများဆောက်လုပ်ရန် တာဝန်ပေးခံရသော လူတိုင်းက လင်းယွမ်ကို ထိုကဲ့သို့ မြင်ကြလေသည်။

" အမှန်ပဲ။ " လူငယ်ကလည်း ခေါင်းငြိမ့်လိုက်သည်။

သူက ငယ်စဉ်ကတည်းက မိသားစုအတွက် အရာအားလုံးကို ပေးဆပ်ရန် သင်ကြားပေးခြင်း ခံခဲ့ရသည်။ သူသာ လင်းယွမ်၏ နေရာတွင် တစ်ကိုယ်ကောင်းဆန်သော ဆုံးဖြတ်ချက်ကို ချမည်မဟုတ်ပေ။

" တကယ်တော့ အဲ့လိုလုပ်ဖို့ မလိုပါဘူး။ ဖန်ချင်းက ချီခွန်မျိုးနွယ်ထဲ ဝင်ခဲ့ပြီးတော့ လင်းယွမ်နဲ့ ရင်းနှီးရင်တောင် အချိန်ကြာလာရင် ဖန်ချင်းက ပဉ္စမအလွှာကနေ ဆဋ္ဌမအလွှာကို ရောက်သွားလိမ့်မယ်။ ဒါပေမယ့် လင်းယွမ်ကတော့ ကန်လန်ကြယ်ပေါ်မှာ တစ်ယောက်တည်း ကျင့်ကြံရင်း ပဉ္စမအလွှာမှာ ရပ်တန့်နေလိမ့်မယ်။ "

" သူတို့နှစ်ယောက်ကြားက ခွန်အားက ကွာခြားလာရင် သူတို့ရဲ့ ရင်းနှီးမှုကို ထိန်းသိမ်းနိုင်ဦးမှာလား။ " သက်လတ်ပိုင်းလူကြီးက ပြောလိုက်သည်။

" နှစ်ပေါင်းရာချီကြာရင် လင်းယွမ်အပေါ် ဖန်ချင်းရဲ့ ရင်းနှီးမှုက ပျောက်ကွယ်သွားလိမ့်မယ်။ "

" မှန်တယ်။ အဆင့်မတူတဲ့လူတွေက မိတ်ဆွေမဖြစ်နိုင်ဘူး။ " လူငယ်ကလည်း ခေါင်းငြိမ့်လက်ခံလိုက်သည်။

All Chapters