ရှင်းပြုခြင်း
Vol. 29 Ch. 431
ရန်ဖေးနှင့်လီဒန်ဇီတို့သည် လင်းဖန် ၏အကူအညီဖြင့် ဂိမ်းဦးထုပ်ကို ခံစားခဲ့ကြရသည်။
နှစ်ယောက်စလုံး ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ မျက်နှာများတွင်တော့ မှင်သက်နေသောအမူအရာများနှင့်ပြည့်နေသည်။
ခဏအကြာတွင် သူတို့နှစ်ယောက်လုံးသက်ပြင်းချလိုက်ကြသည်။
“အိုဘုရားရေ!”
“ဒီဦးထုပ္က ငါတို့ကို ကမ္ဘာကူးပြောင်းစေတာလား”
“ကြည့်ရတာ ဒါကတကယ့်ကမ္ဘာနဲ့တူတယ်!”
“မယုံနိုင်စရာပဲ! တစ်ကယ့်ကိုမယုံနိုင်စရာပဲ”
လင်းဖန်သည် ဂိမ်းဦးထုပ်ဆောင်းပြီးနောက် ဖန်ရှင်း၏အသွင်အပြင်ကို မြင်ဖူးသည်။
ထို့ကြောင့်သူသည်သူတို့နှစ်ယောက်ဖြစ်နေသောအမူအရာကိုအံ့သြခြင်းမရှိပေ။
ရန်ဖေးနှင့် လီဒန်ဇီတို့မောပန်းနွမ်းနယ်သွားသည်အထိ စောင့်ပြီးနောက် လင်းဖန်က “ရန်ဖေး ဘယ်လိုလဲ၊ ဂိမ်းခမောက်နဲ့ ပူးပေါင်းမှာလား။”
ဂိမ်းဦးထုပ်၏ လုပ်ဆောင်ချက်ကို သိရှိပြီးနောက် ရန်ဖေးသည် လင်းဖန်နှင့် ပူးပေါင်းရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။
အခု တကယ့် အတွေ့အကြုံခံစားပြီးနောက် သူသည် ဒီစိတ်ကူးသည်ပိုခိုင်မာ လာခဲ့သည်။
“ဟုတ်တယ် ငါပူးပေါင်းချင်တယ်!”
ခေတ္တနားပြီးနောက် ရန်ဖေး က “အတိအကျဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတာတိုင်ပင်လိုက်အုံးမယ်။မစ္စတာလင်းခဏစောင့်ပေးပါ”
လင်းဖန်သည် ကုမ္ပဏီကြီးများ၏ စည်းမျဉ်းများကို သိသည်။ ကိစ္စတစ်ခုကိုဆုံးဖြတ်ရာတွင်လူတစ်ဦးတစ်ယောက်မှ ဆုံးဖြတ်၍မရပေ။
ထို့ကြောင့် ခေါင်းညိတ်ပြီး “ကောင်းပြီ” ဟုပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် လင်းဖန်သည် ကုမ္ပဏီတစ်ခုမတည်ထောင်ရန်ပိုမိုစိတ်ပိုင်းဖြတ်လိုက်သည်။
ဒီလိုမှမဟုတ်ရင် တစ်ခုခုလုပ်ချင်ရင် အစည်းအဝေးလုပ်ပြီး ရှင်းပြရတာနဲ့တင်ပင်ပန်းတယ်။
တစ်နာရီခန့်အကြာတွင် ရန်ဖေးသည်ဆွေးနွေးတာကို အဆုံးသတ်ခဲ့သည်။
ရန်ဖေး “မစ္စတာလင်း၊ ဟွာအုပ်စု သည် ရှယ်ယာ 15% နဲ့ဂိမ်းခမောက်၏ အထွေထွေ ကိုယ်စားလှယ်အခွင့်အရေးကို ရယူလိုပါသည်။ ထို့အပြင် ဂိမ်းခမောက်အားလုံး၏ အမြတ်ငွေ 50% ကို မင်းပိုင်ဆိုင်နိုင်တယ်။”
“ဒါကိုမစ္စတာလင်း မင်းဘယ်လိုထင်လဲ”
ရန်ဖေးသည် ဤစကားကိုပြောသောအခါ အလွန်စိတ်လှုပ်ရှားနေသည်။
သူသည် ကိုယ်တိုင်တွေ့ကြုံခံစားဖူးသောကြောင့် ဂိမ်းဦးထုပ်စျေးကွက်သည်ဘယ်လောက်တောင်ကျယ်ပြန့်မလဲဆိုတာတွေးနိုင်သည်။
လင်းဖန်က မကျေနပ်ရင် သူခေါင်းကိုက်ရလိမ့်မည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် ထိပ်တန်းအမှုဆောင်များနှင့် ဒါရိုက်တာများထံမှဒီလိုရလဒ်ရအောင်သူခက်ခက်ခဲခဲကြိုးစားခဲ့ရသောကြောင့်ဖြစ်သည်။
လင်းဖန်က “ကောင်းပြီ အဲဒါဆိုလဲစာချုပ်ချုပ်ရအောင်။”
သဘောတူတာလား? !
ခေတ္တနားပြီးနောက် လင်းဖန် က “ဒါ့အပြင် ဂိမ်းဦးထုပ်တွေကို တတ်နိုင်သမျှ အမြန်ဆုံး ထုတ်လုပ်ပေးဖို့ပဲ တောင်းဆိုချင််တယ်”
ရန်ဖေးက စိတ်လှုပ်ရှားစွာနဲ့ “အိုကေ၊ ဟုတ်ကဲ့ပါ မစ္စတာလင်း၊ ငါတို့ဟွာအုပ်စု က အချိန်တိုအတွင်းမှာ ဂိမ်းဦးထုပ်တွေကို သေချာပေါက် ထုတ်လုပ်နိုင်မယ်ဆိုတာ မင်းစိတ်ချနိုင်တယ်!”
ပြီးတော့ မစ္စတာလင်းက ငါ့ကိုစာချုပ်တစ်ခု ရေးဆွဲခွင့်ပေးတာလား။(ပြောချင်တာကအဲ့လိုစာချုပ်လုပ်ခွင့်ပေရင်တစ်ချို့ကလှည့်ကွက်သုံးပြီးမတော်မတန်တဲ့အချက်တွေထည့်လို့ရတယ်။ဒါကြောင့်ရန်ဖေးကအံ့သြခြင်းဖြစ်သည်။)
ခဏအကြာတွင် စာချုပ်ကို လင်းဖန်အား ပေးလိုက်သည်။
လင်းဖန်သည် ၎င်းကို အမြန်လှန်ပြီး နာမည်ကို တိုက်ရိုက် လက်မှတ်ရေးထိုးလိုက်သည်။
ထို့နောက် ချက်ခြင်းပင် ရန်ဖေးသည်လည်း လက်မှတ် ရေးထိုးကာ တံဆိပ်ခတ်လိုက်သည်။
ယခုအချိန်ကစပြီးဂိမ်းဦးထုပ်နှင့် ဟွာအုပ် တို့၏ ပူးပေါင်းဆောင်ရွက်မှုသည် တရားဝင်စပြီဖြစ်သည်။
ရန်ဖေးသည် စာချုပ်ကို တင်းတင်းကျပ်ကျပ်ကိုင်ထားရင်း “မစ္စတာလင်း၊ ဒါဆို ငါတို့ သွားပြီ” လို့ပြောလိုက်သည်။
လင်းဖန်က ခေါင်းညိတ်လိုက်သည်။
သို့သော်လည်း လီဒန်ဇီ သည် မထွက်ခွာချင်သေးကြောင်း သူတွေ့လိုက်သည်။
“ဒါရိုက်တာလီ မင်းတစ်ခုခုလိုလို့လား” လင်းဖန်က မေးလိုက်သည်။
လီဒန်ဇီက “ဒါ... ဟီးဟီး မစ္စတာလင်း၊ မင်းက ငါ့ရဲ့ အိုင်ဒေါလေ၊ဒါကြောင့်မင်းငါ့ကို လက်မှတ်ထိုးပေးနိုင်မလား”
ဒါကိုကြားတော့လင်းဖန်သည် အနည်းငယ်ရှက်သွားသည်။
လင်းဖန်က ပြန်မဖြေတာကိုလီဒန်ဇီ မြင်ပြီးနောက် “ငါတောင်းဆိုတာက အရမ်းခက်ခဲတယ်ဆိုတာသိပါတယ်...”
လင်းဖန် က ပြုံးပြီး “ဒါက ဘာကိုခက်ခဲရမှာလဲ။ဘယ်မှာထိုးပေရမလဲ...”
လီဒန်ဇီသည် သူ့အိတ်ကို အမြန်ထုတ်လိုက်ပြီး “နီတာ” ၏ နောက်ဆုံးထုတ်စာစောင်ကို ထုတ်ကာ “မစ္စတာလင်း၊ ဒီမှာ လက်မှတ်ထိုးပေးပါ” လို့ ပြောလိုက်သည်။
လင်းဖန်က သူ့ဘောပင်ကို ကောက်ကိုင်လိုက်ပြီး ဂျာနယ်မျက်နှာဖုံးမှာ သူ့နာမည်ကို အမြန်ရေးထိုးပေးလိုက်သည်။
လီဒန်ဇီသည် လင်းဖန် ၏လက်မှတ်အား ရတနာတစ်ခုကဲ့သို့ ဂျာနယ်ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားလိုက်သည်။
သူသည် လင်းဖန်အား လေးလေးနက်နက် ဦးညွှတ်ကာ “ကျေးဇူးတင်ပါတယ် မစ္စတာလင်း” ဟု စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
စကားပြောပြီးနောက် ရန်ဖေးနှင့်အတူအပြင်သို့ ထွက်လာခဲ့သည်။
…………
နောက်တစ်နေ့တွင် နေသာလေသည်။
လင်းဖန်သည် နံနက်စာစားပြီးနောက် ဂိမ်းဦးထုပ်ကို ထပ်မဆောင်းတော့ပေ။
ယင်းအစား၊ သူသည် Cullinan(ကား)ဖြင့်ကျန်ပေ့တက္ကသိုလ်ဆီသို့ မောင်းနှင်ခဲ့သည်။
နောက်ဆုံးတော့ သူက အခု ဆရာဖြစ်နေပြီဖြစ်သည်။
ရုံးကို ရက်အတော်ကြာ မသွားတာကအဆင်မပြေပေ။
လင်းဖန် ရုံးခန်းသို့ရောက်သောအခါ ရှောင်ပန်၊ရှောင်အန်း၊ နင်းကျန်းကျန်း၊ဟော့ကျောက်ဝူ၊ဂျင်ချန်ကျူ၊လင်းချင်ကျူ တို့သည် ၎င်းတို့၏ စာကို အာရုံစိုက်နေကြပြီး လင်းဖန်လာသည်ကို လုံးဝသတိမထားမိကြပေ။
ထိုအချိန်တွင် ဟော့ကျောက်ဝူ၏ပခုံးပေါ်တွင် လဲလျောင်းနေသော ကြောင် ရှောင်ဘိုင်သည် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ညောင်!”
ထို့နောက် ကြောင် ရှောင်ဘိုင် သည် ဟေယ့ာ့ကျောက်ဝူ၏ ပုခုံးပေါ်မှ တိုက်ရိုက်ခုန်ဆင်းပြီး လင်းဖန် ၏ ခြေဖဝါးဆီသို့် လာကာပွတ်သပ်နေလိုက်သည်သည်။
“သခင်၊ နောက်ဆုံးတော့ မင်းဒီကို ရောက်ပြီပဲ...ငါအရသာရှိတာစားချင်တယ်။”
ဟော့ကျောက်ဝူ သည် ကြောင်ရှောင်ဘိုင် ၏ခေါ်သံကိုကြားသောအခါ ခေါင်းမထောင်နိုင်ဘဲ မနေနိုင်ပေ။
“ပရော်ဖက်ဆာလင်း၊ မင်းရောက်ပြီပဲ’’ဟော့ကျောက်ဝူ က အံ့သြစွာပြောလိုက်သည်။
သူ့အသံ ထွက်ပြီးသည်နှင့်အမျှ လူတိုင်းက ခေါင်းကို မြှောက်ပြီးကြည့်လိုက်ကြသည်။
နင်းကျန်းကျန်း၊ဂျင်ချန်ကျူ၊လင်းချင်ကျူ တို့ကလင်းဖန်ကိုအံ့သြသောအကြည့်ဖြင့် ကြည့်လိုက်သည်။
ရှောင်ပန်နှင့် ရှောင်အန်းတို့ နှစ်ဦးစလုံး၏ လှပသော မျက်လုံးများသည် အလင်းရောင်ဖျော့ဖျော့ဖြင့် လင်းလက်သွားသည်။
ထို့နောက် သူတို့ ကျောပိုးအိတ်မှ Pulse ပုလင်းနှစ်ပုလင်း(pluseကရေဘူးတစ်ဆိပ်ပါ)ကို အမြန်ထုတ်ယူပြီး လင်းဖန်ထံသို့ ပေးလိုက်သည်။
လင်းဖန်က ပြုံးပြီး Pulse ပုလင်းနှစ်ပုလင်းကို ယူကာ တစ်ငုံစီ သောက်လိုက်သည်။
ဒါကိုကြည့်ရင်းရှောင်ပန်နှင့်ရှောင်အန်း
တို့၏ လှပသော မျက်နှာနှစ်ခုသည် ချက်ချင်းပြုံးလိုက်သည်။
လင်းဖန်သည် လူအုပ်ကို ခေါင်းညိတ်ပြပြီးနောက် အမဲသားနှင့် ကြောင်စာကောင်းတစ်ထုပ်ကို ဆုတ်ဖြဲလိုက်ပြီးကြောင်ရှောင်ဘိုင်ကိုကျွေးလိုက်လေသည်။
ကြောင် ရှောင်ဘိုင်သည်လဲချက်ချင်းပင်အစားစားတော့သည်။
“အရသာရှိတယ်၊ သခင်ရောက်လာတာအရမ်းကောင်းတယ်!”
ဟော့ကျောက်ဝူက စာရွက်ကြမ်းတစ်အုပ်ကို ကိုင်ကာ “ပါမောက္ခလင်း၊ ငါ ဒီမှာ ပြဿနာနည်းနည်းရှိလို့...”
လင်းဖန်သည် ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီး အမြန်ရေးရန် ဘောပင်နှင့် စာရွက်ကို ကောက်ယူလိုက်သည်။
“ဒါ့....ဒါ့........ ဒါ့.....”
မကြာမီ စာရွက်ကြမ်းပေါ်တွင် ရှည်လျားသော တွက်ချက်ခြင်းတစ်ခု ပေါ်လာသည်။
ဟော့ကျောက်ဝူက ရုတ်တရက်ပြောလိုက်သည် “ဒါဆို...ဒါကဒီလိုဖြစ်သွားတာပေါ့၊ ငါဘာလို့ အချိန်တိုင်းမဖြေရှင်းနိုင်ရတာလဲလို့စဉ်းစားနေတာကြားထဲမှာတစ်ဆင့်မှားသွာတာကိုး’’
ခေတ္တနားပြီးနောက်ဟော့ကျောက်ဝူက “ပါမောက္ခလင်းဒီရက်တွေမှာ ဘယ်မှာ ကစားနေတာလဲ?”
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး