အရိပ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်....
Vol. 11 Ch. 174
ချီခွန်မျိုးနွယ်၏ VR ကမ္ဘာ။
လင်းယွမ်က ၁၃လုံးမြောက် တောင်ထိပ်၏ ခန်းမထဲတွင် ပေါ်လာသည်။ ဆဋ္ဌမအလွှာသို့ မရောက်မီ လင်းယွမ်က တပည့်များနှင့် လက်အောက်ငယ်သားများကို လက်မခံသေးသောကြောင့် ခန်းမက ဟာလာဟင်းလင်း ဖြစ်နေသည်။
" ငါက လင်းယွမ်ဆိုတာကို မပြဘဲ ၁၃ ယောက်မြောက် တောင်ထိပ်သခင် အဆင့်အတန်းကို အသုံးပြုရင် ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်ဘူး။ " လင်းယွမ်က ပြိုင်ပွဲဧရိယာသို့ ဝင်ပြီး ပြိုင်ဘက်တစ်ယောက်ကို ရွေးချယ်လိုက်သည်။
ပြိုင်ပွဲဧရိယာ၏ တစ်ဖက်တွင် အသားမဲမဲနှင့် လူတစ်ယောက် ပေါ်လာသည်။
" ချီခွန်မျိုးနွယ်ရဲ့ ၁၃ ယောက်မြောက် တောင်ထိပ်သခင်က ငါ့ကို စိန်ခေါ်လိမ့်မယ်လို့ မထင်ထားဘူး။ " သူက ခပ်လှမ်းလှမ်းတွင် ပေါ်လာသော လူကို ကြည့်ပြီး ပြောလိုက်သည်။
သူ၏ စိတ်ဝိညာဉ်ပေါင်းစည်းခြင်းက ၉၀ ရာခိုင်နှုန်းကျော် အောင်မြင်နေပြီဖြစ်သောကြောင့် သူက မည်သည့်စိန်ခေါ်မှုမှ လက်မခံဘဲ စိတ်ဝိညာဉ်ပေါင်းစည်းခြင်းကို ပြည့်စုံရန်သာ အာရုံစိုက်ထားခဲ့သည်။
သို့သော် သူက ၁၃ ယောက်မြောက် တောင်ထိပ်သခင်၏ စိန်ခေါ်မှုကို ရရှိခဲ့သည်။ ထိုလူက အနာဂတ်တွင် အရေးပါသော လူတစ်ယောက်ဖြစ်လာမည်မှာ သေချာလေသည်။ အသားမဲမဲနှင့်လူက ဆဋ္ဌမအလွှာသို့ ချိုးဖျက်နိုင်လျှင်တောင် သူ၏ အဆင့်အတန်းက ၁၃ ယောက်မြောက် တောင်ထိပ်သခင်ထက် နိမ့်ကျနေဆဲ ဖြစ်သည်။ထို့ကြောင့် စိန်ခေါ်မှုကို ရရှိချိန်တွင် တုန့်ဆိုင်းခြင်းမရှိဘဲ လက်ခံခဲ့သည်။
ဆန်းကြယ်သော ၁၃ယောက်မြောက် တောင်ထိပ်သခင်ကို မြင်ရန် အနိုင်ရရှိသည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ ထိုက်တန်လေသည်။
" စကြတာပေါ့။ " လင်းယွမ်က အသားမဲမဲနှင့်လူကို ကြည့်လိုက်သည်။
" ကောင်းပြီ။ " အသားမဲမဲနှင့်လူက စကားပြောပြီးသည်နှင့် နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။
" တောင်ထိပ်သခင် ကျုပ်လေ့ကျင့်တာက အရိပ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ပဲ။ ကျုပ်က ဘယ်နေရာမှာမဆို...."
ထိုလူ၏ စကားမဆုံးမီ လင်းယွမ်က ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး အရိပ်တစ်ခုကို ဖမ်းလိုက်သည်။ ထို့နောက် အရိပ်က လျင်မြန်စွာ သိပ်သည်းလာပြီး အသားမဲမဲနှင့်လူ ပေါ်လာသည်။
" ဘယ် ဘယ်လိုဖြစ်နိုင်မှာလဲ။ " ထိုလူက မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးသွား၏။
သူ၏ ဖုံးကွယ်ခြင်းနည်းလမ်းက အလွန်လျို့ဝှက်ပြီး ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများပင် ဂရုမစိုက်ပါက ရှာဖွေနိုင်မည်မဟုတ်ပေ။ အသားမဲမဲနှင့်လူက ထိုဖုံးကွယ်ခြင်းနည်းလမ်းဖြင့် အသက်အန္တရာယ်ရှိသော အခြေအနေများမှ လွတ်မြောက်နိုင်ခဲ့သည်။
သို့သော် ၁၃ယောက်မြောက် တောင်ထိပ်သခင်၏ ရှေ့တွင် ၎င်းက တစ်ချက်ကြည့်လိုက်ရုံသာ ဖြစ်သည်။
" မဆိုးဘူး။ " လင်းယွမ်က ရေရွတ်လိုက်သည်။ ထို့နောက် သူက ထိုလူ၏ လည်ပင်းကို ဖိချေလိုက်သည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အရိပ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့လာပြီး အရိပ်နိယာမကို နားလည်သွားပါပြီ။]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အရိပ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့လာပြီး အရိပ်နိယာမကို နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]
လင်းယွမ်က သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အသားမဲမဲနှင့်လူ၏ အရိပ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဉာဏ်အလင်းများကို သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွင် ပေါင်းစပ်လိုက်သည်။
" ဟမ် " လင်းယွမ်က သူ၏ စိတ်ဝိညာဉ်ပေါင်းစည်းမှုအရှိန်မှာ အနည်းငယ် တိုးလာသည်ကို ခံစားလိုက်ရသည်။ ၎င်းက မသိသာသော်လည်း ပုံမှန်ကျင့်ကြံခြင်းထက်တော့ သာလေသည်။
ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းအောက်တွင် လင်းယွမ်က ထိုင်ပြီး ဉာဏ်အလင်းများကို ရှာဖွေရန် မလိုအပ်ပေ။
ထို့နောက် လင်းယွမ်က ဆင့်ကဲပြောင်းလဲသူများကို တစ်ယောက်ပြီးတစ်ယောက် စိန်ခေါ်ခဲ့သည်။ ထိုဆင့်ကဲပြောင်းလဲသူများက ချီခွန်ကြယ်နယ်မြေတွင်သာမက အခြားကြယ်နယ်မြေများမှလည်း ဖြစ်ပြီး လူသားမျိုးနွယ်တွင် ကျော်ကြားသော ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူများ ဖြစ်ကြလေသည်။
အချို့ဆင့်ကဲပြောင်းလဲသူများက သူတို့၏ ပြင်းထန်သော ချီနှင့်သွေးကို အသုံးပြုပြီး ကြောက်စရာကောင်းသော ခန္ဓာကိုယ်ကို တည်ဆောက်ထားကြသည်။ လင်းယွမ်ကလည်း သူ၏ ပြင်ပခွန်အားကို အသုံးပြုပြီး သူတို့ကို အလွယ်တကူ အနိုင်ယူခဲ့လေသည်။
အရှိန်ကို ကျွမ်းကျင်သော ဆင့်ကဲပြောင်းလဲသူများကလည်း ပြိုင်ပွဲကွင်းပြင်၏ မည်သည့်နေရာတွင်မဆို ပေါ်လာကြလေသည်။ သူတို့၏ အရှိန်က ပိုမြန်လေ တိုက်ခိုက်မှုက ပို၍ ပြင်းထန်လေဖြစ်သည်။ လင်းယွမ်က သူတို့ကို သတ်ရန် အမှန်ပင် အားထုတ်ခဲ့ရသည်။
လင်းယွမ်က မတူညီသော ဆသ့်ကဲပြောင်းလဲသူများနှင့် ရင်ဆိုင်ပြီး ဉာဏ်အလင်းများ ပို၍ ရရှိလာသည်။ လဝက်ဖြင့် အချိန်နှစ်လကျင့်ကြံခြင်း၏ ရလဒ်ကို ရရှိခဲ့သည်။
လင်းယွမ်က ဆက်ပြီး စိန်ခေါ်နေသကဲ့သို့ ချီခွန်ကြယ်နယ်မြေမှ ဆင့်ကဲပြောင်းလဲသူများက သူ့ကို တဖြည်းဖြည်း သတိထားမိလာကြသည်။
" ငါတို့ ချီခွန်ကြယ်နယ်မြေရဲ့ တောင်ထိပ်သခင်က အခြားသူတွေကို စိန်ခေါ်နေတာလား။ "
" ရှစ်စန်း (၁၃) တောင်ထိပ်သခင်က အရမ်းလျို့ဝှက်ပြီး အရင်က မလှုပ်ရှားခဲ့ဘူး မဟုတ်လား။ "
" ချီခွန်ကြယ်နယ်မြေရဲ့ ရှစ်စန်းတောင်ထိပ်သခင်က ဘယ်လောက်အံ့ဩစရာကောင်းလဲ ကြည့်ရအောင်။ "
ဆင့်ကဲပြောင်းလဲသူများနှင့် အဆင့်မြင့်နိုင်ငံသားများက ပြိုင်ပွဲဧရိယာတွင် စုစည်းလာကြသည်။
" အားလုံးပဲ ကျွန်မက ရှင်တို့ရဲ့ ကြောင်လေးပါ။ ဒီနေ့ ဒဏ္ဍာရီလာ ရှစ်စန်းတောင်ထိပ်သခင်ကို ကြည့်ကြရအောင်။ " ကြောင်နားရွက်လေးနှင့် ချစ်စရာကောင်းသော မိန်းကလေးတစ်ယောက်က ရင်ပြင်တွင် ပေါ်လာသည်။
သူမက ချီခွန်ကြယ်နယ်မြေတွင်သာမက အခြားကြယ်နယ်မြေများတွင်ပါ ကျော်ကြားသော ရုပ်သံလွှင့်သူတစ်ဦးဖြစ်ပြီး အစွမ်းထက်သော ဆင့်ကဲပြောင်းလဲသူများ၏ စိန်ခေါ်မှုများကို မကြာခဏ တိုက်ရိုက်ထုတ်လွှင့်လေသည်။
ချီခွန်မျိုးနွယ်၏ ရှစ်စန်းတောင်ထိပ်သခင်က ဆဋ္ဌမအလွှာသို့ မရောက်သေးသော်လည်း သူ၏ ကျောက်ကြားမှုနှင့် အဆင့်အတန်းအရ တိုက်ရိုက်ထုတ်လွှင်ရန် သင့်တော်သည်ထက် ပိုလေသည်။
" စိန်ခေါ်မှုစတင်ပါပြီ။ အဲ့ဒါက ရှစ်စန်းတောင်ထိပ်သခင်ပါ။ ရုပ်ရည်က ပြောင်းလဲထားပေမယ့် အရမ်းချောပါတယ်။ " မိန်းကလေးက တိုက်ရိုက်ထုတ်လွှင့်ခြင်းတွင် ကျွမ်းကျင်ပြီး စကားအနည်းငယ်ဖြင့် ပရိတ်သတ်များ၏ အာရုံကို ဆွဲဆောင်နိုင်လေသည်။
" ကျွန်မတို့ ရှစ်စန်းတောင်ထိပ်သခင်ရဲ့ ပြိုင်ဘက်ကတော့ ဝိညာဉ်သခင် လောတက်ပဲ ဖြစ်ပါတယ်။ " အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက် ပေါ်လာသည်။
" ဝိညာဉ်သခင် လောတက်က စိတ်ဝိညာဉ်အမျိုးအစား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံပြီး စိတ်ဝိညာဉ်တိုက်ခိုက်မှုမှာ ကျွမ်းကျင်ပါတယ်။ "
" စိတ်ဝိညာဉ်လမ်းစဉ်က အရမ်းအန္တရာယ်များပါတယ်။ လောတက်က ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူအဖွဲ့တစ်ဖွဲ့ကိုတောင် အနိုင်ယူန်ုင်ပါတယ်။ ရှစ်စန်းတောင်ထိပ်သခင်က သူ့ကို ဘယ်လိုရင်ဆိုင်မလဲ သိချင်မိပါတယ်။ " မိန်းကလေးက စတင်မိတ်ဆက်ပေးလိုက်သည်။
ခနကြာသောအခါ ရှစ်စန်းတောင်ထိပ်သခင်နှင့် လောတက်တို့၏ ပြိုင်ပွဲက စတင်ခဲ့သည်။
ဝုန်း....
ထူးဆန်းသော စွမ်းအားလှိုင်းများ ပျံ့နှံ့လာသည်။
မိန်းကလေးက အခြေအနေကို ကြေညာရန် ပြင်လိုက်သည်။
ထိုခနတွင် ဝိညာဉ်သခင် လောတက်၏ ခန္ဓာကိုယ်က စတင်ပြိုကွဲလာသည်။ သူ၏ ခြေထောက်မှ စ၍ သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ပျက်ဆီးသွားသည်။
" မင်းရဲ့ စိတ်ဝိညာဉ်က..... အရမ်းသန်မာတယ်။ " ထိုစကားများ ပြောပြီးနောက် လောတက်၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားသည်။
တိုက်ရိုက်ထုတ်လွှင့်နေသော မိန်းကလေးက အံ့ဩသွား၏။ " ရှစ်စန်းတောင်ထိပ်သခင်က အရမ်းသန်မာတယ်။ သူက ဝိညာဉ်သခင် လောတက်ရဲ့ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ခုခံခဲ့တယ်။ " အဆင့်မြင့်ဆင့်ကဲပြောင်းလဲသူများ၏ ပြိုင်ပွဲကို တိုက်ရိုက်ထုတ်လွှင့်နေသူဖြစ်သဖြင့် သူမက အခြေအနေကို နားလည်လိုက်သည်။
" ကျွန်မတို့ ရှစ်စန်းတောင်ထိပ်သခင်က စိတ်ဝိညာဉ်ပေါင်းစည်းခြင်းမှာ ရှိနေပြီး မကြာခင် ဆဋ္ဌမအလွှာကို ရောက်ပါတော့မယ်။ ရှစ်စန်းတောင်ထိပ်သခင်က ဘယ်သူလဲဆိုတာ ကျွန်မ တကယ်သိချင်မိတယ်။ "
ချီခွန်ကြယ်နယ်မြေ၏ ရှစ်စန်းတောင်ထိပ်သခင်က အလွန်လျို့ဝှက်ဆန်းကြယ်ပြီး လူတိုင်းက ၎င်းကို သိချင်ကြလေသည်။
" ကောင်းပြီ။ ရှစ်စန်းတောင်ထိပ်သခင်ရဲ့ နောက်ထပ် ပြိုင်ဘက်တစ်ယောက် ရောက်ရှိလာပါပြီ။ " မိန်းကလေးက နောက်ထပ်ပြိုင်ဘက်ကို အာရုံစိုက်လိုက်သည်။
" တောင်ထိပ်သခင်က အရမ်းသန်မာတယ်။ သာမန် ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူတွေက သူ့အတွက် ပုရွက်ဆိတ်တွေလိုပဲ။ "
ပြိုင်ပွဲဧရိယာ၏ လျို့ဝှက်အခန်းထဲတွင် ချီခွန်မျိုးနွယ်၏ အဖွဲ့ဝင်များစွာက စုစည်းနေကြပြီး တောင်ထိပ်သခင်၏ ကြောက်စရာကောင်းသော စွမ်းအားကို ကြည့်ရှုနေကြသည်။
" အဲ့ဒါ ရှစ်စန်းတောင်ထိပ်သခင်လား။ " ဖန်ချင်းက တုန်လှုပ်စွာဖြင့် ကြည့်နေသည်။
ပြိုင်ပွဲနေရာကို ကုန်းမြေကြီးတစ်ခုအဖြစ် ပုံဖော်ထားပြီး ရှစ်စန်းတောင်ထိပ်သခင်က သူ၏ ပြိုင်ဘက်နှင့် တိုက်ခိုက်လိုက်သည်နှင့် ကုန်းမြေက စုတ်ပြဲသွားပြီး ကျောက်တုံးကျောက်ခဲများ လွင့်စင်ကုန်သည်။
" အရမ်းစွမ်းအားကောင်းတယ်။ " ဖန်ချင်းက အံ့ဩနေသည်။
ထိုတိုက်ပွဲက အသက်ဂြိုလ်တစ်ခုပေါ်တွင် ဖြစ်လျှင် ထိုဂြိုလ်က သက်ရှိအားလုံးပျောက်ကွယ်ပြီး သက်မဲ့ဂြိုလ်တစ်ခု ဖြစ်သွားပေလိမ့်မည်။
" တောင်ထိပ်သခင်က လက်တစ်ချက်ဝှေ့ရုံနဲ့ ကောင်းကင်နဲ့မြေကြီးကို ဖျက်ဆီးနိုင်စွမ်းရှိတယ်။ ငါတို့လည်း သူလို စွမ်းအားကောင်းအောင် ကြိုးစားရမယ်။ " တတိမျက်လုံးနှင့်လူက ထိုင်နေပြီး သူ၏ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားသည်။
" သူတို့ရဲ့ မိတ်ဆွေအပေါ် သစ္စာရှိသလိုလုပ်နေတဲ့ လူတွေကတော့ အချိန်နဲ့ အရင်းအမြစ်တွေ ဖြုန်းတီးနေတာပဲ။ " သူက ဖန်ချင်းကို ကြည့်လိုက်သည်။
မကြာသေးမီက ဖန်ချင်းက သူ၏ မိတ်ဆွေများကို စုစည်းပြီး ကန်လန်ကြယ်ကို အကျပ်အတည်းမှ ကယ်တင်ရန် အကူအညီတောင်းခဲ့လေသည်။ ၎င်းက တတိယမျက်လုံးနှင့်လူကို သဘောမကျဖြစ်စေခဲ့သည်။
သူ၏ အမြင်အရ အရာအားလုံးတွင် ကိုယ်ပိုင်ကံကြမ္မာရှိပြီး ဝင်ရောက်နှောက်ယှက်ခြင်းက ကံကြမ္မာကို ပြောင်းလဲခြင်းနှင့် တူလေသည်။
၎င်းကို ကြားသော်လည်း ဖန်ချင်းက ပြန်မပြောပေ။ ကြယ်ခုနှစ်လုံးလှိုဏ်ဂူတွင် တတိယမျက်လုံးနှင့်လူက အနီရောင်သင်္ကေတကို ပိုင်ဆိုင်ခဲ့ပြီး ရာစုနှစ်အတွင်း အဓိကအဖွဲ့ဝင်တစ်ယောက် ဖြစ်လာမည်မှာ သေချာလေသည်။ ဖန်ချင်းက ထိုကဲ့သို့သော လူကို မစော်ကားသင့်ပေ။
နောက်ထပ် လျို့ဝှက်အခန်းထဲတွင် လူ ၁၂ ယောက်ရှိနေသည်။ သူတို့က ချီခွန်မျိုးနွယ်၏ တောင်ထိပ်သခင် ၁၂ ယောက်ပင် ဖြစ်သည်။ သူတို့၏ အဆင့်အတန်းနှင့် ဆဋ္ဌမအလွှာအောက် မပြောနှင့် ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများ၏ ပြိုင်ပွဲများကိုပင် စိတ်ဝင်စားခြင်းမရှိကြပေ။ သူတို့ ၁၂ ယောက်တွင် သုံးယောက်က ဆဋ္ဌမအလွှာကို ကျော်လွန်နေပြီး ကိုးယောက်က ဆဋ္ဌမအလွှာ အထွတ်အထိပ်တွင် ရှိကြလေသည်။ သို့သော် သူတို့က ပြိုင်ပွဲကို လင်းယွမ်အတွက် လာရောက်ကြည့်ရှုကြခြင်း ဖြစ်သည်။
" ငါတို့ ညီငယ်လေး..." အကိုနှစ်က ကြည့်နေရင်း သက်ပြင်းချလိုက်သည်။ " သူက စိတ်ဝိညာဉ်ပေါင်းစည်းခြင်းကိုတောင် စတင်နေပြီ။ သူ အဲ့အဆင့်ကို ရောက်တာ ဘယ်လောက်တောင်ရှိသေးလို့လဲ။ "
အခြားသူများကလည်း ထိုနည်းတူ ခံစားနေရသည်။ မကြာသေးမီက လင်းယွမ်ကို ဆယ်စုနှစ်အချို့အတွင်း ဆဋ္ဌမအလွှာသို့ ရောက်လိမ့်မည်ဟု ခန့်မှန်းခဲ့ကြသည်။
သို့သော် ယခု ဘယ်လောက်မှ မကြာသေးပေ။ လင်းယွမ်က ပဉ္စမအလွှာ အထွတ်အထိပ်ကို ရောက်ပြီး စိတ်ဝိညာဉ်ပေါင်းစည်းခြင်းကိုပင် စတင်နေပြီဖြစ်သည်။
စိတ်ဝိညာဉ်ပေါင်းစည်းခြင်းတွင် နှစ်ရာချီ ရပ်တန့်နေသူများ မရှိသည်တော့မဟုတ်ပေ။ သို့သော် ထိုလူများက စွမ်းအားကြီးသူများ၏ လမ်းညွှန်မှုကို မရရှိခဲ့သူများ၊ အင်အားကြီးသော နောက်ခံမရှိသူများ၊ သူတို့နှင့် မလိုက်ဖက်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ရွေးချယ်မိသူများသာ ဖြစ်သည်။
ချီခွန်မျိုးနွယ်မှ ဆင့်ကဲပြောင်းလဲသူများအတွက် ပဉ္စမအလွှာသို့ မရောက်မီ သူတို့၏ ဆရာများက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ရွေးချယ်ရန် ကူညီပေးကြလေသည်။ ထိုကဲ့သို့ လိုက်ဖက်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် ဆဋ္ဌမအလွှာသို့ ရာက်ရန် ဆယ်စုနှစ်အနည်းငယ်သာ ကြာပေလိမ့်မည်။
လင်းယွမ်က ဆဋ္ဌမအလွှာသို့ ရောက်ရန် သူတို့ ခန့်မှန်းထားသည်ထက် အဆတစ်ရာလောက် ပိုမြန်နေလေသည်။
စီနီယာအကို ၁၂ ယောက်၏ မျက်လုံးထဲတွင် လင်းယွမ်က ချီခွန်ကြယ်သခင်၏ တပည့်ဖြစ်ပြီး ကြယ်သခင်၏ လမ်းညွှန်မှုဖြင့် စိတ်ဝိညာဉ်ပေါင်းစည်ခြင်းကို စတင်ခဲ့သည်မှာ သေချာလေသည်။ ထို့ကြောင့် သူက နှစ်နှစ် သုံးနှစ်အတွင်း စိတ်ဝိညာဉ်ပေါင်းစည်းခြင်းကို အပြီးသတ်ပေလိမ့်မည်။ ထို့နောက် သူက ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လာပေလိမ့်မည်။