← Chapters

ထွက်လာချင်သည့်ဆရာ

Vol. 8 Ch. 108

ထွက်လာချင်သည့်ဆရာ

Vol. 8 Ch. 108

လုယန်ကောင်းကင်ဂိတ်တောင်ထိပ်သို့ ပြန်လာချိန်တွင် ယွမ်ကျိကို မတွေ့။ ရုပ်သေးသာ အိမ်စောင့်ကျန်နေသည်။

“စည်းဝေးပွဲက အဲလောက်တောင် ကြာတာလား။ ဝိညာဉ်ကျောက်ခွဲဝေတဲ့ကိစ္စဖြစ်မယ်”

သူ့မှတ်ဉာဏ်အရ ထိုသို့ခွဲဝေရေးကိစ္စများသာ ဆွေးနွေးချိန်ကြာလေ့ရှိသည်။ အကြီးအကဲများတွင် ထူဆန်းသည့်စိတ်ကူးစိတ်သန်း မျိုးစုံရှိသည်။ ဝိညာဉ်ကျောက်အရနည်းလျှင် ထိုစိတ်ကူးများကို အကောင်အထည်မဖော်နိုင်။ ဝိညာဉ်ကျောက်ခွဲတမ်းချချိန်တွင် အပြင်းအထန်ငြင်းခုန်ဆွေးနွေး၍ အရယူနိုင်အောင် ကြိုးစားကြသည်။

သူအတွေးနက်နေစဉ် အလင်းတန်းရှစ်ခု စည်းဝေးခန်းမထဲမှ ပျံထွက်သွားသည်။ ယွမ်ကျိက ခန်းမထဲမှ ပုံမှန်အတိုင်း ထွက်လာသည်။ စည်းဝေးပွဲ ပြီးသွားခြင်းဖြစ်မည်။

“ပြန်လာပြီလား”

“အခုပဲ ပြန်ရောက်တာ”

ယွမ်ကျိက လုယန်ကို ဝိညာဉ်အာရုံဖြင့် စစ်ဆေးသည်။ ထာဝရနတ်မယ် သိစိတ်နယ်မြေတွင် အိပ်ပျော်နေဆဲဖြစ်သည်။

“ထာဝရနတ်မယ်နဲ့ ပတ်သက်ပြီး မရှင်းလင်းတာတွေ အများကြီးရှိတယ်။ သူကိုယ်တိုင်လည်း အဖြေမပေးနိုင်လောက်ဘူး။ ငါ့မိတ်ဆွတွေဆီ သွားမေးကြည့်ဦးမယ်။ တောင်ထိပ်မှာနေခဲ့ပြီး ကြိုးစားလေ့ကျင့်။ အခြေတည်အလတ်တန်းဆင့်ကို မြန်မြန်ရောက်အောင်လုပ်ပါ”

“ဟုတ်ကဲ့”

ယွမ်ကျိ ထပ်မပြောတော့။ ကောင်းကင်သို့ပျံတက်သွားသည်။ သူ့သဏ္ဌာန်က တဖြေးဖြေးမှုန်ဝါးပျောက်ကွယ်သွားသည်။

လုယန် သူ့လေ့ကျင့်ဖော်ဖြစ်သည့် ရုပ်သေးကို လှမ်းကြည့်သည်။ စိတ်အားထက်သန်နေသဖြင့် ရုပ်သေးနှင့် ယှဉ်ပြိုင်တိုက်ခိုက်ကြည့်သည်။ အပြတ်အသတ် ရှုံးသွားသည်။

ရုပ်သေးတစ်ခုကိုပင် မနိုင်သဖြင့် သူအကြီးအကျယ်စိတ်ပျက်သွားပြီး တင်ပျဉ်ခွေထိုင်၍ စိတ်အားထက်သန်စွာ စတင်ကျင့်ကြံသည်။

ယွမ်ကျိက သူ့အကျိုးအတွက် အပြင်ထွက်သွားသည်။ သူအပျင်းကြီးနေ၍မဖြစ်။

“ငါ့တပည့်၊ ငါ့တပည့်ပြန်လာပြီလား”

သူ့နားထဲသို့ စကားသံတစ်ခု ဝင်လာသည်။ သရဲခြောက်သလို ဖြစ်နေသည်။ ချက်ချင်း နားနှစ်ဘက်ကို အုပ်လိုက်သည်။ သို့သော် စကားသံကို သူကြားနေရသေးသည်။

ထိုစကားသံတွင် ထူးဆန်းသည့် ညှို့ဓာတ်မျိုးရှိသည်။

“ဘယ်သူလဲ”

လုယန် ဘေးပတ်လည်ကို သတိဖြင့်လှည့်ပတ်ကြည့်သည်။ သူ့ဆရာဟူ၍ ဘယ်သူမှမရှိ။ သူကိုသင်ကြားပေးသူက အမြဲတမ်း ယွမ်ကျိသာဖြစ်သည်။

မဟုတ်သေး။ သူ့မှာ ဆရာတစ်ယောက်ရှိသည်။

“လုယန်၊ ငါ မင်းရဲ့ဆရာ တာအိုရှင်ဝစီပိတ်ပါ”

(**Daoist Non-speaker ဖြစ်ပါသည်။ ထိုနာမည်တွင်ရသည့်အကြောင်းရင်း ရှိပါသည်)

ဆယ်နှစ်ကြာအောင် ပျောက်နေခဲ့သည့် တာအိုလမ်းစဉ်ဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ် တာအိုရှင်ဝစီပိတ်ဖြစ်သည်။

သူပျောက်နေသော်လည်း ဂိုဏ်းက ချောမွေ့စွာ လည်ပတ်နေသည်။ မျိုးဆက်သစ်တပည့်များကိုပင် စုစည်းနိုင်ခဲ့သည်။ ဂိုဏ်းချုပ်ရှိသည်နှင့်မရှိသည်က ဘာမှမကွဲပြား။

“ဆရာလား”

သူအတော်အံ့အားသင့်သွားသည်။ ဝစီပိတ်၏တပည့်ဖြစ်သည်မှာ တစ်နှစ်ကြာခဲ့သည်။ သူ့ဆရာကို တစ်ခါမှမမြင်ရသေး။ တံခါးပိတ်ကျင့်နေ၍ သူနှင့်တွေ့ဆုံချိန်မရှိဟု ယွမ်ကျိက အမြဲပြောခဲ့သည်။ ယခု သူ့ဆရာ ကျင့်ကြံမှု ပြီးဆုံးသွားခြင်းဖြစ်မည်။

“ဟုတ်ပါတယ်၊ ငါပါ။ မင်းငါ့ကို မမြင်ဖူးပေမယ့် ငါမင်းကို အမြဲတမ်းစောင့်ကြည့်နေတာပါ။ မင်းခန္ဓာကိုယ်ထဲကို ချီဓာတ်တွေစုစည်းပြီး အခြေခံတည်ဆောက်နိုင်ခဲ့တာ ငါတကယ်ဝမ်းသာပါတယ်ကွာ”

စကားသံက ကရုဏာရိပ်သန်းနေသည်။ ကြင်နာနွေးထွေးသည့် အဘိုးတစ်‌ယောက်၏လေသံမျိုးဖြစ်သည်။

“ဆရာက ဘယ်မှာလဲ။ တံခါးပိတ်ကျင့်နေလို့ တပည့်ကိုထွက်မတွေ့နိုင်တာလား”

တစ်ခုခုမူမမှန်ဟု လုယန်ခံစားရသည်။ ဆရာက သူ့ကိုမြင်ရပြီး စကားပြောနိုင်သည်ဆိုလျှင် ဘာကြောင့် တစ်နှစ်လုံးလုံး မဆက်သွယ်ခဲ့သနည်း။

သက်ပြင်းချသံပေါ်လာသည်။ ဖော်မပြနိုင်သည့် နာကျင်ဝမ်းနည်းရိပ်မျိုးပါသည်။

“အင်း..ဒီအကြောင်းပြောရရင် အရှည်ကြီးပဲ။ ငါက ကောင်းကင်ဂိတ်တောင်ထိပ်မှာပဲ အမြဲရှိပါတယ်။ လောလောဆယ် ငါ့နေရာကနေ ထွက်လို့မရသေးတာပဲရှိတယ်။ တစ်ချို့ကိစ္စတွေက စကားလုံးနည်းနည်းနဲ့ ရှင်းပြလို့မရဘူး။ ငါပြောတဲ့ လမ်းကြောင်းအတိုင်း လိုက်ခဲ့ပါ။ မင်းငါ့ကို တွေ့ရပါလိမ့်မယ်”

သံသယမကင်းသေးသော်လည်း လုယန် ဒေါသတော့မဖြစ်ပါ။ ဤနေရာသည် ကောင်းကင်ဂူတောင်ထိပ်ဖြစ်သည်။ ယခုပြောနေသူကလည်း သူ့ဆရာဖြစ်သည်။

ထို့ပြင် အရေးကြီးဆုံးတစ်ချက်က ထိုကိစ္စမျိုးနှင့်ပတ်သက်၍ ယွမ်ကျိကသူ့ကို သတိပေးတားမြစ်ထားခြင်း လုံးဝမရှိ။ အန္တရာယ်ဖြစ်နိုင်သည့်ကိစ္စဆိုလျှင် အစောကြီးကတည်းက ပြောခဲ့ပေလိမ့်မည်။

“အရင်ဆုံး တောင်တက်လမ်းတစ်ဝက်လောက်က ထင်းရူးတောကိုရှာပါ။ ထင်းရှူးတောထဲမှာ မီတာသုံးရာမြင့်တဲ့ သက်တမ်းရင့်ထင်းရှူးပင်တစ်ပင်ရှိတယ်။ တစ်တောလုံးမှာ အကြီးဆုံးအပင်ပဲ”

လုယန် ထိုထင်းရှူးပင်ကို အလွယ်ပင် ရှာတွေ့သည်။ ရုပ်သေးက ဤနေရာမှ ထင်းရှူးသီးများကိုကောက်၍ သူ့အတွက် ထင်းရှူးစေ့ပေါက်ပေါက် လုပ်ပေးဖူးသည်။ အတော်စားကောင်းသည်.

“ထင်းရှူးပင်ကို သုံးချက်ခေါက်ပါ။ သုံးစက္ကန့်နားပါ။ ပြီးရင် သုံးချက် ထပ်ခေါက်ပါ”

ပြောသည့်အတိုင်း လုယန်လုပ်သည်။ ထင်းရှူးပင်၏ အရှေ့ဘက်တွင် လေဟာနယ်တွန့်လိပ်မှုတစ်ခု ပေါ်လာသည်။ ဖုံးကွယ်ထားသည့်ဝတ်ရုံကို ဖယ်ရှားလိုက်သလိုပင်ဖြစ်သည်။

ထင်းရှူးပင်အရှေ့ဘက်မှ ကျယ်ပြန့်သည့်ထင်းရှူးပင်များ ပျောက်ကွယ်သွားသည်။ နက်မှောင်နေသည့် လှိုဏ်ဂူတစ်ခု ပေါ်လာသည်။ ဂူဝတွင် ရွှေရောင်မှော်အဆောင်တစ်ခုရှိသည်။ မလွဲနိုင်ပါ။ ဆရာဝစီပိတ်၏စကားသံက ထိုဂူထဲမှ ထွက်လာခြင်းဖြစ်သည်။

လုယန် အော်ခေါ်ကြည့်သည်။

“ဆရာ”

“အာ..တပည့်အလိမ္မာလေး။ နောက်ဆုံးတော့ ငါတို့တွေ့ကြပြီပဲ”

မသေမျိုးဟန်ပန်ရှိသည့် အဘဘိုးအိုတစ်ယောက် ဂူအတွင်းပိုင်းမှ ထွက်လာသည်။ ဖုန်ခါသည့်မွှေးပွကြာပွတ်တစ်ခု လက်မောင်းပေါ်တင်ထားသည်။ တောထွက်မသေမျိုးတစ်ယောက်လို ခံ့ညားသည်။ သူ့အငယ်ဆုံးတပည့်ဖြစ်သည့်လုယန်ကို တွေ့ရသဖြင့် နည်းနည်းစိတ်လှုပ်ရှားနေသည်။

ဂူဝတွင်သူရပ်သွားသည်။ နောက်ထပ်ခြေလှမ်းမတိုးတော့။

“ဘာတွဖြစ်ခဲ့တာလဲ ဆရာ။ ဒီမှာ ပိတ်လှောင်ခံထားရတာလဲ။ အမယွမ်ကျိပြန်လာရင် ဆရာကိုကယ်ဖို့ ကျုပ်ပြောပေးမယ်”

လုယန် စိုးရိမ်တကြီးပြောသည်။

“မလုပ်နဲ့ မလုပ်နဲ့ နေပါစေ”

ဝစီပိတ်က ချက်ချင်းတားသည်။ ယွမ်ကျိသာ ကောင်းကင်တောင်ထိပ်မှ ထွက်မသွားလျှင် လုယန်ကို သူလှမ်းခေါ်ရဲမည်မဟုတ်။

“ငါနဲ့တွေ့တဲ့ကိစ္စ မင်းအမယွမ်ကျိကို မပြောနဲ့”

“ဘာလို့လဲ”

တာအိုရှင်ဝစီပိတ်က ဂူမျက်နှာကျက်ကိုမော့ကြည့်သည်။ သူ့အကြည့်က ထူးဆန်းရှုပ်ထွေးသည်။

“လူတစ်ယောက်ရဲ့ဘဝမှာ အရာအားလုံးက ကျော်ကြားမှုနှင့်ပိုင်ဆိုင်မှုအတွက်ပဲလေ။ ကြီးမားတဲ့စွမ်းအားနဲ့ မသေမျိုးဂိုဏ်းရဲ့ဂိုဏ်းချုပ်ဘဝ။ လူအတော်များများ ငါ့နေရာမှာ ထိုင်ချင်ကြတာ သဘာဝပါပဲ။...ငါနားလည်ပါတယ်။ ငါလည်းဒီနေရာမှာထိုင်နိုင်ဖို့ ငါ့ညီအကိုမောင်နှမတွေကြားကနေ ထိုးဖောက်နိုင်အောင် သွေးသံရဲရဲတိုက်ပွဲကို ဖြတ်ကျော်ခဲ့ရတာပဲ။...ဂိုဏ်းချုပ်ဖြစ်လာရင် အရာအားလုံး ဖြေရှင်းနိုင်မယ်လို့ ငါထင်ခဲ့တယ်။ ဒါပေမယ့် ငါရဲ့အရင်းနှီးဆုံးလူတွေ သစ္စာဖောက်တာခံရမယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး”

ဝစီပိတ်မျက်နှာက နာကျင်ရိပ်သန်းနေသည်။ အတိတ်ကိုပြန်မတွေးချင်ဘဲ တွေးနေရသည့်ပုံမျိုး ဖြစ်သည်။

“မင်းအမယွမ်ကျိက ပါရမီထူးခြားတယ်။ ငါတစ်နေ့ အငြိမ်းစားယူတဲ့အခါ ဂိုဏ်းချုပ်ရာထူးက သေချာပေါက် သူ့အတွက်ဖြစ်လာမှာပါ။ ဒါပေမယ့်သူက အဲဒီ့နေ့အထိ မစောင့်နိုင်ဘူး။ ငါတို့ကြားက သဘောတူညီကိုဖျက်ပြီး ဒီနေရာမှာ ငါ့ကိုပိတ်လှောင်ထားတယ်။ သူက ယာယီဂိုဏ်းချုပ်ဖြစ်လာတယ်။ ဂိုဏ်းကိစ္စတွေအားလုံးကို ထိန်းချုပ်စီမံနေတယ်။.

ဒီဆယ်နှစ်အတွင်း ဂိုဏ်းတိုးတက်မှုအခြေအနေ ဘယ်လိုရှိလဲ။ ယွမ်ကျိက ငါ့အစီအစဉ်တွေအတိုင်း လိုက်လုပ်ရဲ့လား”

လုယန် အံ့အားသင့်သွားသည်။ ဂိုဏ်၏စီနီယာအကိုအမများထံမှ သူကြားခဲ့သည်။ ဆယ်နှစ်အတွင်း တာအိုလမ်းစဉ်ဂိုဏ်းက ခွန်ပြည့်အားပြည့် တိုးတက်ခဲ့သည်။ တိုးတက်မှုအများစုက ယွမ်ကျိ၏စွမ်းဆောင်ရည်ကြောင့် ဖြစ်သည်။ ထိုကိစ္စအားလုံးကို ဆရာဝစီပိတ် အစီစဉ်ချပေးခဲ့ခြင်းလားမသိ။

လုယန် အခြေနေမှန်အတိုင်း ပြန်ပြောပြလိုက်သည်။ တာအိုရှင်ဝစီပိတ် နည်းနည်းကျေနပ်သွားဟန်ရှိသည်။

“ရှောင်ယွမ်က ကောင်းကောင်းလုပ်နေတာပဲ။ ငါ့မရှိဘဲနဲ့တောင် ဂိုဏ်းကို ကောင်းကောင်းစီမံနိုင်တယ်။ စိတ်မကောင်းစရာပဲ....”

“ဘာကိုစိတ်မကောင်းတာလဲ”

“ငါကိုယ်တိုင် မဦးဆောင်နိုင်တာကို စိတ်မကောင်းတာပါ။ ငါသာဆိုရင် ဒီထက်ပိုတိုးတက်အောင် စီမံနိုင်မှာ”

“ဆရာအပြင်ကို မထွက်နိုင်ဘူးလား”

ဝစီပိတ် မချိပြုံးပြုံး၍ ဂူထဲမှထွက်ရန် ခြေလှမ်းလှမ်းလိုက်သည်။ သို့သော် ဂူဝတွင် ခရမ်းလျှပ်စီးမျှင်ပေါင်း ထောင်ချီ၍ ပေါက်ကွဲထွက်သွားသည်။ ချက်ချင်း ခြေလှမ်းဆုတ်သည်။ သူ့ကိုယ်ပေါ်မှ မီးတောက်များကို မွှေးပွကြာပွတ်ဖြင့် အမြန်ပုတ်၍ ငြိမ်းသတ်သည်။

“တွေ့လား၊ ငါထွက်လို့မရဘူး”

“ကျုပ်ဆရာ့ကို ဘယ်လိုကယ်ရမလဲ”

“ဂူဝမှာ ရှောင်ယွမ်ရေးထားတဲ့ ရွှေရောင်မှော်အဆောင်တစ်ခုရှိတယ်။ အဲဒါကို ဆွဲခွာလိုက်ရုံပါပဲ။ ဒါဆို ငါထွက်လာလို့ရပါပြီ”

လုယန် သူ့ဆရာကို သင်္ကာမကင်းဟန်ဖြင့်ကြည့်သည်။

“အဲလောက်ရိုးရှင်းလို့လား”

“ရိုးရှင်းပါတယ်။ ရှောင်ယွမ်တစ်ခါပြောဖူးတယ်။ ဒီမှော်အဆောင်ကို တစ်ယောက်ယောက်က ဆွဲခွာလိုက်ပြီဆိုရင် ဒီမှာပိတ်လှောင်ခံရမယ့် ငါ့ကံဇာတာ ကုန်သွားတဲ့သဘောပဲတဲ့။ ကောင်းကင်ဆန္ဒကိုလိုက်နာပြီး ငါ့ကိုလွှတ်ပေးမယ်တဲ့”

လုယန် ဂူနားသို့ကပ်သွားပြီး သေချာကြည့်သည်။ ရွှေရောင်မှော်အဆောင်က ပုံမှန်မြင်နေကျလို ထူးဆန်းသည့် အမှတ်အသားများမပါ။ စာလုံးကြီးခုနစ်လုံးသာဖြစ်သည်။

သူဆွဲမခွာရဲ။

******************************************************

All Chapters