ပူးပေါင်းတာလား
Vol. 29 Ch. 429
ဖန်ရှင်း က ထပ်မံပြောကြားလိုက်သည်။ “စကားမစပ်၊ ပရော်ဖက်ဆာ လင်း မင်း ဟွာအုပ်စု နှင့် ပူးပေါင်းပြီး ဂိမ်းဦးထုပ်တွေကိုထုတ်လုပ်ဖို့ပြင်ဆင်နေတာလား။’’
လင်းဖန်က “ဟုတ်တယ်လေ၊ပြဿနာရှိလို့လား”
ဖန်ရှင်းက “မရှိပါဘူး၊ ပြဿနာမရှိပါဘူး! ဟွာအုပ်စုအတွက် မြေကွက်အနည်းငယ်ကို မကြာသေးမီကပဲ ကျွန်တော်တို့ အတည်ပြုပေးလိုက်တယ်။ဒါပေမဲ့အခုတော့ အဲဒီမြေကွက်တွေက မလုံလောက်တော့ဘူးလို့ ထင်တယ်။ နောက်မှ သူတို့ဆီ သတင်းပို့လို့မယ်။ဟွာအုပ်စုကိုမြေကွက်နည်းနည်းပေးလိုက်ပါလို့ဆိုပြီး”
ဖန်ရှင်းသည် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ထွက်ခွာမသွားမီ နှစ်ယောက်သား အကြာကြီး စကားပြောခဲ့ကြသည်။
လင်းဖန်သည် ဆိုဖာပေါ်တွင် ထိုင်ကာ ခဏကြာအောင် ဖုန်းကို သုံးနေလိုက်သည်။
ခဏအကြာတွင်၊ သူက “ဂိမ်းခမောက်မြန်မြန်ထုတ်လုပ်မှပဲဒီအတိုင်းဆိုငါပျင်းပြီးသေ သွားနိုင်တယ်...”
ဒါကို စဉ်းစားရင်း လင်းဖန် က ဟွာအုပ်စုရဲ့ ဥက္ကဌ ရန်ဖေး ကို ဖုန်းဆက်လိုက်သည်။
…………
ယခုအချိန်တွင် ဟွာအုပ်စု။
ရန်ဖေး က ကွန်ပြူတာရှေ့မှာထိုင်ပြီး ဖိုင်တွေကို သေချာကြည့်နေလေသည်။
အချိန်အတော်ကြာပြီးနောက်၊ “ကာဗွန်အခြေခံချစ်ပ်များနည်းပညာသည် လုံးဝကိုထိပ်တန်းအဆင့်ရောက်ရှိနေပေမဲ့လည်း စျေးကွက်က ၎င်းကိုလုံးဝလက်မခံဘူး”(ဝယ်လိုအားမရှိသလောက်နည်းတာကိုပြောတာပါ)
“ကာဗွန်အခြေခံချစ်ပ်များ၏ ကုန်ကျစရိတ်သည် မြင့်မားခြင်းမရှိသော်လည်း ဆီလီကွန်အခြေခံချစ်ပ်များထက်တော့မြင့်မားနေသေးသည်။”
“ဆီလီကွန်အခြေခံ ချစ်ပ်ပြားတွေက နေ့စဉ်လိုအပ်ချက်အတွက် လုံလောက်တယ်။”
“ကာဗွန်အခြေခံ ချစ်ပ်များနှင့်သာ အသုံးပြုနိုင်သည့် သာမန်လုပ်ဆောင်ချက်များသာရှိလျှင် ကောင်းပေလိမ့်မည်၊ သို့သော် ဒါကခက်ခဲလွန်းတယ်။”
ဒါကို ပြောရင်းရန်ဖေးက သက်ပြင်းချလိုက်သည်။
ပစ္စည်းကကောင်းပေမယ့် ဘယ်သူမှ ဒါကိုဂရုမစိုက်ကြပေ။
ဒါက တကယ်ကို စိတ်မသက်မသာဖြစ်စရာလို့ပြောရမည်ဖြစ်သည်။
ထိုအချိန်တွင် အပြင်ဘက်ကနေတံခါးခေါက်သံ ထွက်ပေါ်လာသည်။
ထို့နောက်ရွှေမျက်မှန် တပ်ထားသော အမျိုးသားသည် အလျင်အမြန် လျှောက်လာသည်။
ရန်ဖေးက “ဒါရိုက်တာ လီ ဘာကိစ္စရှိလဲ?”
ဒါရိုက်တာ လီက စိတ်လှုပ်ရှားစွာပြောလိုက်သည် “နီတာ” သည် “ဂိမ်းဦးထုပ်များ၏ စည်းမျဉ်းများနှင့် အလားအလာ”ဟူသောခေါင်းစဉ်ဖြင့် စာတမ်းတစ်စောင်ကို ထုတ်ဝေခဲ့သည်။
“ဂိမ်းဦးထုပ်လား” ရန်ဖေးက “ငါတိုဟွာအုပ်စု က ဂိမ်းလုပ်ငန်းမှာ မပါဝင်ဘူးမလား” ဟု သံသယဖြင့် မေးခဲ့သည်။
ဒါရိုက်တာလီက’’ဟုတ်ပါတယ်။အစက ကျနော်လဲဒီကိစ္စကကျနော်တို့ဟွာအုပ်စုနဲ့မဆိုင်ဘူးထင်ထားတာ။ဒါပေမဲ့ကျနော်အခုပြောတာကိုသေချာနားထောင်ပေးပါ’’
ဒါရိုက်တာ လီက “ဒီဂိမ်းဦးထုပ်ရဲ့စာတမ်းအရ၊ လူတွေရဲ့ အသိဉာဏ်ကို ဂိမ်းလောကထဲကိုသယ်ယူပို့ဆောင်နိုင်တယ်”
“ထို့ပြင်၊ ဂိမ်းကစားရန်အလွန်စွမ်းဆောင်ရည်မြင့် ချစ်ပ်များ လိုအပ်သည်။”
ဤစကားထွက်လာသည်နှင့်တပြိုင်နက် ရန်ဖေးသည် ဒါရိုက်လီပြောချင်တာကိုလဲသိပြီးဂိမ်း ဦးထုပ်၏အဓိပ္ပါယ်ကိုချက်ချင်းနားလည်သွားသည်။
လူ့အသိစိတ်သည် ဂိမ်းလောကထဲသို့ ဝင်ရောက်ပြီးဆော့နိုင်သညည်။၎င်းကကမ္ဘာတစ်ဝှမ်းလုံးရှိ လူများကို ရူးသွပ်ပြီး လူကြိုက်များစေမှာသေချာသည်။
အလွန်စွမ်းဆောင်ရည်မြင့်သောချစ်ပ်များအတွက်၊ ကာဗွန်အခြေခံချစ်ပ်များသည် အသုံးဝင်သည်ဟု မဆိုလိုဘူးလား။
သတင်းကောင်း!
ဒါဟာ သေချာပေါက် သတင်းကောင်းပင်ဖြစ်သည်။
“ကလင် ကလင် ကလင် “
ရန်ဖေးသည် စိတ်လှုပ်ရှားစွာ ရယ်ချင်နေသည်။
ထိုအချိန်တွင် စားပွဲပေါ်ရှိ လက်ကိုင်ဖုန်းက အသံမြည်လာသည်။
မူလက ရန်ဖေးသည်ဖုန်းချဖို့လုပ်လိုက်သ
ဘာကြောင့်လဲ ဆိုတော့ သူ့စိတ်ထဲမှာ ဂိမ်းဦးထုပ်တွေပဲ ရှိတော့လို့ပင်ဖြစ်သည်။
သူသည်ယခုအချိန်တွင် ဂိမ်းဦးထုပ်များအကြောင်းသာပိုသိချင်သည်။
သို့သော် ဖုန်းခေါ်ဆိုမှုသတိပေးချက်၏အမည်မှာ လင်းဖန်ဖြစ်သည်ကို သူတွေ့လိုက်ရသောအခါတွင် အဖြေခလုတ်ကို အလိုအလျောက် နှိပ်လိုက်သည်။
လင်းဖန် သည် ယခု ဟွာအုပ်စု၏ အဓိကရှယ်ယာရှင်ဖြစ်သည်။
“မစ္စတာလင်း၊ မင်္ဂလာပါ၊ မင်းဖုန်းဆက်တာ ဘာကိစ္စရှိလို့လဲမသိဘူး”
လင်းဖန်က “သြော် ဒါက...ငါ ဂိမ်းဦးထုပ်ကို တီထွင်ခဲ့တယ်လေ။ အဲဒါကို ထုတ်လုပ်ဖို့ အတူတူ လုပ်မလားလို့ မေးချင်တာ။”
ဒါကိုကြားရန်ဖေးအလွန်အံ့အားသင့်သွားသည် ။
ဂိမ်းဦးထုပ်ကို တီထွင်ခဲ့တာလား။ !
ထိုအချိန်တွင်ဒါရိုက်တာလီက “နီတာ” တွင်ထုတ်ဝေသော “ဂိမ်းဦးထုပ်များ၏ စည်းမျဉ်းများနှင့် အလားအလာ’’စာတမ်းကို လင်းဖန်မှရေးသားခဲ့သည်ကို ဖော်ပြလိုက်သည်။
မှန်တယ်... မှန်တယ်!
လင်းဖန်သည် ကွန်ပြူတာ၊ ဇီဝဗေဒ၊ ရူပဗေဒ နယ်ပယ်တွင် အလွန်တော်သောသူဖြစ်သည်။
ဒီကမ္ဘာကြီးမှာ လင်းဖန်ထက် ဘယ်သူက ဂိမ်းလောကထဲကို ဝင်ရောက်နိုင်မလဲဆိုတာ သိနိုင်တဲ့ နည်းပညာကို တီထွင်ဖို့ ဖြစ်နိုင်ချေရှိလဲ။
အရင်က ငါဘာလို့ ဒါကိုမစဉ်းစားမိတာလဲ။ !
ဖုန်းပြန်မဖြေတာကိုမြင်တော့ လင်းဖန် က မထိန်းနိုင်ဘဲ “ရန်ဖေးမင်းက ဒါကို စိတ်မဝင်စားဘူး...”
ရန်ဖေး က လင်းဖန်စကားပြောပြီးအောင်မစောင့်ဘဲ “စိတ်ဝင်စားတယ်၊ စိတ်ဝင်စားပါတယ်၊ ငါ အခု ကျန်ပေ့ ကိုလာခဲ့မယ်!”
ဖုန်းချသွားပြီးနောက် ရန်ဖေးက အတွင်းရေးမှူးခေါ်ပြီး “ကျန်ပေ့ ကို အမြန်ဆုံး လက်မှတ်နဲ့သွားလို့ရအောင်လုပ်ပေးပါအုံး။”
ထို့နောက် သူ့ပစ္စည်းများကို ထုပ်ပိုးကာ အပြင်သို့ လမ်းလျှောက်ထွက်တော့ဖို့လုပ်လိုက်သည်။
“ဟ ဒါရိုက်တာ လီရှိသေးတာပဲ”
ဒါရိုက်တာလီပါးစပ်နည်းနည်းလှုပ်သွားပြီး’’ငါမင်းရှေ့မှာရှိတာကိုမေ့ပြီးသွားတာလား၊ဘယ်လိုသောက်ကျိုးနဲ့ဥက္ကဌလဲ’’ဟုရေရွတ်လိုက်သည်။
သို့သော်လည်း သူက အလွန်နူးညံ့သိမ်မွေ့သောလေသံဖြင့် “ဟုတ်ပါတယ်...ဥက္ကဌ မင်းမှာ အရေးကြီးတာတစ်ခုရှိသေးလို့လား”
“ဟုတ်တယ်!” ရန်ဖေးခဏလောက်စဉ်းစားပြီး “ဟုတ်တယ်။မင်းငါနဲ့အတူလိုက်ခံကျန်ပေ့ကို။အဲ့ကျရင်ပရော်ဖက်ဆာလင်း နဲ့ ပူးပေါင်းဆောင်ရွက်မှုအကြောင်း ပြောကြရအောင်”
ပူးပေါင်းဆောင်ရွက်မှုအကြောင်း ပါမောက္ခ လင်း နှင့် ဆွေးနွေးတာလား။
ပါမောက္ခ လင်း။
ဒါရိုက်တာလီ ၏ နှလုံးတစ်ခုလုံး ခုန်ပေါက်လို့သွားသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး