← Chapters

ရှုံးနိမ့်ခြင်း၊ ကျိန်စာစွမ်းရည်....

Vol. 11 Ch. 176

ရှုံးနိမ့်ခြင်း၊ ကျိန်စာစွမ်းရည်....

Vol. 11 Ch. 176

ဆယ်မိနစ်ကြာပြီးသောအခါ လင်းယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးက ဝမ်ယန်အစစ်အမှန်မီးတောက်၏ လောင်ကျွမ်းခြင်းကို ခံလိုက်ရသည်။

" ရှုံးသွားတာလား။ ရှစ်စန်းတောင်ထိပ်သခင်က ရှုံးသွားတာလား။ "

" ဝမ်ယန်တော်ဝင်သားတော်က ပိုသန်မာတဲ့ပုံပဲ။ "

" ဝမ်ယန်တော်ဝင်သားတော်ရဲ့ နောက်ခံကို မင်းတို့သိလား။ "

" ဝမ်ယန်တော်ဝင်သားတော်က ရှားပါးတဲ့ ယန်ကိုးပါးနတ်သွေးကြောနဲ့ မွေးဖွားလာပြီး ဝမ်ယန်ကြယ်သခင်ရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရတယ်။ "

" ဝမ်ယန်ကြယ်သခင်က တော်ဝင်သားတော်ကို ဝမ်ယန်အစစ်အမှန်သလင်းကျောက်ထဲမှာ ချိတ်ပိတ်ပြီး ဂြိုလ်တစ်ခုရဲ့ အမြုတေထဲမှာ ထည့်ထားခဲ့တယ်။ "

" ရာစုနှစ်အတွင်း ဝမ်ယန်တော်ဝင်သားတော်က ဂြိုလ်အမြုတေထဲက စွမ်းအားတွေကို စုပ်ယူပြီး ပြန်ထွက်လာတဲ့အချိန်မှာ ပဉ္စမအလွှာ အထွတ်အထိပ်ခွန်အားကို ပိုင်ဆိုင်ခဲ့တယ်။ "

" သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ကိန်းအောင်နေပြီး အရာအားလုံးကို ဖျက်ဆီးနိုင်တယ်။ "

ပရိတ်သတ်များက စတင်ဆွေးနွေးလိုက်ကြသည်။ ယန်ကိုးပါးနတ်သွေးကြောအပြင် ဂြိုလ်အမြုတေထဲတွင် နှစ်တစ်ရာကျင့်ကြံခြင်းကို ကြည့်ခြင်းဖြင့် ဝမ်ယန်တော်ဝင်သားတော်က မည်မျှကြောက်စရာကောင်းသည်ကို ခန့်မှန်းနိုင်လေသည်။

" မီးနိယာမရဲ့ သန့်စင်တဲ့ စွမ်းအား ကောင်းကင်ကို လောင်ကျွမ်းပြီး မြေပြင်ကို ဆူပွက်စေနိုင်တယ်။ တကယ်ကို ကြောက်စရာကောင်းတာပဲ။ " လင်းယွမ်က ကိုယ်ပိုင်နေရာတွင် ပေါ်လာပြီး တိုက်ပွဲကို ပြန်စဉ်းစားနေသည်။

ဝမ်ယန်တော်ဝင်သားတော်၏ လှုပ်ရှားမှုတိုင်းက ကြယ်တစ်စင်း ကြွေကျသကဲ့သို့ ဖြစ်နေသည်။ လင်းယွမ်က ထိုက်ယင်နှင့် ထိုက်ယန်ကို ကျင့်ကြံပြီး မီးနိယာမ၏ အပူကို ခုခံနိုင်စွမ်းရှိသော်လည်း အဆုံးမဲ့စွမ်းအားအောက်တွင် အချိန်ကြာသည်အထိ တောင်မခံနိုင်ခဲ့ပေ။

လင်းယွမ်က ရှုံးနိမ့်ခဲ့သော်လည်း စိတ်ပျက်သွားခြင်းမရှိပေ။ သူက ဝမ်ယန်တော်ဝင်သားတော်ကို တိုက်ခိုက်ရာတွင် သူ၏ ဝှက်ဖဲများအားလုံးကို အသုံးပြုခဲ့ခြင်း မရှိပေ။ ဥပမာ သူက ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ်တို့ ဖြစ်သည်။

လင်းယွမ်က ယင်မူလစိတ်ဝိညာဉ်နှင့် ယန်မူလစိန်ဝိညာဉ်တို့ကို ထုတ်ဖော်ခဲ့လျှင် သူ၏ ခွန်အားက အဆင့်အချို့ တက်သွားပေလိမ့်မည်။ သို့သော် ထိုသို့ လုပ်ခြင်းဖြင့် သူလေ့ကျင့်နေသည်မှာ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဖြစ်သည်ကို ရိပ်မိသွားကြပေလိမ့်မည်။

လူသားမျိုးနွယ်တွင် ကိုယ်ပွားဖန်တီးနိုင်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များစွာ ရှိသော်လည်း ၎င်းတို့က ဆဋ္ဌမအလွှာ သို့မဟုတ် သတ္တမအလွှာသို့ ရောက်ရန် လိုအပ်ပေသည်။

ဆဋ္ဌမအလွှာအောက်တွင် ကိုယ်ပွားဖန်တီးနိုင်ခြင်းက အလွန်ရှားပါးလေသည်။ ထို့အပြင် ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ်တို့က ရုပ်ခန္ဓာမရှိပေ။ လင်းယွမ်က ဆဋ္ဌမအလွှာသို့ ရောက်လျှင် ယင်စိတ်ဝိညာဉ်နှင့်ယန်စိတ်ဝိညာဉ်တို့က ရုပ်ခန္ဓာပိုင်ဆိုင်လုနီးပါးဖြစ်ပြီး သူတို့ထွက်ပေါ်လာလျှင်လည်း ပြဿနာရှိတော့မည်မဟုတ်ပေ။

ထို့အပြင် လင်းယွမ်က ထိုကဲ့သို့ စွမ်းအားကောင်းသော ပြိုင်ဘက်တစ်ယောက်ကို တွေ့ရသောကြောင့် ကျေနပ်လေသည်။ ဝမ်ယန်တော်ဝင်သားတော်နှင့် တိုက်ပွဲတွင် လင်းယွမ် ရရှိသော အသိအမြင်များက အခြားဆင့်ကဲပြောင်းလဲသူများနှင့် ရင်ဆိုင်ရသည်ထက် ပိုလေသည်။

" ဝမ်ယန် ယန်ထျန်း..." လင်းယွမ်က ရေရွတ်လိုက်၏။

၎င်းက ဝမ်ယန်တော်ဝင်သားတော် အသုံးပြုခဲ့သော နည်းစနစ်ဖြစ်ပြီး လင်းယွမ်က ၎င်းကို တောင့်မခံနိုင်ခဲ့ခြင်းဖြစ်သည်။

လူသားမျိုးနွယ်၏ ပိုင်နက်အပြင်ဘက်တွင် ကြောက်စရာကောင်းသော စိတ်အသိများ ထွက်ပေါ်လာသည်။

" ငါတို့ဘာလုပ်သင့်လဲ။ ချီခွန်ကြယ်သခင်ရဲ့ ၁၃ယောက်မြောက် တပည့်က ကြောက်စရာကောင်းတဲ့ အလားအလာရှိပြီးတော့ ဆက်လက်ကြီးထွားခွင့်ပေးလို့မရဘူး။ " ပထမစိတ်အသိက စိတ်ဝိညာဉ်လှိုင်းများ ထုတ်လွှတ်လိုက်သည်။

ချီခွန်ကြယ်သခင်က တပည့်လက်ခံသည်ဟု ကြားသောအချိန်တွင် သူက ပါရမီရှိပြီး အနာဂတ်တွင် ဆဋ္ဌမအလွှာကို ကျော်လွန်နိုင်သည်ဟုသာ သူတို့က ထင်ခဲ့ကြသည်။

" ငါတို့ဘာလုပ်နိုင်မှာလဲ။ ငါတို့က ရှစ်စန်းတောင်ထိပ်သခင်ရဲ့ အစစ်အမှန် အထောက်အထားကိုတောင် မသိဘူး။ " ဒုတိယစိတ်အသိက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

သူက ရှစ်စန်းတောင်ထိပ်သခင်ကို စုံစမ်းချင်သော်လည်း ချီခွန်ကြယ်သခင်က အတိတ်က အမှားကို သင်ခန်းစာယူပြီး ယခုအချိန်တွင် သူ၏ တပည့်ကို ပို၍ လျို့ဝှက်ထားခဲ့သည်။

" ဗိုလ်ချုပ်ဖန်ယုံ မင်းမှာ အကြံဉာဏ်ရှိရင် လွတ်လွတ်လပ်လပ် ပြောပါ။ ငါတို့မျိုးနွယ်တွေက မကူညီနိုင်ရင်တောင် ထောက်ပံ့ပေးနိုင်တယ်။ " တတိယစိတ်အသိက ပြောလိုက်သည်။

" မှန်တယ် ဗိုလ်ချုပ်ဖန်ယုံ ငါတို့မှာ အရင်းအမြစ်တွေနဲ့ လူအင်အားရှိတယ်။ ငါတို့က ဘာမှမလုပ်ဘဲ ထိုင်နေလို့မရဘူး။ " နောက်ဆုံး စိတ်အသိကလည်း ပြောလိုက်သည်။

" မင်းတို့တောင်းဆိုမှတော့ ငါက ပြောရမှာပေါ့။ " ဗိုလ်ချုပ်ဖန်ယုံက ပြောလိုက်သည်။

ရုတ်တရက် ဟင်းလင်းပြင်ထဲတွင် အလင်းမျက်နှာပြင်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းပေါ်တွင် ဆင့်ကဲပြောင်းလဲသူ ဆယ်ယောက်နှင့် သူတို့၏ အချက်အလက်များ ပေါ်လာသည်။

" ဒီဆင့်ကဲပြောင်းလဲသူဆယ်ယောက်က မရေတွက်နိုင်တဲ့ အချက်အလက်တွေကို အခြေခံပြီး ရွေးချယ်ထားတဲ့ ရှစ်စန်းတောင်ထိပ်သခင် ဖြစ်နိုင်တဲ့ လူတွေပဲ။ " အခြားသူများကလည်း အလင်းမျက်နှာပြင်ကို အာရုံစိုက်လိုက်ကြသည်။

ထိုဆင့်ကဲပြောင်းလဲသူဆယ်ယောက်က ချီခွန်မျိုးနွယ်၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။ သူတို့ထဲမှ တစ်ယောက်မှာ မျက်လုံးသုံးလုံးမျိုးနွယ်မှ လူဖြစ်သည်။ ကျန်သော ကိုးယောက်ကလည်း ချီခွန်ကြယ်သခင်၏ စမ်းသပ်မှုတွင် အံ့ဩစရာကောင်းသော စွမ်းဆောင်မှုများကို ပြသနိုင်သူများ ဖြစ်ကြသည်။

" ဗိုလ်ချုပ်ဖန်ယုံ ငါတို့ကို ဒီစာရင်းပြတာက သိပ်အသုံးမဝင်ဘူး။ သူတို့အားလုံးက ချီခွန်ပင်မကြယ်မှာပဲ။ ငါတို့ သူတို့ကို ဘယ်လိုလုပ်ကြံမှာလဲ။ "

" ငါတို့ တစ်ယောက်ကို သတ်လိုက်ရင် အခြားသူတွေက သတိထားမိပြီး လှုပ်ရှားဖို့ ခက်ခဲသွားလိမ့်မယ်။ " အခြားသူများက စိတ်ရှုပ်ထွေးသွားကြသည်။

" မင်းတို့ လှုပ်ရှားစရာမလိုပါဘူး။ " ဗိုလ်ချုပ်ဖန်ယုံက တည်ငြိမ်စွာ ပြောလိုက်သည်။ " ကျန်စာစွမ်းရည်ကို ကျွမ်းကျင်တဲ့ ငါတို့အဖွဲ့ဝင်တစ်ယောက်က သူ့ရဲ့ သက်တမ်းတစ်ထောင်ကို စတေးဖို့ ဆန္ဒရှိတယ်။ "

ကျိန်စာစွမ်းရည်က အထူးအမျိုးအစားထဲတွင် ပါဝင်လေသည်။ ကျိန်စာနိယာမက နားလည်ရန် အလွန်ခက်ခဲလေသည်။ ထို့အပြင် ကျိန်စာစွမ်းရည်က ကန့်သတ်ချက် အလွန်များပြီး အနည်ဆုံး အဆင့်နှစ်ခု ကွာခြားရန် လိုအပ်ရုံသာမက တိကျသော သက်တမ်းပမာဏကို စတေးရန်လည်း လိုအပ်လေသည်။ ကျိန်စာစွမ်းရည်ကို ကျွမ်းကျင်သော လူများက မလိုအပ်ဘဲ ၎င်းကို အသုံးမပြုချင်ကြပေ။

" ကျိန်စာ စွမ်းရည်..."

" တိုက်ရိုက်ကျိန်စာတိုက်သတ်ဖြတ်လိုက်ရင် အဲ့ဒီဆင့်ကဲပြောင်းလဲသူဆယ်ယောက်က တုန့်ပြန်ချိန်တောင် ရမှာမဟုတ်ဘူး။ "

" အမှန်ပဲ။ အခု ရှစ်စန်းတောင်ထိပ်သခင်က ပဉ္စမအလွှာမှာ ဆဋ္ဌမအလွှာကို မရောက်သေးတော့ ကျိန်စာစွမ်းရည်ကို အသုံးပြုတဲ့လူက သတ္တအလွှာ ရှိဖို့ပဲ လိုတယ်။ "

" ငါတို့က သူ ဆဋ္ဌမအလွှာကို ရောက်တဲ့အထိ စောင့်လိုက်ရင် ကျိန်စာစွမ်းရည်ကို အသုံးပြုဖို့ အဋ္ဌမအလွှာကို လိုအပ်လိမ့်မယ်။ အဲ့ဒါဆို ပေးဆပ်ရမယ့် တန်ဖိုးက အရမ်းကြီးသွားလိမ့်မယ်။ " အားလုံးက အချင်းချင်း ဆွေးနွေးလိုက်ကြသည်။

ရှစ်စန်းတောင်ထိပ်သခင်၏ အလားအလာအရ သူ့ကို ဆဋ္ဌမအလွှာသို့ မရောက်မီ ဖယ်ရှားပစ်ခြင်းက အကောင်းဆုံး ဖြစ်သည်။ ဆဋ္ဌမအလွှာသို့ ရောက်သည်နှင့် အသက်ကယ်နည်းလမ်းများစွာကို ပိုင်ဆိုင်သွားပြီး အဋ္ဌမအလွှာ ကျိန်စာတိုက်သူပင် သက်တမ်းထောင်ချီကို စတေးပြီး အောင်မြင်ရန်လည်း မသေချာပေ။

" မင်းတို့ အကူအညီကို ငါလိုအပ်တယ်။ " ဗိုလ်ချုပ်ဖန်ယုံက အခြားသူများနှင့် စတင်ဆွေးနွေးလိုက်သည်။

နေ့တစ်ဝက်ကြာပြီးသောအခါ ကြယ်စကြာဝဠာထဲတွင် ဟင်လင်းပြင်လှိုင်းများဖြစ်ပေါ်လာပြီး ကြေးခွံများနှင့် လူတစ်ယောက် ထွက်ပေါ်လာသည်။

" ဒါက ကြားခံပစ္စည်းတွေပဲ။ " ဗိုလ်ချုပ်ဖန်ယုံက တွေးလိုက်သည်နှင့် ပစ္စည်းဆယ်မျိုးက သူ၏ ရှေ့တွင် ပေါ်လာသည်။

ထိုပစ္စည်းဆယ်မျိုးက စာရင်းထဲမှ ဆင့်ကဲပြောင်းလဲသူဆယ်ယောက် နေထိုင်ရာ ဂြိုလ်များပေါ်မှ သူတို့၏ ပစ္စည်းများဖြစ်ပြီး ဗိုလ်ချုပ်ဖန်ယုံဆီသို့ သူ၏ လူများ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ကျိန်စာစွမ်းရည်က မှန်းဆ၍ မရသော်လည်း သတ်ဖြတ်ရန်အတွက် ကြားခံများ လိုအပ်လေသည်။ အကြောင်းတရားမှ အကျိုးသက်ရောက်စေခြင်းပင်။

" ဖန်ယုံ မင်းရဲ့ ကတိကို မမေ့ပါနဲ့။ " ကြေးခွံများနှင့်လူက ဗိုလ်ချုပ်ဖန်ယုံကို စိုက်ကြည့်ပြီး ကြားခံပစ္စည်းဆယ်မျိုးကို မျိုချလိုက်သည်။

ဝုန်း....

စွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်။ ကြေးခွံများနှင့် လူက တုန့်ပြန်မှုကို ခံစားနေရသကဲ့သို့ သူ၏ ခန္ဓာကိုယ်က စတင်ပြိုကွဲလာသည်။

" ပြီးပြီ။ " ဗိုလ်ချုပ်ဖန်ယုံက ခေါင်းငြိမ့်လိုက်သည်။ " စိတ်ချပါ။ မင်းသေသွားရင် မင်းရဲ့ လူတွေကို ကောင်းကောင်းဆက်ဆံမှာပါ။ "

ဗိုလ်ချုပ်ဖန်ယုံက ပြိုကွဲနေသော လူကို ကြည့်ပြီး ပြောလိုက်သည်။ ကြေးခွံများနှင့်လူက သက်တမ်းနှစ်တစ်ထောင်သာ ကျန်ပြီး ရှစ်စန်းတောင်ထိပ်သခင်ကို သတ်ဖြတ်ရမည်တာဝန်ကို လက်ခံခြင်းက သူ၏ သက်တမ်းကို စတေးပြီး သူ၏ လူများကို ကာကွယ်ပေးရန်ဖြစ်သည်။

" အခု ငါတို့ စောင့်ရမယ်။ " ဗိုလ်ချုပ်ဖန်ယုံက အခြားစိတ်အသိများကို ပြောလိုက်သည်။

ပဉ္စမအလွှာ ဆင့်ကဲပြောင်းသူ ဆယ်ယောက်ကို သတ်ဖြတ်ရန် ရှားပါးသော ကျိန်စာစွမ်းရည်ကို ကျွမ်းကျင်သည့် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူကို စတေးလိုက်ရသည်။ ၎င်းက ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်သော်လည်း ထိုဆယ်ယောက်ထဲတွင် ရှစ်စန်းတောင်ထိပ်သခင်ပါလျှင် ၎င်းက ထိုက်တန်ပေသည်။

ချီခွန်ပင်မကြယ်တွင် တတိယမျက်လုံးနှင့်လူက သူ၏ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။

" ဟမ့် အရူး..." သူက အောက်မှ ဖန်ချင်းကို ကြည့်လိုက်သည်။

ဖန်ချင်းက လုပ်စရာကိစ္စများ ရှိပုံရပြီး အလောတကြီး သွားနေလေသည်။ ဖန်ချင်းက ငွေရောင်သင်္ကေတပိုင်ရှင် ဖြစ်ရုံသာမက လင်းယွမ်ကို ကူညီရန်လည်း ကျေးဇူးကြွေးများစွာ တင်ခံခဲ့ရလေသည်။

" စစ်မှန်တဲ့ စွမ်းအားကြီးသူတွေက မိတ်ဆွေတွေမလိုအပ်ဘူး။ မိတ်ဆွေတွေရှိတာက အားနည်းချက်ကို ထုတ်ပြတာပဲ။ "

" ငါ..." တတိယမျက်လုံးနှင့်လူက သက်ပြင်းချပြီး ထရန်ပြင်လိုက်သည်။

ထိုအချိန်တွင် မမြင်နိုင်သော စွမ်းအားအတက်အကျတစ်ခု ဆင်းသက်လာသည်။

" မဟုတ်ဘူး.... " တတိယမျက်လုံးနှင့်လူက မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ နဖူးမှ တတိယမျက်လုံးက ပွင့်လာသည်။

သို့သော် ၎င်းက အချည်းနှီးပင်။ စွမ်းအားအတက်အကျ ပျံ့နှံ့သွားသည်နှင့် တတိယမျက်လုံးနှင့်လူ၏ စိတ်ဝိညာဉ်ကလည်း ငြိမ်းသေသွားသည်။

တစ်ချိန်တည်းတွင် ချီခွန်ပင်မကြယ်မှ အခြားဆင့်ကဲပြောင်းလဲသူကိုးယောက်ကလည်း ထူးဆန်းစွာ သေဆုံးသွားကြသည်။

VR ကမ္ဘာ ကိုယ်ပိုင်နေရာတွင် ဖန်ချင်းက လင်းယွမ်၏ ရှေ့တွင် ထိုင်ပြီး ဒေါသထွက်နေသည်။

" ရွံစရာကောင်းတဲ့ မျိုးနွယ်ခြားတွေ သူတို့က ကျိန်စာသတ်ဖြတ်ခြင်းကို အသုံးပြုခဲ့တာပဲ။ " ဖန်ချင်းက တတိယမျက်လုံးပိုင်ရှင်နှင့် အခြားဆင့်ကဲပြောင်းလဲသူကိုးယောက်၏ ထူးဆန်းစွာ သေဆုံးမှုကို ပြောပြလိုက်သည်။

All Chapters