← Chapters

အနိုင်ယူခြင်း....

Vol. 11 Ch. 179

အနိုင်ယူခြင်း....

Vol. 11 Ch. 179

ဝမ်ယန်တော်ဝင်သားတော်က ကြယ်များအဖြစ် ပြောင်းလဲသွားပြီး သူ၏ နယ်ပယ်အတွင်း အဆုံးမဲ့သော အပူကို ထုတ်လွှတ်နေသည်။ သူက လင်းယွမ်၏ တည်နေရာကို မဆုံးဖြတ်နိုင်သောကြောင့် ထိုနေရာတစ်ခုလုံးကို ဖျက်ဆီးရန် ဆုံးဖြတ်ခဲ့သည်။

ထိုအချိန်တွင် ဝမ်ယန်တော်ဝင်သားတော်နှင့် တစ်ကီလိုမီတာ အဝေးတွင် လင်းယွမ် ပေါ်လာသည်။ လင်းယွမ်က နောက်ဆုတ်ရန် ရည်ရွယ်ချက်မရှိဘဲ ဝမ်ယန်တော်ဝင်သားတော်ရှိရာသို့ ညာလက်ဝါးဖြင့် ရိုက်လိုက်သည်။

ဝုန်း....

ကြောက်စရာကောင်းသော စွမ်းအားက ထွက်ပေါ်လာသည်။ ထိုစွမ်းအားက ဝမ်ယန်တော်ဝင်သားတော်၏ ဝမ်ယန်နယ်ပယ် ဝမ်ယန်ယန်ထျန်းနှင့် ထိပ်တိုက်ရင်ဆိုင်မိသွားသည်။

သို့သော် ဝမ်ယန်တော်ဝင်သားတော် မယုံကြည်နိုင်ဖြစ်သွားသည်မှာ လင်းယွမ်၏ ရိုက်ချက်က ဝမ်ယန်နယ်ပယ်ကို ချက်ချင်း ထိုးဖောက်သွားခဲ့သည်။

" မကောင်းတော့ဘူး။ " ဝမ်ယန်တော်ဝင်သားတော်၏ အမူအရာက ပြောင်းလဲသွားပြီး သူက ချက်ချင်း နောက်ဆုတ်လိုက်သည်။

သို့သော် လင်းယွမ်က ရှေ့တစ်လှမ်းတိုးလိုက်သည်နှင့် ဝမ်ယန်တော်ဝင်သားတော်၏ မီတာတစ်ရာအဝေးတွင် ပေါ်လာပြီး နောက်ထပ် ရိုက်ချက်တစ်ချက် ထွက်ပေါ်လာသည်။

ဝုန်း.....

လင်းယွမ်၏ တိုက်ခိုက်မှုကြောင့် လေထုက ပေါက်ကွဲသွားသည်။ ၎င်းက ရိုးရှင်းသော ရိုက်ချက် တစ်ခု ဖြစ်သော်လည်း ၎င်းက နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ဝမ်ယန်တော်ဝင်သားတော်ကို ပုန်းကွယ်ရန် နေရာမရှိအောင် ပြုလုပ်သွားသည်။

ဝမ်ယန်တော်ဝင်သားတော်က အံကျိတ်လိုက်ပြီး လင်းယွမ်၏ ရိုက်ချက်ကို ရင်ဆိုင်လိုက်သည်။ ချက်ချင်း ဝမ်ယန်တော်ဝင်သားတော်၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားသည်။

ဝှစ်.....

မရေတွက်နိုင်သော မီးတောက်များ စုစည်းသွားပြီး မိုင်အနည်းငယ်အဝေးတွင် ဝမ်ယန်တော်ဝင်သားတော်၏ ခန္ဓာကိုယ်က ပြန်လည်ထွက်ပေါ်လာသည်။

" ငါ့ရဲ့ ဝမ်ယန်အင်မော်တယ်ခန္ဓာ...."

ဝမ်ယန်တော်ဝင်သားတော်၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေသည်။ ယန်ကိုးပါးနတ်သွေးကြောနှင့် ကြယ်တစ်လုံးအတွင်းမှ အဆုံးမဲ့စွမ်းအားများကို ပေါင်းစပ်ပြီး ဝမ်ယန်တော်ဝင်သားတော်က ဝမ်ယန်အင်မော်တယ်ခန္ဓာကို ကျင့်ကြံနိုင်ခဲ့သည်။ ဝမ်ယန်အင်မော်တယ်ခန္ဓာက မိုးကြိုးနတ်ဘုရား၏ မိုးကြိုးခန္ဓာကိုယ်ထက် ပို၍ နက်နဲပြီး အစွမ်းထက်လေသည်။

ဝမ်ယန်အင်မော်တယ်ခန္ဓာမရှိလျှင် ဝမ်ယန်တော်ဝင်သားတော်က လင်းယွမ်၏ ရိုက်ချက်အောက်တွင် သေဆုံးရပေလိမ့်မည်။

" ငါအရှုံးပေးတယ်။ " ဝမ်ယန်တော်ဝင်သားတော်က တုန့်ဆိုင်းခြင်းမရှိဘဲ အရှုံးပေးလိုက်သည်။

ဝမ်ယန်အင်မော်တယ်ခန္ဓာက နောက်ထပ် အကြိမ်အနည်းငယ် အသုံးပြုနိုင်သော်လည်း လင်းယွမ်၏ ကြောက်စရာကောင်းသော စွမ်းအားအောက်တွင် သူက အချိန်များ ဆက်လက်မဖြုန်းချင်ပေ။

" မင်းက ဆဋ္ဌမအလွှာကို အချိန်မရွေး တက်နိုင်ပြီထင်တယ်။ ငါတို့ ဆဋ္ဌမအလွှာရောက်မှ ထပ်တွေ့ကြတာပေါ့။ " ဝမ်ယန်တော်ဝင်သားတော်က လင်းယွမ်ကို စိုက်ကြည့်ပြီး ပျောက်ကွယ်သွားသည်။

" ငါက ဒီလိုပဲ နိုင်သွားတာလား။ " လင်းယွမ်က အလွယ်တကူ အနိုင်ရသည်ဟု ခံစားလိုက်ရသည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် စိတ်ဝိညာဉ်ပေါင်းစည်းမှု တစ်ရာ ရာခိုင်နှုန်းပြည့်စုံသွားချိန်တွင် သူ၏ ခွန်အားကလည်း များစွာ တိုးတက်လာခဲ့သည်။

" ဘာဖြစ်တာလဲ။ " လင်းယွမ်က သူ၏ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။

ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်နေသည်။ ပြိုင်ပွဲကွင်းပြင်ရှိ ချီခွန်ကြယ်နယ်မြေနှင့် ဝမ်ယန်ကြယ်နယ်မြေမှ မရေတွက်နိုင်သော ပရိတ်သတ်များက အားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။

အသက်ရှုချိန်အနည်းငယ်အတွင်း ပရိတ်သတ်များစွာ၏ အားပေးသံများက ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။ ထိုအားပေးသံများထဲတွင် ချီခွန်ကြယ်နယ်မြေမှ ပရိတ်သတ်များက ပို၍ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

" ဘာဖြစ်တာလဲ။ "

" ဝမ်ယန်တော်ဝင်သားတော်က ရှစ်စန်းတောင်ထိပ်သခင် ရိုက်တာ ခံလိုက်ရတာလား။ "

" ဘာဖြစ်သွားတာလဲ။ သူက ဘာလို့ ချက်ချင်း အရှုံးပေးသွားတာလဲ။ "

" မင်းဘကြီး ရှစ်စန်းတောင်ထိပ်သခင်ရဲ့ ရိုက်ချက်နှစ်ချက်က ဝမ်ယန်တော်ဝင်သားတော်ရဲ့ ခန္ဓာကိုယ်ကို ပေါက်ကွဲသွားစေတာ မင်းမမြင်ဘူးလား။ ဝမ်ယန်တော်ဝင်သားတော်က ဘယ်လိုပြန်ကောင်းလာလဲ ငါမသိပေမယ့် သူက ရှစ်စန်းတောင်ထိပ်သခင်ကို မယှဉ်နိုင်တာ ရှင်းနေတာပဲ။ "

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ရှစ်စန်းတောင်ထိပ်သခင်က အရင် ဝမ်ယန်တော်ဝင်သားတော် အနိုင်ယူတာ ခံလိုက်ရတာမဟုတ်လား။ ရက်နည်းနည်းနဲ့ သူတို့ရဲ့ ခွန်အားတွေက ပြောင်းပြန်ဖြစ်သွားတယ်။ "

" အရမ်းကြောက်စရာကောင်းတယ်။ ရှစ်စန်းတောင်ထိပ်သခင်က ဝမ်ယန်တော်ဝင်သားတော်ရဲ့ ခန္ဓာကိုယ်ကို နှစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်ခဲ့တယ်။ ဒီလိုတိုက်ခိုက်ရေးစွမ်းအားနဲ့ သူက ဆဋ္ဌမအလွှာကို ရောက်သွားပြီထင်တယ်။ "

" ဝမ်ယန်ကြယ်နယ်မြေက လူတွေ ဘယ်ရောက်သွားတာလဲ။ စကားလေးဘာလေးပြောကြပါဦး။ "

မရေတွက်နိုင်သော ဆွေးနွေးသံများ ထွက်ပေါ်လာသည်။ ဝမ်ယန်တော်ဝင်သားတော်က ပါရမီရှင်များထဲမှ တစ်ယောက်ဖြစ်သောကြောင့် သူ၏ ရှုံးနိမ့်မှုက ထူးခြားခြင်းမရှိပေ။ သိုလသော် ဝမ်ယန်တော်ဝင်သားတော်ကို အနိုင်ယူခဲ့သူမှာ မကြာသေးမီက သူ့ကို ရှုံးနိမ့်ခဲ့သော ရှစ်စန်းတောင်ထိပ်သခင်ပင် ဖြစ်သည်။

ရှစ်စန်းတောင်ထိပ်သခင်က ဝမ်ယန်တော်ဝင်သားတော်ကို အလွယ်တကူ အနိုင်ယူခဲ့ပြီး ပရိတ်သတ်များ၏ စိတ်ကို လှုပ်ရှားသွားစေခဲ့သည်။

" ဝိုး ရှစ်စန်းတောင်ထိပ်သခင်က အရမ်းအစွမ်းထက်တာပဲ။ " လင်းယိကလည်း စိတ်လှုပ်ရှားစွာ ထရပ်လိုက်သည်။

" ကြောက်စရာကောင်းတယ်။ ဝမ်းယန်တော်ဝင်သားတော်က ရှုံးနိမ့်သွားတယ်။ " အနီးမှ လင်းယိ၏ သူငယ်ချင်းများကလည်း အံ့အားသင့်နေကြသည်။

" ဟုတ်တယ်။ " လင်းယိက သူမ၏ အကိုကို ရုတ်တရက် သတိရသွား၏။

" ငါ့အကိုက ရှစ်စန်းတောင်ထိပ်သခင်ဆီက သင်ယူနိုင်ရင် အရမ်းကောင်းမှာပဲ။ " လင်းယွမ်က ရှစ်စန်းတောင်ထိပ်သခင်၏ ပြိုင်ပွဲများကို စိတ်ဝင်စားခြင်းမရှိဘဲ သူမ၏ ဖိတ်ခေါ်မှုကို ငြင်းပယ်ခဲ့သည်။

" ငါတို့ ညီငယ်လေး...." သီးသန့်အခန်းတစ်ခုတွင် တောင်ထိပ်သခင် ဆယ့်နှစ်ယောက်တို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။

အစတွင် သူတို့၏ ညီငယ်လေးက ဝမ်ယန်တော်ဝင်သားတော်အား စိန်ခေါ်ခြင်းကို ကြည့်ပြီး အံ့ဩခဲ့ကြသော်လည်း ယခု အားလုံး နားလည်သွားကြသည်။

" တကယ်ထူးခြားတာပဲ။ " တောင်ထိပ်သခင်တိုင်းက သူတို့၏ စိတ်ထဲတွင် တူညီသော အတွေးများ ရှိနေကြသည်။

သူတို့က သူတို့ညီငယ်လေး၏ အထောက်အထားများကို သိကြသောကြောင့် အသက်တစ်ရာမပြည့်သေးသည်ကို နားလည်ကြလေသည်။ ယခု သူတို့ညီငယ်လေးက စိတ်ဝိညာဉ်ပေါင်းစည်းခြင်းကို ပြည့်စုံခြင်းသို့ ရောက်သွားပြီဖြစ်သည်။ ထို့ကြောင့် သူက အချိန်မရွေး ဆဋ္ဌမအလွှာသို့ တက်ရောက်နိုင်ပြီဖြစ်သည်။

ထိုကျင့်ကြံခြင်းအမြန်နှုန်းက ဆဋ္ဌမအလွှာတွင် ရှိနေဆဲ ဖြစ်သော စီနီယာအကိုကိုးယောက်ကို ရှက်ရွံ့စေလေသည်။

" အစတုန်းက ငါ ဆယ်စုနှစ်အချို့ စောင့်ရမယ်ထင်နေတာ အခုတော့ အချိန်သိပ်မလိုတော့ဘူးထင်တယ်။ " သူတို့ထဲတွင် စီနီယာအကိုကြီး၏ အမူအရာက အထူးဆန်းဆုံးဖြစ်သည်။

သူက သူ၏ ညီငယ်လေးကို ကာကွယ်ရန် သူ၏ ကိုယ်ပွားကို ကန်လန်ကြယ်တွင် နေထိုင်ရန် စေလွှတ်ခဲ့သည်။ သူက ထိုကိုယ်ပွားကို သူ၏ ညီငယ်လေး ဆဋ္ဌမအလွှာ ရောက်သည်အထိ စောင့်ရှောက်ရန် စီစဉ်ထားခဲ့သည်။ ထို့ကြောင့် သူက အနည်းဆုံး ဆယ်စုနှစ်အချို့ ကြာမည်ဟု ထင်ခဲ့သည်။ သို့သော် ယခု တစ်လပင် လိုတော့မည်မဟုတ်ပေ။

" ဒါက ငါတို့ လူသားမဟာမိတ်ရဲ့ ထိပ်တန်းပါရမီရှင်ပဲ။ " အခြားနေရာတွင် ကျုံးပိုင်၊ လုရှီကွမ်နှင့် ဆောင်ရုံတို့က တုန်လှုပ်စွာဖြင့် ရှိနေကြသည်။

သူတို့မြင်ဖူးသမျှတွင် လင်းယွမ်က အထူးချွန်ဆုံး ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်၏။ ပြိုင်ပွဲတွင် လင်းယွမ်က သူတို့နှင့် တစ်ဖွဲ့တည်းဖြစ်ခဲ့သည်။ နောက်ဆုံးတွင် လင်းယွမ်က ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည်။ သို့သော် လင်းယွမ်၏ စွမ်းရည်က ရှစ်စန်းတောင်ထိပ်သခင်နှင့် ယှဉ်လျှင် လုံးဝ ခြားနားလေသည်။

" အနာဂတ်မှာ ချီခွန်ကြယ်နယ်မြေကို လွှမ်းမိုးနိုင်သူတွေထဲက တစ်ယောက်ပဲ။ " ဟေးယုအိုကလည်း ပြိုင်ပွဲကို ကြည့်နေပြီး ရှစ်စန်းတောင်ထိပ်သခင်၏ စွမ်းဆောင်ရည်များကို မှတ်သားထားသည်။ တစ်နေ့တွင် သူက မျိုးနွယ်ခေါင်းဆောင်နေရာကို ရယူပြီးသောအခါ ရှစ်စန်းတောင်ထိပ်သခင်နှင့် တွေ့ခွင့်ရပေလိမ့်မည်။

" ချီခွန် မင်း လူယုတ်မာ တကယ် ရတနာတစ်ခုကို ရှာတွေ့ထားတာပဲ။ "

အနီရောင်နန်းတော်ထဲတွင် အဖြူရောင်ဝတ်ရုံနှင့်လူက ပြိုင်ပွဲကို ကြည့်ရှုနေခဲ့ပြီး လင်းယွမ်က ဝမ်ယန်တော်ဝင်သားတော်ကို နှစ်ချက်တည်းနှင့် အနိုင်ယူလိုက်သည်ကို မြင်သောအခါ အနည်းငယ် အံ့ဩသွားခဲ့သည်။

" သူက စိတ်ဝိညာဉ်ပေါင်းစည်းတာကို မြန်မြန်အောင်မြင်သွားတာပဲ။ သူရဲ့ ခွန်အားက ဒီလောက်ထိတောင် တိုးလာတယ်။ မင်း သူ့ကို ဘယ်လိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့ကျင့်ပေးထားတာလဲ။ "

အဖြူရောင်ဝတ်ရုံနှင့်လူက အတွေ့အကြုံရှိပြီး ဗဟုသုတကြွယ်ဝလေသည်။ စိတ်ဝိညာဉ်ပေါင်းစည်းမှုပြည့်စုံပြီးနောက် ထိုကဲ့သို့ ခွန်အားများစွာ တိုးတက်လာခြင်းမှာ လင်းယွမ်က သူနှင့် အလွန်လိုက်ဖက်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အား လေ့ကျင့်ထားသည်မှာ ထင်ရှားလေသည်။

" အချိန်ကျရင် မင်းသိလိမ့်မယ်။ " ချီခွန်ကြယ်သခင်က တည်ငြိမ်စွာ ပြောလိုက်သော်လည်း စိတ်ထဲတွင် အလွန် သိချင်နေခဲ့သည်။ လင်းယွမ်က ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့ကျင့်လျှင် ယခုလောက်ထိ မမြန်နိုင်ပေ။ သူက အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့ကျင့်တာ ဖြစ်နိုင်လေသည်။

" ချီခွန် ရိုးရိုးသားသား ပြောစမ်း။ မင်းခေါ်လာတဲ့ တပည့်က အသက်ဘယ်လောက်ရှိပြီလဲ။ အသက်တစ်ရာကျော်နေပြီလား။ "

ချီခွန်ကြယ်သခင်က ရှစ်စန်းတောင်ထိပ်သခင် အကြောင်းကို ပြောပြမည်မဟုတ်သောကြောင့် အဖြူရောင်ဝတ်ရုံနှင့် လူက သူ၏ အသက်ကို မေးလိုက်သည်။

ယေဘုယျအားဖြင့် လူတစ်ယောက်၏ ဆင့်ကဲပြောင်းလဲခြင်းစွမ်းရည်ကို သူတို့၏ အသက်အရွယ်အလိုက် တိုင်းတာနိုင်လေသည်။ ရှစ်စန်းတောင်ထိပ်သခင်၏ အသက်က လေးငါးရာဖြစ်နေလျှင် သူ၏ ပါရမီက သာမန်ဟုသာ ပြောနိုင်လေသည်။ အသက်တစ်ရာမကျော်လျှင်တော့.....

ချီခွန်ကြယ်သခင်က ယခုတစ်ကြိမ် ထူးခြားသော ပါရမီရှင်ကို ရှာတွေ့ခဲ့သည်ဟု ပြောရပေလိမ့်မည်။

" အသက်တစ်ရာမပြည့်သေးဘူး။ " ချီခွန်ကြယ်သခင်က တုန့်ဆိုင်းစွာဖြင့် ပြန်ဖြေလိုက်သည်။

လင်းယွမ်၏ အချက်အလက်များ မှန်ကန်လျှင် သူက အသက်သုံးဆယ်ပင်ပြည့်ဦးမည်မဟုတ်ပေ။

All Chapters