ထပ်မံတင်ပြတာလား
Vol. 29 Ch. 426
အမေရိကန်။
နီတာဂျာနယ်၏ အယ်ဒီတာ အီမွန်သည် အိပ့်နေသည်။
ထိုအချိန်တွင် ကုတင်ဘေးရှိ ဖုန်းက မြည်လာသဖြင့် သူ့ကို နိုးစေခဲ့သည်။
ညနက်သန်းခေါင်မှာ အိပ်နေတဲ့အခေိန်ဖုန်စလာရာ်လိုမဆိုဆက်တဲ့လူကိုဒေါသထွက်မှာသေချာသည်။
ဒါပေမယ့် အီမွန်က စိတ်မဆိုးရုံမကသူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများလဲရှိနေသည်။
ဖုန်းကို ချက်ချင်းပြန်မဖြေဘဲ သူ့စာဖတ်ခန်းဆီသို့ အမြန်လျှောက်လာပြီး ကွန်ပျူတာကို ဖွင့်လိုက်သည်။
ကံမကောင်းစွာပဲ၊ သူမြင်ချင်တဲ့အရာကို မတွေ့ခဲ့ရပေ။
စိတ်ပျက်အားငယ်စွာဖြင့် အိပ်ရာပေါ်ပြန်တက်ကာ ဆက်အိပ်နေလိုက်သည်။
“ဒင်!”
အီမွန်သည် အိပ်ပျော်သွားသည်နှင့် သူ့ဘေးနားရှိ ဖုန်းက နောက်ထပ် မြည်လာပြန်သည်။
သူသည်ထိုအခါစိတ်လှုပ်ရှားသော အမူအရာဖြင့် ပြန်ထလာခဲ့သည်။
ကွန်ပြူတာသို့ ရောက်သောအခါ အီးမေးလ်တစ်စောင် ကိုတွေ့လိုက်သည်။
“မေးလ် ရှိတယ် ဟားဟား... ညတိုင်း ငါဒါကိုစောင့်နေတာ အချည်းနှီး မဖြစ်ဘူးပဲ” အီမွန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ညတိုင်း စောင့်တာလား။
လင်းဖန်၏မေးလ်ကို သူသည်ညတိုင်း စောင့်မျှော်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် “နီတာ” ၏ အယ်ဒီတာ့ဌာနတွင် ရာထူးတိုးခြင်းနှင့် သက်ဆိုင်နေသောကြောင့်ဖြစ်သည်။
ဒါပေမယ့် မကြာခင်မှာပဲ သူ မျက်မှောင်ကြုတ်သွားလေသည် ။
“ဂိမ်းဦးထုပ်များ၏ စည်းမျဉ်းများနှင့် အလားအလာ’’ ဒါက ဘာလဲ။ ကြည့်ရတာ...ငါအပျော်လွန်နေပုံပဲ’’ အီမွန် က အကူအညီမဲ့စွာပြောသည်။
သူဝည်ထိုသို့ပြောပေမဲ့စာရေးဆရာ၏ အမည်ကို လှမ်းကြည့်လိုက်သေးသည်။
ခဏအကြာတွင်အီမွန်၏ မျက်လုံးများ ချက်ချင်းတောက်ပသွားသည်။
“လင်းဖန်။ အဲဒါ တရုတ်က လင်းဖန်ပဲ။ဟားဟား...ငါကဒါကိုသူရေးတာမဟုတ်ဘူးထင်ထားတာ’’
“ဟားဟား၊ နောက်ဆုံးတော့ သူ့စာတမ်းကို ငါရပြီပဲ”
“”ဂိမ်းဦးများ၏ စည်းမျဉ်းများနှင့် အလားအလာ”? ဒါက လုံးဝမယုံနိုင်စရာကောင်မှာသေချာတယ်’’
အီမွန်က ဒီလိုပြောတဲ့အခါ သူက စာတမ်းကို အစအဆုံး သေချာကြည့်ဖတ်တော့သည်။
စာတမ်းကို လေးလေးနက်နက် ဖတ်ပြီးနောက်၊အီမွန် ၏ မျက်လုံးများသည် တဖြည်းဖြည်း ပိုကျယ်လာကာ သူ့မျက်နှာတွင်လည်းဖုံးကွယ်၍မရနိုင်သော စိတ်လှုပ်ရှားမှုကို ပြသနေသည်။
“ဒါ...ဒါ...လူတွေက ဂိမ်းထဲဝင်လို့ရတာလား!”
“ဘုရားရေ!”
“မယုံနိုင်စရာပဲ!”
“မြန်မြန် အယ်ဒီတာချုပ်ကို ပြောရမယ်”
စကားပြောနေစဉ်တွင် လက်ကိုင်ဖုန်းကို အလျင်အမြန် ကောက်ကိုင်လိုက်ပြီး ဖုန်းခေါ်ဆိုလိုက်သည်။
ပြီးတာနဲ့ ချက်ချင်းပင်...
ဆံပင်ဖြူကှိသောကွန်ပျူတာပညာရှင်အများအပြား MIT သို့ ရောက်လာကြသည်။
ထို့နောက်သူတို့အရှေ့ရှိ စာရွက်ပေါ်မှာသူတို့အာရုံတွေနှစ်မြှပ်လိုက်ကြသည်။
“ဂိမ်းဦးထုပ်?”
“လူတွေရဲ့အာရုံတွေကို ဂိမ်းကမ္ဘာနဲ့ ချိတ်ဆက်တာလား။”
“ဂိမ်းလောကထဲ ကိုဝင်ပြီးဆော့တာလား?”
“ဒါ……”
ဒီလူတွေထဲမှာ တန်းအဝေါ့ အပါအဝင် ကွန်ပြူတာနယ်ပယ်မှာ ဆုတွေ အသီးသီးရရှိခဲ့သူတွေ အများကြီးပါလေသည်။
သူတို့မှာ ခေတ်အမီဆုံး ကွန်ပြူတာ နည်းပညာတွေ ရှိပြီး တစ်ခြားတွေထက်ပိုသောအသိဥာဏ်လဲရှိကြသည်။
ဒါတောင်မှစာရွက်(စာတမ်း)ထဲကတွင်ပါသောအချက်အလက်နဲ့ နိဒါန်းကို ကြည့်လိုက်တော့သူတို့မအံ့သြပဲမနေနိုင်ပေ။
နီတာ ဂျာနယ်မှ အလုပ်သမားက “ပါမောက္ခအားလုံးပဲ ဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီး ပြဿနာရှိနေတယ်လို့ မင်းထင်လား။”
ရွှေရောင်နာရီကို ၀တ်ဆင်ထားတဲ့ “ဒါက ပြဿနာတစ်ခုတော့ မဟုတ်ဘူး၊ ဒါပေမယ့် ဒီအထဲမှာလူ့ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်က ပါ၀င်ပါတယ်။ အဲဒါကို ကျွန်တော်တို့ လုံးဝနားမလည်ဘူး။ ဒါက ဇီဝဗေဒပညာရှင်တွေလာဖို့ လိုအပ်သွားပြီ’’ ဟု ပြောကြားခဲ့သည်။
သူတို့အနားရှိလူတွေကတစ်ယောက်ပြီးတစ်ယောက်ခေါင်းညိတ်ပြလိုက်သည်။
“နီတာ”ရဲ့အလုပ်သမားက “စိတ်မပူပါနဲ့၊ ဇီဝဗေဒပညာရှင်တွေ ဒီကို မကြာခင် ရောက်လာတော့မှာပါ” လို့ ရုတ်တရက် ပြောလိုက်သည်။
သူ့စကားပြောပြီးတာနဲ့ဉာဏ်ပညာကြီးမားပုံရတဲ့လူလတ်ပိုင်းနဲ့ သက်ကြီသောအုပ်စုသည်မြန်မြန်ဆန်ဆန် ဝင်လာကြသည်။
“ပါမောက္ခလင်းရဲ့ စာရွက်က ဘယ်မှာလဲ”
လင်ဖန်းသည် အင်ဆူလင်ပြန်လည်ကောင်းမွန်စေသည့်ဆေးကို တီထွင်ခဲ့ချိန်မှစ၍ ဇီဝဗေဒ၊ ဓာတုဗေဒနှင့် ဆေးပညာနယ်ပယ်များတွင် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့သည်။
ယခုဆိုလျှင် လင်းဖန်သည် လူ့ခန္ဓာကိုယ်အကြောင်းနောက်ထပ်စာတမ်းတစ်ခုကို ထုတ်ဝေခဲ့ကြောင်း ဇီဝဗေဒပညာရှင်အားလုံးကြားသိရပြီးနောက်၎င်းတို့သည် မဆိုင်းမတွဘဲ အလျင်မြန်ဆုံး ပြေးလာကြဖြင်းဖြစ်သည်။
ထို့နောက်သူတို့သည်စာတမ်းကိုကြည့်တော့သည်။
ခဏကြာတော့ တစ်စုံတစ်ယောက်က သက်ပြင်းချပြီးပြောလိုက်သည်။
“ပါမောက္ခ လင်းက အာရုံကြောစနစ်ရဲ့ အကြိမ်ရေကို ရှာတွေ့ခဲ့တာပဲ!”(အကြိမ်ရေအာရုံကြောခုန်တဲ့အရေအတွက်ကိုပြောတာပါ)
“အံ့ဩဖို့ကောင်းတယ်။ အံ့ဩစရာပဲ။”
“အဲ့မှာပါတဲ့လျှပ်စစ်အချက်ပြမှုက အနံ့၊ အမြင်၊ အရသာ၊ အထိအတွေ့လိုမျိုး ထူးခြားတဲ့ အာရုံခံစားမှုတွေကို ရစေတယ်။ အိုးပါမောက္ခ လင်းကအရမ်းရမ်းကိုတော်တာပဲ’’
…………
တစ်ဖက်မှ ကွန်ပြူတာ ပညာရှင်များလည်း ပါဝင်ဆွေးနွေးကြသည်။
“မင်း ဘာကိုဆိုလိုချင်တာလဲ... ဒီစာတမ်းက မှန်တာလား”
“မှန်သလားတော့ ကျွန်တော်မသိပေမယ့် အာရုံကြောစနစ်မှာပါတဲ့အတိုင်းဆိုအဲဒါကအောင်မြင်ဖို့ကဖြစ်နိုင်တယ်။မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ စမ်းသပ်မှုတွေ လိုအပ်တယ်”
မျက်စိတစ်မှိတ်အတွင်းမှာ နှစ်ရက်ကြာသွားလေသည်။
…………
ထိုအချိန်၌ နိုင်ငံခြားချပ်စ့်မဟာမိတ်အဖွဲ့။
ဥက္ကဌ၊ အရှေ့ ဒုဥက္ကဌ၊ အနောက် ဒုဥက္ကဌ၊ တောင်ပိုင်း ဒုဥက္ကဌ၊ မြောက် ဒုဥက္ကဌ နှင့် အခြားသူများ စုဝေးနေကြသည်။
သူတို့က ခါတိုင်းလိုပဲအသကင်စားရင်းဝိုင်နီသောက်နေကြသည်။
ထိုအချိန်တွင် အနောက်တိုင်း၀တ်စုံနှင့် သားရေဖိနပ်စီးထားသော အမျိုးသားတစ်ဦး ပြေးလာခဲ့သည်။
ဥက္ကဌက သူ့လက်ထဲက ဓားနဲ့ ခက်ရင်းကို ကိုင်ရင်းမျက်မှောင်ကြုတ်ကာ “ဂျက်၊ ငါ မင်းကို အကြိမ်ကြိမ် ပြောပြီးပြီလေ၊ပြဿနာတစ်ခုခုဖြစ်ရင်တောက်မထိတ်လန့်ပါနဲ့လို့၊ အရာအားလုံးကို ဖြည်းဖြည်းချင်း ဖြေရှင်းနိုင်တယ်!”
အနောက်အုပ်စုဒုတိယဥက္ကဋ္ဌက “ဟုတ်တယ်၊ အဲဒါက ထိတ်လန့်စရာကောင်းရင်တောင်တရုတ်က ကာဗွန်အခြေခံစက်လောက့ထိတ်လန့်စရာကောင်းမှာလား”
“ငါတို့ရဲ့ ဆီလီကွန်အခြေခံ ချစ်ပ်များသည် ယနေ့ခေတ် မိုဘိုင်းအက်ပ်များအားလုံးအတွက် လုံး၀ လုံလောက်တယ်။ ထို့အပြင် ကာဗွန်အခြေခံ ချစ်ပ်များ.... ဤကာဗွန်နှင့် ဆက်စပ်သောအရာများသည် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြီး လူ့ခန္ဓာကိုယ်ကို ထိခိုက်စေသည်။”
ဒါကို ဥက္ကဌက ကြားလိုက်တာနဲ့ သူ့ပါးစပ်သည်အနဘးငယ်ပြုံးလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူသည် ကာဗွန်အခြေခံ ချစ်ပ်ပြားများသည် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြီး လူ့ခန္ဓာကိုယ်ကို ထိခိုက်စေသည်ဆိုတဲ့အကြောင်းကိုမီဒီယာများကိုပိုက်ဆံအမြောက်အများပေးပြီးကြေညာခိုင်းသောကြောင့်ဖြစ်သည်။
ယနေ့တွင်၊ နိုင်ငံရပ်ခြားဒေသအများအပြားတွင်ကာဗွန်အခြေခံချစ်ပ်များကို သပိတ်မှောက်ကြသည်။
ယင်းကြောင့် ၎င်းတို့၏ ဆီလီကွန်အခြေခံ ချစ်ပ်များ၏ကျေးကွက်သည်ပုံမှန်ထက်ပိုပြီးကျယ်ပြန့်လာခဲ့သည်။
ကာဗွန်အခြေခံချစ်ပ်များ၏ စွမ်းဆောင်ရည် ကောင်းမွန်ပါက မည်သို့ဖြစ်မည်နည်း။
နိုင်ငံခြားကလူတွေသာမသုံးရင် သူတို့အပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ပေ။
အနောက်ဒုတိာဥက္ကဌက ဥက္ကဌမျက်နှာပေါ်ရှိ အပြုံးကို သတိပြုမိလိုက်သည်။
ဒါနဲ့ သူက ပါးစပ်ကို ပြန်ဖွင့်လိုက်ပြီး “ဂျက် မင်းအရမ်း စိတ်မပူပါနဲ့၊ ထိုင်ပြီး အသားအကင်စားပြီး ဝိုင်နီသောက်ပါ”
ဂျက်က သူ့စကားကို အတိုင်းအကင်တစ်ကိုက်စားပြီး ဝိုင်နီတစ်ခွက်သောက်လိုက်သည်။
အနောက် ဒုတိယဥက္ကဌက ကျေနပ်အားရစွာ ခေါင်းညိတ်ပြီး “ဂျက်၊ မင်းအဲ့လောပ်တောက်အလျင်လိုနေတာ၊ မင်း ငါတို့ကို ပြောစရာရှိလို့လား။”
ဂျက်သည် အသက်ပြင်းပြင်းရှူပြီး “လေးစားရပါသော လူကြီးမင်းအပေါင်းတို့၊ဟွာရှက ပါမောက္ခလင်းသည် နီတာသို့ စာတမ်းထပ်မံတင်ပြလိုက်ပါပြီ”
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး