← Chapters

ဘာလို့ဒါပဲလဲ

Vol. 29 Ch. 427

ဘာလို့ဒါပဲလဲ

Vol. 29 Ch. 427

“ခွပ်.....”

ဥက္ကဌလက်ထဲရှိဓားနဲ့ ခက်ရင်းသည် စားပွဲပေါ်သို့ ပြုတ်ကျသွားလေသည်။

လင်းဖန်ကနီတာဂျာနယ်ကို မည်သည့်စာတမ်းတင်သွင်းတာလဲဆိုတာကိုသူ မသိသေးပေ။

သို့သော်လည်းဒီအဖြစ်အပျက်ကို ကြားလိုက်ရသော်အခါဥက္ကဌ၏စိတ်သည်တင်းမာသွားခဲ့သည်။

လင်းဖန်သည် ကာဗွန်အခြေခံ ချစ်ပ်ပြားကို တီထွင်ခဲ့ပြီးကတည်းက ဥက္ကဌသည် လင်းဖန်ကိုသေသေချာချာစုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့သည်။

လင်းဖန်သည် သင်္ချာဘာသာရပ်တွင် မဖြေရှင်းနိုင်သော ပြဿနာများစွာကို ဖြေရှင်းခဲ့ပြီး ငလျင်ကြိုတင်ခန့်မှန်းစက်၊ အင်ဆူလင် ပြန်လည်ထူထောင်ရေးဆေး၊ စူပါဘက်ထရီနှင့် အခြားအရာများကို တီထွင်ခဲ့သည်။

လင်းဖန်...သူသည် ဉာဏ်ပညာကြီးမားသောကြောင့်သူသည်အံ့သြဖွယ်အရာများကိုဖန်တီးပေးနိုင်သည်မှာ သေချာသည်။

သူသည် ချစ်ပ့်တွင်ထပ်မံဝင်ရောက်စွက်ဖက်ပါက၊ နောက်ဆက်တွဲများ... လုံးဝကိုကြောက်စရာကောင်းတော့မှာသေချာသည်။

အနောက်ဒုတိယဥက္ကဌသည်လဲလင်းဖန်ကို အလွန်ကြောက်လန့်နေပုံရကာ “ဟွာရှကပါမောက္ခလင်းက နီတာကိုဘာစာတမ်းတင်ပြခဲ့တာလဲ” ဟုမေးလိုက်သည်။

ဂျက် က “”ဂိမ်းဦးထုပ်များ၏ စည်းမျဉ်းများနှင့် အလားအလာ”ပြောသည်။

“ဂိမ်းဦးထုပ်များ၏ စည်းမျဉ်းများနှင့် အလားအလာ” ဥက္ကဌဖြစ်ဖြစ်၊ဒုက္ကဌဖြစ်ဖြစ်အားလုံးသည်တစ်ယောက်ကို တစ်ယောက် ကြည့်ရင်းသူ့တို့မျက်နှာပေါ်တွင်နားမလည်သောအမူအရာကိုပြသနေသည်။

ဂိမ်းဦးထုပ်လား

၎င်းတို့၏ နိုင်ငံခြားချစ်ပ်မဟာမိတ်အဖွဲ့သည် ချစ်ပ်များကိုသာ ဂရုစိုက်သည်။

ဘာ....ဂိမ်းခမောက်ဆိုရင်​တော့ သူတို့ စိတ်မဝင်စားတော့ပေ။

ဂျက် က ဆက်လက်ပြောကြားသည် - “MIT မှသတင်းများအရ၊ ဤဂိမ်းကစားသည့်ဦးထုပ်သည် လူများ၏အသိဥာဏ်ကိုပိုမိုသိရှိနားလည်စေရန်နှင့် ဂိမ်းလောကထဲသို့ဝင်ရောက်နိုင်ရန်အထူးလုပ်ဆောင်ချက်ပါရှိတယ်။”

“ထို့ပြင်၊ ဤဂိမ်းကစားသည့်ဦးထုပ်ကို အသုံးပြုခြင်းသည်လဲအလွန်အရည်အသွေးမြင့်မားသော ချစ်ပ်ပြားစွမ်းဆောင်ရည် လိုအပ်တယ်။ဒါကြောင့်အောင်မြင်စွာဂိမ်းလည်ပတ်စေရန်အတွက် ကာဗွန်အခြေခံချစ်ပ်များကိုသာအသုံးပြုရပေမည်။”

“ခွပ်...”

ဥက္ကဌလက်ထဲရှိရေခွက်သည်မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

ဂျက်၏စကားကိုကြားတော့သူတို့မျက်နှာတွေ ဖြူဖျော့သွားကြတော့သည်။

ဒီလို ခမောက်မျိုးက နိုင်ငံခြားသားတွေ အတွက်ဘယ်လိုဆွဲဆောင်မှုရှိတယ်ဆိုတာ သူတို့ကောင်းကောင်းသိကြသည်။

ပိုမိုကောင်းမွန်သောစွမ်းဆောင်ရည်ဖြင့် ကာဗွန်အခြေခံချစ်ပ်များနှင့် ရင်ဆိုင်ရသောအခါတွင် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများသည် အမှန်တရားကိုမသိသော သာမန်လူများအား ကာဗွန်အခြေခံချစ်ပ်များအသုံးပြုရန်ကိုတားစီးနိုင်ခဲ့ပြီးဆီလီကွန်အခြေခံချစ်ပ်များကို ဆက်လက်အသုံးပြုစေခဲ့သည်။

သို့သော်ဂိမ်းဦးထုပ် ပေါ်လာသည်နှင့် တပြိုင်နက်... သဘာဝပတ်ဝန်းကျင် ညစ်ညမ်းတာလား။ ခန္ဓာကိုယ်ကိုထိခိုက်စေတာလား။ဒါတွေကိုနိုင်ငံခြားသားတွေဂရုစိုက်ကြတော့မှာမဟုတ်ပေ။သူတို့အတွက်ဂိမ်းလောကထဲကိုဝင်ရောက်ပြီးဆော့ဖို့ကပိုအရေးကြီးသည်။

ဒါ...

နိုင်ငံခြားချစ်ပ်မဟာမိတ်အဖွဲ့ လုံးဝပြီးသွားပြီပဲ။

…………

ကျန်ပေ့တက္ကသိုလ်။

လင်းဖန်သည် လွန်ခဲ့သော နှစ်ရက်ကတည်း ရုံးသို့ မလာခဲ့ပေ။

သို့သော် လင်းချင်ကျူ၊နင်းကျန်းကျန်း၊ရှောင်ပန်၊ရှောင်အန်း၊ ဂျင်ချန်ကျူ၊ဟော့ကျောက်ဝူတို့သည် ကျောင်းသို့ အချိန်မှန်သွား၍ ဒုတိယမေးခွန်းကိုဖြေရှင်းရန်သာစိတ်နှစ်ထားကြသည်။

ရှောင်ပန် နှင့် ရှောင်အန်း တို့သည် သူတို့ရှေ့ရှိ လွတ်နေသော စားပွဲကို မသိစိတ်ဖြင့် မကြာခဏ ကြည့်နေကြပြီး သူမတို့၏ လှပသော မျက်နှာများပေါ်တွင် လင်းဇန်အမြန်လာတာကိုတောင့်တသော အမူအရာအရာများ ဖြစ်ပေါ်နေသည်။

ဤအရာအားလုံးကို လင်းချင်ကျူမြင်လိုက်ရသည်။

“ကလင် ကလင် ကလင်....”

ကျောင်းခေါင်းလောင်းသံမြည်သောအခါ လင်းချင်ကျူသည် ရှောင်ပန်နှင့် ရှောင်အန်းတို့နှင့်အတူ အိပ်ဆောင်ဆီသို့ လမ်းလျှောက်လာခဲ့သည်။

“ရှောင်ပန်နဲ့ ရှောင်အန်းနင်တို့နှစ်ယောက်က တစ်ပုံစံတည်းဆိုတော့နင်တို့ကအမွှာတွေလား” လင်းချင်ကျူက မေးလိုက်သည်။

ရှောင်ပန်နှင့် ရှောင်အန်းတို့က တညီတညွတ်တည်းပြောလိုက်သည်”ဟုတ်တယ်။”

“တကယ်!” လင်းချင်ကျူ က အံ့သြစွာနဲ့ “အမွှာတွေကတစ်ယောက်နဲ့တစ်ယောက်အယူအဆ အများစုဟာ အတူတူပဲလို့ ငါကြားတယ်၊ နင်တို့တွေရော?”

ရှောင်ပန် နှင့် ရှောင်အန်း က “အများစုကတော့ ဟုတ်ပါတယ်။”

“ဒါဆို မင်းတို့ကြိုက်တဲ့လူကရောအတူတူပဲလား” လင်းချင်ကျူ က ဆက်ပြောသည်။

ရှောင်ပန်နှင့်ရှောင်အန်းတို့သည် ဖြည်းညှင်းစွာ ခေါင်းညိတ်သည်။

လင်းချင်ကျူ က “နင်တို့ပါမောက္ခ လင်းဖန် ကို ကြိုက်တာလား”

ဒါကိုကြားတော့ရှောင်ပန် နှင့် ရှောင်အန်းတို့၏ လှပသော မျက်နှာနှစ်ခုသည် ချက်ချင်းပင် နီမြန်းလာသည်။

သူတို့ခေါင်းတွေအလျင်အမြန် ငုံ့လိုက်ကြသည်။

လင်းချင်ကျူသည်သူမတို့၏အသွင်အပြင်ကို မြင်ပြီးနောက်ချက်ချင်း အဖြေကို သိလိုက်သည်။

လင်းချင်ကျူကခဏစဉ်းစားပြီး “သင်္ချာ၊ ဇီဝဗေဒ၊ ဓာတုဗေဒ၊ ကွန်ပြူတာစသည်ဖြင့် ​ရောမျိုးစုံမှာကျွမ်းကျင်သော ပရော်ဖက်ဆာ လင်းသည် အမှန်တကယ်ပင် ဆွဲဆောင်မှုရှိသည်”

“ဒါပေမယ့် ရှောင်ပန်၊ရှောင်အန်းနင်တို့နှစ်လေးစားတာနဲ့ကြိုက်တာကိုသေချာခွဲခြားသိနိုင်မယ်ထင်တယ် “

လင်းချင်ကျူသည် သူမတို့နှစ်ဦးထံမှ တုံ့ပြန်မှုမရသေးသည်ကို တွေ့လိုက်ရသောအခါ တခဏမျှ တုံ့ဆိုင်းသွားသည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါစာကြည့်တိုက်မှာ ပါမောက္ခ လင်းဖန် က မိန်းကလေးတစ်ယောက်နဲ့ စကားပြောပြီး ရယ်နေတာတွေ့လိုက််။”

လင်းချင်ကျူ က သူမပြောခဲ့တာတွေက သိသာထင်ရှားလွန်းနေပြီလို့ ခံစားရသည်။

သို့သော်လည်း ရှောင်ပန် နှင့် ရှောင်အန်း တို့သည်ဘာမှမတုံ့ပြန်သောကြောင့်သူမက“ပရော်ဖက်ဆာ လင်းဖန်မှာ ရည်းစားရှိတယ်ထင်တယ်” လို့ ထပ်ပြောပြန်သည်။

ရက်အနည်းငယ်ကြာ ပေါင်းသင်းပြီးနောက် လင်းချင်းကျူ သည် ရှောင်ပန် နှင့် ရှောင်အန်း တို့သည် ကြင်နာပြီးပေါင်းသင်းရလွယ်ကူကြောင်း ခံစားရသည်။

ကိုယ်ကြိုက်နေတဲ့လူမှာ ရည်းစားရှိပြီးသားဆိုရင်ဘယ်လောက်နာကျင်ရမယ်ဆိုတာ သူမကောင်းကောင်းသိသည်။

ထို့ကြောင့် ရှောင်ပန် နှင့် ရှောင်အန်းတို့ကိုအ​ချိန်မီတားနေရခြင်းဖြစ်သည်။

သို့သော်ရှောင်ပန် နှင့် ရှောင်အန်းတို့သည် ခေါင်းငုံ့ထားဆဲဖြစ်ပြီး သူမတို့၏လှပသော မျက်နှာများသည် ရှက်ရွံ့စွာ နီမြန်းနေပြီး ဘာမှတုံ့ပြန်မှုမရှိပေ။

လင်းချင်ကျူ က သူမတို့ မကြားဘူးဟု ထင်လိုက်သည်။

ဒါနဲ့ သူမက “ရှောင်ပန်၊ ရှောင်အန်း၊ ပါမောက္ခ လင်းဖန်ကို ဖြစ်နိုင်ရင်...’’

သူမစကားမဆုံးခင်မှာပဲရှောင်ပန် နှင့် ရှောင်အန်းတို့က ခေါင်းမော့ပြီး “ဒါကို ငါတို့သိတယ်”

လင်းချင်ကျူသူမသည်ဒါကိုကြားလိုက်ရသောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။

ဒီအချိန်မှာ ရှောင်ပန် နဲ့ ရှောင်အန်းတို့က “ငါတို့ကလည်း လင်းဖန် ရဲ့...ရည်းစားတွေပဲလေ’’ဟုပြောလိုက်လေသည်။

လင်းချင်ကျူ:...........

…………

နီတာ ဂျာနယ်၊ နိုင်ငံခြားချစ်ပ့်မဟာမိတ် နှင့် ကျန်ပေ့တက္ကသိုလ်တွင်ဖြစ်ပျက်ခဲ့သည်များနှင့် ပတ်သက်၍လင်းဖန်သည် လုံးဝမသိခဲ့ပေ။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းသူသည် ထမင်းစားခြင်း၊ ရေသောက်ခြင်း၊ အိပ်ခြင်းစသည်တို့မှလွဲ၍ လင်းဖန်သည် “ကမ္ဘာ” ဂိမ်းကိုသာဆော့နေသည်။

‘ကမ္ဘာ’ ဂိမ်းတွင် သူသည် လွတ်လွတ်လပ်လပ် လှည့်လည်သွားလာနိုင်ရုံသာမက ဘီလူးများကို ခေါင်းဖြတ်ကာ လှပသော ရှုခင်းများကို ရှုစားခဲ့သည်။

ဒါက မကြုံစဖူး အတွေ့အကြုံပင်ဖြစ်သည်။

မကြာမီတွင်လင်းဖန်သည်သူ၏ပုံမှန်လုပ်နေကျအတိုင်းမြူချီလီကြယ်နှစ်ပွင့်စားသောက်ဆိုင်ကနေစားစရာတွေမှာလိုက်သည်။

သိပ်မကြာခင်မှာပဲအလွန်ကောင်းမွန်သောအမဲသားကင်....စသည်ဖြင့် လက်ရာမြောက်ပြီးအရသာရှိသောဟင်းပွဲများသည်သူ၏ရှေ့သို့ရောက်နေပြီဖြစ်သည်။

စားသောက်နေစဉ် လင်းဖန် က “ဂိမ်းထဲမှာ အစားအသောက်တွေက အရသာရှိပေမယ့် တကယ့်အစားအစာနဲ့ ကွာခြားချက်အချို့တော့ ရှိနေတုန်းပဲ” လို့ မှတ်ချက်ပေးသည်။

“လက်တွေ့ကအစားအသောက်ကဗိုက်ထဲရောက်တဲ့အထိအရသာရှိတယ်။ဂိမ်းထဲမှာကျတော့ အရသာက ဝါးပြီးတာနဲ့ပါးစပ်ထဲမှာစွဲပီးမကျန်ခဲ့ဘူး”

“ဂေ့..!”

စားပွဲပေါ်ရှိ စားစရာအားလုံးကို ရှင်းပြီးသောအခါ လင်းဖန်သည် လေချဉ်တစ်ချက်တက်လိုက်လေသည်။

“စကားမစပ်၊ ဒီနေ့ ငါဆိုင်းအင်မဝင်ရသေးဘူးထင်တယ် “

လင်းဖန်သည် သူ့ကိုယ်သူ​ပြော​ပြီးဆိုင်းအင်ဝင်သည့်စနစ်ကို အာရုံစိုက်လိုက်သည်။

“ဆိုင်းအင်ဝက်မယ်!”

【ဒင်း! ဂုဏ်ယူပါတယ် မင်း ယွမ် 10 သန်း ရသည် 】

လင်းဖန်က သူ့နှုတ်ခမ်းကို တွန့်လိုက်ပြီး “ဘာလို့ ဒါပဲရတာလဲ”

“ကလင် ကလင် ကလင်!”

ဒီအချိန်မှာ သူ့ဘေးက ဆဲလ်ဖုန်းသည် အသံမြည်လာသည်။

လင်းဖန်သည် ဖုန်းခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်သည်။ခေါဆိုသူက သိပ္ပံအကယ်ဒမီမှ ဖန်ရှင်းထံမှဆိုတာကိုသိလိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters