← Chapters

စိတ်ဝင်စားဖို့ကောင်းသောဂိမ်း

Vol. 29 Ch. 425

စိတ်ဝင်စားဖို့ကောင်းသောဂိမ်း

Vol. 29 Ch. 425

လင်းဖန်သည် ကုတင်ပေါ်တွင် လှဲလျောင်းပြီး ဂိမ်းဦးထုပ်ကို ...ဖုန်းနှင့် ချိတ်ဆက်လိုက်သည်။

ထိုအချိန်တွင် လင်းဖန်၏နားထဲတွင် ပြတ်သားသောသတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

“ဂိမ်းဦးထုပ်ကို ဖွင့်ချင်လား?”

“ဖွင့််မယ်” လင်းဖန်က ပြောသည်။

လင်းဖန်သည် သူ့လည်ပင်းအနည်းငယ် တင်းကျပ် သလိုခံစားလိုက်ရသည်။

နောက်အခိုက်အတန့်တွင် လင်းဖန်၏ မြင်ကွင်းသည်မှောင်သွားခဲ့သည်။

သူ့နားထဲတွင် စူးရှသော အသံတစ်သံ ထွက်ပေါ်လာပြန်သည်။

“ဂိမ်းဦးထုပ်မှ ကြိုဆိုပါတယ်”

“ကမ္ဘာ့ဂိမ်းကိုဝင်မှာလား။”

လင်းဖန်က လုံးဝမတွန့်ဆုတ်ဘဲ “ဟုတ်တယ်!”

နောက်အခိုက်အတန့်တွင်လင်းဖန်သည်

သူ၏ရှေ့တွင် စိမ်းလန်းသောမြက်ခင်းပြင်တစ်ခု ပေါ်လာသည်။

လင်းဖန်သည်လေပြင်းတိုက်သောအခါ အေးမြသောခံစားချက်လဲရသည်။

လင်းဖန်သည် ခေါင်းကို မြှောက်လိုက်သောအခါတွင် ကောင်းကင်တွင် ပျံသန်းနေသော ငှက်များနှင့် နေကိုကိုလဲတွေ့လိုက်ရသည်။

ဒါတွေအားလုံးက တစ်ကယ့်ကိုအစစ်အမှန်အတိုင်းပဲ။

လင်းဖန်းပင်လျှင် ဒါကိုအလွန်ထူးဆန်းတယ်လို့ခံစားရသည်။

ထို့နောက်လင်းဖန်သည် ရှေ့သို့ လျှောက်လာခဲ့သည်။

သိပ်မကြာခင်မှာပဲ သူ့ရှေ့မှာ ပန်းပင်လယ်ကြီးတစ်ခု ပေါ်လာလေသည်။

အနီ ၊ အပြာ ၊ ခရမ်းရောင်... ပန်းပေါင်းစုံ၊အရောင်မျိုးစုံဖြင့်ရှိနေသောကြောင့်ကြည့်ရှုသူအပေါင်း၏စိတ်ကိုလန်းဆန်းစေသည်။

ထိုအချိန်တွင် ပန်းပင်လယ်ပြင်တွင်ပုန်းကွယ် နေသော မြွေတစ်ကောင်သည် ရုတ်တရက် ထွက်လာပြီးလင်းဖန်ဆီသို့ လျင်မြန်စွာ တွားသွားလာခဲ့သည်။

ဒါကိုမြင်တော့ လင်းဖန်က အမြန်နောက်ဆုတ်လိုက်သည်။

သို့သော်လည်း သူသည်နောက်သို့ဆက်တိုက်ဆုတ်ပေမဲ့မြွေသည်အရှိန်ကိုတော့သူမယှဉ်နိုင်ပေ။

ထို့ကြောင့်ခဏအကြာတွင် မြွေသည် ရုတ်တရက် အရှိန်ကိုတိုးလိုက်ကာသူ၏ချွန်ထက်သော သွားများဖြင့်လင်းဖန်၏ ခြေသလုံးကြွက်သားသို့ ကိုက်လိုက်သည်။

သို့သော် လင်းဖန်သည်လဲလျင်မြန်စွာ ရှောင်ထွက်လိုက်သည်။

လက်တွေ့ကမ္ဘာတွင်အကြိမ်ပေါင်းများစွာ ဆေးရည်သောက်ခဲ့သောကြောင့်လင်းဖန်သည်သာမန်လူထက်ကျော်လွန်သောစွမ်းများရှိသည်။

သူ၏ အရှိန်နှင့် ခွန်အားဖြင့်၊ သူသည် ထိုမြွေကြီးကို အလွယ်တကူ ဖြေရှင်းနိုင်သည်။

ဒါပေမယ့် အခုက ဂိမ်းလောကထဲမှာဖြစ်သည်။

အခုသူ့ရဲ့ စွမ်းအားနဲ့ အရှိန်က သာမန်လူတွေနဲ့ အတူတူပင်ဖြစ်သည်။

မြွေကို ရှောင်ဖို့က တကယ်ခက်သည်။

လင်းဖန်သည်မြွေကိုက်တာကိုတစ်ခါရှောင်နိုင်ပေမဲ့သူသည်ပေါ့လျော့မှုကြောင့်သူ၏ခြေသလုံးကိုမြွေကိုက်လိုက်သည်။

မြွေကိုက်၍ထွက်လာသောနာကျင်မှုသည်စကားတစ်လုံးတည်းဖော်ပြရလျှင်မပြောပြတတ်အောင်နာတယ်ဆိုတာပင်ဖြစ်သည်။

ပြီးတာနဲ့ ချက်ချင်းပဲ တစ်ကိုယ်လုံး ယားယံတဲ့ ခံစားချက်တွေ ပေါ်လာသည်။

ခဏကြာတော့ သူ့ရှေ့က ကမ္ဘာကြီး ရုတ်တရက် ပျောက်ကွယ်သွားပြီးသူ့စိတ်ထဲတွင်’’သင်သည်သေသောကြောင့်ဂိမ်းသည်ပြီးဆုံးသွားပြီ’’ဆိုပြတ်သားသော အသံတစ်ခု ပေါ်လာသည်။

သူသည်ဂိမ်းထဲကိုဝင်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ သေဆုံးသွားတာလား?

လင်းဖန်သည် မရှက်ပဲမနေနိုင်ချေ။

“ဂိမ်းလောက(ကမ္ဘာ)ထဲကို ပြန်ဝင်ချင်လား”

“ဟုတ်တယ်!”

နောက်အခိုက်အတန့်တွင် လင်းဖန်သည် ပထမရောက်ခဲ့သောမြက်ခင်းပြင်တွင် ပြန်ပေါ်လာသည်။

ဒီတစ်ခါတော့ သူသည် ချက်ချင်း ရှေ့ကို မတိုးသွားပေ။

ယင်းအစား သင့်လျော်သော သစ်သားချောင်းတစ်ချောင်းနှင့် ကျောက်တုံးနှစ်တုံးကို ယူကာပန်းများရှိရာသို့ လျှောက်လာခဲ့သည်။

ပန်းခင်းသို့ရောက်ပြီးမကြာမီတွင်မြွေကြီး ပေါ်လာပြန်သည်။

လင်းဖန်က ပြုံးပြီး “သောက်မြွေ...တစ်ခါပဲခံမယ်ကွ..”လို့ကြိမ်းမောင်းလိုက်သည်။

ထို့နောက် သူသည် သစ်သားချောင်းကို မြှောက်လိုက်ပြီး မြွေကို ရိုက်လိုက်သည်။

မကြာမီမြွေသည်သေသွားသော်လည်းလင်းဖန်သည်စိတ်ချရအောက်ယူယူလာသောသော​ကျောက်ခဲနှစ်လုံးဖြင့်ပစ်ပေါက်လိုက်သေးသည်။

ထိုအချိန်တွင်၊ မြွေကြီး၏ခေါင်းကနေအလင်းရောင်ဖျော့ဖျော့လင်းလက်သွားသည်။

“လီဖန်ဆေး...ဝိညာဉ်မြွေရဲ့ ဆန်းကြယ်တဲ့ စိတ်ဝိဉာဉ်စွမ်းအားတစ်ခုဖြစ်သည်။ အဲဒါကို သောက်လိုက်တာနဲ့၊ သင်၏အရှိန်သည်10 မှတ်အထိ တိုးလာမည်ဖြစ်သည်” လင်းဖန်၏ စိတ်ထဲတွင် သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

ဒါကိုကြည့်ရင်းလင်းဖန်သည်တော်တော်ပျော်သွားလေသည်။

ဤမြွေသည် အလွန်လျင်မြန်စွာ ရွေ့လျားနေသည်မှာ အံ့သြစရာမဟုတ်ဘူးပဲ။

အကောင်တွေကို သတ်ပြီး ရတနာတွေရတာလား။

ဒီဂိမ်းက တော်တော်စိတ်ဝင်စားဖို့ကောင်းပုံပဲ။

ဒါကိုတွေးရင်း လင်းဖန်သည် ခေါင်းကို ဖြည်းညှင်းစွာငုံ့ကာ လီဖန်ဆေးလုံးကို ကောက်ယူလိုက်သည်။

လီဖန်ဆေးသည်မြွေကြီး၏ခန္ဓာကိုယ်ထဲတွင်ရှိသောအရာဖြစ်သည်။

သို့သော်၊ လီဖန်ဆေး၏မျက်နှာပြင်တွင် သွေး ရနံများလုံးဝမရှိပေ။

လင်းဖန်သည် တုံ့ဆိုင်းမနေဘဲ သူ့ပါးစပ်ထဲသို့ တိုက်ရိုက်ထည့်လိုက်သည်။

လီဖန်ဆေးလုံးသည် ပါးစပ်ထဲထည့်လိုက်တာနဲ့ချက်ချင်းပင်အရည်ပျော်သွားကာခန္ဓာကိုယ်အနှံ့သို့ပျံ့နှံ့သွားသည်။

မကြာမီတွင်လင်းဖန်၏အရှိန်သည်အရင်ကသိသိသာသာ မြန်လာသည်။

ဒါကြောင့်လင်းဖန်သည်ဂိမ်းကိုပိုပြီးစိတ်ဝင်စားလာခဲ့သည်။

လင်းဖန်သည်ပန်းခင်းကိုကျော်လာပြီးမကြာမီပင်တောအုပ်ကြီးတစ်ခုသို့ရောက်လာသည်။

တောအုပ်ရှိသစ်ပင်တစ်ပင်သည် ကြည်လင်ပြီးဖောက်ထွင်းမြင်ရသော အသီးများစွာသီးသည်။

လင်းဖန်သည် စူးစမ်းချင်စိတ်ကြောင့် သစ်သီးတစ်လုံးကို ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

တစ်ချက်ကိုက်လိုက်တာနဲ့ သစ်သီးသည် ချိုမြိန်ပြီး အရသာရှိလှတယ်ဆိုတာကထင်ရှားပေါ်လွင်သွားသည်။

လင်းဖန်က “မမျှော်လင့်ထားဘူး ဂိမ်းလောကထဲကသစ်သီးတွေကအဲ့လောက်တောင်အရသာရှိတာလား”

သစ်သီးတစ်လုံးစားပြီးသွားတဲ့အခါ သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

“စွမ်းအင်သစ်သီးကို စားသုံးခြင်းကြောင့်မင်းရဲ့ ခွန်အားကို 10 မှတ် တိုးစေသည်”

စကားသံဆုံးတာနဲ့ချက်ချင်းပင်လင်းဖန်က သူ့ခန္ဓာကိုယ်ထဲကနေအရင်ကထက်သန်မာသောခွန်အားတစ်ခုကိုခံစားလိုက်ရသည်။

ထို့နောက်သူသည်​အပေါ်တွင်ကျန်ခဲ့သောသစ်သီးများကိုတောက်ပသောမျာက်လုံးဖြင့်ကြည့်လိုက်သည်။

ထို့နောက့သူသည်မဆိုင်းမတွဘဲ အခြားသစ်သီးတစ်လုံးကို ခူးပြီး ပါးစပ်ထဲထည့်လိုက်သည်။

ချိုမြိန်ပြီးစားလို့ကောင်းလိုက်တာ

တစ်ချိန်တည်းမှာပင် သူ၏စွမ်းအားသည် တစ်ဖန်ပြန်လည်ကြီးထွားလာသည်။

လင်းဖန်သည် သစ်သီးစားနေသည့်အချိန်တွင် မျောက်ဝံတစ်ကောင်သည် သစ်ပင်ပေါ်မှ ရုတ်တရက် ခုန်ဆင်းလာသည်။

မျောက်ဝံကလင်းဖန်ကိုကြည့်ရင်းအဆက်မပြတ် အော်နေသည်။

လင်းဖန်၏လက်ထဲတွင် ကျန်သော အသီးတစ်ဝက်ကို သူမြင်သောအခါ လုံးလုံးဒေါသထွက်သွားပုံရပြီး လင်းဖန်နားသို့အရှိန်နဲ့လာကာလင်းဖန်ခေါင်းကိုဖြတ်ရိုက်လိုက်လေသည်။

ကံကောင်းထောက်မစွာလင်းဖန်သည် လီဖန်ဆေးကို သောက်ထားသောကြောင့်သူ၏ အရှိန်သည် အရင်ကထက်များစွာ ပိုမြန်လာခဲ့သည်။

ထို့ကြောင့်သူသည်မျောက်ဝံ၏တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ခဲ့သည်။

သို့သော် မျောက်ဝံသည် တိုက်ခိုက်တာကိုမရပ်ပဲဆက်လက်တိုက်ခိုက်ခဲ့သည်။

အကြိမ်ပေါင်းများစွာ ရှောင်တိမ်းပြီးနောက် လင်းဖန်သည် သူအရင်ကပြင်ဆင်ထားသည့် ကျောက်တုံးကို ထုတ်ယူကာ မျောက်၏ဦးခေါင်းကို ရိုက်လိုက်သည်။

“ဖတ့်....”

စွမ်းအင်သစ်သီးနှစ်လုံးစားထားသောကြောင့်မြွေကြီးကိုတိုက်ခိုက်သည်ထက်လင်းဖန်သည်အလွန်အစွမ်းထက်လှသည်။

လင်းဖန်၏ကျောက်တုံးရိုက်ချက်ကြောင့်မျောက်ဝံကို ခြေလှမ်းနှစ်လှမ်းဆုတ်စေခဲ့သည်။

လင်းဖန်သည် မျောက်ဝံကိုမသတ်နိုင်သော်လည်းအနိုင်ယူနိုင်သည်ဟုယုံကြည်မှုရှိသည်။ထို့ကြောင့်သူသည်မျောက်ဝံ၏ခေါင်းကိုထပ်မံရိုက်လိုက်သည်။

“ဖတ်..!”

နှစ်ကြိမ်ဆက်တိုက် ရိုက်နှက်ခြင်းကိုခံရပြီးနောက်မျောက်ဝံသည်လင်းဖန်ကိုကြောက်သွားကာချက်ချင်းပင်အဝေးသို့ထွက်ပြေးသွားတော့သည်။

မျောက်ဝံထွက်ပြေးတာကိုလင်းဖန်ကဆက်မလိုက်တော့ပဲစွမ်းအင်သစ်သီးကိုပျော်ရွှက်စွာဆက်လက်စားတော့သည်။

…………

လင်းဖန်သည် ပျော်ရွှင်နေသော်လည်း အချို့က ဒါရဲ့ဆန့်ကျင်ဘက်ဖြစ်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာ​ဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters