← Chapters

ပါရမီရှင်များကို စိန်ခေါ်ခြင်း....

Vol. 11 Ch. 173

ပါရမီရှင်များကို စိန်ခေါ်ခြင်း....

Vol. 11 Ch. 173

" ငါ စိတ်ဝိညာဉ်ပေါင်းစည်းမှုကို အမြန်ဆုံး ပြည့်စုံအောင်လုပ်ရမယ်။ " အနန္တကမ္ဘာများ၏ ဂိတ်တံခါးက ဆင်းသက်နိုင်ပြီဖြစ်သောကြောင့် လင်းယွမ်က စိတ်ဝိညာဉ်ပေါင်းစည်းခြင်းကို အရှိန်မြှင့်ချင်နေသည်။

" ငါက အခြားသန်မာတဲ့ ဆင့်ကဲပြောင်းလဲသူတွေနဲ့ ယှဉ်ပြိုင်ရမလား။ " လင်းယွမ်က တွေးလိုက်သည်။

မတူညီသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို လေ့လာခြင်းက လင်းယွမ်၏ နားလည်မှုကို သိသိသာသာ တိုးတက်စေလေသည်။ အထူးသဖြင့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြည့်စုံစေရန် လင်းယွမ်က ထိုက်ကျိ၏ ကန့်သတ်ချက်များကို ကျော်လွန်ပြီး ကမ္ဘာပေါ်မှ တာအိုများအားလုံးကို လွှမ်းမိုးရန် ဆုံးဖြတ်ထားသောကြောင့် မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲသူများနှင့် ယှဉ်ပြိုင်ခြင်းက သူတို့၏ လမ်းစဉ်နှင့် တာအိုများကို ခံစားနိုင်လေသည်။

" ဘာပဲဖြစ်ဖြစ် ငါက လွတ်လပ်နေတာပဲ။ " လင်းယွမ်က VR ကမ္ဘာနှင့် ချိတ်ဆက်ပြီး ပြိုင်ပွဲဧရ်ယာသို့ ဝင်လိုက်သည်။

VR ကမ္ဘာက ဧရိယာအမျိုးမျိုးရှိပြီး လူနေဧရိယာ၊ ကုန်သွယ်မှုဧရိယာ၊ အလယ်ပိုင်းဧရိယာနှင့် ပြိုင်ပွဲဧရိယာတို့ဖြစ်၏။ ပြိုင်ပွဲဧရိယာက ဆင့်ကဲပြောင်းလဲသူများ ယှဉ်ပြိုင်ရန် ဖန်တီးထားခြင်း ဖြစ်သည်။ အသက်တစ်ရာအောက် ဆင့်ကဲပြောင်းလဲသူများသာ ပြိုင်ပွဲတွင် ပါဝင်နိုင်လေသည်။

" စာရင်းသွင်းမယ်။ ပဉ္စမအလွှာ အဆင့် ၁၂ စိတ်ဝိညာဉ်ပေါင်းစည်းမှု စဦးအဆင့်။ အထောက်အထား လျို့ဝှက်..." လင်းယွမ်က ပြိုင်ပွဲဧရိယာထဲသို့ ဝင်ရောက်ပြီး ပြိုင်ဘက်များကို ရှာဖွေလိုက်သည်။

" ဟမ် ဒီလူက စိတ်ဝိညာဉ်ပေါင်းစည်းမှုမှာ နှစ်ပေါင်းနှစ်ရာကျော် ရှိနေပြီး ပေါင်းစည်းမှုက ၉၀ ရာခိုင်နှုန်းနီးပါး ပြီးမြောက်နေပြီ။ "

" ဝမ်ယန်မျိုးနွယ်ရဲ့ တော်ဝင်သားတော်... သူက ချီခွန်မျိုးနွယ်ရဲ့ တောင်ထိပ်သခင်လိုပဲ။ ထူးခြားတဲ့ခန္ဓာ၊ မြင့်မြတ်တဲ့ သွေးမျိုးဆက်၊ ဆဋ္ဌမအလွှာကို ရောက်ခါနီးပြီလား။ သူ့ကို စိန်ခေါ်ရမယ်။ သူ ဆဋ္ဌမအလွှာကို ရောက်သွားရင် အခွင့်အရေးရှိတော့မှာမဟုတ်ဘူး။ "

လင်းယွမ်က နေ့တစ်ဝက်အတွင်း ပြိုင်ဘက်တစ်ရာကျော်ကို ရွေးချယ်ခဲ့သည်။ ထိုပြိုင်ဘက်တစ်ရာကျော်က လင်းယွမ် ဂရုတစိုက် ရွေးချယ်ထားခြင်းဖြစ်ပြီး သူတို့က သူ့ကို မယှဉ်နိုင်လျှင်တောင် များစွာ ကွာခြားမည်မဟုတ်ပေ။ သူတို့က လင်းယွမ်ကိုပင် ဖိအားပေးနိုင်လေသည်။ ထို့အပြင် သူတို့၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက ထူးခြား၍ ရှားပါးပြီး လင်းယွမ်အတွက် အကျိုးကျေးဇူးများ ရရှိနိုင်လေသည်။

လင်းယွမ်က စောင့်ဆိုင်းနေစဉ် AI ၏ အသံက ထွက်ပေါ်လာသည်။ " သခင် အုပ်ချုပ်သူစုန်ဝူယန်က တွေ့ချင်နေပါတယ်။ "

VR ကမ္ဘာ ကိုယ်ပိုင်နေရာတွင် လင်းယွမ်က ပေါ်လာသည်။

မကြာမီ စုန်ဝူယန်ကလည်း သူ၏ ရှေ့တွင် ပေါ်လာသည်။ " နောက်ဆုံးတော့ ငါတို့က ဒီအကျပ်အတည်းကို အန္တရာယ်မရှိဘဲ ဖြတ်ကျော်နိုင်ပြီ။ " စိတ်သက်သာသွားသော အမူအရာက စုန်ဝူယန်၏ မျက်နှာပေါ်တွင် ပေါ်လာသည်။

ဂြိုလ်အုပ်ချုပ်သူတစ်ယောက်အနေဖြင့် ကန်လန်ကြယ်က သူအုပ်ချုပ်နေစဉ်အတွင်း စီးပွားရေးဆုတ်ယုတ်ခြင်း သို့မဟုတ် အခြားဆန့်ကျင်ဘက်သက်ရောက်မှုများ ရှိလာလျှင် ၎င်းက သူ၏ အောင်မြင်မှုများကို ထိခိုက်စေနိုင်လေသည်။ ကံကောင်းစွာဖြင့် အားလုံးက အဆုံးသတ်သွားသည်။

ဖန်ချင်း၏ ဦးဆောင်မှုဖြင့် အခြားအင်အားစုများက ကန်လန်ကြယ်နှင့် ကုန်သွယ်မှုပြုလုပ်လာကြပြီး ကန်လန်ကြယ်က ယခင်ထက်ပင် ဖွံ့ဖြိုးတိုးတက်လာနိုင်လေသည်။

" ဒီတစ်ခါ အရှင်ဖန်ချင်းကြောင့်သာမဟုတ်ရင် တကယ်ဒုက္ခရောက်ပြီ။ " စုန်ဝူယန်က ပြောလိုက်သည်။

" အမှန်ပဲ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။

လင်းယွမ်က ပြင်ပကိစ္စများကို လျစ်လျူရှုထားသောကြောင့် စိပ်မခံစားရပေ။ သို့သော် သူ၏ မိဘများနှင့် ညီမလေးက ပြစ်တင်ရှုံ့ချမှုများကို ခံခဲ့ရသောကြောင့် ဖန်ချင်း၏ လုပ်ရပ်က သူ၏ မိသားစုအပေါ် စိတ်ပိုင်းဆိုင်ရာ ဖိအားများကို လျှော့ကျစေခဲ့သည်။ ထို့ကြောင်း လင်းယွမ်က ဖန်ချင်းကိုတော့ ကျေးဇူးတင်မိလေသည်။

" အရှင်ဖန်ချင်းက မင်းနဲ့ ရင်းနှီးမှုကြောင့် ရှေ့ထွက်ပေးခဲ့တယ်။ မစ္စတာလင်း အနာဂတ်မှာ မင်းက သူနဲ့ပိုရင်းနှီးအောင် လုပ်သင့်တယ်။ " စုန်ဝူယန်က အကြံပေးလိုက်သည်။

ဖန်ချင်းက နောက်တစ်ကြိမ် ပြဿနာဖြစ်လာလျှင် မကူညီမည်ကို စိုးရိမ်သောကြောင့် စုန်ဝူယန်က လင်းယွမ်ကို ဖန်ချင်းနှင့် ပို၍ ရင်းနှီးစေချင်လေသည်။

လင်းယွမ်၏ အမူအရာက တည်ငြိမ်နေသည်။ စုန်ဝူယန်၏ စကားများက သူ၏ ကိုယ်ပိုင်ရှုထောင့်မှ ဖြစ်သည်ကို သူနားလည်လေသည်။ ချီခွန်မျိုးနွယ်၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သော ဖန်ချင်းက အနာဂတ်တွင် ကြယ်နယ်မြေ၏ အရေးပါသော လူတစ်ယောက် ဖြစ်လာနိုင်သောကြောင့် သူနှင့် ရင်းနှီးမှုတည်ဆောက်နိုင်ခြင်းက အကောင်းဆုံး ဖြစ်လေသည်။

စုန်ဝူယန်က လင်းယွမ်နှင့် ခနစကားပြောပြီးနောက် ထွက်ခွာသွားသည်။ ယခု ကန်လန်ကြယ်၏ ကုန်သွယ်ရေးလမ်းကြောင်းများက ပြန်လည်တည်ဆောက်ပြီးဖြစ်သောကြောင့် အုပ်ချုပ်သူတစ်ယောက်အနေဖြင့် လုပ်စရာကိစ္စများ ပေါများလေသည်။

လင်းယွမ်က VR ကမ္ဘာမှထွက်ပြီး အပြင်ဘက်သို့ လမ်းလျှောက်သွားလိုက်သည်။

" အကို...." လင်းယိက ဒိုင်းကာတစ်ခုပေါ်တွင် မတ်တပ်ရပ်၍ ၎င်းကို ထိန်းချုပ်ပြီး ပျံသန်းနေသည်။

" အဲ့ဒီဟေးယုအိုက သူဖိတ်ခေါ်တာကို အကိုလက်မခံတာနဲ့ ကန်လန်ကြယ်ကိုတောင် ဖိအားပေးလိုက်သေးတယ်။ အခုတော့ သူအရှက်ကွဲပြီမဟုတ်လား။ " လင်းယိက ပြောလိုက်သည်။

" ဒါပေမယ့် အဲ့ဒါကောင်းတယ်။ အကိုရဲ့ သူငယ်ချင်းက တကယ်ကောင်းတယ်။ ညီမလေးရဲ့ သူငယ်ချင်းတွေကတောင် အကိုမှာ အဲ့လိုသူငယ်ချင်းကောင်းရှိတာကို မနာလိုဖြစ်နေကြတယ်။ " လင်းယိက ဆက်ပြောလိုက်သည်။

" အဲ့လိုလား။ " လင်းယွမ်၏ အမူအရာက တည်ငြိမ်နေသည်။

VR ကမ္ဘာတွင် လင်းယွမ်နှင့် ဖန်ချင်းတို့က မျက်နှာချင်းဆိုင်ထိုင်နေကြသည်။

" စိုးရိမ်စရာတော့ သိပ်မရှိတော့ပါဘူး။ " ဖန်ချင်းက ပြောလိုက်သည်။

" ဟေးယုအိုက အခု ဘာမှလုပ်နိုင်ဦးမှာမဟုတ်ဘူး။ " ဖန်ချင်းက လင်းယွမ်ကို စိုက်ကြည့်လိုက်သည်။ " အကိုလင်း မင်း ချီခွန်မျိုးနွယ်ကို ဝင်ဖို့ စိတ်မဝင်စားဘူးလား။ ငါ မကြာခင် ထောက်ခံချက် နေရာတစ်ခုရလိမ့်မယ်။ အဲ့ဒါကို ငါမင်းကို ပေးလို့ရတယ်။ "

ချီခွန်မျိုးနွယ်သို့ ဝင်ရောက်ရန် ကြယ်ခုနှစ်လုံးလှိုဏ်ဂူ စမ်းသပ်မှုအပြင် အခြားနည်းလမ်းများလည်း ရှိသည်။ ၎င်းတို့ထဲတွင် ခွဲတမ်းထောက်ခံချက်က အရိုးရှင်းဆုံးဖြစ်သည်။ ရာစုနှစ်တစ်ခုကြာတိုင်း ချီခွန်မျိုးနွယ်၏ တရားဝင်အဖွဲ့ဝင်များက အခြားဆင့်ကဲပြောင်းလဲသူများကို ချီခွန်မျိုးနွယ်သို့ ဝင်နိုင်ရန် ထောက်ခံပေးနိုင်လေသည်။ သူတို့က စမ်းသပ်မှုများကို ကျော်ဖြတ်ပြီး ချီခွန်မျိုးနွယ်တွင် နေနိုင်လေသည်။

" ထောင်ခံချက်လား။ " လင်းယွမ်က အတွေးနက်သွား၏။ ချီခွန်မျိုးနွယ်၏ တောင်ထိပ်သခင်တစ်ယောက်အနေဖြင့် ဘယ်လိုလုပ် ထောက်ခံချက်လိုမှာလဲ။

" အကိုလင်း မင်းဘယ်လိုထင်လဲ။ " ဖန်ချင်းက ဟေးယုအို၏ ဖိတ်ခေါ်မှုကို ငြင်းပယ်ရသည့် လင်းယွမ်၏ အကြောင်းပြချက်ကို မသိသော်လည်း သူတို့၏ ရင်းနှီးမှုအရ ဖန်ချင်းက လင်းယွမ်ကို ကူညီချင်လေသည်။

" အကိုလင်းက ချီခွန်မျိုးနွယ်မှာ အရံအဖွဲ့ဝင်တစ်ယောက်ဖြစ်ပေမယ့် မင်းရဲ့ ပါကမီနဲ့ဆို တရားဝင်အဖွဲ့ဝင်တစ်ယောက်ဖြစ်ဖို့ ခက်ခဲမှာမဟုတ်ဘူး။ " ဖန်ချင်းက ပြောလိုက်သည်။

" နောက်မှ ပြောတာပေါ့။ " လင်းယွမ်က ပြုံးလိုက်သည်။

" ကောင်းပြီလေ။ " ဖန်ချင်းက ခေါင်းငြိမ့်လိုက်သည်။

" သခင်လေး ဆင့်ကဲပြောင်းလဲသူ ၂၂၂ယောက်က သဘောတူစာချုပ်ချုပ်ပြီးပါပြီ။ " ဖေးကျောက်က ပလ္လင်ပေါ်တွင် ထိုင်နေသော ဟေးယုအိုကို လေးစားစွာ ပြောလိုက်သည်။

" ဒါဆို နောက်ထပ်အစီအစဉ်ကို ထပ်လုပ်လိုက်။ ပြိုင်ပွဲမစခင် ဆင့်ကဲပြောင်းလဲသူ ၂၂၂ ယောက်ကို အရင်ထက် ၄၀ ရာခိုင်နှုန်း တိုးတက်လာအောင် လေ့ကျင့်ပေးရမယ်။ " ဟေးယုအိုက ပြောလိုက်သည်။

" ဟုတ်ကဲ့။ " ဖေးကျောက်က ပြောပြီး ပျောက်ကွယ်သွားသည်။

" ဆင့်ကဲပြောင်းလဲသူ ၂၂၂ ယောက် " ဟေးယုအိုက တိတ်ဆိတ်သွား၏။ အမှန်မှာ ဆင့်ကဲပြောင်းလဲသူ ၂၂၃ယောက် ဖြစ်သင့်လေသည်။

လင်းယွမ်က သူ၏ ဖိတ်ခေါ်မှုကို ငြင်းပယ်ခဲ့သောကြောင့် ဟေးယုအိုက ကန်လန်ကြယ်၏ ကုန်သွယ်မှုကို ဖြတ်တောက်ခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ ဖန်ချင်းက ထွက်ပေါ်လာခဲ့သည်။

" မင်းတို့စောင့်နေပါ။ ငါ မျိုးနွယ်ရဲ့ စမ်းသပ်မှုကို အောင်မြင်ပြီး မျိုးနွယ်ခေါင်းဆောင်ဖြစ်လာရင် မင်းတို့ ကောင်းကောင်း ပေးဆပ်ရလိမ့်မယ်။ "

လင်းယွမ်က VR ကမ္ဘာနှင့် ချိတ်ဆက်ပြီး ပြိုင်ပွဲဧရိယာသို့ ဝင်ရောက်လိုက်သည်။

" စိန်ခေါ်မှုကို ဘယ်သူတွေ လက်ခံလဲ ကြည့်ရအောင်...." လင်းယွမ်က သူနှင့်အဆင့်တူသော ဆင့်ကဲပြောင်းလဲသူများကို စိန်ခေါ်ခဲ့လေသည်။

" ဟမ်..." လင်းယွမ်က ရုတ်တရက် မျက်မှောင်ကြုတ်သွား၏။ သူ၏ စိန်ခေါ်မှု အားလုံးက ငြင်းပယ်ခံထားရသည်။ ဆင့်ကဲပြောင်းလဲသူတစ်ရာကျော်တွင် ၇၀ ရာခိုင်နှုန်းက ငြင်းပယ်ထားပြီး ကျန်သော ၃၀ ရာခိုင်နှုန်းကျော်က လက်ခံခြင်းမရှိသလို ငြင်းပယ်ခြင်းလည်း မရှိပေ။

" သူတို့အားလုံးက ငါ့ကို ငြင်းပယ်လိုက်ကြတာလား။ " လင်းယွမ်က မျက်ခုံးများ ပင့်သွား၏။ သူက ပထမဆုံးအကြိမ် စိန်ခေါ်ခဲ့ခြင်းဖြစ်သည်။

" သူတို့က ငါ့ကို ဘာလို့ ငြင်းပယ်ကြတာလဲ။ " လင်းယွမ်က စဉ်းစားနေရင်း အကြောင်းရင်းကို ခန့်မှန်းမိသွားသည်။

သူရွေးချယ်ထားသော ဆင့်ကဲပြောင်းလဲသူများက အလွန်ကျော်ကြားရုံသာမက နောက်ခံအင်အားကလည်း တောင့်တင်းကြလေသည်။ လူများစွာက သူတို့ကို အာရုံစိုက်နေကြသည်။ သူတို့က စိန်ခေါ်သူ မည်သူကိုမဆို လက်ခံခဲ့လျှင် သူတို့၏ ကျင့်ကြံခြင်းကို ရပ်တန့်ပြီး တစ်ချိန်လုံး ယှဉ်ပြိုင်နေရပေလိမ့်မည်။

သူတို့က အမည်မသိ ဆင့်ကဲပြောင်းလဲသူများကို လက်ခံလျှင် အနိုင်ရရှိလျှင် အဓိပ္ပါယ်မရှိရုံသာမက ရှုံးနိမ့်လျှင်လည်း အရှက်ကွဲပေလိမ့်မည်။ ထို့ကြောင့် သူတို့က တူညီသော အဆင့်အတန်းရှိသော စိန်ခေါ်မှုများကိုသာ လက်ခံကြသည်။

" ဒါဆိုရင်..." လင်းယွမ်က တွေးလိုက်သည်။ " ငါ့ရဲ့ အစစ်အမှန် အဆင့်အတန်းနဲ့ စိန်ခေါ်တာပေါ့။ "

သူ၏ အစစ်အမှန် အဆင့်အတန်းက ချီခွန်မျိုးနွယ်၏ ၁၃ ယောက်မြောက် တောင်ထိပ်သခင်ပင် ဖြစ်သည်။ ၁၃ ယောက်မြောက် တောင်ထိပ်သခင်က လျို့ဝှက်ဆန်းကျယ်ပြီး လူတိုင်းက အာရုံစိုက်ကြပေလိမ့်မည်။

၁၃ ယောက်မြောက် တောင်ထိပ်သခင်၏ အဆင့်အတန်းဖြင့် သူ၏ စိန်ခေါ်မှုကို ငြင်းပယ်မည့်လူ အများကြီး ရှိမည်မဟုတ်ပေ။ သူတို့ ရှုံးလျှင်တောင် အကြောင်းပြချက်ရှိလေသည်။ ၎င်းက ချီခွန်မျိုးနွယ်၏ ၁၃ ယောက်မြောက် တောင်ထိပ်သခင်ပင် မဟုတ်ပါလား။

ထိုသို့တွေးပြီး လင်းယွမ်က သူ၏ အဆင့်အတန်းကို ချက်ချင်း ပြောင်းလဲလိုက်သည်။

All Chapters