လုပ်ကြံခြင်း....
Vol. 11 Ch. 177
ချီခွန်ပင်မကြယ်တွင် ထိုကိစ္စက လျို့ဝှက်ချက်မဟုတ်ပေ။ နောက်ဆုံး တတိယတောင်ထိပ်သခင်၏ ဝငိရောက်စွတ်ဖက်မှုဖြင့် ထိုကိစ္စက မျိုးနွယ်ခြားများ၏ ကျိန်စာစွမ်းရည်ဖြစ်သည်ကို သိခဲ့ရသည်။
" ကျိန်စာစွမ်းရည်..." လင်းယွမ်၏ စိတ်က တင်းကျပ်သွား၏။
တောင်ထိပ်သခင်တစ်ယောက်အနေဖြင့် သူက ထိုကဲ့သို့ ထူးဆန်းသော နည်းလမ်းများကို သိနေသည်။
ကျိန်စာစွမ်းရည်က အကြောင်းနှင့်အကျိုးကို အထူးအသုံးချပြီး စိတ်ဝိညာဉ်ကို တိုက်ခိုက်ခြင်း ဖြစ်သည်။ ကျိန်စာစွမ်းရည်ကို အသုံးပြုခြင်းက ပေးဆပ်မှုကလည်း ကြီးမားလေသည်။
" မျိုးနွယ်ခြားတွေက ကျိန်စာစွမ်းရည်ကို ဘာရည်ရွယ်ချက်နဲ့ အသုံးပြုခဲ့တာလဲ။ " လင်းယွမ်က ခန့်မှန်းချက်တစ်ခုရှိသော်လည်း ဆက်မေးလိုက်သည်။
" မျိုးနွယ်ခြားတွေက ရှစ်စန်းတောင်ထိပ်သခင်ရဲ့ စွမ်းရည်တွေကို မြင်ပြီး ဆင့်ကဲပြောင်းလဲသူဆယ်ယောက်ကို ခန့်မှန်းချေနဲ့ သတ်ပစ်ခဲ့တာပဲ။ " ဖန်ချင်းက တိုးညှင်းစွာ ပြောလိုက်သည်။
" အဲ့ဒါ အဓိပ္ပါယ်ရှိတယ်။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။ ယခုအချိန်တွင် သူက မည်သူမည်ဝါဖြစ်သည်ကို မဖော်ထုတ်နိုင်သောကြောင့် သက်သာသွားခြင်းဖြစ်သည်။
အကယ်၍ လင်းယွမ်က ဟေးယုအို၏ ဖိနှိပ်မှုကြောင့် စိတ်မရှည်ဘဲ သူ၏ အထောက်အထားကို ထုတ်ဖော်ခဲ့လျှင် မျိုးနွယ်ခြားများကလည်း သူ့ကို ခြေရာခံနိုင်ပေလိမ့်မည်။ ကန်လန်ကြယ်တွင် နှစ်ပေါင်း များစွာ နေထိုင်ခဲ့ပြီး နောက်တွင် မည်သည့်ကြားခံပစ္စည်းမှ မကျန်ခဲ့နိုင်ဟု အာမမခံနိုင်ပေ။
မျိုးနွယ်ခြားများက ကြားခံပစ္စည်းတစ်ခုကို ရှာတွေ့ပြီး ကျိန်စာစွမ်းရည်ကို အသုံးပြုခဲ့လျှက် လင်းယွမ်က အသက်ရှင်နိုင်လိမ့်မည်ဟု မသေချာပေ။ ချီခွန်ကြယ်သခင်၏ တပည့်အနေဖြင့် သူက အသက်ကယ်နည်းလမ်းများရှိနိုင်သော်လည်း ၎င်းကို မတားဆီးနိုင်ခဲ့လျှင် ဒုက္ခရောက်ရပေလိမ့်မည်။
" နှိမ့်ချနေရမယ်။ " လင်းယွမ်က တွေးလိုက်သည်။
" အဲ့ဒီတတိယမျက်လုံးနဲ့လူ..." လင်းယွမ်က တတိယမျက်လုံးနှင့်လူအတွက် စိတ်မကောင်းဖြစ်မိသွားသည်။
ကြယ်ခုနှစ်လုံးလှိုဏ်ဂူ စမ်းသပ်မှုတွင် အနီရောင်သင်္ကေတပိုင်ရှင်သုံးယောက်၊ ရွှေရောင်သင်္ကေတပိုင်ရှင်တစ်ရာကျော်နှင့် ငွေရောင်သင်္ကေတပိုင်ရှင် တစ်သန်းကျော် ပါဝင်ခဲ့သည်။
စမ်းသပ်မှုပါဝင်သူများတွင် ရှစ်စန်းတောင်ထိပ်သခင် ဖြစ်နိုင်ဆုံးလူမှာ တတိယမျက်လုံးနှင့်လူဖြစ်၏။ အခြားနှစ်ယောက်က သိသာသော ကိုယ်ရေးအချက်အလက်များ ရှိနေသည်။ ငွေရောင်ဆံပင်နှင့် ရင်လင်းက လေဟာနယ်တိုက်ခိုက်မှုတွင် ကျွမ်းကျင်ပြီး သုံးမီတာကျော်ရှည်သော ထွားကြိုင်းသော လူက ရုပ်ခန္ဓာတိုက်ခိုက်မှုတွင် ကျွမ်းကျင်လေသည်။ ထို့ကြောင့် သူတို့ ရှစ်စန်းတောင်ထိပ်သခင် မဖြစ်နိုင်သည်မှာ ထင်ရှားနေသည်။
" အဲ့ထဲမှာ ရှစ်စန်းတောင်ထိပ်သခင်ပါလားဆိုတာ ဘယ်သူမှမသိသေးဘူး။ " ဖန်ချင်းက လေးနက်စွာ ပြောလိုက်သည်။ မျိုးနွယ်ခြားများက ယုံကြည်မှုရှိစွာဖြင်ြ ကျန်စာတိုက်သတ်ဖြတ်ခြင်းကို ပြုလုပ်သောကြောင့် ဖြစ်နိုင်ချေများလေသည်။
" ငါတို့ မနက်ဖြန်ဆို သိပြီမဟုတ်လား။ " လင်းယွမ်က ပြောလိုက်သည်။
" အမှန်ပဲ။ " ဖန်ချင်းက နားလည်သွား၏။
ရှစ်စန်းတောင်ထိပ်သခင်က နေ့စဉ် မနက်ပိုင်းနှင့် ညနေပိုင်းတွင် စိန်ခေါ်မှုများ ပြုလုပ်လေသည်။ ရှစ်စန်းတောင်ထိပ်သခင်က ထိခိုက်မှုမရှိလျှင် ပြိုင်ပွဲဧရိယာတွင် ပေါ်လာပေလိမ့်မည်။
" ဘာမှမဖြစ်ဖို့ မျှော်လင့်ရမှာပဲ။ " ဖန်ချင်းက ရေရွတ်လိုက်သည်။
ရှစ်စန်းတောင်ထိပ်သခင်က လွန်ခဲ့သော နှစ်တစ်သောင်းကကဲ့သို့ မျိုးနွယ်ခြားများ၏ လက်ထဲတွင် သေဆုံးခဲ့လျှင် ချီခွန်ကြယ်သခင်က မည်မျှဒေါသထွက်မလဲ ဘယ်သူမှမသိနိုင်ပေ။
နောက်တစ်ရက် VR ကမ္ဘာ ပြိုင်ပွဲဧရိယာ။
သီးသန့်အခန်းတွင် လူအချို့ ရှိနေကြသည်။
" ရှစ်စန်းတောင်ထိပ်သခင်က ထိခိုက်ရှိလား မရှိဘူးလားဆိုတာ ငါတို့ အခုသိရလိမ့်မယ်။ "
ထိုလူများက ဟန်ဆောင်ထားကြသော မျိုးနွယ်ခြားများပင် ဖြစ်သည်။ VR ကမ္ဘာ၏ ကွန်ရက်က မျိုးနွယ်ခြားများကို လုံးဝ တားဆီးနိုင်ခြင်း မရှိပေ။ အချို့က လူသားမျိုးနွယ်၏ အော်ရာကို ပြည့်စုံစွာ ပြောင်းလဲနိုင်ပြီး အချက်အလက်များကလည်း မှန်ကန်သောကြောင့် VR ကမ္ဘာသို့ ဝင်နိုင်ကြလေသည်။
" ဒီနေ့ ရှစ်စန်းတောင်ထိပ်သခင်ပေါ်မလာရင် သူက ကျိန်စာကြောင့် သေသွားတာဖြစ်နိုင်တယ်။ "
သူတို့က တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်ပြီး ပြိုင်ပွဲဧရိယာသို့ ကြည့်လိုက်ကြသည်။ သူတို့က ရှစ်စန်းတောင်ထိပ်သခင်ကို သတ်ဖြတ်ရန် လွန်ခဲ့သော နှစ်တစ်သောင်းကထက် ပို၍ ကြီးမားသော တန်ဖိုးကို ပေးဆပ်ခဲ့ရသည်။ နောက်ဆုံးတပည့်ကို သတ်ဖြတ်ချိန်တွင် ဆဋ္ဌမအလွှာ အချို့ကိုသာ စတေးခဲ့ရသည်။
သို့သော် ယခုအချိန်တွင် ရှားပါးသော ကျိန်စာစွမ်းရည်ကို ကျွမ်းကျင်သည့် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို စတေးလိုက်ရသည်။
" ရှစ်စန်းတောင်ထိပ်သခင် မင်း သေကိုသေရမယ်။ "
" မင်းမသေရင် ငါတို့ရဲ့ စတေးမှုက အလကားဖြစ်သွားလိမ့်မယ်။ "
မကြာမီ ပြိုင်ပွဲဧရိယာတွင် လူတစ်ယောက် ပေါ်လာသည်။ သူက ရှစ်စန်းတောင်ထိပ်သခင်၏ ပြိုင်ဘက် ဖြစ်လေသည်။
" အခု ပေါ်မလာတော့ဘူးမဟုတ်လား။ " မျိုးနွယ်ခြားများက စိတ်လှုပ်ရှားလာကြသည်။
သို့သော် ထိုအချိန်တွင် ရှစ်စန်းတောင်ထိပ်သခင်၏ ပုံရိပ်က တစ်ဖက်တွင် ဖြည်းညင်းစွာ ပေါ်လာသည်။
အခန်းတစ်ခုလုံးက တိတ်ဆိတ်သွားကြသည်။ မျိုးနွယ်ခြားများက ရှစ်စန်းတောင်ထိပ်သခင်၏ ပုံရိပ်ကို ကြည့်ပြီး မျက်နှာပျက်သွားကြသည်။
" ကျိန်စာက မှားသွားတာလား။ "
" ရှစ်စန်းတောင်ထိပ်သခင်က အသက်ရှင်နေသေးတာလား။ "
" ပြီးသွားပြီ။ " မျိုးနွယ်ခြားများက အလွန်စိတ်ပျက်သွားကြသည်။
" သွားရအောင် ဆက်ကြည့်ဖို့မလိုတော့ဘူး။ ပြန်ပြီးသတင်းပို့ရမယ်။ " မျိုးနွယ်ခြားများက VR ကမ္ဘာမှ ထွက်ခွာသွားကြသည်။
ရှစ်စန်းတောင်ထိပ်သခင်၏ ပုံရိပ်ကို မြင်လိုက်ရချိန်တွင် ရှစ်စန်းတောင်ထိပ်သခင်က ရပ်တန့်၍ မရတော့သည်ကို သူတို့နားလည်လိုက်ကြသည်။ သူတို့က သူ့ကို ဘယ်လိုတားဆီးမှာလဲ။ နောက်ထပ်ကျိန်စာထပ်တိုက်ရမှာလား။
ပထမဆုံး သူတို့က နောက်ထပ် ကျိန်စာတိုက်ခြင်းကို အသုံးပြုရန် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောင်ကို ရှာဖွေရပေလိမ့်မည်။ သို့သော် သူတို့က ရှာတွေ့ခဲ့လျှင်တောင် နောက်ထပ်ပစ်မှတ်အား မည်သို့ ရှာဖွေရမည်ကို မသိကြတော့ပေ။
ယခု ဆင့်ကဲပြောင်းလဲသူဆယ်ယောက်က ရှစ်စန်းတောင်ထိပ်သခင် ဖြစ်နိုင်ချေအရှိဆုံး လူများ ဖြစ်လေသည်။ နောက်တစ်ကြိမ် ကျရှုံးခဲ့လျှင် အခြေအနေက အလွန်ဆိုးရွားသွားပေလိမ့်မည်။
VR ကမ္ဘာ ကိုယ်ပိုင်နေရာတွင် လင်းယွမ်က မျက်လုံးများမှိတ်လိုက်သည်။ ဆင့်ကဲပြောင်းလဲသူအမျိုးမျိုးကို စိန်ခေါ်ပြီးနောက် သိုင်းတာဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က တဖြည်းဖြည်း တိုးတက်လာခဲ့သည်။
" ငါ့ကို ဘယ်သူရှာနေတာလဲ။ " လင်းယွမ်က ဧည့်သည်စာရင်းကို ကြည့်လိုက်သည်။
ဟေးယုအို၏ ဖိနှိပ်ခြင်းကို ခံရပြီးနောက် သူ့ဆီသို့ လာရောက်လည်ပတ်သူ နည်းပါးသွားခဲ့သည်။ ဖန်ချင်းက ကန်လန်ကြယ်၏ ကုန်သွယ်ရေးအခြေအနေများကို ဖြေရှင်းပေးခဲ့သော်လည်း လင်းယွမ်က အင်အားစုအများအပြား၏ အမည်ပျက်စာရင်းထဲသို့ ရောက်သွားခဲ့သည်။ ယနေ့ ဟေးယုအိုကို ဆန့်ကျင်ခဲ့ပြီး နောက်နေ့ ဘယ်သူကို စော်ကားမလဲ မသိရပေ။
" မစ္စတာလင်း ငါက ဟွေ့ယင်အဖွဲ့က ရှီကိုင်ပါ။ " လူတစ်ယောက်က ပြုံး၍ ပြောလိုက်သည်။
" ဟယ်လို..." လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
" မစ္စတာလင်းက ငါတို့ကို အရှင်ဖန်ချင်းနဲ့ ဆက်သွယ်နိုင်ဖို့ ကူညီပေးနိုင်မလား။ " ဟွေ့ယင်ဒါရိုက်တာက တိုက်ရိုက် ပြောလိုက်သည်။
" စိတ်ချပါ မစ္စတာလင်း ငါတို့ ဟွေ့ယင်အဖွဲ့က သေချာပေါက် ကျေးဇူးပြန်ဆပ်မှာပါ။ "
" မလိုဘူး။ အဲ့ဒါကို ငါသဘောမတူနိုင်လူး။ " လင်းယွမ်က သူ၏ ခေါင်းကို ခါပြီး ငြင်းလိုက်သည်။ ထိုလူများက သူ့ကို အသုံးချပြီး ဖန်ချင်းနှင့် ရင်းနှီးချင်နေကြသည်။
" ဒါဆို နှောက်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။ " ဟွေ့ယင်ဒါရိုက်တာက ပြုံး၍ ပြောလိုက်ပြီး ထွက်ခွာသွားသည်။
သူ၏ နေရာကို ပြန်ရောက်မှ သူ၏ အမူအရာက မဲမှောင်သွား၏။
" သူက သူ့ရဲ့ အခြေအနေကို နားမလည်သေးဘူးလား။ မောက်မာနေတုန်းပဲ။ " ဟွေ့ယင်ဒါရိုက်တာက နှာခေါင်းရှုံ့လိုက်သည်။
လင်းယွမ်က အခြေအနေကို အသုံးချပြီး ဖန်ချင်း၏ အဆက်အသွယ်များနှင့် အခြားအင်အားစုများထံမှ အရင်းအမြစ်များကို ရယူနိုင်လေသည်။
" စောင့်နေပါ။ အနာဂတ်မှာ မင်း ဘယ်လိုကံကြမ္မာမျိုးနဲ့ ရင်ဆိုင်ရမလဲဆိုတာ ငါစောင့်ကြည့်နေမယ်။ "
အရှင်ဖန်ချင်းက မင်းကို တစ်သက်လုံးကာကွယ်ပေးနိုင်မှာလား။ အရှင်ဖန်ချင်းရဲ့ ကာကွယ်မှုမရှိတော့ရင် ဟေးယုမျိုးနွယ်ကို မင်းဘယ်လိုရင်ဆိုင်မှာလဲ။
မြေအောက်လေ့ကျင့်ရေးကွင်းတွင် လင်းယွမ်က ထိုင်နေပြီး သူ၏ ရှေ့တွင် ကြက်သွေးရောင် ကျောက်တုံးတစ်တုံး ရှိနေသည်။
ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် သူက ကြက်သွေးရောင်ကျောက်တုံးမှ အသိအမြင်များကို မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲသူများနှင့် ယှဉ်ပြိုင်ခြင်းမှ ရရှိလာသော အကျိုးအမြတ်များနှင့် ပေါင်းစပ်ပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် ပေါင်းစည်းမှုကို လျင်မြန်စွာ တိုးတက်စေခဲ့သည်။
အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်သည်။
" ငါ..." လင်းယွမ်က သူ၏ စိတ်ဝိညာဉ် အနက်ရှိုင်းဆုံးနေရာတွင် ပြည့်စုံမှုတစ်ခု ထွက်ပေါ်နေသည်ကို ခံစားလိုက်ရသည်။
" စိတ်ဝိညာဉ်ပေါင်းစည်းမှု..." လင်းယွမ်က ပြုံးလိုက်သည်။ အကြောင်းမှာ သူ၏ စိတ်ဝိညာဉ်ပေါင်းစည်းမှုက ၁၀၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားသောကြောင့် ဖြစ်သည်။
" စိတ်ဝိညာဉ်ပေါင်းစည်းမှုက ၁၀၀ ရာခိုင်နှုန်းရောက်သွားပြီလား။ " လင်းယွမ်၏ စိတ်ထဲတွင် ပျော်ရွှင်မှုများနှင့် ပြည့်နှက်သွားသည်။
" ငါ့ရဲ့ လက်ရှိခွန်အားက..." လင်းယွမ်က မျက်လုံးများကို မှိတ်ပြီး သူ၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။
စိတ်ဝိညာဉ်ပေါင်းစည်းမှု တစ်ရာရာခိုင်နှုန်း မပြည့်မီကကဲ့သို့ပင် လင်းယွမ်က ပြောင်းလဲမှုမရှိသလောက်ပင် ဖြစ်သည်။ သူ၏ ရုပ်ခန္ဓာ၊ ခွန်အား၊ အရှိန် နှင့် အားလုံးက အတူတူပင် ဖြစ်သည်။
သို့သော် လင်းယွမ်က လုံးဝ ထိန်းချုပ်နိုင်မှုကို ခံစားနေရသည်။ စိတ်ဝိညာဉ်ပေါင်းစည်းမှု မပြည့်စုံမီ လင်းယွမ်က မြို့တစ်မြို့ကို ဖျက်ဆီးနိုင်လျှင် ယခု တူညီသော ခွန်အားဖြင့်ပင် သူက မြို့ဆယ်မြို့ကို ဖျက်ဆီးနိုင်ပြီဖြစ်သည်။
" စိတ်ဝိညာဉ်ပေါင်းစည်းမှု ရာနှုန်းမပြည့်ခင် ဆဋ္ဌမအလွှာကို တက်လှမ်းတာက ထမင်းစားရေသောက်သလို လွယ်ကူတယ်လို့ ပြောကြတာ အံ့ဩစရာမရှိဘူးပဲ။ " လင်းယွမ်က တစ်စုံတစ်ခုကို နားလည်သွားသည်။
ပထမအလွှာမှ ဒုတိယအလွှာသို့ ချိုးဖျက်ရာတွင်ပင် အန္တရာယ်ရှိနိုင်လေသည်။ ပဉ္စမအလွှာမှ ဆဋ္ဌမအလွှာသို့ ချိုးဖျက်ရာတွင် အန္တရာယ်မရှိဟုဆိုသည်မှာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဆဋ္ဌမအလွှာသို့ ချိုးဖျက်ခြင်းက မခက်ခဲဘဲ ဆဋ္ဌမအလွှာ၏ စွမ်းအားကို အပြည့်အဝ ထိန်းချုပ်ရုံသာ ဖြစ်သည်။
" ဒါဆို သိုင်းတာအိုက...." လင်းယွမ်၏ အကြည့်က အနည်းငယ် ပြောင်းလဲသွားသည်။
သိုင်းတာအိုကို သူ၏ အခြေခံဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အဖြစ် အသုံးပြုပြီးနောက် သိုင်းတာအိုက သူနှင့် ပေါင်းစပ်သွားခဲ့သည်။
" ငါက သိုင်းတာအိုပဲ။ " လင်းယွမ်က သူ၏ စိတ်အသိကို VR ကမ္ဘာနှင့် ချိတ်ဆက်လိုက်သည်။
သူက လေ့ကျင့်ရေးဧရိယာသို့ ဝင်ပြီးနောက် ဂြိုလ်ငယ်တစ်ခုပေါ်သို့ ရောက်သွားခဲ့သည်။
လင်းယွမ်က လက်သီးဆုပ်လိုက်ပြီး ထိုဂြိုလ်ကို ထိုးချလိုက်သည်။
ဝုန်း...
ကြောက်စရာကောင်းသော ဖိအားတစ်ခုက ထွက်ပေါ်လာသည်။
ဂြိုလ်၏ မျက်နှာပြင်တစ်ခုလုံးက တုန်ခါသွားသကဲ့သို့ တစ်ဝက်ကျော်က ပျက်ဆီးသွားပြီး ကျောက်တုံးကျောက်ခဲများက အဘက်ဘက်သို့ လွင့်စင်သွားသည်။
" ငါက အခု ဆဋ္ဌမအလွှာနဲ့ လုံးဝ နီးကပ်သွားတာလား။ ဒါမှမဟုတ် အားနည်းတဲ့ ဆဋ္ဌမအလွှာလို့ ပြောလို့ရနိုင်လား။ " လင်းယွမ်၏ မျက်လုံးများက တောက်ပနေသည်။
ထိုဂြိုလ်ငယ်လေးက သာမန်အသက်ဂြိုလ်တစ်ခုနှင့် ကွာခြားမှု သိပ်မရှိဘဲ လင်းယွမ်၏ လက်သီးတစ်ချက်က ထိုကဲ့သို့ သက်ရောက်မှုရှိလျှင် ဆဋ္ဌမအလွှာ ကြယ်ဖျက်ဆီးသူများနှင့် ကွာခြားချက်မရှိသလောက်ပင် ဖြစ်သည်။