ကမ္ဘာ
Vol. 29 Ch. 424
လင်းဖန်၏ ရှက်ရွံ့မှုကိုတွေ့တော့ လူလင်းသည် ဝမ်းနည်းသောလေသံဖြင့် “ပထမကငါအီးမေးလ်ပို့ဖို့ပဲ”
ခဏအကြာတွင်ရယ်မောကာ “ငါမင်းဆီအီးမေးလ်မပို့ခဲ့ဘူ။မင်းကိုစကြည့်တာ..ဟီ’’ “
ခေတ္တနားပြီးနောက် လူလင်းက “ဒီကိစ္စကိုထားလိုက်တော့။ ဒီတစ်ခါ စာကြည့်တိုက်မှာ ဘာစာအုပ်တွေ လာရှာတာလဲ”
လင်းဖန်သည် ပေါ့ပေါ့ပါးပါး ချောင်းဆိုးလိုက်ပြီး “အာရုံကြောစနစ်ဆိုင်ရာ သုတေသန”၊ “နယူရွန်မှ ဦးနှောက်အထိ”၊ “နျူရွန်ဖွဲ့စည်းမှု”၊ “အာရုံကြောစုစည်းမှု”၊ “အန်နီမေးရှင်းထုတ်လုပ်မှု”၊ “3D ဂိမ်းများနှင့် ကွန်ပျူတာဂရပ်ဖစ်များတွင် သင်္ချာနည်းများ”၊ “ဂိမ်းပရိုဂရမ်ရေးဆွဲခြင်း”
“အာရုံကြောစနစ်.... ဂိမ်းပရိုဂရမ်ရေးဆွဲခြင်းဒါတွေကိုလေ့လာနေတာလား” လူဘင်းကပြောသည်။
သူမတွင်လည်း ဒါတွေကို နားလည်မှု တစ်ချို့ရှိတယ်။
လင်းဖန် က “အမှန်ပဲ”
လူလင်း သည် ချက်ချင်းပင် စိတ်ဝင်စားလာကာ သူမ၏မျက်လုံးများသည် တောက်ပသွားပြီး”ကောင်းလိုက်တာ၊ မကြာခင် ဂိမ်းနဲ့ပတ်သက်ပြီးတီထွင်နိုင်မယ်လို့ မျှော်လင့်ပါတယ်!”
လင်းဖန်က “စိတ်မပူပါနဲ့၊ဒါကကြာမှာမဟုတ်ဘူး”
နှစ်ယောက်သား ရှေ့ကို လျှောက်သွားရင်း စကားပြောနေသည်။ထို့နောက်လင်းဖန်သည်သူလိုအပ်သောစာအုပ်၇အုပ်ကိုရှာလိုက်သည်။
မကြာခင်မှာပဲသူလိုအပ်သော ‘’အာရုံကြောစနစ်ဆိုင်ရာ သုတေသန”၊ “နယူရွန်မှ ဦးနှောက်အထိ”၊ “နျူရွန်ဖွဲ့စည်းမှု”၊ “အာရုံကြောစုစည်းမှု”၊ “အန်နီမေးရှင်းထုတ်လုပ်မှု”၊ “3D ဂိမ်းများနှင့် ကွန်ပျူတာဂရပ်ဖစ်များတွင် သင်္ချာနည်းများ”၊ “ဂိမ်းပရိုဂရမ်ရေးဆွဲခြင်း”စာအုပ်တို့သည်လင်းဖန်လက်ထဲသို့ရောက်လို့နေပြီဖြစ်သည်။
ထို့နောက် လင်းဖန်သည် တုံ့ဆိုင်းမနေဘဲ စာအုပ်တစ်အုပ်ကိုဖွင့်ကာ အမြန်လှန်လိုက်သည်။
နှစ်မိနစ်အတွင်းမှာပဲ ရာနဲ့ချီစာမျက်နှာပါတဲ့ “အာရုံကြောဆိုင်ရာသုတေသန” စာအုပ်ကိုဖတ်လို့ပြီးသွားလေသည်။
…………
မိနစ် 20 ကျော်ကြာပြီးနောက်၊ နောက်ဆုံးစာအုပ်ဖြစ်သော”ဂိမ်းပရိုဂရမ်ရေးဆွဲခြင်း” ကို လင်းဖန်ကဖတ်လို့ပြီးသွားလေသည်။
လင်းဖန်သည် စာအုပ်ကိုချလိုက်သည်နှင့်သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း အသံတစ်ခု ထွက်ပေါ်လာသည်။
【ဒင်း! မစ်ရှင်ပြီးမြောက်တဲ့အတွက် ဂုဏ်ယူပါတယ်။ ဇီဝစမ်းသပ်ချက်(1/1)နှင့် ကွန်ပျူတာစမ်းသပ်မှု(1/1)ကိုကြည့်ပါ။ “အာရုံကြောစနစ်ဆိုင်ရာ သုတေသန”၊ “နယူရွန်မှ ဦးနှောက်အထိ”၊ “နျူရွန်ဖွဲ့စည်းမှု”၊ “အာရုံကြောစုစည်းမှု”၊ “အန်နီမေးရှင်းထုတ်လုပ်မှု”၊ “3D ဂိမ်းများနှင့် ကွန်ပျူတာဂရပ်ဖစ်များတွင် သင်္ချာနည်းများ”၊ “ဂိမ်းပရိုဂရမ်ရေးဆွဲခြင်း”(7/7)ကိုဖတ်ပါ။ ဆုလတ်-ကွန်ပျူတာအသိပညာ၊ဇီဝပညာကို အဆင့်တစ်ခုမြှင့်ပေးမည်။ဦးခေါင်းတပ်ဂိမ်းဦးထုပ်နှင့် ထုတ်လုပ်မှုဆိုင်ရာအချက်အလက်များကိုချီးမြှင့်မည်ဖြစ်သည်။ 】
【ဒင်း!ဂုဏ်ယူပါတယ်။သင်သည် ပညာရှင်အဆင့် ကွန်ပျူတာ အတွေ့အကြုံကို ရရှိသည်။ 】
【ဒင်း! ဂုဏ်ယူပါတယ်၊ သင်သည် ပညာရှင်အဆင့် ဇီဝဗေဒဆိုင်ရာ အတွေ့အကြုံကို ရရှိသည်။ 】
*#*#1472365#*#*(ပညာရှင်အဆင့်ကွန်ပြူတာအသိပညာတွေပါ)
*#*#64663#*#*
…………
C02+H20----(CH20)+O2(ပညာရှင်အဆင့်ဇီဝဗေဒမှတ်ဥာဏ်ပါ)
+12H20----C6H1206+6H2O+6O2
…………
ရုတ်တရက် မရေမတွက်နိုင်သော ရှုပ်ထွေးများပြားသော ကုဒ်များစွာနှင့် ဇီဝဗေဒဆိုင်ရာ ဗဟုသုတများစွာသည် လင်းဖန်၏စိတ်ထဲသို့ ဝင်လာခဲ့သည်။
ထို့နောက် ချက်ချင်းပင်လင်းဖန်သည် ဂိမ်းဦးထုပ်များ ထုတ်လုပ်သည့် နိယာမသည်လဲသူ့စိတ်ထဲတွင် ပေါ်လာသည်။
[ဂိမ်းဦးထုပ်: အဲဒါကို ထုတ်ခငေ်လား။ 】
မစ်ရှင်ပြီးပြီ။
ယခုအချိန်တွင်လင်းဖန်သည်ဂိမ်းဦးထုပ်ကို မကြာမီအသုံးပြုနိုင်မည်ဟူသောအတွေးဖြင့်စိတ်လှုပ်ရှားနေသည်။
သူက မတ်တပ်ထရပ်ပြီး “ငါလုပ်စရာရှိလိုငါအရင်သွားတော့မယ်” လို့ပြောလိုက်သည်။
ပြောပြီးတာနဲ့ သူသည်အပြင်ကို ထွက်သွားသည်။
ယခုအခိန်တွင်လင်းဖန်သည်ဂိမ်းဦးထုပ်ကို ထုတ်ယူရန် မစောင့်နိုင်တော့ပေ။
လူလင်းက တစ်ခုခုပြောဖို့ ပါးစပ်ကိုဖွင့်လိုက်ပေမဲ့လင်းဖန်၏ စိတ်အားထက်သန်သော အသွင်အပြင်ကို မြင်လိုက်ရသဖြင့် စကားလုံးများကိုပြန်လည်မျိုချရန်မှတပါး ရွေးချယ်စရာမရှိပေ။
သူမက စားပွဲပေါ်က စာရွက်ကို ငုံ့ကြည့်ပြီး ညည်းညူလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ဒီဟာကိုနောက်တစ်ကြိမ်မှပဲမေးတော့မယ်”
…………
လင်းဖန်သည် သူ့ရုံးခန်းထဲသွားရန် မရွေးချယ်ဘဲ Cullinan(ကား)ဖြင့်ပန်းလုံဗီလာသို့ တိုက်ရိုက်ပြန်လာခဲ့သည်။
[ဂိမ်းဦးထုပ်: အဲဒါကို ထုတ်ချင်လား။ 】
“ဟုတ်တယ်!”
နောက်အခိုက်အတန့်မှာ သတ္တုနဲ့လုပ်ထားတဲ့ ခမောက်ကြီးတစ်ခု သူ့ရှေ့မှာ ပေါ်လာလေသည်။
ဒါကတော့ ဂိမ်းဦးထုပ်ပင်ဖြစ်သည်။
လင်းဖန်သည် အလွန်ထူးဆန်းသော အကြည့်ဖြင့် ခမောက်ကို ကြည့်လိုက်သည်။
ထို့နောက်သူသည်ခေါင်းပေါ်တိုက်ရိုက်တင်လိုက်သည်။
ဂိမ်းဦးထုပ်ကို အပြင်ဘက်တွင် သတ္တုဖြင့် ပြုလုပ်ထားသော်လည်း အတွင်းပိုင်းတွင် အလွန်ပျော့ပျောင်းပြီး သက်တောင့်သက်သာရှိကာ ကောင်းမွန်သော အသံလျှပ်ကာဂုဏ်သတ္တိများလဲရှိသည်။
လင်းဖန်သည် ကာဗွန်အခြေခံ ချစ်ပ်ပြားကို ဆဲလ်ဖုန်းတွင် ထည့်သည်။
ထို့နောက် ကွန်ပျူတာပေါ်နဲ့ချိတ်ကာမိုဘိုင်းလ်ဖုန်းရှိဂိမ်းပရိုဂရမ်ကိုအဆင့်မြှင့်တင်မှုများ ဆက်တိုက်ပြုလုပ်သည်။
နာရီဝက်လောက်ကြာတော့ အားလုံးအဆင်သင့်ဖြစ်နေပြီဖြစ်သည်။
လင်းဖန် က “စက်ပစ္စည်းတွေလဲရှိနေပြီဆိုတော့၊ အခု ဂိမ်းတစ်ခု ဒီဇိုင်းဆွဲဖို့ပဲလိုအပ်တော့တယ်”
ဒါကိုစဉ်းစားရင်းလင်းဖန်သည်ချက်ချင်း ခေါင်းကိုက်လာသည်။
သူသည် ကွန်ပြူတာ ပညာရှင်အဆင့် အတွေ့အကြုံရှိသည်။ထို့အပြင်သူသည် ဂိမ်းခမောက်များ၏ ထုတ်လုပ်မှုနှင့် လုပ်ဆောင်မှုဆိုင်ရာနှင့်ပတ်သက်သောအချက်အလက်များကို ကျွမ်းကျင်သည်။
သို့သော် ဂိမ်းတစ်ခုကို ကိုယ်တိုင်ဖန်တီးရန် မှာအလွန်ခက်ခဲသည်။
ဂိမ်းတစ်ခုဖန်တီးရန်ရက်အနည်းငယ် ဒါမှမဟုတ် ရက်ပေါင်း ဒါဇင်နဲ့ချီပြီးကြာလေ့ရှိသည်။
လင်းဖန်က သက်ပြင်းချလိုက်ပြီး “ဒါကိုခဏမေ့ထားအုံးမယ်။ မူပိုင်ခွင့်လျှောက်ထားပြီး စာတမ်းကို အရင်ထုတ်လိုက်ရအောင်” လို့ပြောလိုက်သည်။
လင်းဖန်သည်အလွန်ချမ်းသာကြွယ်ဝသည်။
သို့သော်၊သူတီထွင်ထားသော အရာတစ်ခုအတွက် မူပိုင်ခွင့်လျှောက်ထားခြင်းသည် လုံးဝကိုမိုက်မဲတာမဟုတ်ပေ။မဟုတ်ပါကတစ်ခြားသူများသည်သူတီထွင်ထားသောအရာကိုတခြားလူကမူပိုင်ခွင့်တင်ပြီးရောင်းလျှင်သူဘာမှလုပ်နိုင်မည်မဟုတ်ပေ။
“ရှောင်ဘိုင်!”
“ရှိပါတယ်ဆရာ!” လက်ကောက်ဝတ်ရှိ စူပါစမတ်နာရီသည် ပြတ်သားသော အသံထွက်ပေါ်လာသည်။
“ဂိမ်းဦးထုပ်အတွက် မူပိုင်ခွင့်တစ်ခု မှတ်ပုံတင်ဖို့ ကူညီပေးပါအုံး။ ပြီးရင် ဂိမ်းဦးထုပ်.... စာတမ်းတစ်ခုကိုလဲရေးပေးအုံး” လင်းဖန်ကဆိုသည်။
ရှောင်ဘိုင်က “ကောင်းပါပြီ ဆရာ”
ထို့နောက်တွင်၊ စူပါစမတ်နာရီသည် မီးနီတစ်ခု ထွက်ပေါ်လာသည်။
ဆယ်မိနစ်ခန့်အကြာတွင်မူပိုင်ခွင့်စာရွက်စာတမ်းများသည် စူပါစမတ်နာရီ၏ မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။
ရှောင်ဘိုင်က “ဆရာ၊ ဂိမ်းခမောက်အတွက် မူပိုင်ခွင့်ကို မှတ်ပုံတင်ပြီးပါပြီ။”
“ဒါ့အပြင်၊ ဂိမ်းဦးထုပ်.... စာတမ်းကိုလည်း မင်းရဲ့ အီးမေးလ်ကို ပို့ထားပြီးပါပြီ။”
ရှောင်ဘိုင်စကားဆုံးတာနှင့် လင်းဖန်၏ဖုန်းသည် အနည်းငယ်တုန်ခါသွားသည်။
အီးမေးလ်တစ်စောင် ထွက်ပေါ်လာသည်။
ထိုအီးမေးလ်သည်ရှောင်ဘိုင်ရေးသားထားသောသည့် “ဂိမ်းဦးထုပ်များ၏ စည်းမျဉ်းများနှင့် အလားအလာ”ပင် ဖြစ်သည်။
လင်းဖန်က အဲဒါကို တစ်ချက်ကြည့်လိုက်ပြီး “ရှောင်ဘိုင်မင်းလုပ်တာ အရမ်းကောင်းတယ်၊ ပထမနေရာမှာငါ့နာမည်ကိုရေးပြီး၊ ဒုတိယနေရာမှချင်ဂျန်ရှောင်၊ လီဝီ၊ဝူတန်နဲ့ကျောက်ကျူတို့ကိုရေးလိုက်ပါ’’
“ပြီးရင်ဒီစာတမ်းကို’’နီတာ’’ကိုပို့လိုက်ပြီးအရင်အတိုင်းပဲအမြန်ဆုံးသုံးသပ်နိုင်အောင်လုပ်ပေးပါ’’
“ကောင်းပြီ ဆရာ!” ရှောင်ဘိုင် က ပြောသည်။
ထို့နောက်ရှောင်ဘိုင်သည်ရေးစရာရှိတာရေးပြီးနီတာထံပို့လိုက်လေသည်။
ဒီအချိန်မှာ လင်းဖန်က တစ်ခုခုကို တွေးမိပြီး ကမန်းကတန်း မေးလိုက်သည်။ “ရှောင်ဘိုင် မင်း ဂိမ်းဦးထုပ်နဲ့သင့်တော်တဲ့ ဂိမ်းတစ်ခုကို တီထွင်နိုင်လား”
ရှောင်ဘိုင် က “တီထွင်နိုင်ပါတယ်”
“ကောင်းလိုက်တာ!” လင်းဖန်က ဝမ်းသာအားရပြောသည်။
နောက်ဆုံးတော့ သူသည် ဂိမ်းခမောက်နဲ့ဆော့ဖို့အရမ်းစိတ်အားထက်သန်နေသည်။သို့သော်သူသည်ဂိမ်းကိုထုတ်လုပ်ရမည်ဖြစ်သောကြောင့်ခေါင်းကိုက်နေသည်။
ရှောင်ဘိုင်က “သခင်က ဘယ်လိုဂိမ်းမျိုးကို လိုချင်တာလဲ?”
“စွန့်စားတဲ့ပုံစံမျိုး...” လင်းဖန်က မဆိုင်းမတွပြောသည်။
“ကောင်းပြီ ဆရာ။” ရှောင်ဘိုင်က ပြောသည်။
ဆယ်မိနစ်လောက်အကြာတွင်ရှောင်ဘိုင်က “ဆရာ ဂိမ်းကို သင့်ဖုန်းမှာ သိမ်းထားလိုက်ပါပြီနာမည်ကတော့’’ကမ္ဘာ’’ပါ” လို့ ဆိုလိုက်သည်။
“ကောင်းပြီ!” လင်းဖန်က ဝမ်းသာအားရပြောသည်။
ဂိမ်းကိုထည့်သွင်းလိုက်ပြီဖြစ်သောကြောင့်သူသည်ဂိမ်းလောကထဲသို့ချက်ချင်းဝင်ရောက်နိုင်မည်ဖြစ်သည်။
လင်းဖန်သည် ဆဲလ်ဖုန်း....ကို အလျင်အမြန် ကောက်ယူလိုက်ပြီးဖွင့်လိုက်သောအခါ ၎င်းတွင် “ကမ္ဘာ” ဟူသော မရင်းနှီးသောနာမည်နဲ့သင်္ကေတတစ်ခု ရှိနေပြီဖြစ်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး