← Chapters

စာပေကျင့်ကြံသူလက်နက်

Vol. 8 Ch. 107

စာပေကျင့်ကြံသူလက်နက်

Vol. 8 Ch. 107

နောက်ဆုံးတွင် လုယန်ရှေ့တက်လာပြီး အခြေအနေကို အကျဉ်းချုပ်ရှင်းပြသည်။

အမြန်ရှင်းမပြလျှင် ထိုပြဿနာကောင်နှစ်ယောက်ကို တိုင်ပုဖန်က ဂိုဏ်းထဲမျှာ မောင်းထုတ်တော့မည်။ မောင်းထုတ်ချင်နေသည်မှာလည်း ကြာပြီဖြစ်သည်။

ရိုးသားသည် အရိုးရိုင်းပင် ထိုနှစ်ယောက်နှင့်တွဲပြီး ပုံစံပြောင်းသွားသည်။ ရှေ့တည့်တည့်တက်လာပြီး နတ်ဆိုးဂိုဏ်းသားပါဟု‌ပြောသည်။

“ဒါဆိုမင်းတို့က ထာဝရဂိုဏ်းကိုဝင်ပြီး ဂိုဏ်းသခင်တောင်ဖြစ်လာတယ်ပေါ့”

တိုင်ပုဖန် အမြင်ပြောင်းသွားသည်။ ဂိုဏ်းသခင်ဆိုသည်မှာ နတ်ဆိုးဂိုဏ်း၏ အလတ်တန်းရာထူးမျိုးဖြစ်သည်။ လျှို့ဝှက်ချက်အတော်များများ သိခွင့်ရှိသည်။ ထာဝရအရှင်အား အသက်သွင်းသည့်နည်းလမ်းကိုပင် ရှင်းလင်းစွာသိထားသည်။

နတ်ဆိုးဂိုဏ်းလေးဂိုဏ်းတွင် သတင်းလုံခြုံရေး အတော်အဆင့်မြင့်သည်။ ထာဝရအရှင်အသက်သွင်းသည့်နည်းကို တိုင်ပုဖန်အရင်ကတည်းက သိချင်ခဲ့သည်။

လုယန် သူ့ဘာသာတွေးနေသည်။ သူက သိရုံမဟုတ်။ ယခု ထာဝရနတ်မယ် သူသိစိနယ်မြေတွင် အိပ်နေသည်။

ယခုမှ သူတွေးမိသည်။ ထာဝရနတ်မယ် သူကိုယ်ထဲရောက်နေသည်ဆိုလျှင် သူသည် ဂိုဏ်းသခင်အဆင့်လောက် မဖြစ်သင့်တော့။ ဂိုဏ်းချုပ်ဖြစ်သင့်သည်။

“တော်တယ်ကွာ။ မင်းတို့ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ”

တိုင်ပုဖန် သူ့ပေါင်သူ ဖျန်းခနဲရိုက်လိုက်သည်။ နတ်ဆိုးဂိုဏ်းများ ဘယ်လောက်လျှို့ဝှက်သည်ကို ပြန်တွေးနေသည်။ တော်ဝင်ဂိုဏ်းများကို အမြဲသတိထားကြသည်။ တိုင်ပုဖန် သတင်းယူဖို့ သူလျိုထည့်ဖို့ ကြိုးစားခဲ့သော်လည်း လုံးဝမအောင်မြင်ခဲ့။

ယခု လုယန်တို့က အံ့ဩစရာသတင်းကို ယူလာသည်။

“ထန်ယွမ်ရှန်းက မင်းတို့ကို ထာဝရဂိုဏ်းသူလျှိုအနေနဲ့ ငါတို့ဂိုဏ်းကိုဝင်စေချင်တယ်ပေါ့။ ဒါဆိုလည်း သူ့အစီစဉ်အတိုင်းပဲ သွားလိုက်ပါ။ လဝက်အတွင်း တာအိုလမ်းစဉ်ဂိုဏ်းက ဧည့်ခံဝန်ဆောင်မှုအတွက် ဝန်ထမ်းသစ်တွေ ခေါ်လိမ့်မယ်။ မင်းတို့သုံးယောက်နာမည်ကို ရွေးတဲ့စာရင်းမှာ ထည့်ပေးမယ်”

တိုင်ပုဖန် ချက်ချင်းဆုံးဖြတ်ချက်ချက်သည်။

“ယန်ကျန်းဂိုဏ်းခွဲကတော့....အဲဒီ့ဂိုဏ်းဝင်တွေရဲ့နာမည်စာရင်း မင်းတို့မှာရှိလား”

“ရှိပါတယ်”

ကြိုပြင်ဆင်လာသည့်စာရင်းကို လုယန်လှမ်းပေးသည်။

တိုင်ပုဖန် လုယန်ကို အဓိပ္ပါယ်ပါပါ စိုက်ကြည့်နေသည်။ ထိုကောင်လေးသည် အတ်ောဂြိုလ်မွှေသော်လည်း လုပ်ရမည့်ကိစ္စကိုသိသည်။ ပါးပါးနပ်နပ် ကြိုပြင်ဆင်လာသည်။

“နောက်တစ်ကြိမ် ထန်ယွမ်ရှန်းကိုဆက်သွယ်တဲ့အခါ မင်းတို့ကောင်းကောင်းသရုပ်ဆောင်ကြပါ။ ထာဝရဂိုဏ်းရဲ့သတင်း များများရအောင်ယူကြ။ ထာဝဂိုဏ်းသူလျှိုတွေအနေနဲ့ မင်းတို့သရုပ်ဆောင်နေတာကကို မစ်ရှစ်တစ်ခုပဲ။ တစ်ခုလူတွေလို မင်းတို့ တစ်နှစ်ကို မစ်ရှင်သုံးခုလုပ်စရာမလိုဘူး။

အခြေတည်အဆင့်အတွက် အမြင့်ဆုံးဆုကြေးက ကျိုးဆောင်မှတ်တစ်ထောင်ပဲ။ ကျားနတ်ဆိုးနှစ်ကောင်နဲ့ နတ်ဆိုးဂိုဏ်းဝင်သုံးယောက်၊ ရွှေသန္ဓေနောက်ဆုံးအဆင့်တစ်ယောက်ကို ရှင်းလင်းပြီး အသက်စုပ်ယူမှော်စက်ဝန်းကို မင်းတို့ ဖျက်ဆီးနိုင်ခဲ့တယ်။

အခြေတည်အဆင့် ကျားနတ်ဆိုးနှစ်ကောင် နတ်ဆိုးဂိုဏ်းဝင်သုံးယောက်အတွက် ကျိုးဆောင်မှတ် ခုနစ်ရာ့ငါးဆယ် သတ်မှတ်တယ်။

သခင်ချူးကိုသတ်ပြီး အသက်စုပ်ယူမှော်စက်ဝန်းဖျက်ဆီးလိုက်တာကို ကျိုးဆောင်မှတ်တစ်ထောင်သတ်မှတ်တယ်။

နတ်ဆိုးဂိုဏ်းထဲဝင်ပြီး ဂိုဏ်းသခင်ဖြစ်လာတဲ့အတွက် ကျိုးဆောင်မှတ်တစ်ထောင်။

မုန်ကျင်းကျိုးနဲ့ အရိုးရိုင်း၊ မင်းတို့က တစ်ယောက်ကို ကျိုးဆောင်မှတ် နှစ်ထောင့်ခုနစ်ရာ့ငါးဆယ်ရမယ်။

လုယန်၊ မင်းက ဒီမစ်ရှင်မှာ ထူးထူးခြားခြားစွမ်းဆောင်ခဲ့တဲ့အတွက် ကျိုးဆောင်မှတ် ၂၇၅၀ အပြင် အပိုဆုကြေး ကျိုးဆောင်မှတ် ၂၅၀ ငါထပ်ပေးမယ်။ စုစုပေါင်း ကျိုးဆောင်မှတ် သုံးထောင်ပေါ့”

သုံးယောက်လုံး ပျော်ရွှင်သွားကြသည်။ များပြားသည့် ကျိုးဆောင်မှတ်ပမာဏကြောင့် မင်သက်မိနေသည်။ ထိုမျှအမှတ်များလျှင် ဂိုဏ်းပစ္စည်းဖလှည့်သည့်စာရင်းထဲမှ ပစ္စည်းအတော်များများဝယ်နိုင်သည်။ ခဏတော့ ကောင်းကောင်းသုံးဖြုန်းနိုင်သည်။

လျှို့ဝှက်ကြိုတင်ကာကွယ်ရေးအစီအစဉ်တစ်ချို့ ဆွေးနွေးပြီးနောက် တိုင်ပုဖန် သူတို့ကို သွားခွင့်ပေးလိုက်သည်။

ပြန်ထွက်လာချိန်တွင် မစ်ရှင်ခန်းမ၌ အသိအကျွမ်းတစ်ယောက်ဖြစ်သည့် အကိုလီတန်နှင့် လုယန် ဆုံကြသည်။ အကိုလီတန်ကသူ့ကို လက်နက်တစ်ခု အကြံပြုဖူးသည်။ မျက်နှာကြမ်းကြီး အကိုလီတန်က သေးသေးကွေကွေး အမတစ်ယောက်‌‌ဘေးတွင် ရပ်နေသည်။

“အကိုလီတန်”

လုယန်နှင့်အရိုးရိုင်းတို့ ပြိုင်တူခေါ်မိသွားသည်။ ထို့နောက် တစ်ယောက်နှင့်တစ်ယောက် တအံ့တဩကြည့်သည်။ နှစ်ယောက်လုံး လီတန်ကိုသိနေကြသည်။

အရိုးရိုင်းက ပြောပြသည်။

“ကျိုးဆောင်မှတ်တစ်ရာနဲ့ ငါ့ဆီက အသားကင်နည်းဝယ်သွားတာ အကိုလီတန်လေ”

လုယန်နှင့်မုန်ကျင်းကျိုးတို့ မှတ်မိသွားသည်။ အကိုတစ်ယောက် အသားကင်နည်းဝယ်ပြီး အမတစ်ယောက်၏နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သည်ဟု အရိုးရိုင်းပြောဖူးသည်။

“ဪ မင်းတို့ပါလား”

လီတန်က ပြုံး၍ ပြန်နှုတ်ဆက်သည်။ သူ့အပြုံးကြောင့် မျက်နှာက ပို၍ကြောက်စရာကောင်းလာသည်။

သူတို့စကားပြောနေစဉ် တိုင်ပုဖန်က လီတန်ကို သိစိတ်အာရုံမှလှမ်းခေါ်သည်။

“ညီလေးလီတန်၊ ညီမတိန်ရှန်း၊ ခဏလာကြဦးကွာ။ မင်းတို့နဲ့သင့်တော်မယ့် တာဝန်တစ်ခုရှိတယ်”

“ငါတို့ကို အကိုတိုင်ခေါ်နေပြီ။ သွားလိုက်ဦးမယ်”

လီတန်နှင့်တိန်ရှန်းတို့ အမြန်ထွက်သွားကြသည်။

တိုင်ပုဖန်က သူတို့ကို စာရင်းတစ်ခု ထုတ်ပေးသည်။

“ဒါ နတ်ဆိုးဂိုဏ်းခွဲ့ရဲ့ ဂိုဏ်းဝင်တွေပဲ။ သီးခြားသတင်းလမ်းကြောင်းကနေ ရထားတာ။ နာမည်တွေပဲ ပါတယ်။ လိပ်စာအတိအကျမပါဘူး။ မင်းတို့နှစ်ယောက် ယန်ကျန်းကိုသွားပြီး ဒီစာရင်းထဲကလူအားလုံးကို ရှာပါ။ အားလုံးရှင်းပစ်ပါ။ တစ်ယောက်မှ မကျန်စေနဲ့”

“ဟုတ်ကဲ့”

နှစ်ယောက်လုံး ပျော်သွားကြသည်။ လောလောဆယ် ဘယ်မစ်ရှင်ယူရမှန်းမသိဖြစ်နေချိန် အကိုတိုင်က မစ်ရှင်တစ်ခုချပေးလိုက်သောကြောင့်ဖြစ်သည်။

“အသင့်ပြင်ပြီး သွားကြတော့”

“ဟုတ်”

“နေဦး။ တစ်ခုရှိသေးတယ်။ ယန်ကျန်းကို ရုပ်ဖျက်ပြီးသွားတဲ့အခါ အသားကင်ဆိုင်တော့ မဖွင့်ကြနဲ့ကွာ”

“အဲ..ဟုတ်..ဟုတ်ကဲ့”

...............

“မင်းဘာဝယ်မလဲ”

လုယန် အရိုးရိုင်းကို မေးလိုက်သည်။

“စာပေကျင့်ကြံသူနဲ့ သင့်တော်မယ့် လက်နက်တစ်ခုဝယ်မယ်။ အကိုမုန်ကို လက်နက်အဖြစ် အမြဲသုံးနေလို့မရဘူးလေ”

မုန်ကျင်းကျိုး နည်းနည်းအောင့်သက်သက်ဖြစ်သွားသည်။

“ဒီယပ်တောင်ဆိုရင်ရော။ ယပ်တောင်မှာ ကဗျာတွေရေးထားတယ်။ တစ်ချက်ခတ်လိုက်တာနဲ့ လေဓားရိပ်တစ်ခု ထွက်လာမယ်။ ယပ်တောင်ကို ခေါ်ထားတဲ့အချိန် အထဲမှာ ဝိညာဉ်ဖျက်အပ်တွေလည်း ထည့်ထားလို့ရတယ်။ လေဓားရိပ်တွေနဲ့အတူ လျှို့ဝှက်တိုက်ခိုက်လိုက်ရတယ်”

စိတ်ဝင်စားစရာလက်နက်တစ်ခုကို လုယန်တွေ့သည်။

“နုလွန်းမယ်ထင်တယ်။ နည်းနည်းစွမ်းအားပိုကြီးတာမျိုးမရှိဘူးလား”

“ဒီသဲနက်သံတူဆိုရင်ရော ဘယ်လိုလဲ။ သဲနက်သံနဲ့ လုပ်ထားတာ။ အလေးချိန် ပေါင်နှစ်ထောင်ရှိတယ်။ အလေးချိန်မြှင့်တဲ့ မှော်စက်ဝန်းတစ်ခုပါတယ်။ အောက်ကိုထုချလိုက်တဲ့အချိန် အလေးချိန်တိုးလာမယ်။ မြှောက်လိုက်တဲ့အချိန် ပုံမှန်အလေးချိန်ပဲရှိမယ်။ တောင်ကုန်းတွေကို ဖြိုချနိုင်လောက်အောင် စွမ်းအားပြင်းတယ်။ အခြေတည်အဆင့်တွေ ဒီလက်နက်ကို တိုက်ရိုက်ရင်မဆိုင်ရဲဘူး။ ကျိုးဆောင်မှတ် ၇၈၀ တဲ့”

အရိုးရိုင်း စိတ်ဝင်စားသွားသည်။ သူတိုက်ခိုက်ပုံနှင့် သင့်‌တော်သည်။ သို့သော် သူငြင်းလိုက်သည်။

“ငါရှာနေတာမျိုးမဟုတ်သေးဘူး။ စာပေကျင့်ကြံသူတွေသုံးတဲ့ လက်နက်မျိုးလိုချင်တာ”

လုယန်က မျက်နှာမပျက်။ ပစ္စည်းစာရင်းကို အောက်သို့ဆွဲ၍ကြည့်သည်။ စိတ်ဝင်စားစရာတစ်ခု တွေ့လာသည်။

“အိပ်ပျော်မှော်အဆောင်တဲ့။ “သူတော်စင်အဆိုအမိန့်”တွေ အပြည့်အဝ ရွတ်ဆိုပေးတယ်။ ကောင်းကောင်းအိပ်ပျော်အောင် စွမ်းဆောင်နိုင်တယ်။ ကျိုးဆောင်မှတ်တစ်မှတ်”

“ဒီမှော်အဆောင်ကို သဲနက်တူမှာ ကပ်လိုက်။ တိုက်ခိုက်တဲ့အချိန် သူတော်စင်အဆိုအမိန့်တွေ ရွတ်ဆိုပေးလိမ့်မယ်။ အဲလိုဆို ကွန်ဖြူးရှပ်ကျင့်ကြံသူတွေရဲ့ လက်နက်ဖြစ်လာပြီပေါ့”

အရိုးရိုင်းမျက်လုံးများ အရောင်လက်လာသည်။ လုယန်၏စိတ်ကူးက တကယ်ကောင်းသည်။ ထိုအကြံမျိုး သူလုံးဝမတွေးမိခဲ့။

“ဝယ်မယ်ကွာ”

ကျိုးဆောင်မှတ် ၇၈၁ မှတ်သုံး၍ သူသဘောကျသည့်လက်နက်ကို အရိုးရိုင်းဝယ်လိုက်သည်။

သံတူကြီးကိုင်ထားမည်။ လက်ကိုင်ရိုးမှ သူတော်စင်အဆိုအမိန့်များ ရွတ်ဆိုပေးမည်။ သို့ဆိုလျှင် သူသည် ကွန်ဖြူးရှပ်ကျင့်ကြံသူမှန်း သိသာနေမည်။

မုန်ကျင်းကျိုးက ဘာလက်နက်မှဝယ်ဖို့မလို။ မြင်းအိုကို ဆုချရန် အရည်အသွေးမြင့်မြင်းစာများ လှည်းသုံးလေးစီးစာဝယ်သည်။

လုယန်က တိုက်ပွဲသုံးပစ္စည်းတစ်ချို့ဝယ်သည်။

အသားသစ်ပြန်ဖြည့်ဆေးလုံး။ တိုက်ခိုက်နေချိန် ပဲ့ထွက်သွားသည့်အသားများကို ချက်ချင်းပြန်ပြည့်လာစေသည်။

‌ရွှေမှော်အလင်း။ တိုက်ခိုက်နေချိန် ရွှေရောင်အလင်းတစ်ခု ခန္ဓာကိုယ်ကိုလွှမ်းခြုံ၍ ကာကွယ်ပေးသည်။ တိုက်ခိုက်မှုကို လေးငါးကြိမ်ခုခံနိုင်သည်။ ဂိုဏ်း၏ဈေးတန်းမှ မုန့်ပြားထက် ပိုအစွမ်းထက်သည်။

ထိုရွှေမှော်အလင်းကို သဘောကျသဖြင့် လုယန် ဆယ်ခုတစ်ခါတည်းဝယ်လိုက်သည်။

သန့်ရှင်းမှုကို ထိန်းသိမ်းနိုင်သည့် အဝတ်အစား။ သန့်စင်မှော်ပညာမျိုးမလိုဘဲ အမြဲသန့်ရှင်းနေမည်။ စီချွမ်းဟော့ပေါ့စားလျှင် မရှိမဖြစ်လိုသည်။

စွမ်းအင်ဖြင့်သန့်စင်ထားသည့် အဝတ်အစားများဖြစ်၍ ရန်သူ့မှော်လက်စွပ်ထဲ ပါသွားမည်ကို စိုးရိမ်စရာမလို။

လုယန် ကြိုတင်ကာကွယ်ထားသည်။ သူ့လိုစိတ်ကူးစိတ်သန်းကောင်းသည့်ရန်သူမျိုး ကြုံရမည်ကို စိုးရိမ်သည်။

(**ချင်ယွမ်ဟောင်ကို တိုက်ခိုက်ခဲ့သလိုမျိုး သူပြန်ဝဋ်မလည်ချင်သောကြောင့် ဖြစ်မည်)

*****************************************************

All Chapters