← Chapters

စကားအဓိပ္ပါယ်

Vol. 8 Ch. 110

စကားအဓိပ္ပါယ်

Vol. 8 Ch. 110

တာအိုရှင်ဝစီပိတ်ကို တတိယအကြီးအကဲ အတော်လေးစားမှန်း သိသာသည်။ သူမစွမ်းနိုင်သည့်အရာမျိုး လုပ်နိုင်စွမ်းရှိ၍ အားကျခြင်းဖြစ်ပုံရသည်။

တတိယအကြီးအကဲကို နှုတ်ဆက်ပြီး လူရည်မွန်တောင်ထိပ် (စာပေပညာရှင်တောင်ထိပ်)သို့ လုယန်ဆက်သွားသည်။

စတုတ္ထအကြီးအကဲ အုပ်ချုပ်သည့်နယ်မြေဖြစ်သည်။ လူရည်မွန်တောင်ထိပ်က တစ်နှစ်ပတ်လုံး နွေရာသီအချိန်ကဲ့သို့ အေးမြကြည်လင်နေသည်။ လေသာဆောင်များ၊ စမ်းချောင်းများ မြင့်မားသည့် အစိမ်းရောင်ဝါးပင်များ နေရာတိုင်းတွေ့ရသည်။ စာပေပညာရှင်များ သဘောကျသည့် နေရာမျိုးဖြစ်သည်။ ကဗျာဆရာများ ကဗျာဖွဲ့လေ့ရှိသည့် နေရာမျိုးဖြစ်သည်။ ဤနေရာမျိုးတွင် ဝါးပင်က ရုတ်တရက် ကဗျာရွတ်လာမည်ဆိုလျှင်ပင် လုယန် အံ့ဩမိမည်မဟုတ်။

ဂိုဏ်းတွင် ထူးဆန်းသည့်အရာမျိုးစုံ မြင်ခဲ့ပြီးဖြစ်၍ လုယန်၏စိတ်ဓာတ်အင်အားက တဖြေးဖြေးခိုင်မာလာသည်။

တောင်တန်းပတ်ဝန်းကျင်တွင် ဖြူနက်ကွက်ကျား သံစားသားရဲများ လူလှိမ့်နေသည်။ ဂိုဏ်းတပည့်များ ဝိုင်သောက်ရင်း ပျော်ရွှင်နေသည်။ မင်ရည်ဖြန့်၍ ပန်းချီဆွဲကြသည်။ ထို့နောက် ထိုပန်းချီပုံများထဲသို့ ဝင်သွားပြီး အထဲမျှ သဏ္ဌာန်များနှင့် အပူအပင်ကင်းစွာ ဆော့ကစားကြသည်။

သံစားသားရဲတစ်ကောင်က လုယန်ကိုပင် နှုတ်သီးဖြင့် ထိုးလာသည်။ သူ့အပေါ် နင်းချေလုနီးပါးဖြစ်နေသည်။ လုယန်နှင့် ဆော့ကစားလိုခြင်းဖြစ်သည်။ သို့သော် လုပ်စရာကိစ္စရှိသေးသဖြင့် လုယန် ထိုသားရဲကို အကျိုးအကြောင်းပြောသည်။ သံစားသားရဲက တစ်ဝက်စားပြီးသား ဝါးမျှစ်ကို လက်ဆောင်ပေး၍ လုယန်ကို သွားခွင့်ပြုလိုက်သည်။

“တစ်ဆိတ်လောက်ပါအကို၊ စတုတ္ထအကြီးအကဲ ဘယ်မှာရှိလဲဗျ”

ဝါးမျှစ်ကိုင်ထားရင်း ပန်းချီကားတစ်ခုရှေ့တွင်ရပ်လျက် လုယန် ရိုရိုသေသေမေးသည်။ အမေးခံရသည့်အကိုက ပန်းချီပညာတွင် အတော်အဆင့်မြင့်သည်။ အသက်ဝင်လုနီးပါးဖြစ်နေသည့် ပုံရိပ်များကို ဖန်တီးနိုင်သည်။ တကယ်အံ့ဩစရာကောင်းသည်။

လုယန်စကားသံကြောင့် ထိုအကို ပန်းချီကားထဲမှ ကိုယ်တစ်ပိုင်းထွက်လာသည်။

“မင်းကဘယ်သူလဲ”

“လုယန်ပါ”

နာမည်ကြားပြီးနောက် ပန်းချီပညာရှင်အကိုက မှတ်မိသွားဟန်ရှိသည်။

“ဪ..သိပြီ။ လူသစ်လုယန်၊ ယွမ်ကျိရဲ့ တပည့်မဟုတ်လား”

“အမယွမ်ကျိက ဆရာ့ကိုယ်စား ကျုပ်ကို တပည့်အဖြစ် လက်ခံခဲ့တာပါ။ ကျုပ်က တာအိုရှင်ဝစီပိတ်ရဲ့ တပည့်ပါ”

လုယန် အမှန်ပြင်ပေးသည်။

“ငါ့နာမည် ကျိဟုန်ဝမ်ပါ။ တာအိုဂိုဏ်းကို ယွမ်ကျိနှင့် တစ်နှစ်တည်းအတူဝင်ခဲ့ကြတာ။ ငါက စတုတ္ထုအကြီးအကဲ့ရဲ့ အကြီးဆုံးတပည့်ပါ”

ထိုအကိုက ဟန်ဆောင်ပန်ဆောင် အမူအရာမျိုးမရှိ။ ကျင့်စဉ်အဆင့်ပိုနိမ့်သည့် လုယန်ကိုလည်း တင်တင်စီစီးမဆက်ဆံ။

“တွေ့ရတာ ဝမ်းသာပါတယ်၊ အကိုကျိ”

ယွမ်ကျိနှင့် ဂိုဏ်းအတူဝင်ခဲ့သူတစ်ယောက်ကို တွေ့ရသဖြင့် လုယန် အံ့ဩနေသည်။

ယွမ်ကျိတို့စီနီယာတန်းမှ တိုင်ပုဖန်တစ်ယောက်သာ သူသိသည်။ ကျင့်စဉ်အဆင့်လည်း အကြီးအကဲများနှင့် တန်းတူနီးပါးရှိသည်။ ဂိုဏ်းကိစ္စများကိုင်တွယ်ဖြေရှင်းဖို့ တိုင်ပုဖန်ကို ယုံကြည်စွာ တာဝန်ပေးထားကြသည်။ ဂိုဏ်းတပည့်များကလည်း သူ့ကို အတော်လေးစားကြသည်။ ယခု သူ့လိုလူနောက်တစ်ယောက် ထပ်တွေ့ရသည်။

ထိုအကိုကျိ၏ကျင့်စဉ်အဆင့်သည်လည်း နိမ့်မည်မဟုတ်။

အပြင်လောက ကောင်တီမြို့ သိုမဟုတ် ပြည်နယ်မြို့တို့တွင် တွေ့ဖို့ခဲယဉ်းသည့် ထိပ်တန်းစွမ်းအားရှင်ဖြစ်သည်။

“ဆရာနဲ့တွေ့ချင်တာလား။ လိုက်ခဲ့ပါ၊ သူအခု ကျောင်းသားတွေကို စာသင်နေတယ်ထင်တယ်”

ကျိဟုန်ဝမ် ပန်းချီကားထဲမှ ပျံထွက်လာသည်။ ထို့နောက် လက်တစ်ဘက်ဖျတ်ခနဲ လှုပ်ရှားလိုက်သည်။ ပန်းချီကားထဲတွင် နောက်ထပ်လူတစ်ယောက် ပေါ်လာသည်။

ယခုမှ လုယန်သတိထားမိသည်။ ပန်းချီကားထဲတွင် ကျိဟုန်ဝမ်တစ်ယောက်တည်းမဟုတ်။ အလွန်တရာလှပသည့် မိန်က‌လေးတစ်ယောက်လည်း ရျီသည်။

ထိုမိန်းကလေးက ရေမြို့တော်တစ်ခုမှ ထွက်လာသလိုထင်ရသည်။ ပါးနှစ်ဘက်က နီစွေးစွေးရှိသည်။ နူညံ့ ကျော့ရှင်းသည်။ သူ့အပြုံးက ပန်းပွင့်များလို ဝေဆာသည်။ မျက်လုံးအကြည့်က ရွှန်းလဲနေသည်။ ပြိုင်ဘက်ကင်းသည့် အလှဖြစ်သည်။ ဝတ်စုံက အတော်ဟော့သည်။ အူရိုင်းလေးဖြစ်သည့်လုယန် မျက်နှာနီရဲလာသည်။

“ဟားဟား၊ မင်းသဘောကျလား။ ငါမင်းအတွက်လည်း တစ်ယောက်ဆွဲပေးလို့ရတယ်။ သူက မင်းနဲ့ညအိပ်ဖို့တောင် အဖော်ပြုပေးနိုင်တယ်”

ကျိဟုန်ဝမ်က စနောက်နေသည်။ လုယန် ခေါင်းကိုအတင်းခါနေသည်။

သူ့ကျောက်ကပ်စွမ်းအင်ကို ထိန်းသိမ်းထားဖို့လိုသည်။

မိန်းမလှက ကျိဟုန်ဝမ်လက်ကိုတွဲလျက် ချစ်ရည်ရွှမ်းသည့်အကြည့်ဖြင့် ကြည့်နေသည်။

ကျိဟုန်ဝမ်၏ ပန်းချီပညာကိုသင်လိုသူများ တတိယအကြီးအကဲ၏ ကောင်းကင်တုန်သိုင်းခြောက်ကွက်ကို သင်လိုသူအရေအတွက်ထက် ပိုများမှန်း လုယန်မသိသေး။

ကျိဟုန်ဝမ်၏ ဦးဆောင်မှုဖြင့် ဝါးတောအတွင်းပိုင်း သီးသန့်ကျောင်းဆောင်တစ်ခုသို့ လုယန်ရောက်လာသည်။ စတုတ္ထအကြီးအကဲ စာသင်နေသည်။ အရိုးရိုင်းလို မဆုတ်မနစ်လုံ့လဖြင့် စာပေသင်ကြားနေသည့် ကျောင်းသားများရှိသည်။

စတုတ္ထအကြီးအကဲက ရှေးဟောင်းစာပေတစ်ပိုဒ်အဓိပ္ပါယ်ကို ရှင်းပြနေသည်။

“..ရေကန်ကိုဖြတ်ပြီး အနောက်တောင်ဘက်ကို မျှော်ကြည့်တော့ သဏ္ဌာန်တွေက ရစ်ခွေနေတဲ့မြွေတစ်ကောင်လို တွန့်လိမ်ကွေးကောက်ပြီး တဖျတ်ဖျတ်ပေါ်နေတယ်။ ရေကမ်းစပ်တွေက ယှက်လိမ်နေတဲ့ သွားစွယ်တွေလို ငေါထွက်နေတယ်။ သူ့မူလဇစ်မြစ်ကို မသိနိုင်ဘူး...။

...ကဲ အရိုးရိုင်း၊ “ရေကမ်းစပ်တွေက ယှက်လိမ်နေတဲ့ သွားစွယ်တွေလို ငေါထွက်နေတယ် သူ့မူလဇစ်မြစ်ကို မသိနိုင်ဘူး”ဆိုတဲ့ စာသားအဓိပ္ပါယ်ကို ပြောပြပါဦး”

အရိုးရိုင်း ခေါင်းငုံ့၍ တွေးနေသည်။ ထို့နောက် ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။

“ကမ်းစမ့်မှာ ခွေးနှစ်ကောင်ကိုက်နေကြတယ်။ ဘာကြောင့်လဲဆိုတာ မသိဘူး”

စတုတ္ထအကြီးအကဲ စာအုပ်ကိုပိတ်သည်။ အင်္ကျီလက်ကို မ,တင်၍ ပေတံတစ်ချောင်းထုတ်လိုက်သည်။

အရိုးရိုင်းလက်ကို ရိုက်ခါနီးတွင် သူတော်စင်အဆုံးအမကို သူပြန်သတိရလာသည်။ ...တပည့်များကို အတန်းအစားမခွဲခြားဘဲ သင်ကြားပေးရမည်။ ကျောင်းသားများ နားလည်နိုင်မည့်နည်းလမ်းကို ‌ရွေးချယ်ရမည်။

အရိုးရိုင်းကြိုးစားသည်ကို သူသိသည်။ စိတ်ရင်းလည်းကောင်းသည်။ အရိုးရိုင်းက အမှုမဲ့အမှတ်မဲ့ မှားဖြေမိခြင်းဖြစ်မည်။ ထိုထက်လွယ်ကူသည့် မေးခွန်းတစ်ခုမေးမည်။ မှန်အောင်ဖြေနိုင်လျှင် သူမရိုက်တော့။ ထွက်ပေါက်တစ်ခုပေးမည်။

“”မင်းညီမင်းသားတွေနဲ့ စစ်သူကြီးတွေ၊ သူတို့မှာကိုယ်ပိုင်မျိုးနွယ်တစ်ခု ရှိလို့လား”တဲ့။ အဲဒီ့စာကြောင်းက ဘာကိုပြောချင်တာလဲ”

‌ရှေးမှတ်တမ်းအရ မဟာယုနိုင်ငံ လွန်ခဲ့သည့် နှစ်တစ်သိန်းက ပြိုကွဲခဲ့သည်။ ယုမင်းဆက်၏ တော်ဝင်မင်းမျိုးမင်းနွယ်များ ခေါင်းထောင်လာသည်။ လောကကို ပြန်စုစည်းဖို့ လှုံ့ဆော်စည်းရုံးကြသည်။ မဟာယုနိုင်နိုင်ငံဩဇာကို ပြန်ထိန်းသိမ်းရန် ကြိုးစားသည်။

သွေးဆက်အယူအဆကို လူအများက နက်ရှိုင်းစွာ ယုံကြည်ထားကြသည်။ ယုမင်းဆက်တော်ဝင်သွေးများကို မြင့်မြတ်သည်ဟု ယူဆကြသည်။ တော်ဝင်မြင့်မြတ်မှုဟူသည့်စကားက သူတို့စိတ်နှလုံးကို အနိုင်ယူထားသည်။

သို့သော် တော်ဝင်သွေးတို့လက်အောက်တွင် ဒုက္ခခံခဲ့ရသည့် ရှားအင်ပါယာဘိုးဘေးတစ်ယောက်က သူတို့ဘယ်လောက် စိတ်ဓာတ်ယုတ်ညံ့ကြောင်း သိသည်။ ဂုဏ်မောက်သည်။ အပျော်အပါးလိုက်စားသည်။ ပြည်သူတို့၏ဒုက္ခများ၊ ကျင့်စည်လမ်း၏အခက်အခဲများကို မသိကြ။ သူတို့အားလုံးသည် ငယ်စဉ်ကတည်းက ရှားပါးရတနာများဖြင့် အဟာရဖြည့်ခဲ့သည်။ ကျင့်စဉ်အဆင့်များ တိုးမြှင့်ကြသည်။ ယုနိုင်ငံအသစ်တစ်ခု တည်ထောင်နိုင်လျှင်ပင် ထိုကဲ့သို့လူစားများသည် မကြာမီ နောက်တကြိမ် အကျင့်ပျက်ခြစားလာကြမည်သာဖြစ်သည်။

အသိအမြင်ကျယ်သူဖြစ်သည့် ရှားဘိုးဘေးက တော်လှန်တိုက်ခိုက်ရန် လက်သီးလက်မောင်းတန်း၍ ကြွေးကြော်သည်။

”မင်းညီမင်းသားတွေနဲ့ စစ်သူကြီးတွေ၊ သူတို့မှာကိုယ်ပိုင်မျိုးနွယ်တစ်ခု ရှိလို့လား”

ထိုစကားက ခေတ်အဆက်ဆက်တည်တံ့ခဲ့သည် နာမည်ကျော်ဆိုရိုးစကားဖြစ်လာသည်။

အရိုင်းမျိုးဆက်ဖြစ်သည့် အရိုးရိုင်းပင် ထိုစကားကိုကြားဖူးသည်။ ရှားဘိုးဘေး၏ သတ္တိကို များစွာသဘောကျခဲ့သည်။

“ဒါက “မင်းညီမင်းသားတွေနဲ့စစ်သူကြီးတွေ၊ မင်းတို့သတ္တိရှိလား”ဆိုတဲ့ အဓိပ္ပါယ်ပါ”

တစ်ခန်းလုံး ဝိုင်းရယ်ကြသည်။

စတုတ္ထအကြီးအကဲ တုံ့ဆိုင်းမနေတော့။ ပေတံကိုကောက်၍ ရိုက်သည်။ နာကျင်မှုကြောင့် အရိုးရိုင်းမျက်နှာ ရှုံ့မဲ့နေသည်။

ဘယ်နေရာမှားသွားသည်ကို သူနားမလည်။

တော်ဝင်သွေးများကို ရဲဝံ့သည့်သတ္တိဖြင့် မျက်နှာချင်းဆိုင် တိုက်ရိုက်စိန်ခေါ်ခြင်းဖြစ်သည်။ ထိုစာကြောင်းက ဤအဓိပ္ပါယ်သာ မဟုတ်လော။

လုယန်က စာသင်ခန်းတံခါးတွင်ရပ်လျက် အရိုးရိုင်းအတွက် သုံးစက္ကန့်လောက် ကြေကွဲသွားသည်။

ကျိဟုန်ဝမ်က ထိုမြင်ကွင်းကိုကြည့်၍ ခေါင်းခါပြီး ရယ်နေသည်။

“အရိုးရိုင်း ဘယ်လိုများစဉ်းစားခဲ့တယ်မသိဘူး။ ရှေးဟောင်းအရိုင်းမျိုဆက်ဖြစ်ပြီး တတိယအကြီးအကဲလက်အောက်ကိုမဝင်ဘဲ ငါတို့ဆရာနောက်ကို လိုက်ခဲ့တယ်။ ဒီနှစ် သူအတော်လေး အရိုက်ခံရတယ်။ ...ဒါပေမယ့် မစ်ရှင်ကပြန်လာပြီးနောက်ပိုင်း သူပိုပြီးဉာဏ်ထက်လာတယ်။ အဲဒါ ဘာကြောင့်လဲဆိုတာ မင်းသိလား”

လုယန် ခေါင်းခါသည်။ သူမသိ။

ကျိဟုန်ဝမ်၏ သံသယအကြည့်ကြောင့် သူချက်ချင်းစကားလမ်းကြောင်း ပြောင်းလိုက်သည်။

“..ဒါနဲ့..စတုတ္ထအကြီးအကဲ သူ့လက်ကိုရိုက်တာက ပုံသေစနစ်တစ်ခု ရှိတဲ့ပုံပဲ။ ကျုပ်စိတ်ထင်လို့လားတော့မသိဘူး”

ကျိဟုန်ဝမ် အံ့အားသင့်သွားဟန်ဖြင့် လုယန်ကို ကြည့်သည်။

“မင်းမမှားပါဘူး။ ဒါက အမှန်တော့ သွေးဆက်နှိုးဆွတဲ့ နည်းလမ်းတစ်ခုပါ။ ဒါပေမယ့် နာကျင်လွန်းတယ်။ ခံနိုင်ရည်ရှိဖို့ မလွယ်ဘူး။ ဆရာက ဒီနည်းလမ်းနဲ့ အရိုးရိုင်းရဲ့ ရှေးဟောင်းအရိုင်းသွေးဆက်ကို လှုံ့ဆော်ပေးနေတာ။ ဒီအကြောင်း အရိုးရိုင်းကို မပြောနဲ့နော်”

လုယန် ခေါင်းငြိမ့်သည်။

“အတန်းပြီးသွားရင် ဆရာနဲ့သွားတွေ့လို့ ရပါတယ်”

ထိုသို့ပြောပြီး မိန်းမလှကို လက်တွဲလျက် ကျိဟုန်ဝမ် ထွက်သွားသည်။

စာသင်ချိန်တို့မည်သည် အလွန်တရာရှည်ကြာသည်ဟု ခံစားစမြဲဖြစ်သည်။ စတုတ္ထအကြီးအကဲ၏ စာသင်ချိန်ဆယ့်ငါးမိနစ်က သုံးလေးနာရီလောက်ကြာသလို လုယန်ခံစားရသည်။

နောက်ဆုံးတွင် အတန်းပြီးသွားသဖြင့် စတုတ္ထအကြီးအကဲနှင့် လုယန်သွားတွေ့သည်။

“ညီကိုးလား။ ကောက်ကျစ်စဉ်းလဲပြီး ခေါင်းထဲမှာ ဉာဏ်နီဉာဏ်နက်တွေပြည့်နေတဲ့ ပြဿနာကောင်အကြောင်းကို မင်းမေးနေတာလား”

လုယန် -“...”

ကျေးဇူးပါ၊ ကျွန်တော့်ဆရာဘယ်လိုလူစားမှန်း ကျွန်တော်နားလည်ပြီဟု ထင်ပါသည်။

*************************************************

All Chapters