← Chapters

ဂိမ်း

Vol. 29 Ch. 421

ဂိမ်း

Vol. 29 Ch. 421

လွန်ခဲ့သည့် မိနစ်အနည်းငယ်က နင်းကျန်းကျန်းသည် ပထမမေးခွန်းကို ကိုင်တွယ်ဖြေရှင်းဖို့မတတ်နိုင်သည့် အခြေအနေတွင် ရှိသည်။

ယခုတွင်တော့သူထိုင်ချလိုက်သည်နှင့်ချက်ချင်းပင်မေးခွန်းနှင့်ပတ်သက်သောဥာဏ်အလင်းသည်သူ့စိတ်ထဲတွင် ပေါ်လာသည်။

ထို့နောက် နင်းကျန်းကျန်းသည် ဘောပင်နှင့် စာရွက်ကို ကောက်ကိုင်လိုက်ပြီး အမြန်ရေးလိုက်သည်။

“ဒါ့..ဒါ... ဒါ့...!”

ရုံးခန်းတစ်ခုလုံးတွင် ဘောပင်နှင့်ခုံထိသံများလျင်မြန်စွာထွက်ပေါ်လာသည်။

နာရီဝက်အကြာတွင်အလွန်ရှုပ်ထွေးသော တွက်ချက်မှုများသည်စာရွက်ပေါ်တွင် ရှိနေသည်။

ထို့နောက်နင်းကျန်းကျန်းသည် လင်းဖန်ထံသို့ လာပြီး “ပရော်ဖက်ဆာ လင်း၊ ဒီမေးခွန်းကို ဖြေတာဘယ်လိုထင်လဲ”

လင်းဖန်သည် စက္ကန့်အနည်းငယ်ကြာအောင်ကြည့်လိုက်ပြီးနောက် “မင်းအဖြေက မှန်ပါတယ်။”

“ကောင်းလိုက်တာ...ဟေး” နင်းကျန်းကျန်း က စိတ်လှုပ်ရှားစွာပြောလိုက်သည်။

ဂျင်ချန်ကျူသည် ထိုစကားကိုကြားပြီးနောက်တွင် သူသည် “နင်းကျန်းကျန်း၊ မင်းက NS ညီမျှခြင်းနဲ့ ပတ်သက်တဲ့ ပြဿနာအဆင့်တစ်ဆင့်ကို ဖြေရှင်းပြီးသွားတဲ့အတွက်ဂုဏ်ပြုပါတယ်!”

နင်းကျန်းကျန်း က ပြုံးပြီး “ကျေးဇူးတင်ပါတယ်”

ထိုအချိန်တွင် ဟော့ကျောက်ဝူလည်း ခေါင်းကို မော့လိုက်ပြီးတစ်ခုခုပြောဖို့လုပ်လိုက်သည့်အခါတွင်နှာခေါင်းကနေ လန်းဆန်းတဲ့အနံတစ်ခုတိုးဝင်လာသည်။ “ ဘာအနံ့လဲ ၊ရှုလိုက်တာနဲ့လန်းဆန်းသလိုခံစားရတယ် “ လို့ ပြောသည်။

နင်းကျန်းကျန်း က “မင်းရနေတဲ့ရနံ့က ဒီလက်ဖက်ရည်ရဲ့ ရနံ့ဖြစ်လိမ့်မယ်။ဒါက အရသာလဲအရမ်းရှိတယ်။ငါဒါကိုသောက်လိုက်တဲ့အတွက် ပထမပြဿနာကို မြန်မြန်ဖြေရှင်းနိုင်သွားတယ်။ မင်းလည်း လာသောက်လို့ရတယ်။”

မူလက လင်းချင်ကျူ၊ ရှောင်ပန်နှင့် ရှောင်အန်း တို့သည် ဒုတိယပြဿနာကို ဖြေရှင်းရန် ကြိုးစားနေကြသော်လည်းထိုစကားကိုကြားစောအခါခေါင်းကိုချက်ချင်းထောင်ကာနင်းကျန်းကျန်းညွှန်ပြသော လက်ဖက်ရည်ကိုကြည့် လိုက်ကြသည်။

ဟော့ကျောက်ဝူသည် ကော်ဖီစားပွဲသို့ ဦးစွာရောက်လာပြီး လီချမ်လက်ဖက်ရည်ခွက်ကို ကောက်ယူကာ ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။

“ဂုလု!”

နောက်အခိုက်အတန့်တွင်ဟော့ကျောက်ဝူသည် သူ့ခန္ဓာကိုယ်ပေါ်ရှိအဝတ်အစားများအားလုံးမရှိတော့ဘဲကိုယ်လုံးတီးနဲ့တောင်တန်းပေါ်မှာမတ်တပ်ရပ်နေသလိုခံစားလိုက်ရသည်။လေညင်းလေးကလဲသူ့တစ်ကိုယ်လုံးကိုတိုက်ခိုက်နေသည်။

......

ဟော့ကျောက်ဝူ က မထိန်းနိုင်ဘဲ “ဒီလက်ဖက်ရည်က အရမ်းအရသာရှိပြီးလူကိုလန်းဆန်းစေတယ်”

ဂျင်ချန်ကျူ ၊ လင်းချင်ကျး၊ ရှောင်ပန် နှင့် ရှောင်အန်း တို့သည်လည်း နောက်မှလိုက်ကာ လက်ဖက်ရည်ခွက်ကို ယူကာ ပါးစပ်ထဲသို့ လောင်းချကြသည်ကို ကြားလိုက်ရသည်။

“ဂလု!”

“ဂလု!”

နောက်အခိုက်အတန့်တွင် လူတိုင်း၏မျက်နှာသည် ဖုံးကွယ်၍မရသောပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်သွားသည်။

“တစ်ကယ့်ကိုလန်းဆန်းသွားတာပဲ”

“ဟုတ်တယ်။ငါလေပေါ်မှာ​ပျံနေသလိုခံစားရတယ်။”

လူတိုင်းက မချီးမွှမ်းပဲမနေနိုင်ကြပေ။

သူတို့ ထိုင်ခုံကို ပြန်ရောက်တဲ့အခါ သူတို့ရဲ့ စိတ်တွေဟာ အရင်ကထက် ပိုပြီးကြည်လင်လာသည်။

ဒုတိယမေးခွန်းရဲ့အဖြေကိုလဲသူတို့စိတ်ထဲမှာယောင်ဝါးဝါးခံစားမိလာသည်။

အခုအချိန်တွင်……

နင်းကျန်းကျန်းက ဘာကြောင့် အခုလိုပြောခဲ့တာလဲဆိုတာ နောက်ဆုံးတော့ သူတို့ သဘောပေါက်သွားကြသည်။

ဒီလက်ဖက်ရည်က တစ့််ကယ့်ကိုအံ့သြစရာကောင်းလေသည်။

ရုံးခန်းထဲရှိသူတို့6ယောက်လုံးသည်ဒုတိယမေးခွန်းကိုဖြေရာတွင်စိတ်ကိုနစ်မြှပ်ထားလိုက်တော့သည်။

…………

မျက်စိတစ်မှိတ်အတွင်းမှာပင် နေ့လယ်ဘက်သို့ရောက်လာသောလည်းဒုတိယမေးခွန်းကိုဖြေနိုင်သူမရှိခဲ့ပေ။

လင်းဖန်သည် ကြောင်နဲ့ ကစားရတာအချိန်အတော်ကြာတော့ပျင်းလာလေသည်။

ထို့ကြောင့်သူသည်ဖုန်းကိုဖွင့်ကာခဏfbသုံးပြီးနောက်gpတစ်ခုထဲဝင်ကာမက်ဆေ့ခ်ျပို့လိုက်သည်။

လင်းဖန် - ဂိမ်းကစားခြင်လို့ဘာဂိမ်းကစားရမလဲ။

နီနီ-လင်းဖန်မက်ဂျစ်ဂိမ်းဆော့။ဒါကအခုခေတ်စားနေတဲ့ဂိမ်းပဲ။

အေစန်: ဟုတ်တယ်!

…………

ဒုတိယမေးခွန်းကိုဖြေနေသောဟော့ကျောက်ဝူသည်ကို မတ်တပ်ထရပ်လိုက်သည်။

သူသည် လင်းဖန်၏ဘေးတွင် လဲလျောင်းနေသော ကြောင် ရှောင်ဘိုင်နားလာကာကြောင်နဲ့ကစားဖို့လုပ်လိုက်သည်။

ထိုအချိန်သူ့နားထဲတွင် အလွန်ရင်းနှီးသော မက်ဂျစ်ဂိမ်း၏ အသံကို ကြားလိုက်ရသည်။

တက်ဘလက်ကိုင်ထားတဲ့ လင်းဖန်ကိုကြည့်ရင်း သူကအံ့သြတကြီးနဲ့ “ပရော်ဖက်ဆာ လင်း၊ မင်းလည်း မက်ဂျစ်ဂိမ်းကစားတာလား”

“ဟုတ်တယ်။ဒီဂိမ်းကိုငါအခုမှစဆော့ပေမဲ့ငါကြိုက်တယ််!”

ဟော့ကျောက်ဝူက”ကျွန်တော်လဲကြိုက်တယ်။အဲ့ထဲမှာကျွန်တော်အကိုင်ဆုံးလမ်းကြောင်းကမှော်ဆရာ၊သေနတ်သမား၊လုပ်ကြံသတ်ဖြတ်သူ....ကစားရတာကို ကြိုက်တယ်။”

“တကယ်တော့ အရင်တုန်းက အဲ့ထဲမှာမှခန္ဓာကိုယ်ကျင့်ကြံခြင်းလမ်းကြောင်းကိုအကြိုက်ဆုံးကပဲ၊ ဒါပေမယ့် ဒီလမ်းကြောင်းကိုလျှောက်ဖို့ဆိုတာကမလွယ်ဘူး။အဆင့်တစ်ခုတက်ဖို့ကလဲတော်တော်ခက်တယ်၊အချိန်ကလဲတော်တော်ပေးရတယ်။ဒါပေမဲ့ဒါကမက်ဂျစ်ဂိမ်းထဲမှာအသန်မာဆုံးလမ်းကြောင်းပဲ!”

ဟော့ကျောက်ဝူ၏ ပင်ကိုယ်စရိုက်သည် တည့်တိုးဆန်ပြီးရိုးသားသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူနှင့် လင်းဖန်တို့သည် တဖြည်းဖြည်း ရင်းနှီးလာကြသည်။

ထို့ကြောင်ဂိမ်းနဲ့ပတ်သတ်ရင်သူသိသမျှကိုအားလုံးကိုပြောပြခြင်းဖြစ်သည်။

ခေတ္တနားပြီးနောက်ဟော့ကျောက်ဝူက “ပါမောက္ခ လင်းဖန်တကယ်တော့ ကျွန်တော် အစမှာ ခန္ဓာကိုယ်ကျင့်ကြံခြင်းကို ရွေးချယ်ရတဲ့ အဓိကအကြောင်းရင်းကလူ့ခန္ဓာကိုယ်ကို ပိုပြီး လေ့လာချင်လို့ပါ !”

“အနာဂတ်မှာ ဂိမ်းထဲကို ဝင်ပြီးဆော့လို့ရတဲ့ကိရိယာကိုဖန်တီးဖို့စဉ်းစားထားတယ်။”

ဒီအချိန်မှာ...

မူလက ဂိမ်းကို တိတ်တိတ်ဆိတ်ဆိတ် ကစားနေဆဲဖြစ်သော လင်းဖန်သည် သူ၏ လှုပ်ရှားမှုများကို ရုတ်တရက် ရပ်လိုက်သည်။

ဘာကြောင့်လဲဆိုတော့ သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သတိပေးချက်တစ်ခု ထွက်ပေါ်လာလို့ပင်ဖြစ်သည်။

【ဒင်း!မစ်ရှင်- ဇီဝစမ်းသပ်ချက် နှင့် ကွန်ပျူတာစမ်းသပ်မှုကိုကြည့်ပါ။ “အာရုံကြောစနစ်ဆိုင်ရာ သုတေသန”၊ “နယူရွန်မှ ဦးနှောက်အထိ”၊ “နျူရွန်ဖွဲ့စည်းမှု”၊ “အာရုံကြောစုစည်းမှု”၊ “အန်နီမေးရှင်းထုတ်လုပ်မှု”၊ “3D ဂိမ်းများနှင့် ကွန်ပျူတာဂရပ်ဖစ်များတွင် သင်္ချာနည်းများ”၊ “ဂိမ်းပရိုဂရမ်ရေးဆွဲခြင်း”ကိုကိုဖတ်ပါ။ ဆုလတ်-ကွန်ပျူတာအသိပညာ၊ဇီဝပညာကို အဆင့်တစ်ခုမြှင့်ပေးမည်။ဦးခေါင်းတပ်ဂိမ်းဦးထုပ်နှင့် ထုတ်လုပ်မှုဆိုင်ရာအချက်အလက်များကိုချီးမြှင့်မည်ဖြစ်သည်။ 】

သူ့ဘေးနားရှိ ဟော့ကျောက်ဝူ သည် လင်းဖန်ဂိမ်းမကစားသည်ကို မြင်လိုက်ရပြီး သူရဲကောင်းသည်လဲအရိုက်ခံရတော့မည်ဖြစ်သည်။(သူရဲကောင်းဆိုတာကာမက်ဂျစ်ဂိမ်းမှာပါတဲ့လမ်းကြောင်းပါ)

ဂိမ်းကစားနေသော လင်းဖန်ထက်ပင် ဟော့ကျောက်ဝူသည်ပိုပြီး စိတ်လှုပ်ရှားနေသည်။

“ပရော်ဖက်ဆာ လင်း၊ မင်းဘာလို့မဆော့တော့တာလဲ။

သို့သော် ဂိမ်းကိုဆက်ဆော့ရမည့်အစား၊ လင်းဖန်က သူတက်ဘလက်ကို ဟော့ကျောက်ဝူဆီသို့ တိုက်ရိုက်လွှဲပေးပြီး “မင်းလာကစား” ဟုပြောလိုက်သည်။

ထို့နောက် သူသည် အခြားသူများအား ဤသို့ပြောလိုက်သည်။”မင်းတို့နားမလည်တာရှိရင်ဒါကိုမှတ်ထားပြီးငါပြန်လာတာနဲ့လာမေးပါ။ငါလုပ်စရာရှိလို့အပြင်ခဏသွားလိုက်အုံးမယ်။”

လင်းဖန်သည် စကားပြီးသောအခါ အပြင်သို့ တိုက်ရိုက်ထွက်လာခဲ့သည်။

ဟော့ကျောက်ဝူသည် လင်းဖန်၏ တက်ဘလက်ကို ယူလိုက်ပြီး ဂိမ်းကို ကမန်းကတန်း စတင်ဆော့တော့သည်။

သူရဲ့ကောင်းဇာတ်ကောင်မသေဆုံးစေရန်အချိန်အတော်ကြာအောင်လုပ်လိုက်ရသည်။ထို့နောက်သူက ပြုံးပြီးပြောသည်”ငါ့ကို သတ်ချင်တာလား။မင်းကနုသေးတယ်”

“အဟမ်း၊ ငါတို့ရဲ့အသင်းဖော် လူကန့်က ကစားတာကောင်းလိုက်တာ’’(ဂိမ်းကဥပမာ၊သူရဲကောင်းလမ်းကြောင်းရွေးတယ်။အဲ့မှာကိုယ်ထည့်ချင်တဲ့နာမည်ထည့်ပြီးကစားတာပါ။အခုလူကန့်နာမည်ကအဲ့အတိုင်းပါ)

“လီဘိုင်ရဲ့ လုပ်ဆောင်ချက်ကလဲအရမ်းမိုက်တယ်!”

“ဘေဘေလည်း အရမ်းကောင်းတယ်!”

“အန်ဂျယ်ကလဲအရမ်းကောင်းတယ်!”

ဟော့ကျောက်ဝူက သဘောကျစွာ ချီးကျူးလိုက်သည်။

ဒီသူရဲကောင်းတွေရဲ့ IDနဲ့နာမည်တွေကို မြင်လိုက်တာနဲ့ သူ့မျက်လုံးတွေ ပြူးကျယ်သွားပြီး “ဒရင်း?! ဟဲဗီး?! လစ်လား?! မြောင်တို့လား။အိုမိုင်ဂေါ့...!”

ဒရင်း၊ ဟဲဗီး၊ လစ်နှင့် မြောင်တို့သည် မက်ဂျစ်ဂိမ်းတွင် ရေပန်းအစားဆုံး ဂိမ်မာများဖြစ်ကြသည် ။

ရလဒ်အနေဖြင့် ဤလူများသည် လင်းဖန် နှင့် အတူတူ ဆော့နေကြသည်။

ဒါ……

ဒါ……

ဟော့ကျောက်ဝူက မထိန်းနိုင်ဘဲ... တံခါးဝတွင်လုံးဝပျောက်ကွယ်သွားသော လင်းဖန်ကိုလှမ်းကြည့်လိုက်သည်။

ထို့နောက်သူကမချီးကျူးပဲနေနိုင်ပေ။”ပါမောက္ခ လင်းကအရမ်းတော်တာပဲ”(မက်ဂျစ်ဂိမ်းကပထမဆုံးကနာမည်ထည့်တယ်။ပြီးရင်ကိုယ်ကိုင်မဲ့လမ်းကြောင်ရွေးရတယ်။ပြီးရင်စဆော့လို့ရတယ်။မွန်းစတားတွေသက်ပြီးအဆင့်တက်လို့ရသလို၊မစ်ရှင်တွေနဲ့လဲအဆင့်တက်လို့တယ်။ဒီလိုမျိုးပါ.....)

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters