သောက်ချင်သောက်လေ
Vol. 29 Ch. 430
ဒါရိုက်တာ လီသည် နည်းပညာရှင်တစ်ဦးဖြစ်သည်။
ကာဗွန်အခြေခံပုံသဏ္ဍာန်စက်များ၊ စူပါဘက်ထရီများ၊ ...ဘက်ထရီများစသည်တို့ကို တီထွင်ခဲ့သော လင်းဖန်သည် ၎င်းတို့ကိုအတွက်နတ်ဘုရားများအဖြစ် မှတ်ယူကြသည်။
ယနေ့တွင်၊ သူသည် အဲ့လိုနတ်ဘုရားကိုသွားတွေ့ရမည်ဖြစ်သည်။
ဒါက သူ့ကိုလုံးဝနှလုံးခုန်စေသည်။
ဒါရိုက်တာ လီ က “ကောင်းပြီ!”
…………
သုံးနာရီခန့်အကြာတွင်ရန်ဖေးနှင့် ဒါရိုက်တာ လီတို့သည် ကျန်ပေ့သို့ရောက်ရှိလာသည်။
ရန်ဖေးသည် ဂိမ်းဦးထုပ်နှင့်ပူးပေါင်းဆောင်ရွက်မှုကို အမြန်ဆုံး ဆွေးနွေးလိုသည်။
ဒါရိုက်တာ လီသည်လဲသူ၏နတ်ဘုရားလိုအိုင်ဒေါနဲ့ အမြန်တွေ့ချင်နေပြီဖြစ်သည်။
ထို့ကြောင့် မည်သူမျှ မနားတော့ဘဲ လေယာဉ်မှဆင်းပြီးတာနဲ့ပန်းလုံဗီလာသို့ ဦးတည်သွားလိုက်သည်။
“ဒင်ဒေါင်!”
ထိုအချိန်တွင် လင်းဖန်သည် ဝိညာဉ်ရေး(လီချမ်)လက်ဖက်ရည်သောက်နေသည်။
တံခါးခေါက်သံကြားပြီးနောက် တံခါးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
“မစ္စတာလင်း၊ နောက်ဆုံးတော့ မင်းနဲ့ပြန်တွေ့ပြီ။” ရန်ဖေး က ပြုံးပြီး နှုတ်ဆက်သည်။
ထို့နောက် ရန်ဖေး က “ဒါက ငါတို့ ဟွာအုပ်စု ရဲ့ နည်းပညာဆိုင်ရာ ဒါရိုက်တာ လီဒန်ဇီပါ’’
လွဒန်ဇီသည် အနည်းငယ် တုန်လှုပ်နေသော လေသံဖြင့် “မင်္ဂလာပါ မစ္စတာလင်း”ဟုနှုတ်ဆက်လိုက်လေသည်။
လီဒန်ဇီသည် ယခု အသက် 42 နှစ်ရနေှိပြီဖြစ်ပြီး ဟွာအုပ်စု၏ နည်းပညာဆိုင်ရာ ဒါရိုက်တာဖြစ်သည်။
သူသည်တွေ့ဖူးတဲ့ အဆင့်မြင့်အစည်းအဝေးတွေ ဘယ်လောက်တက်ဖူးလဲ မသိပေ။သူသည်
ယခုအချိန်တွင် အသက် 20 နှစ်သာရှိသေးသော လူငယ်တစ်ဦးနှင့် ရင်ဆိုင်ရသောအခါတွင်သူသည် တုန်လှုပ်ချောက်ချားနေပေသာယ
အပြင်လူတွေသာဒါကိုသိရင် ဘာဖြစ်မယ် မသိပေ။
လင်းဖန်သည် အလွန်အမင်း ဂရုမစိုက်ဘဲ ခေါင်းညိတ်ကာ “ဝင်လာလေ”
နှစ်ယောက်သား လမ်းလျှောက်လာသောအခါတွင်လီချမ်၏ရနံ့ကြောင့် ချက်ချင်း စွဲဆောင်သွားကြသည်။
သူတို့နှစ်ယောက် လီချမ်ကို စိုက်ကြည့်နေတာကို မြင်တော့ လင်းဖန်က “မင်း တို့အဝေးကလတာဆိုတော့မောနေရောပေါ့....ထိုင်ပြီး လက်ဖက်ရည်တစ်ခွက် အရင်သောက်ကြပါအုံး’’ လို့ ပြောလိုက်သည်။
ပြောပြီးတာနဲ့လင်းဖန်သည်လက်ဖက်ရည်နှစ်ခွက်ကို လောင်းချကာ သူတို့ရှေ့တွင် ထားပေးလိုက်သည်။
လီချမ်သူတို့ရှေ့သို့ရောက်လာငေါအခါတွင်လီချမ်၏လန်းဆန်းသောရနံ့သည် ပိုမိုပြင်းထန်လာသောကြောင့်ရန်ဖေး နှင့် လီဒန်ဇီတို့သည် လက်ဖက်ရည်ခွက်များကို ကောက်ယူကာ လက်ဖက်ရည်ကိုပါးစပ်ထဲသို့ လောင်းထည့်လိုက်ကြသည်။
“ဂလု”
လီချမ်လက်ဖက်ရည်သည်သူတို့ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် တခဏချင်း ဆေးကြောခြင်းခံလိုက်ရသလိုခံစားလိုက်ရသည်။
ယခင်က သူတို့သည် ဌာနချုပ်မှ ကျန်ပေ့သို့လာရန်၏သုံးနာရီကျော်ကြာအောင်လာခဲ့ရသောကြောင်ပင်ပန်းနေသည်။သို့သော်ယခုအခိုက်အတန့်မှာ ဒါတွေကလုံးဝပျောက်ကွယ်သွားလေပြီဖြစ်သည်။
ရန်ဖေး နှင့် လီဒန်ဇီတို့သည် လီချမ်လက်ဖက်ရည်တွင်သူတို့စိတ်သည်နှစ်မြှပ်နေသည်။
ဒီအချိန်မှာ လင်းဖန်က “ငါ ဂိမ်းဦးထုပ်ကို အရင်ကြည့်မလား။”
လင်းဖန်၏စကားကိုကြားပြီးနောက် ရန်ဖေးကသတိပြန်ဝင်လာပြီး “အင်း...’’
သူသည်ဒီလိုသာပြောပေမဲ့ သူ့မျက်လုံးများသည် သူ့ရှေ့ရှိ လီချမ်လက်ဖက်ရည်ကိုကြည့်နေသေးသည်။
လင်းဖန်က “မင်းသောက်ချင်ရင် ထည့်ပြီးသောက်လေ’’လို့ပြောလိုက်သည်။
ရန်ဖေးက သူ့လက်ကို အထပ်ထပ်အခါခါ ဝှေ့ယမ်းလိုက်ပြီး “မဟုတ်ဘူးမဟုတ်ဘူး၊ ဂိမ်းဦးထုပ်ကို အရင်ကြည့်ရအောင်။”
လင်းဖန်က သိပ်စဉ်းစားမနေဘဲ “ကောင်းပြီ၊ ဂိမ်းဦးထုပ်က အထဲမှာ ရှိတယ်” လို့ပြောလိုက်သည်။
စကားပြောနေရင်းမှ ထပြီး အိပ်ခန်းဆီသို့ လျှောက်သွားလိုက်သည်။
ရန်ဖေးနှင့် လီဒန်ဇီ တို့သည် လီချမ်ကို ဆက်သောက်လိုကြောင်း သိသာထင်ရှားသည်။သို့သော်သူသည်ယင်းကိစ္စကိုဘေးချိတ်ထားလိုက်သည်။
အစောပိုင်းက သူသည် သူတို့ကို လီချမ်လက်ဖက်ရည်တစ်ခွက်စီကိုကိုယ်တိုင်လောင်းထည့်ပေးခဲ့သည်။
ဆက်သောက်ချင်တာလား။
ဒါဆိုကိုယ့်ကိုလောင်းထည့်ပြီးသောက်လေ။
ငါကိုယ်တိုင် လက်ဖက်ရည်ထပ်ပြီးလောင်းထည့်ပေးဖို့ဆိုတာကမဖြစ်နိုင်တာတော့ သေချာသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး