ကျေးဇူးတင်ခြင်း
Vol. 29 Ch. 422
ဟော့ကျောက်ဝူတွင်အမြဲတမ်း အိပ်မက်တစ်ခုရှိသည်။
အဲဒါကတော့ ဒရင်း၊ဟဲဗီး၊လစ်နှင့်မြောင်တို့ထဲကတစ်ယောက်နဲ့ဂိမ်းဆော့ဖို့ပင်ဖြစ်သည်။
ဒါပေမယ့်အခုတော့သူတို့လေးယောက်လုံးနဲ့ကစားနေရလေသည်ဒါကဘယ်လောက်တောင်အံသြစရာကောင်းလိုက်သလဲ။
ခဏအကြာတွင်၊ ဟော့ကျောက်ဝူ သည် သူ့စိတ်ကိုညိမ်အောင်လုပ်ပြီးတက်ဘလက်ပေါ်တွင် သူ့အာရုံကို ပြန်လည်စိုက်ကာ သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသောအမူအရာဖြင့်ဂိမ်းကို ဆက်လက်ကစားတော့သည်။
ဂိမ်းကစားနေသည့်ကာလအတွင်းမှာ သူ့သည်လက်ကိုင်ဖုန်းကို ထုတ်ပြီး ဗီဒီယိုအနည်းငယ်နည်းငယ်ရိုက်ရန်မမေ့ပေ။
…………
လင်းဖန်သည် ဟော့ကျောက်ဝူ၏အပြုအမူကို လုံးဝမသိပေ။သိရင်လဲဂရုစိုက်မည်မဟုတ်ပေ။
ထိုအချိန်တွင် အမှတ်(၁)လေ့ကျင့်ရေးအဆောက် အအုံတံခါးနားသို့ သူရောက်ရှိနေပြီဖြစ်သည်။
လင်းဖန်သည်မစ်ရှင်ကိုအမြန်ပြီးအောင်လောက်လုပ်ဖို့စိတ်အားထပ်သန်နေသည်။အကြင်းအရင်းမှာ
တစ်ဖက်တွင်၊ ဤမစ်ရှင်ကြောင့် ကွန်ပျူတာနှင့် ဇီဝဗေဒအဆင့်ကို မြှင့်တင်နိုင်သည်။
ပြီးတော့ဂိမ်းဦးထုပ်ကိုဆောင်းထားသ၍ဂိမ်းလောကထဲကို ဝင်နိုင်မယ်လို့ စိတ်ကူးကြည့်လိုက်ပါ။ဒါကဘယ်လောက်တောင်အံသြစရာကောင်းလိုက်မလဲ။
ထိုအချိန်တွင် ရှပ်အင်္ကျီအဖြူဝတ်ထားသော ထိပ်ပြောင်အမျိုးသားတစ်ဦး ရောက်လာသည်။
လင်းဖန်ကို မြင်သောအခါ ထိပ်ပြောင်လူက “ပါမောက္ခလင်း၊ မင်္ဂလာပါ! “ကျွန်တော်က ကွန်ပြူတာသိပ္ပံကျောင်းက ပါမောက္ခ ချင်ဂျန်ရှောင်ဖြစ်ပါတယ်။”
လင်းဖန်၏အမည်သည် ကျန်ပေ့တက္ကသိုလ်တစ်ခွင်တွင် ကြာရှည်စွာပျံ့နှံ့ခဲ့သည်။
ထို့ကြောင့်ချင်ဂျန်ရှောင်သည် လင်းဖန်ကို သဘာဝကျကျ သိသည်။
လင်းဖန်က “ ပရော်ဖက်ဆာ ချင်၊ မင်္ဂလာပါ။”
လင်းဖန်ကလဲနှုတ်ဆကလိုက််သည်။
ချက်ဂျန်ရှောင်ကပြုံးရင်း”၊ ပရော်ဖက်ဆာ လီဝီ နှင့် ငါကကွန်ပြူတာကိရိယာဖြင့် စမ်းသပ်မှုပြုလုပ်ရန် ဘွဲ့လွန်ကျောင်းသားအနည်းငယ်ကို ခေါ်ယူထားသည်။ မင်း အဲဒါကို စိတ်ဝင်စားလား။”
ထိုစကားကို ပြောပြီးနောက် သူ့မျက်နှာတွင် မျှော်လင့်ချက်တစ်ခု ပေါ်လာသည်။
အရင်တုန်းက ကျန်ပေ့တက္ကသိုလ်က ဆရာတွေ ဝိုင်းထဲမှာ စကားတစ်ခွန်း ပျံ့နှံ့နေသည်။
သုတေသနမှာ အောင်မြင်ချင်ရင် လင်းဖန်စိတ်ဝင်စားအောက်လုပ်ပါဆိုတဲ့စာကားပင်ဖြစ်သည်။
မူလက ချင်ဂျန်ရှောင် သည် ဤကဲ့သို့သော စကားမျိုးကို သိပ်ဂရုမစိုက်ခဲ့ပေ။
သို့သော်လည်း မကြာသေးမီက ကွန်ပြူတာသိပ္ပံကျောင်းမှ ပါမောက္ခ ဝမ်ဂျန်နှင့် ချမ်ဟန်ရီ တို့က လင်းဖန်ကိုစမ်းသပ်မှုမှာစိတ်ဝင်စားအောင်လုပ်နိုင်ခဲ့သည်။
ထို့ကြောင့် ကာဗွန်အခြေခံ စက်ကို တီထွင်ခဲ့ပြီး “သိပ္ပံ” စာတမ်းကို ထုတ်ဝေနိုင်ခဲ့သည်။
ဒီအဖြစ်အပျက်ဟာ ကွန်ပြူတာသိပ္ပံကျောင်းက ဆရာမတွေအားလုံး မနာလိုဖြစ်ခဲ့ကြသည်။
သိရန်……
ယခုအချိန်တွင် ဝမ်ဂျန် နှင့် ချမ်ဟန်ရီ တို့သည် မီဒီယာအမျိုးမျိုးမှ မကြာခဏ တွေ့ဆုံမေးမြန်းခြင်းကိုခံရပြီး ကွန်ပြူတာချစ်ပ်များ၏ကြီးမားသောပုဂ္ဂိုလ်များဖြစ်လာကြသည်။
ထို့အပြင် ကျန်ပေ့တက္ကသိုလ်သည် ၎င်းတို့၏ ပရောဂျက်များအားလုံးတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ခဲ့သည်။
လက်ရှိ ဝမ်ဂျန်နဲ့ ချမ်ဟန်ရီတို့သည် ချမ်းသာပြီး နာမည်ကြီးနေတယ်လို့ ပြောလို့ရပါသည်။
ဒါတွေအားလုံးက လင်းဖန်ကြောင့်ပင်ဖြစ်သာ်။
လင်းဖန်သည် ချင်ဂျန်ရှောင် ၏ စကားကို ကြားပြီးနောက် သူ့နှလုံးသား အနည်းငယ် လှုပ်ရှားသွားသည်။
ကွန်ပြူတာ..... စက်ပစ္စည်းစမ်းသပ်မှု။
၎င်းသည် ဦးထုပ်ဆောင်းဂိမ်းနှင့် သက်ဆိုင်နေတာမလား။
ဒါကိုတွေးပြီး လင်းဖန်က ခေါင်းညိတ်ပြီး “အိုကေ၊ ဒါဆိုလဲသွားကြည့်ရအောင်” လို့ ပြောလိုက်သည်။
လင်းဖန်ကအိုကေလို့ပြောလိုက်တာလား။
အိုကေဆိုတာကစိတ်ဝင်စားတယ်ဆိုတဲ့သဘောမဟုတ်ဘူးလား။
ချင်ဂျန်ရှောင်၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုများနှင့်ပြည့်နက်နေသည်။
“ပါမောက္ခ လင်း၊ ဒီဘက်ကိုကျေးဇူးပြုပြီး’’ ဟု ကမန်းကတန်း ပြောလိုက်သည်။
ချင်ဂျန်ရှောင်၏ ဦးဆောင်မှုအောက်တွင် နှစ်ယောက်သား ဒုတိယထပ်ဆီသို့ လျှောက်သွားလိုက်ကြသည်။
သူတို့နှစ်ယောက်ကအပေါ်တက်ချိန် ဝမ်ဂျန်က ထွက်လာခဲ့သည်။
ဝမ်ဂျန်သည် လင်းဖန်နှင့် ချင်ဂျန်ရှောင် တို့သည်အပေါ်ထပ်သို့ တက်သွားသည်ကို မြင်လိုက်ရပြီးသူကသူတို့၏နောက်ကျောကိုကြည့်ကာ “ချင်ဂျန်ရှောင် မင်း နောက်ထပ် ကျောင်းသားသစ် ခေါ်ယူလိုက်တာလား။”
ရှင်းရှင်းပြောရရင်ဝမ်ဂျန်က လင်းဖန် ဆိုတာကို မသိပေ။
…………
နံပါတ်203 ဓာတ်ခွဲခန်း။
ဘွဲ့လွန်ကျောင်းသား နှစ်ယောက်သည်ကီးဘုတ်ပေါ် တွင်သူတို့၏လက်ကိုအမြန်လှုပ်ရှားနေသည်။
အခြားဘွဲ့ရကျောင်းသားနှစ်ဦးသည်လဲအမျိုးမျိုးသော...လိုင်းများကို ပြုပြင်ပြောင်းလဲနေသည်။
ဆံပင်ဖြူရှိသောပရော်ဖက်ဆာ လီဝီ သည် ကွန်ပြူတာဖန်သားပြင်ကို အနီးကပ် စိုက်ကြည့်နေသည်။
ထိုအချိန်တွင် ဓာတ်ခွဲခန်းတံခါးသည်ပွင့်လာခဲ့သည်။
ချင်ဂျန်ရှောင်က စိတ်လှုပ်ရှားတဲ့အသံနဲ့ “လူတိုင်းပဲ ကိုယ့်လုပ်နေတဲ့အလုပ်ကိုခဏလေးရပ်ပေးပါ’’
လူတိုင်းထိုစကားကိုကြားသောအခါ လှည့်ကြည့်လိုက်ကြသည်။
ဘွဲ့လွန်ကျောင်းသား အများအပြား၏ မျက်နှာများတွင်တော့ ပဟေဠိဖြစ်သောအမူအရာနှင့်ပြည့်နှက်နေသည်။
သို့သော်လီဝီ ၏အမူအရာသည် ရုတ်တရက် လှုပ်ရှားသွားပြီး “မင်းက ပါမောက္ခလင်းလား?”
သိရန်……
လီဝီ ရဲ့အသက်က ငါးဆယ်ကျော်ရှိပြီဖြစ်သည်။
အသက်ငါးဆယ်ကျော်အရွယ် လူတစ်ဦး၏ လေးစားမှုကိုခံရခြင်းကြောင့် လင်းဖန်ပင် အနည်းငယ် စိတ်မသက်မသာဖြစ်မိသည်။
လင်းဖန်က ပေါ့ပေါ့ပါးပါး ချောင်းဆိုးလိုက်ပြီး “ငါက လင်းဖန်ပါ၊ ဒါပေမယ့် မင်း ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး” လို့ပြောလိုက်သည်။
လင်းဖန်၏ အတည်ပြုချက်ကို ရရှိပြီးနောက် လီဝီသည် ပိုစိတ်လှုပ်ရှားလာပြီး လေးစားလာကြသည်။
သူသည် သုံးလှမ်းနှစ်လှမ်းစုစုပေါင်းငါးလှမ်းလှမ်းပြီး လင်းဖန်၏ညာလက်ကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ထားကာ “ပရော်ဖက်ဆာလင်း၊ ကာဗွန်အခြေခံပုံသဏ္ဍာန်စက်ကို တီထွင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊တခြားနိုင်ငံတွေရဲ့ ချုပ်နှောင်မှုကို မခံရအောင်လုပ်ပေးလို့လဲကျေးဇူးတင်ပါတယ်!”
လီဝီသည်ထိုစကားကိုရင်ထဲမှလာသောစစ်မှန်သောစကားဖြင့်ပြောလိုက်ဖြင်းဖြစ်သည်။
သူသည် တရုတ်နိုင်ငံ၏ ကွန်ပြူတာလုပ်ငန်းတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ချစ်ပ့် သည် တရုတ်နိုင်ငံအတွက် မည်မျှအရေးကြီးကြောင်း သူသိသည်။
လီဝီ သည် တရုတ်နိုင်ငံမှ တစ်စုံတစ်ဦးသည် ကာဗွန်အခြေခံ စက်ကို တီထွင်ခဲ့သည်ဟုသိလိုက်ရသောအခါတွင် သူသည် မျက်ရည်ကျလုမတတ် ဝမ်းသာသွားသည်။
ယနေ့တွင်၊ သူသည် ကာဗွန်အခြေပြု စက်ကို တီထွင်သူအား သူ၏မျက်စိဖြင့်ကိုယ်တိုင့် မြင်နေရသည်။
ထို့ကြောင့်သူ စိတ်မလှုပ်ရှားပဲနေနိုင်မည်နည်း။
ဘွဲ့ရကျောင်းသားလေးဦး၏ မျက်နှာများတွင်လင်းဖန်ကိုလေးစားသောအမူအရာများဖြင့်ပြည့်နှက်နေသည်။
ယနေ့ တွင်လင်းဖန်သည် တရုတ်ကွန်ပြူတာအသိုင်းဝိုင်းတစ်ခုလုံးတွင် နတ်ဘုရားနှင့်တူသော တည်ရှိမှုဟု ဆိုနိုင်သည်။
လင်းဖန်သည် လီဝီကို “ပါမောက္ခ လီ၊ မင်းက ကွန်ပြူတာစမ်းသပ်ပစ္စည်းတွေကို လေ့လာနေတယ်လို့ ပရော်ဖက်ဆာ ချင်ဆီက ငါကြားတယ်။”
လီဝီက “ငါတို့သည်မနှစ်ကတည်းက ကွန်ပြူတာစမ်းသပ်ကိရိယာ(ပစ္စည်း)တွေကို လေ့လာထားပြီးသားပါ။ အဲဒီတုန်းကတော့ တကယ်ကို တုံ့ဆိုင်းနေခဲ့တယ်။ဘာလို့ဆိုသုတေသန အောင်မြင်ရင်တောင်မှ လည်ပတ်ဖို့အတွက် ကောင်းမွန်စွာစွမ်းဆောင်နိုင်တဲ့ ချစ်ပ်ပြားတစ်ခု လိုအပ်လို့ပါ”
“ဒါပေမယ့် အခုတော့စိတ်ပူစရာမလိုတော့ဘူး။ပရော်ဖက်ဆာလင်း မင်းတီထွင်ထားတဲ့ ကာဗွန်အခြေခံ ချစ်ပ်ပြားရှိသွားလို့လေ”
ထိုသို့ပြောပြီးနောက် လီဝီ သည်ထပ်မံစိတ်လှုပ်ရှားလာပြန်သည်။
လင်းဖန်က “ငါမင်းရဲ့စမ်းသပ်ချက်ကို ကြည့်လို့ရမလား?”
လီဝီ က လုံးဝမတွန့်ဆုတ်ဘဲ “ရပါတယ်”
လင်းဖန်သည် ယခုအခါ ကွန်ပြူတာအသိုင်းအဝိုင်းတွက်နတ်ဘုရားကဲ့သို့ဖြစ်ပြီး သူ့ရှေ့တွင် စမ်းသပ်ပြနိုင်သည်မှာတစ်ကယ့်ကိုအခွင့်အရေးဖြစ်သည်။ထို့ကြောင့်သူသည်ဒါကို ဘယ်လိုငြင်းနိုင်မှာလဲ။
ချင်ဂျန်ရှောင်က “နောက်ဆုံးသုတေသနကိုစမ်းသပ်ဖို့်ငါကိုယ်တိုင်လုပ်မယ်!”
လီဝီ က “ငါဒေတာစမ်းသပ်မှုကိုလုပ်မယ်!”
ထူးထူးခြားခြား ပုံသဏ္ဍာန်ရှိသော စက်ယန္တရားများကနေ နက်နဲသော အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
ရှုပ်ထွေးသောပုံစံများ၊ ကုဒ်များနှင့် ဒေတာအမျိုးမျိုးတို့သည် ကွန်ပျူတာစခရင်ပေါ်တွင် တဖြည်းဖြည်း ပေါ်လာသည်။
ချင်ဂျန်ရှောင်နဲ့ လီဝီတို့သည်အသက်ကြီးသောကြောင့်သူတို့ရဲ့ လှုပ်ရှားမှုတွေကအနည်းငယ်နှေးကွေးနေသည်။
ဒါပေမဲ့သူတို့ရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ရင်တော့ပြောစရာစကားလုံးတစ်လုံးတည်းသာရှိသည်။ဒါက တည်ငြိမ်တယ်ဆိုတာပင်ဖြစ်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး