← Chapters

သွားစရာမလိုခြင်း

Vol. 29 Ch. 428

သွားစရာမလိုခြင်း

Vol. 29 Ch. 428

လင်းဖန် နှင့် ဖန်ရှင်း တို့သည် အဆက်အသွယ်များစွာရှိခဲ့သည်။

တိုင်းပြည်ရဲ့ သိပ္ပံနဲ့နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်နှစ်မြှပ်ထားသောဒီအဘိုးကြီးကိုလင်းဖန်ကလေးစားလေသည်။

ထို့ကြောင့် မဆိုင်းမတွပင် အဖြေခလုတ်ကို နှိပ်လိုက်သည်။

“ပရော်ဖက်ဆာ လင်း၊ မင်းက “ဂိမ်းဦးထုပ်များ၏ စည်းမျဉ်းများနှင့် အလားအလာ”

ကို နီတာ ဂျာနယ်မှာတင်ခဲ့တာလား။

ဖုန်းကိုင်လိုက်သည်နှင့် ဖန်ရှင်း၏ အသံ ထွက်ပေါ်လာသည်။

လင်းဖန်က ဖြည်းညှင်းစွာပြောလိုက်သည်- “ဟုတ်တယ်။”

“ဒီဂိမ်းဦးထုပ်... တကယ်ပဲဂိမ်းထဲဝင်ပြီးဆော့လုပ်လို့ရတာလား?” ဖန်ရှင်း က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

လင်းဖန်က “ဟုတ်တယ်ကျွန်တော် ကစားနေတာ ရက်အနည်းငယ်တောင်ရှိပြီ”

“ကစားပြီးပြီ... ဘယ်နှစ်ရက်လောက် ကစားပြီးပြီလဲ” ဖန်ရှင်ကမေးလိုက်သည်။

ထို့နောက် မယုံနိုင်လောက်သော လေသံဖြင့် “မင်း ဘာကို ဆိုလိုတာလဲ…” ဟု မေးသည်။

လင်းဖန် က “ဟုတ်တယ်၊ ငါတီထွင်ပြီးပြီ။”

“ကောင်းပြီ၊ ဟားဟား! ကောင်းတယ်!” ဖန်ရှင်းက ဝမ်းသာအားရ ရယ်မောရင်း “ပါမောက္ခလင်း၊ မင်းဘယ်မှာလဲ၊ ငါ မင်းရှိတဲ့နေရာကိုလာခဲ့မယ်!”

“ပန်းလုံ ဗီလာ၊ မင်း ဒီကို ရောက်ဖူးတယ်လေ။တည်နေရာကို မှတ်မိသေးလား” လင်းဖန်က ပြောသည်။

“မှတ်မိတာပေါ့မှတ်မိတာပေါ့ ငါချက်ချင်းလာခဲ့မယ်!” ဖန်ရှင်းက ပြောသည်။

လင်းဖန်က ဖုန်းကို ဖြည်းညှင်းစွာပိတ်လိုက်ပြီး “ဖန်ရှင်း...က အသက်ကြီးနေပြီတောင်အရမ်းစိတ်လှုပ်ရှားနေတုန်းပဲ”

လင်းဖန်သည် ခေါင်းယမ်းကာ အခန်းထဲပြန်ဝင်ကာ ဂိမ်းဦးထုပ်ကို ထပ်မံဆောင်းကာ ‘ကမ္ဘာ’ ဂိမ်းထဲသို့ ထပ်မံဝင်ရောက်ခဲ့သည်။

ဂိမ်းထဲတွင်လင်းဖန် သည် စိမ်းလန်းသောမြက်ခင်းပြင်ပေါ်တွင်မြင်းဖြူစီးလျက်လေနုအေးများကိုခံစားနေသည်။

ထိုအချိန်တွင် ကြီးမားသော ခြေသည်းကြီးသည် မြေပြင်မှ ရုတ်တရက် ဆန့်ထွက်လာသည်။

လင်းဖန်သည် သူ့ခါးမှ ဓားကြီးအား ဆွဲထုတ်ကာ ပြင်းထန်စွာ ခုတ်လိုက်သည်။

“ဗွမ်း!”

တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာသည်။

ဤသည်မှာ ဘီလူးကိုသတ်ပြီးနောက် ပေါ်လာသော ရတနာဖြစ်သည်။

သို့သော် လင်းဖန်သည် ၎င်းကို လုံးဝလျစ်လျူရှုခဲ့သည်။

အဲဒီအစား မြင်းဖြူကိုဆက်စီးပြီး ရှေ့ကိုသွားလိုက်သည်။

…………

လင်းဖန်သည် ဂိမ်းဦးထုပ်ကို ချွတ်လိုက်သောအခါ နာရီအနည်းငယ်ကြာနေပြီဖြစ်သည်။

ကုတင်ပေါ်ကနေ ထပြီး ပျင်းကြောဆန့်လိုက်သည်။

“ဒင်ဒေါင်!”

ထိုအချိန်တွင် အပြင်ဘက်မှဘဲလ််သံ ထွက်ပေါ်လာသည်။

လင်းဖန်သည် တံခါးဆီသို့ လျှောက်လာပြီး တံခါးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

“ပရော်ဖက်ဆာ လင်း၊ မင်းအိမ်မှာ ရှိနေသေးတာပဲ” ဖန်ရှင်း က စိတ်လှုပ်ရှားစွာပြောသည်။

ဤအခိုက်အတန့်တွင် သူသည် ချွေးများဖြင့် ဖုံးလွှမ်းနေသည်။

လင်းဖန်သည် အံ့အားသင့်ကာ မထိန်းနိုင်ဘဲ “မင်းဘယ်တုန်းက ရောက်နေတာလဲ”

“နှစ်နာရီလောက်ရှိပြီ။” ဖန်ရှင်းက ပြောသည်။

ဒါကိုကြားသောအခါလင်းဖန်သည် ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။

လင်းဖန်သည်ဖန်ရှင်း က နေ့ခင်းဘက်မှလာမယ်လို့ထင်ထားသည်။ယခုလိုအစောကြီးလာမည်ဟုမထင်ထားပေ။

နှစ်နာရီ?

တစ်နည်းဆိုရသော် ဖန်ရှင်းသည် အပြင်တွင် နှစ်နာရီကြာ ရပ်နေလေတာလား။

လင်းဖန်က “ ရေအရင်သောက်ပါအုံး’’

ဖန်ရှင်း က သူ့လက်ကို ဝှေ့ယမ်းပြီး “မလိုပါဘူး... မင်းခုနကပြောခဲ့တဲ့ ဂိမ်းဦးထုပ်ကရော....။”

လင်းဖန်က’’ကျနော့်အခန်းထဲမှာမို့လိုက်ခဲ့ပါ’’

လင်းဖန် ဖန်ရှင်းကိုသူ့အိပ့်ခန်းထဲလို့ခေါ်သွားသည်။(တစ်မျိုးမထင်ပါနဲ့ဂေါင်ကြီးတို့)

ဖန်ရှင်းက သတ္တုဦးထုပ်ကိုယူကာ “ဒါ...ဂိမ်းခမောက်လား?”

လင်းဖန်က ခေါင်းညိတ်လိုက်သည်။

ဖန်ရှင်း သည် ပို၍ပင် စိတ်လှုပ်ရှားသွားသည်။

သူက ဂရုတစိုက် ဂိမ်းဦးထုပ်ကိုသေသေချာချာကြည့်နေသည်။

ထို့နောက် သူက “ငါစမ်းကြည့်လို့ရမလား” ဟု မေးလိုက်သည်။

လင်းဖန်က ခေါင်းညိတ်ပြပြီး ဖန်ရှင်းခေါင်းပေါ်ဂိမ်းဦးထုပ်တင်ပေးလိုက်သည်။

ဖန်ရှင်း က သူ့လည်ပင်း အနည်းငယ် တင်းကျပ်နေသလို ခံစားလိုက်ရသည်။

နောက်အခိုက်အတန့်တွင်သူသည်ကမ်းခြေတွင်ပေါ်လာသည်။

သူ့ရှေ့တွင် လှိုင်းလုံးကြီးများလဲရှိသည်။

အပေါ်ကိုမော့ကြည့်လိုက်တော့သူသည်နေလုံးကိုမြင်လိုက်ရသည်။

ဖန်ရှင်းက ထိုင်ချလိုက်ပြီး “ဒါ... ဒါ... ငါ အခု ပန်လုံဗီလာမှာ ရှိနေပြီ၊ ဂိမ်းခမောက်ကိုစမ်းသပ်နေတာမလား၊အခုက....?”

“ငါအိပ်မက်မက်နေတာလား?”

ထိုအခိုက်တွင်၊ ဖန်ရှင်း၏ခြေဖဝါးပေါ်နားသို့ဂဏန်းကြီးတစ်ကောင် ရုတ်တရက် တွားသွားပြီး ဖန်ရှင်း ၏ခြေချောင်းကိုညှပ်လိုက်သည်။

“အား”

“သောက်ခွေး...နာတယ်ဟ!”

“ငါတကယ် နာကျင်မှုကိုခံစားရတာပဲ! ဒါဆျုဒါကအိပ်မက်မဟုတ်ဘူးပေါ့!”

ထို့နောက် ဖန်ရှင်း သည် ပင်လယ်ရေကို သူ့လက်ဖြင့်ခပ်ကာသူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။

“အား..ဖာ့...ငန်လိုက်တာ”

…………

ဆယ်မိနစ်ခန့်အကြာတွင် ဖန်ရှင်းသည် ဂိမ်းခမောက်ကို ချွတ်လိုက်သည်။

သူ့မျက်နှာတွင် အံ့သြမှုအပြည့်ဖြစ်နေသည်။ထို့နောက်သူကသက်ပြင်းချလိုက်ပြီး “မယုံနိုင်စရာပဲ၊တစ်ကယ့်ကိုမယုံနိုင်စရာပဲ!”

“ဂိမ်းဦးထုပ်​​ဆောင်းပြီး​နောက်​ ငါနောက်ကမ္ဘာကိုဖြတ်​သန်းသွားခဲ့တယ်​လို့​တောင်​ထင်​ခဲ့တာ”

စကားပြောနေစဉ် ဖန်ရှင်း က ဂိမ်းခမောက်ကို တင်းတင်းကြပ်ကြပ် ဖက်ထားသည်။

သူသည် မြင့်မြတ်သောရတာနာလိုဖက်ထားလိုက်သည်။

မြင့်မြတ်သောရတနာလား?

ဖန်ရှင်း၏ နှလုံးသားထဲတွင်၊ ဤအရာသည် မရေမတွက်နိုင်သော မြင့်မြတ်သော ရတနာများထက် များစွာ အဖိုးတန်ပါသည်။

ဖန်ရှင်းက “ပရော်ဖက်ဆာ လင်း ဒီခမောက်ကို ခဏငှားလို့ရမလား?”

လင်းဖန် သည် ဤကဲ့သို့တောင်းဆိုမှုကို မအံ့သြဘဲ ခေါင်းညိတ်ကာ “ရပါတယ်” ဟုပြောလိုက်သည်။

ဖန်ရှင်းက’’ဒါဆိုငါနောက်နှစ်ရက်နေမှပဲဒါကိုငှားတော့မယ်’’လို့ပြောလိုက်သည်။

လင်းဖန်က’’ရပါတယ် ‘’

“ကျေးဇူးပါပဲ ပရော်ဖက်ဆာလင်း” ဖန်ရှင်းက စိတ်လှုပ်ရှားစွာပြောသည်။

လင်းဖန်က “မင်း အခု ပေကျင်းကို မယူသွားဘူးလား” လို့ မေးလိုက်သည်။

ဘာလို့ဆိုသူစီကပစ္စည်းတစ်ခုခုယူတိုင်း ​ပေကျင်းကို ချက်ချင်းသွားတယ်လေ။အခုကအဲ့လိုမဟုတ်ဘူးဆိုတော့လင်းဖန်စိတ်ထဲနည်းနည်းထူးဆန်းသွားသည်။

ဖန်ရှင်းက ပြုံးပြီးပြောလိုက်သည်။”မသွားရတော့ဘူး။ မကြာသေးခင်က ကျန်ပေ့ မှာသိပ္ပံသုတေသနဌာနတစ်ခုဆောက်ဖို့ငါတို့လျှောက်ထားခဲ့ပါတယ်။ ဒီနှစ်ရက်အတွင်းမှာပဲဒါကဆောက်လို့ပြီးပြီလေ။ဆောက်လို့ပြီးတာနဲ့ပေကျင်းကပညာရှင်တစ်ချို့နဲ့အတူစက်ပစ္စည်းမျိုးစုံပါတစ်ခါတည်းရမယ်လေ။ဒါကြောင့်ပေကျင်းကိုသွားဖို့မလိုတော့ဘူး။”

ဒါကိုကြားတော့လင်းဖန်က ခေါင်းညိတ်လိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters