← Chapters

စားဖိုမှူး

Vol. 8 Ch. 115

စားဖိုမှူး

Vol. 8 Ch. 115

“ရသာသုံးမျိုးမီးတောက်”

လုယန် တွေးရခက်သွားသည်။ စကားနှစ်လုံးကို ယွမ်ကျိ နားလည်မှုလွဲသွားသည်ဟု သူယူဆသည်။ ထိုအသုံးနှစ်ခုသည် ပုံစံချင်းဆင်တူသော်လည်း အသံထွက်လုံးဝကွဲပြားသည်။

(**E tran ရှင်းလင်းချက်။ တရုတ်စာတွင် ”သမာဓိမီးတောက်စစ်”နှင့် “အရသာသုံးမျိုးမီးတောက်” စုတ်ချက်ကလေးတစ်ချက်တည်းသာ ကွာခြားသည်။ ထိုစကားလုံးနှစ်လုံးကို စာရေးဆရာက ကစားထားခြင်းဖြစ်သည်)

အမယွမ်၏ စာပေအဆင့်အတန်းသည် သူ့ထက်ပိုမြင့်သည်ဟု သူထင်ထားခဲ့သည်။

လုယန် ကြိုးစားပြုံး၍ စနောက်လိုက်သည်။

“ဟားဟားဟား၊ အမယွမ်က တကယ်နောက်တတ်တာပဲ။ ကျုပ်ကို သမာဓိမီးတောက်သင်ပေးတာမဟုတ်လား။ ဘယ်လိုလုပ် ကျုပ်ကရသာသုံးမျိုးမီးတောက်ကို တတ်ရမှာလဲ။ မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ပါဘူး”

ယွမ်ကျိ ရှင်းမပြတော့။ ရုပ်သေးကို မီးဖိုချောင်ထဲမှ နတ်ဆိုးသားရဲ၏အသားတစ်တုံး သွားယူခိုင်းသည်။

ထို့နောက် အသားတုံးကို လေထဲတွင် ငြိမ်နေအောင်လုပ်ထားသည်။

“မင်းရဲ့မီးတောက်နဲ့ ဒါကိုကင်လိုက်”

လုယန် မီးတောက်စစ်မှုတ်ထုတ်သည်။ အသားတုံး တရှဲရှဲအသံမြည်လာသည်။ မွှေးပျံ့သည့်ရနံ့ ချက်ချင်းထွက်လာသဖြင့် လုယန် တံတွေးမျိုမိသည်။

လုယန်၏မီးတောက်သည် ယွမ်ကျိသရုပ်ပြခဲ့သည့်မီးတောက်လောက် စွမ်းအားမကြီးသော်လည်း သာမန်မီးတောက်များထက်တော့ များစွာပိုပြင်းထန်သည်။ သိပ်မကြာမီ အသားတုံး ကျက်သွားသည်။

“ကိုယ့်ဘာသာမြည်းကြည့်ပါ”

ယွမ်ကျိက ပြောသည်။

လက်ချောင်းကိုဓားအဖြစ်သုံး၍ လုယန် အသားတုံးတစ်ဖဲ့ယူပြီး ပါးစပ်ထဲထည့်လိုက်သည်။ ကိုယ့်လျှာကိုယ်ကိုက်မိမတတ်ပင် အရသာရှိသည်။ နတ်ဆိုးသားရဲအသားတုံးတွင် ဘာအမွှေးအကြိုင်မှ ထည့်မထား။ သို့တိုင်အောင် ချိုငံစပ်အရသာသုံးမျိုးကို ခံစားနေရသည်။

တကယ် ရသာသုံးမျိုးမီးတောက်အစစ်ဖြစ်သည်။

“တစ်နေရာရာမှာ မှားသွားလို့ဖြစ်မယ်”

လုယန် အလေးအနက်သုံးသပ်နေသည်။ ယွမ်ကျိသင်သည့်အတိုင်း တစ်ဆင့်ချင်းသူလုပ်ခဲ့သည်။ ထိုမျှပါရမီထူးသူကိုယ်တိုင် သင်ပေးခြင်းဖြစ်၍ မှားစရာအကြောင်းမရှိနိုင်။

“ကျုပ်ထပ်ကြိုးစားမယ်။ အောင်မြင်မှာသေချာပါတယ်”

ယွမ်ကျိ ခေါင်းငြိမ့်သည်။

“ဒီလိုစိတ်ဓာတ်မျိုးရှိတာကောင်းတယ်။ ဒါဆို ဒီနေ့ညစာကို မင်းတာဝန်ယူလိုက်တော့။ အဲလိုဆို ဒီနေ့မင်းသင်ထားတဲ့စွမ်းအင်အခြေခံလည်း ပိုခိုင်မာလာလိမ့်မယ်”

ထိုသို့ပြောပြီး ကျင့်ကြံမှုလုပ်ရန် ယွမ်ကျိ သူ့လှိုဏ်ဂူထဲသို့ ပြန်ဝင်သွားသည်။ လုယန်ကို ညစာပြင်ဖို့ တာဝန်လွှဲခဲ့သည်။

“အဲ..မဟုတ်ဘူး......နေဦးလေ။ ကျုပ်ပြောတာအဲလိုမဟုတ်ဘူး...”

သူ့ဆုံးဖြတ်ချက်ကို အမယွမ်ကျိနားလည်မှုလွဲသွားသည်။ သို့သော် သူတားသည့်အချိန်တွင် ယွမ်ကျိ သူ့ရှေ့တွင်မရှိတော့။ ရုပ်သေးသာ သူ့ကိုအဖော်ပြုဖို့ ကျန်ရစ်ခဲ့သည်။

လုယန်သက်ပြင်းချလိုက်သည်။ ရုပ်သေးကိုကို မီးဖိုချောင်ထဲသို့ အတူခေါ်သွားသည်။

ကောင်းကင်ဂူတောင်ထိပ်၏ မီးဖိုချောင်ကို လုယန်ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ အရင်က သူတစ်ခါမှ ဟင်းမချက်ခဲ့ဖူး။ အမြဲတမ်း ရုပ်သေးကသာ အစားအသောက်ပြင်ဆင်ပေးခဲ့သည်။ နေ့စဉ်လေ့ကျင့်မှုကြောင့် သူပင်ပန်းနွမ်းနယ်ခဲ့သဖြင့် ချက်ပြုတ်ဖို့လည်း စွမ်းအားမကျန်။

ယွမ်ကျိ၏ မီးဖိုချောင်က သူ့အတိတ်ဘဝမှ အားကစားရုံတစ်ခုထက် ပိုကြီးသည်။ အတော်ကြီးမားသည့် နတ်ဆိုးသားရဲအလောင်းများ နေရာတိုင်းရှိနေသည်။ သေပြီးနောက်မှာပင် ထိုနတ်ဆိုးသားရဲများ၏အသွင်က ကြောက်စရာကောင်းလွန်းသည်။ အမယွမ်နှင့်မတွေ့မီက သူတို့သည် စွမ်းအားကြီးနတ်ဆိုးများ ဖြစ်ခဲ့ကြပေလိမ့်မည်။ အမယွမ်က သူတို့ကို ဓားတစ်ချက်ဖြင့် သတ်ခဲ့သည်။ ဓားချက်ကမြန်လွန်းသဖြင့် သေသည့်အဖြစ်ကိုပင် ကိုယ့်ကိုယ်ကို မသိလိုက်ကြ။

လုယန် အခြေခံဟင်းချက်နည်းသာတတ်သည်။ သာမန်ဟင်းခတ်ပစ္စည်းများကိုသာ သိသည်။ ယခု သူ့ရှေ့တွင်ချထားသည့် ဟင်းချက်ပစ္စည်းကို သူလုံးဝမသိ။

“ငါဘာဟင်းချက်ရမှာလဲ။ အမယွမ်က ဘာကြိုက်သလဲ။ သူက အစားအသောက်အားလုံးကို နည်းနည်းစီစုံအောင်စားတဲ့ပုံပဲ။ ဘယ်ဟာကိုမှ အထူးတလည်ကြိုက်တယ်လို့ မရှိလောက်ဘူး”

“သခင်မက အသားကင်ကို အကြိုက်ဆုံးပါ”

ရုတ်တရက်ပေါ်လာသည့် စကားသံကြောင့် လုယန်လန့်သွားသည်။

သူလှည့်ကြည့်သည်။ အသံရှင်က ရုပ်သေးဖြစ်သည်။

မိန်းမကိုယ်ဟန်ရှိသည့် သစ်သားရုပ်သေးမျက်နှာက သိပ်မထင်ရှား။ လုယန်စကျင့်ကြံသည့်နေ့ကတည်းက ထိုရုပ်သေးနှင့်အတူရှိခဲ့သည်။ သို့သော် စကားပြောသည်ကို မကြားဖူး။

“နင်ဘာကြည့်နေတာလဲ”

ရုပ်သေးက ထပ်ပြောသည်။ ထင်ယောင်ထင်မှာဖြစ်ခြင်းမဟုတ်မှန်း သေချာသွားသည်။

“မင်းက စကားပြောနိုင်တယ်ပေါ့။ အရင်က မင်းစကားပြောတာ ငါတစ်ခါမှမကြားဖူးပါဘး”

“အရူးတစ်ယောက်ကို ငါကဘာလို့စကားပြောရမှာလဲ”

“မင်း...”

လုယန် စကားစရှာမရတော့။ ထိုရုပ်သေးကို ချက်ချင်းတစ်စစီဆွဲဆုတ်ပစ်ချင်စိတ် ပေါက်လာသည်။

“အမယွမ်က အသားကင်ကြိုက်တယ်လို့ မင်းပြောတယ်နော်။ သူအသားကင်စားတာ ငါတစ်ခါမှလည်း မမြင်ဖူးပါဘူး”

လုယန် ရုပ်သေးကို သံသယမျက်လုံးဖြင့်ကြည့်သည်။

ရုပ်သေးမှော်ပညာတစ်ခုကို သူသိသည်။ ထိုရုပ်သေးမျိုး သုံးသူကို ရုပ်သေးမှော်ဆရာဟုခေါ်သည်။ ရုပ်သေးမှော်ဆရာများချည်း ဖွဲ့စည်းထားသည့် ပထမအဆင့်ဂိုဏ်းတစ်ခုပင် ရှိသည်။

သို့သော် ထိုရုပ်သေးတို့၏ စွမ်းဆောင်နိုင်သည့်အတိုင်းအတာကို လုယန်မသိ။ ဉာဏ်ရည်ဘယ်လောက်မြင့်သည်မသိ။

အမယွမ်၏ ရုပ်သေးက ထူးခြားသည့်သဘာဝမျိုး ရှိနေခြင်းကြောင့်ဖြစ်နိုင်သည်။

“သခင်မက ကိုယ့်အကြိုက်ကို တစ်ခြားလူတွေရှေ့ ထုတ်မပြတတ်ဘူး

ရုပ်သေးက စကားပြောဖို့ သိပ်စိတ်မပါသည့်လေသံဖြင့် ပြန်ပြောသည်။

“နင့်ညာဘက်က နွားသားရဲ(ကွေ့)ကိုတွေ့လား။ သူ့ပေါင်သားကိုခုတ်လိုက်။ သခင်မက အဲလိုပေါင်သားမျိုးကြိုက်တယ်”

(**E tran: “kui” သည် တောင်တန်းနှင့်ပင်လယ် ဂန္တဝင်စာအုပ်အရ အရှေ့ပင်လယ် လွေ့ပိုတောင်တွင် နေထိုင်သည့် သားရဲဖြစ်သည်။ ထိုနွား၏သားရေကို မိုးနှင့်လေဆင့်ခေါ်ရန်တီးခတ်သည့် “စည်”လုပ်ရာတွင် သုံးသည်)

“ဒီတစ်ခါတော့ မင်းကိုယုံကြည်လိုက်မယ်”

ရုပ်သေးက သူ့ကို လိမ်ညာနေစရာမကြောင်းမရှိဟု သူယူသည်။

ချင်ဖုန်းဓားကိုထုတ်၍ နွား၏ပေါင်နေရာကို ခုတ်ချလိုက်သည်။ နွားခန္ဓာကိုယ်မျက်နှာပြင်တွင် ရွှေရောင်အလင်းထွက်လာသည်။ လုယန် လွင့်ထွက်သွားပြီး ဂျုံ့မှုန့်ပုံကို တိုက်မိ၍ တစ်ကိုယ်လုံးဖြူဖွေးသွာားသည်။

‘အဟွတ် အဟွတ်၊ ဒီနွားမသေခင်က ကျင့်စဉ်အဆင့်ဘယ်လောက်ရှိလဲ”

ထိုနွား၏ကျင့်စဉ်အဆင့် အတော်မြင့်မည်ဟု လုယန်ယူဆသည်။ သေပြီးနောက်မှာပင် စွမ်းအင်ရောင်က ကာကွယ်နိုင်စွမ်းရှိနေသည်။

ရုပ်သေးက ပြန်မဖြေဘဲ နွား၏ရွှေရောင်အကာအကွယ်အလင်းကို လက်သီးဖြင့်ထိုး၍ ဖျက်ဆီးလိုက်သည်။

“ထပ်ကြိုးစားကြည့်ပါ”

“ခုတ်”

လုယန် “ခုတ်ဓား”စွမ်းအားကို သုံးလိုက်သည်။ သို့သော် အရေပြားတွင် အပေါ်ယံခြစ်ကြောင်းတစ်ခုသာ ဖြစ်လာသည်။

ခုတ်ဓားသည် ဖျက်ဓားလောက်စွမ်းအားမပြင်းသော်လည်း အားသက်ရောက်သည့်နေရာ ကျယ်ပြန့်သည်။ ထပ်ကာထပ်ကာသုံးနိုင်သည်။

(**လုယန် ဓားစွမ်းအားထုတ်သုံးရာတွင် break word၊ chop word, pierce word (technique) စသဖြင့်ရှိသည်။ စကားလုံးဖြင့် ဝိညာဉ်စွမ်းအားအသက်သွင်း၍ ဓားရိပ်ဖန်တီးခြင်းမျိုးဖြစ်သည်။ ချင်ဖုန်းဓားနှင့်လည်း တွဲဖက်သုံးသည်။ ဥပမာ...ကျားနတ်ဆိုး၏ ဝမ်းဗိုက်ကို ထိုးဖောက်ခဲ့စဉ်က “ထိုးခွဲဓား”စွမ်းအားကို သုံးပါသည်။ ဖတ်ရရှင်းလင်းစေရန် “ခုတ်ဓား၊ဖျက်ဓား၊ထိုးခွဲဓား” စသဖြင့် ဘာသာပြန်ပါသည်)

“ခုတ်”

“ခုတ်”

လုယန် ခုတ်ဓားပညာကို သုံးကြိမ်ဆက်တိုက်သုံးလိုက်သည်။ သူ့ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းသွားသည်။ ရုပ်သေးကသူ့ကို အချိန်မီ မဟာအားဖြည့်ဆေးတိုက်သည်။

“ခုတ်”

“ခုတ်”

“ခုတ်”

မဟာအားဖြည့်ဆေး။

ခုတ်-ခုတ်-ခုတ်-မဟာအားဖြည့်ဆေး သံသရာက အကြိမ်ကြိ် လည်ပတ်နေသည်။ နောက်ဆုံးတွင် တစ်နပ်စာအတွက်လုံလောက်သည့် အသားပမာဏကို ခုတ်ဖြတ်နိုင်ခဲ့သည်။

ဟင်းချက်ပစ္စည်းများ အသင့်ဖြစ်ချိန်တွင် သူပင်ပန်းလွန်းသဖြင့် ကြမ်းပြင်ပေါ်ပက်လက်လှန်၍ အသက်ကို မောပန်းစွာရှူရိုက်နေရသည်။ ရုပ်သေးက အားဖြည့်ဆေးဆက်ကျွေးသည်။

ဤမြင်ကွင်းမျိုးကို ရင်းနှီးနေသည်ဟု လုယန်ထင်မိသည်။

မဟာအားဖြည့်ဆေးများကလည်း ပြောစရာမလိုလောက်အောင် အစွမ်းထက်သည်။ သူပြန်အားပြည့်လာပြီး အသားကင်ပြင်ဆင်ရန် စတင်သည်။

“အသားတုံးထဲကအကြောမျှင်တွေဖြတ်ဖို့ ဓားစွမ်းအင်ကိုသုံးပါ”

လုယန် ချင်ဖုန်းဓားထိပ်ကို အသားထဲသို့ ထိုးသွင်း၍ ဓားစွမ်းအင်ထုတ်လွှတ်သည်။ ဓားစွမ်းအင်ချက်ချင်းပျောက်ကွယ် သွားသလို ခံစားရသည်။ ဘာမှမထထူးခြား”

“ဆက်လုပ်ပါ။ နင်လုပ်တာကောင်းတယ်”

ရုပ်သေးက အားပေးသည်။ သို့သော် စကားသံက အတက်အကျမရှိသဖြင့် လုယန် စိတ်အားတက်ကြွမှုမဖြစ်။

“စကားပြောတဲ့အခါ ခံစားချက်လေးနည်းနည်းထည့်လို့မရဘူးလားကွ”

လုယန် အော်လိုက်သည်။

ရုပ်သေးက အလိုက်တသိ လေသံပြောင်းလိုက်သည်။

“လုယန်၊ နင့်ကျင့်စဉ်အဆင့်နိမ့်ပေမယ့်၊ နင်သင်လိုက်သမျှက တလွဲတွေဖြစ်သွားပေမယ့်၊ ငါ့ကို‌တောင် နင်မနိုင်ပေမယ့် နင်အကောင်းဆုံးလုပ်နေတာပဲလေ။ ဆက်ကြိုးစားပါ”

ဒေါသကြောင့် လုယန်၏သွေးကြောများ ဖောင်းကားလာသည်။ ဓားစွမ်းအင်အထွက်နှုန်းလည်း တိုးလာပြီး နွားသားထဲမှ အကြောမျှင်များကို နည်းနည်းချင်း ဖြတ်တောက်သွားသည်။

ထိုအလုပ်က ပင်ပန်းလွန်းသဖြင့် ရုပ်သေးကိုပင် ဒေါသထွက်မနေအားတော့။

အသားကင်မည့်အချိန်သို့ရောက်လာသည်။ မဟာအားဖြည့်ဆေးများစား၍ ရသာသုံးမျိုးမီးတောက်ကို ထုတ်သုံးသည်။ မကြာမီ မီးဖိုချောင်ထဲမျှ အသားကင်နံ့ ဝေ့ဝဲလွင့်ပျံလာသည်။

“ဘာနံ့လဲဟ။ မွှေးလှချည်လား”

အဘိုးပါး(လောင်ပါး) မီးဖိုချောင်သို့ ဝင်လာသည်။ အသားကင်နေသည့်လုယန်ကို တွေ့သည်။

“ဒီကိုဘာလာလုပ်တာလဲ အဘိုးပါး”

လုယန် အံ့အားသင့်သွားသည်။

လောင်ပါးက ပြုံးလျက် လက်ဖက်ရွက်တစ်ဘူး ထုတ်လိုက်သည်။

“ဉာဏ်အလင်းသစ်ရွက်နည်းနည်းရလို့ ယွမ်ကျိဆီ ယူလာပေးတာပါ။ ဒီရောက်တော့ အသားကင်နံ့ရလို့ ဘာတွေချက်ပြုတ်နေလဲ လာကြည့်တာ။ မင်းက နွားသားကင်နေတာလား။ မင်းကျင့်စဉ်အဆင့်နဲ့ဆို အတော့်ကိုကြိုးစားခဲ့ရလောက်တယ်။ ဟုတ်တယ်မဟုတ်လား”

လုယန် ရှက်ရယ်ရယ်လိုက်သည်။

“ဒါနဲ့ မင်းက ညီကိုးအကြောင်း လိုက်မေးနေတယ်နော်။ သူအခုဘယ်ရောက်နေလဲ မင်းသိလား”

သူ့ဆရာ မကြာခင် ဂူထဲမှထွက်လာတော့မည်ဖြစ်၍ ဖုံးကွယ်နေစရာမလိုတော့ဟု လုယန်ယူဆသည်။ ထို့ကြောင့် သူ့ဆရာ ထင်းရှူးတောထဲတွင် တံခါးပိတ်ကျင့်နေကြာင်း ပြောလိုက်သည်။

ကြားရသည့် သတင်းကြောင့် အဘိုးပါး၏မျက်လုံးများ အရောင်လက်လာသည်။ ပြဿနာကောင်များသည် တစ်ယောက်အကြောင်းတစ်ယောက် စိတ်ဝင်စားတတ်ကြသည်ဟု သူတွေးမိသည်။ လက်စသတ်တော့ ဆိုးသွမ်းသည့်ညီကိုးကို ယွမ်ကျိက ပိတ်လှောင်ထားခြင်းဖြစ်သည်။

ဉာဏ်အလင်းလက်ဖက်ရွက်ပုလင်းကို အမြန်ချ၍ သူအလျင်စလို ထွက်သွားသည်။

သူ့ညီအကိုများကို ထိုသတင်း အမြန်သွားပြောပြီး ညီကိုးဒုက္ခရောက်နေသည့်အဖြစ်ကို အတူသွားကြည့်ချင်သည်။

******************************************************

All Chapters