← Chapters

လမ်းညွှန်ခြင်း

Vol. 29 Ch. 423

လမ်းညွှန်ခြင်း

Vol. 29 Ch. 423

ချင်ဂျန်ရှောင်နှင့် လီဝီတို့သည်စမ်းသပ်မှု၏ အဆင့်များနှင့် အသေးစိတ်အချက်များ အားလုံးနီးပါးလုပ်ရာတွင်အလွန်တည်ငြိမ်စွာလုပ်နေသည်။

ဤအချက်ကြောင့် မူလက နာရီဝက်သာကြာလေ့ရှိသော စမ်းသပ်မှုတစ်ခုသည်ယခုအခါတစ်နာရီကြာပြီးနောက် တဖြည်းဖြည်း ပြီးဆုံးသွားသည်။

“ပရော်ဖက်ဆာလင်း၊ ငါတို့ရဲ့ စမ်းသပ်မှုကို ဘယ်လိုမြှင့်တင်ရမယ်လို့ထင်လဲ။” လီဝီက မေးသည်။

ချင်ဂျန်ရှောင်... နှင့် ဘွဲ့ရကျောင်းသားများသည် လင်းဖန်အား မျှော်လင့်သောမျက်လုံးဖြင့် ကြည့်လိုက်ကြသည်။

၎င်းတို့သည် ကွန်ပြူတာ(ကွန်ပြူတာတည်ဆောက်ထားတဲ့ပစ္စည်းမဟုတ်ပါဘူး) ကိရိယာများကို သုတေသနပြုနေသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သည်။

သို့သော်လည်း ယခုအချိန်ထိပြဿနာများစွာကို ကြုံတွေ့နေရသည်။

နတ်ဘုရားကဲ့သို့ ဖြစ်သော လင်းဖန်သည် သူတို့ကိုယ်ကူညီပေးနိုင်မည်ဟု မျှော်လင့်နေကြသည်။

သို့သော်……

လင်းဖန်က ချက်ချင်းပြန်မဖြေပေ။

ယင်းအစား၊ စနစ်၏မစ်ရှင်အခန်းကိုအာရုံစိုက်လိုက်သည်။

【ဒင်း!မစ်ရှင်- ဇီဝစမ်းသပ်ချက်(0/1)နှင့် ကွန်ပျူတာစမ်းသပ်မှု(1/1)ကိုကြည့်ပါ။ “အာရုံကြောစနစ်ဆိုင်ရာ သုတေသန”၊ “နယူရွန်မှ ဦးနှောက်အထိ”၊ “နျူရွန်ဖွဲ့စည်းမှု”၊ “အာရုံကြောစုစည်းမှု”၊ “အန်နီမေးရှင်းထုတ်လုပ်မှု”၊ “3D ဂိမ်းများနှင့် ကွန်ပျူတာဂရပ်ဖစ်များတွင် သင်္ချာနည်းများ”၊ “ဂိမ်းပရိုဂရမ်ရေးဆွဲခြင်း”(0/7)ကိုကိုဖတ်ပါ။ ဆုလတ်-ကွန်ပျူတာအသိပညာ၊ဇီဝပညာကို အဆင့်တစ်ခုမြှင့်ပေးမည်။ဦးခေါင်းတပ်ဂိမ်းဦးထုပ်နှင့် ထုတ်လုပ်မှုဆိုင်ရာအချက်အလက်များကိုချီးမြှင့်မည်ဖြစ်သည်။ 】

၎င်းတို့ထဲမှ တစ်ခုကို ပြီးမြောက်ခဲ့သည်။

ခဏအကြာတွင် လင်းဖန်က သူ့အာရုံကို စနစ်မစ်ရှင်စီကနေရုတ်သိမ်းလိုက်ပြီး “မင်းရဲ့စမ်းသပ်ချက်ကနေ ငါ့အတွက် အတုယူစရာတွေ ရှိသေးတယ်။ ငါပြန်သွားပြီး ငါ့အတွေးတွေကို အရင် ဆင်ခြင်သုံးသပ်မယ်။”

စကားပြောပြီးနောက် လီဝီနှင့် ချင်ဂျန်ရှောင်တို့စကားပြောရန်မစောင့်ဘဲ လှည့်ကာ အပြင်သို့ ထွက်လာခဲ့သည်။

ထို့နောက် အမှတ်(၂)လေ့ကျင့်ရေး အဆောက်အအုံသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။

ဇီဝဗေဒကျောင်း၏ ဓာတ်ခွဲခန်းအများစုသည် ဤနေရာတွင် တည်ရှိသည်။

လင်းဖန်သည် ၎င်း၏ မမမေ့နိုင်မှတ်ဥာဏ်ကို အားကိုးပြီး လေ့ကျင့်ရေး အဆောက်အအုံတစ်ခုလုံးနှင့် ရင်းနှီးလေသည်။ထို့ကြောင့်လင်းဖန်သည်ကျန်ပေ့တက္ကသိုလ်တွင်သူမမှတ်မိသောလမ်းမရှိပေ။

တတိယထပ်ရှိ ဓာတ်ခွဲခန်းတံခါးဝသို့ လင်းဖန်ရောက်လာပြီးနောက်တံခါးကိုတွန်းဖွင့်လိုက်လေသည်။

ပါမောက္ခကျောက်ကျူ၊ ပရော်ဖက်ဆာ ဝူတန်နှင့် ဘွဲ့ရကျောင်းသား အများအပြားသည် တစ်စုံတစ်ခုကို ဂရုတစိုက်လေ့လာရန် နေကြသည်။

ရေရှည်သုတေသနပြုလုပ်နေသောကြောင့်​ကျောက်ကျူသည်အနည်းငယ် အားခြောက်နေသည်။ထို့ကြောင့်သူသည်

ရေနည်းနည်းသောက်ဖို့ထလိုက်သည်။

နောက်အခိုက်အတန့်တွင် ကျောက်ကျူသည်လုံးဝ အံ့အားသင့်သွားသည်။

သူသည်အံ့သြသောလေသံဖြင့် “လင်း... ပါမောက္ခ လင်း၊ ဘယ်ကနေဒီကိုလာတာလဲ။”

ဒီစကားထွက်ပြီးတာနဲ့...

မူလက စမ်းသပ်မှုကို အလေးအနက်ပြုလုပ်နေသောဝူတန်နှင့် ဘွဲ့ရကျောင်းသား အများအပြားသည် ၎င်းတို့၏ လှုပ်ရှားမှုများကို ရပ်လိုက်ပြီး တံခါးဆီသို့ လှမ်းကြည့်လိုက်ကြသည်။

လင်းဖန်ကိုမြင်သောအခါ ဝူတန်က ဆောလျင်စွာ နှုတ်ဆက်လိုက်ပြီး ခါးကို အနည်းငယ်ကွေးကာ စိတ်လှုပ်ရှားသေယလေသံဖြင့် “ပါမောက္ခလင်း၊မင်းတီထွင်ထားတဲ့ အင်ဆူလင် ပြန်လည်ထူထောင်ရေးဆေးက တကယ်ကို အံ့သြစရာပဲ!”

“ငါတို့ ဒီစာရွက်ကို ထပ်ခါထပ်ခါ လေ့လာခဲ့ပေမယ့် နေရာတော်တော်များများကငါ့အတွက်တော့လျှို့ဝှက်ဆန်းကြယ်နေကြတုန်းပဲ!”

ဝူတန်သည်ထိုစကားပြောရင်းစိတ်လှုပ်ရှားလာသောကြောင့်သူ၏မျက်နှာသည်နီမြန်းလို့လာသည်။

ထို့နောက် ဝူတန် က “စာရွက်ထဲက အဆင့်တွေအရတောင်၊ အချို့သော စမ်းသပ်မှုတွေက ငါတို့အတွက် ပြီးအောင်လုပ်ဖို့ ခက်နေသေးတယ်... မစ္စတာလင်း၊ မင်း ငါတို့ကို လမ်းညွှန်ပေးနိုင်မလား”

ဤစကားပြောပြီးတာနဲ့ဝူတန်သည်မျှော်လင့်နေသောမျက်နှာဖြင့်လင်းဖန်ကိုကြည့်လိုက်လေသည်။

လင်းဖန်သည်’’အင်ဆူလင်ပြန်လည်ထူထောင်ရေး’’စာတမ်းထုတ်ပြီးနောက်တွင် ဝူတန်နှင့် ကျောက်ကျူ တို့သည် ဇီဝဗေဒလောကတွင် နာမည်ကြီးလာခဲ့သည်။

သို့သော် သူတို့သည် အင်ဆူလင်ပြန်လည်ထူထောင်ရေးဆေးကိုနားလည်ရန်အချိန်များစွာသုံးထားသော်လည်းယခုအချိန်ထိနားမလည်သေးသော်နေရာများလည်းရှိသည်။

လင်းဖန်သည် ဝူတန်၏ စကားကို ကြားပြီးနောက် အနည်းငယ်စဉ်းစားလိုက်သည်။

စမ်းသပ်မှုတွေလုပ်တဲ့အခါမှာလမ်းညွှန်ရမှာလား။

သူ့တျု့ကိုစမ်းသပ်မှုတစ်ခု လုပ်ခွင့်ပေးသရွေ့ အဲဒါကို ဇီဝစမ်းသပ်မှုအဖြစ် မှတ်ယူသင့်တယ် မဟုတ်လား။

ဒါကိုစဉ်းစားရင်း လင်းဖန် က “ကောင်းပြီ၊ ဒါပေမယ့် ငါ့မှာ အချိန်အကန့်အသတ်ရှိတာကြောင့် မင်းကို စမ်းသပ်မှုတစ်ခုကိုပဲငါလမ်းညွှန်ပေးမယ်”

ဝူတန်က “ကျေးဇူးတင်ပါတယ် ပါမောက္ခ လင်း”

အရင်အကြိမ်ကစနစ်မစ်ရှင်ကို ပြီးမြောက်သောအခါလင်းဖန်သည် အင်ဆူလင်ပြန်လည်ထူထောင်ရေးဆေး၏ ထုတ်လုပ်မှုနိယာမကို တိုက်ရိုက်ရရှိခဲ့သည်။ သဘာဝအတိုင်း၊ သူသည်ထိုးဆေးတွင်ပါဝင်သည့် စမ်းသပ်မှု အမျိုးမျိုးကိုသိသည်။

လင်းဖန်၏လမ်းညွှန်ပြသမှုကြောင့်ဇီဝဗေဒစမ်းသပ်မှု ပြီးမြောက်ရန်မိနစ် ၄၀ မျှသာကြာခဲ့သည်။

ဝူတန် ရုတ်​တရက်​​ပြောလိုက်​သည်​ “ဒါဆို....ဒါကဒီလိုကိုး....ငါတို့အရင်​ကမ​အောင်​မြင်​နိုင်​ခဲ့တာ အံ့သြစရာမဟုတ်​တေယ​ြဘူး!”

ကျောက်ကျူနှင့် ဘွဲ့ရကျောင်းသားအများအပြား၏ မျက်နှာများသည်စိတ်လှုပ်ရှားပြီးပျော်​ရွှင်နေသည်။

လင်းဖန်သည် ဤမျှလောက်ကိုဂရုမစိုက်ဘဲ စနစ်၏မစ်ရှင်ကို တိုက်ရိုက်အာရုံစိုက်လိုက်သည်။

【ဒင်း!မစ်ရှင်- ဇီဝစမ်းသပ်ချက်(1/1)နှင့် ကွန်ပျူတာစမ်းသပ်မှု(1/1)ကိုကြည့်ပါ။ “အာရုံကြောစနစ်ဆိုင်ရာ သုတေသန”၊ “နယူရွန်မှ ဦးနှောက်အထိ”၊ “နျူရွန်ဖွဲ့စည်းမှု”၊ “အာရုံကြောစုစည်းမှု”၊ “အန်နီမေးရှင်းထုတ်လုပ်မှု”၊ “3D ဂိမ်းများနှင့် ကွန်ပျူတာဂရပ်ဖစ်များတွင် သင်္ချာနည်းများ”၊ “ဂိမ်းပရိုဂရမ်ရေးဆွဲခြင်း”(0/7)ကိုကိုဖတ်ပါ။ ဆုလတ်-ကွန်ပျူတာအသိပညာ၊ဇီဝပညာကို အဆင့်တစ်ခုမြှင့်ပေးမည်။ဦးခေါင်းတပ်ဂိမ်းဦးထုပ်နှင့် ထုတ်လုပ်မှုဆိုင်ရာအချက်အလက်များကိုချီးမြှင့်မည်ဖြစ်သည်။ 】

ဒါကိုကြည့်ရင်း...

လင်းဖန်၏ ပါးစပ်သည် အနည်းငယ် လှုပ်သွားသည်။

သေချာတာပေါ့၊ ဒါဟာမစ်ရှင်တစ်ခုကို ပြီးမြောက်စေသည်။

ထိုအချိန်တွင်ဝူတန် က “ပါမောက္ခ လင်း၊ မင်းရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်”

ကျောက်ကျူကနှင့် ဘွဲ့ရကျောင်းသား အများအပြားကလဲ “ပါမောက္ခလင်း၊ မင်းရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်”ဟုတပြိုင်နက်ပြောလိုက်ကြသည်။

လင်းဖန်က သူ့လက်ကို ဝှေ့ယမ်းပြီး “ဒါကငါ့အတွက် ကိစ္စသေးသေးလေးပဲအဲ့လောက်ထိစိတ်ထဲမထားနဲ့၊မင်းတို့ဆက်လေ့လာကြငါသွားတော့မယ်။”

ပြောပြီးတာနဲ့ လှည့်ထွက်သွားလေသည်။

ချက်ခြင်းပင် လင်းဖန်သည် စာကြည့်တိုက်ဆီသို့ဦးတည်လျှောက်သွားလိုက်သည်။

နောက်ဆုံးတွင် သူသည် နောက်ထပ်စာအုပ်အနည်းငယ်သာ ဖတ်ရန် လိုအပ်ပြီး မကြာမီတွင်ဂိမ်းဦးထုပ်ကို ပိုင်ဆိုင်နိုင်တော့မည်ဖြစ်သည်။

ထိုအချိန်တွင် မဝေးလှသောနေရာမှကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

“မင်းလာပြန်ပြီလား?”

လင်းဖန်သည် အသံ၏ ဦးတည်ရာကို ကြည့်လိုက်သည်၊ ၎င်းမှာ လူလင်းဖြစ်နေသည်ကိုတွေ့လိုက်ရသည်။

ယနေ့ တွင်လူလင်းသည် အပြာရောင် ဂါဝန်ရှည်ကို ၀တ်ဆင်ထားပြီး သူမ၏ လက်ထဲတွင် စာအုပ်များကိုကိုင်ဆောင်ထားသည်မှာမှော်ဆရာမနဲ့တောင်တူသည်ဟုလင်းဖန်ကတွေးလိုက်သည်။

လင်းဖန်သည် ထိုအတွေးများကဖျောက်ကာ“ဟုတ်တယ်။”ဟုပြောလိုက်သည်။

ငါစာကြည့်တိုက်ကို ရောက်တိုင်းလိုလို လူလင်းသူမကဒီမှာအမြဲရှိနေတာပဲ။

နောက်ဆုံးတွင် လင်းဖန်က သူ့စိတ်ထဲတွင် သံသယများကို မေးလိုက်တော့သည်။ “မင်း စာကြည့်တိုက်မှာနေနေတာလား။ဘာလို့ဆိုမင်းကိုငါစာကြည့်တိုက်မှာပဲတွေ့လို့လေ”

ထိုစကားကိုကြားသောအခါလူလင်း၏ ဖြူဖွေးလှပသော မျက်နှာလေးသည် အနည်းငယ် နီရဲသွားကာ အနည်းငယ် ဒေါသထွက်နေသော လေသံဖြင့် ပြောလိုက်သည် “ နာမည်ကြီး ပရော်ဖက်ဆာ လင်းဖန်က ကျောင်းသားတွေ စုဆောင်းတာကို ကြားပြီး စာကို အလျင်အမြန်ရေးပြီးပို့ပေးပေမယ့် အရွေးမခံရဘူးလေ။”

“ဒါကြောင့်ငါအရင်ကထက်စာကြည့်တိုက်မှာ ပိုနေပြီးဘွဲ့လွန်ဝင်ခွင့် စာမေးပွဲကို ဖြေနိုင်ဖို့အတွက်စာအုပ်ဖတ်ရတယ်လေ...”

လင်းဖန် က အဲဒါကိုကြားတော့ ရှက်ရွံ့တဲ့ အမူအရာကို ပြကာ”ဒါ... မင်း အီးမေးလ်ပို့လိုက်တာလား။ ငါ သတိမထားမိဘူး” လို့ ပြောလိုက်သည်။

ကျောင်းသားတွေကို စုဆောင်းတဲ့အခါ လင်းဖန် ဟာ သောင်းနဲ့ချီတဲ့ အီးမေးလ်တွေကို လက်ခံရရှိခဲ့သည်။

ထို့ကြောင့်၊ စည်းကမ်းတစ်ခုစီတွင် အလားအလာအကောင်းဆုံးနှင့် အကောင်းဆုံးအီးမေးလ်ကို ရွေးချယ်ရန် ရှောင်ဘိုင်ကို တိုက်ရိုက်တောင်းဆိုခဲ့သည်။

လူလင်း သည် ရိုးရှင်းသောမေးခွန်းများစွာကို မဖြေနိုင်သေးသောကြောင့်သူရေးသောစာတမ်းအီးမေးလ်သည်လဲအလွန်ရိုးရှင်းသည်။ထို့ကြောင့်ရှောင်ဘိုင်ကသူမရဲ့အီးမေးလ်ကိုတိုက်ရိုက်ပယ်ချခြင်းဖြစ်သည်ဟုလင်းဖန်ထင်လိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters