← Chapters

အားကျခြင်း

Vol. 29 Ch. 432

အားကျခြင်း

Vol. 29 Ch. 432

ရှောင်ပန်၊ရှောင်အန်း၊နင်ကျန်းကျန်း၊ဂျင်ချန်ကျူ၊လင်းချင်ကျူ တို့ကလဲလင်းဖန်ဖြေမည့်အဖြေကိုအလွန်မျှော်လင့်နေကြသည်။

သိသာပါတယ်၊ သူတို့လည်း ဒါကိုအရမ်းသိချင်နေကြတယ်ဆိုတာ။

လင်းဖန် က “မင်းအရင်တုန်းကပြောတာမဟုတ်လား... မင်းဂိမ်းထဲကိုဝင်ပြီးဆော့လို့ရတဲ့စက်လေ”

ဟော့ကျောက်ဝူ ခေါင်းညိတ်လိုက်သည်။

သို့သော် သူ့မျက်နှာမှာ အံ့အားသင့်နေဆဲပင်ဖြစ်သည်။

သူသည်ဒီလိုပြောတာကဟုတ်သည်။အခုသူမေးတာနဲ့ဘာဆိုင်လို့လဲဆိုတာစဉ်းစားလိုက်လိုက်သည်။

ထိုအချိန်တွင် စင်္ကြံအပြင်ဘက်တွင် ခြေသံများထွက်ပေါ်လာသည်။

“ပါမောက္ခလင်း၊ ပါမောက္ခလင်း!”

မကြာခင်မှာပဲ ဇီဝဗေဒ ပါမောက္ခ ဝူတန်နဲ့ ကျောက်ကျူတို့သည်ရုံးခန်းကို အမြန်လာခဲ့ကြသည်။

ဝူတန်က “ပရော်ဖက်ဆာ လင်း၊ “နီတာ” ရဲ့ နောက်ဆုံးထုတ်စာစောင်ဖြစ်သော

“ဂိမ်းဦးထုပ်များ၏ စည်းမျဉ်းများနှင့် အလားအလာ”သည်မင်းထုတ်ဝေတာကြောင့်လားမသိဘူးတကယ်ကို အံ့သြဖွယ်ကောင်းတယ်ဆိုပြီးအကုန်လုံးကချီးကျူးနေကြတယ်’’ဟုဆိုလိုက်သည်

တစ်ရုံးလုံး တိတ်ဆိတ်သွားသည်။

ရှောင်ပန်၊ရှောင်အန်း၊နင်ကျန်းကျန်း၊ဂျင်ချန်ကျူ၊လင်းချင်ကျူ တို့သည် “ဂိမ်းဦးထုပ်များ၏ စည်းမျဉ်းများနှင့် အလားအလာ”ဟူသည့် စာတမ်းကို မသိကြပေ။

သို့သော် နီတာတွင် စာတမ်းတစ်စောင်ထုတ်ဝေရခြင်း၏ အဓိပ္ပါယ်ကို သူတို့အားလုံး နားလည်ကြသည်။

ဒါဆို လင်းဖန်က ဒီရက်ပိုင်း ရုံးကို မလာရတဲ့အကြောင်းအရင်းကသူဒီစာတမ်းကို ရေးနေလို့လား။

ဒါ……

ဒါ……

အရင်တုန်းကတော့ ပရော်ဖက်ဆာ လင်းဖျ်ဟာ ဉာဏ်ကြီးရှင်တစ်ယောက်လို့ လူတွေပြောလေ့ရှိတာ သူတို့ကြားဖူးသည်။

လင်းဖန်အတွက်”နီတာ” နှင့် “သိပ္ပံ” ကဲ့သို့သော ထိပ်တန်းဂျာနယ်များတွင် စာတမ်းများကို ထုတ်ဝေခြင်းသည် ထမင်းစားသလောက် လွယ်ကူသည်ဆိုတဲ့စကားလဲရှိသည်။

အဲဒီတုန်းက သူတို့ယုံကြသေးပေ။

အခု သူတို့ယုံသွားပြီဖြစ်သည်။

နင်းကျန်းကျန်း၊ဂျင်ချန်ကျူ၊လင်းချင်ကျူ တို့သည် အံသြသွားကြသည်။

ရှောင်ပန် နှင့် ရှောင်အန်းတို့၏ မျက်နှာများတွင်လေးစားမှုနှင့်ပြည့်နေသည်။

ဟော့ကျောက်ဝူ က စိတ်လှုပ်ရှားစွာနဲ့ “ပရော်ဖက်ဆာ လင်း မင်း ဂိမ်းခမောက်စ်အတွက် စာတမ်းကို ရေးပြီးပြီလား?”

လင်းဖန်က “ဟုတ်တယ်” ဟုပြောသည်။

“မင်းငါ့ကိုပြလို့ရမလား “ ဟော့ကျောက်ဝူက ကမန်းကတန်း မေးလိုက်သည်။

လင်းဖန်ဘေးက ကျောက်ကျူ က နီတာဂျာနယ်ကို ပေးလိုက်သည်။

ဟော့ကျောက်ဝူသည်ဒါကိုရတနာတစ်ခုလို လှန်ကြည့်လိုက်သည်။

ခဏကြာတော့... သူသည်မျက်မှောင်ကြုတ်သွားသည်။

ဘာလို့လဲဆိုတော့ သူ့နားမလည်နိုင်တဲ့ အရာတွေ အများကြီးရှိနေလို့ပင်ဖြစ်သည်။

ဒီအချိန်မှာ ဝူက “ပါမောက္ခ လင်း၊ ဒီတစ်ကြိမ်မှာ ကျွန်တော်တို့ ဘာမှ မကူညီခဲ့ဘူး၊ ရလဒ်အနေနဲ့ ဒုတိယနေရာမှာ ထပ်ပေါ်လာပြန်တယ်။ အဲဒါ... ကကျွန်တော်တို့အတွက်နည်းနည်းတော့ရှက်စရာပဲ။”

ကျောက်ကျူက “ဟုတ်တယ်”

သို့ပေမယ့်လည်း သူတို့သည်ဒီလိုသာပြောတာသူတို့၏မျက်နှာများသည်ပျော်ရွှင်မှုကြောင့်နီးမြန်းနေသည်။

ဝူတန် နှင့် ကျောက်ကျူသည် ဤကဲ့သို့ဖြစ်မည်ကို မအံ့သြပေ။

တစ်နှစ်အတွင်း ထိပ်တန်းဂျာနယ်များတွင် ဆောင်းပါးနှစ်ပုဒ် ထုတ်ဝေခဲ့သည်။

ဒုတိယနေရာဆိုရင်တောင် သူတို့အရင်ကဒါကို မတွေးဝံ့တဲ့ အရာတစ်ခုဖြစ်သည်။

ဒါက ဘာဂုဏ်ကျက်သရေလဲ။ ?

လင်းဖန်က သူ့လက်ကို ဝှေ့ယမ်းပြီး “ဒါက မင်းတို့နဲ့ထိုက်တန်လို့ရတာပါ” လို့ပြောလိုက်သည်။

ထို့နောက်ဝူတန် နှင့် ကျောက်ကျူတို့က စာတမ်းအချို့တွင် လင်းဖန်၏ အာရုံကြောစနစ်အကြောင်း မေးမြန်းခဲ့သည်။

ဝူတန် က “သိချင်တာကိူဖြေပေးတဲ့အတွက် ပါမောက္ခ လင်းကိုကျေးဇူးတင်ပါတယ်၊ ဒီစာကို ပြန်လေ့လာလိုက်အုံးမယ်။ အခု ပါမောက္ခ လင်းရဲ့ သင်ကြားမှုကို မနှောင့်ယှက်တော့ပါဘူး”

စကားပြောပြီးနောက် သူတို့သည် ကျောက်ကျူနှင့်အတူ အပြင်သို့ ထွက်လာခဲ့သည်။

ဒီအချိန်မှာ ကျောက်ကျူက တစ်ခုခုကို တွေးမိပုံရကာ”စကားမစပ် ပရော်ဖက်ဆာလင်း၊ ဟန်တီရဲ့အိမ်မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ မင်းသိလား”

“ဘာဖြစ်လို့လဲ?” လင်းဖန်က ချက်ချင်းပြန်မေးသည်။

ကျောက်ဝူက “လွန်ခဲ့တဲ့ နှစ်ရက်လောက်ကဟန်တီက အိမ်ကို အရမ်းစိတ်ပူတဲ့ပုံစံနဲ့ပြန်တာကိုတွေ့ခဲ့တယ်၊ သူ့ကို မေးပေမဲ့... သူမကဘာမှပြန်မပြောဘူး၊ မင်းသိတယ်ထင်လို့မေးတာ...မသိလဲကိစ္စမရှိပါဘူး.....”

လင်းဖန်သည် ကျောက်ကျူနှင့် ဝူတန်တို့ အဝေးသို့ ထွက်ခွာသွားသော ကျောကို ကြည့်လိုက်သည်။ အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက်တွင် သူသည် ၎င်း၏ လက်ကိုင်ဖုန်းကို ထုတ်ကာ ဟန်တီထံမက်ဆေ့ခ်ျတစ်စောင် ပေးပို့လိုက်သည်။

လင်းဖန်:ဟန်တီအိမ်ပြန်ပြီလား။

သို့သော်လည်း အချိန်အတော်ကြာပြီးနောက် ​ဟန်တီသည် မက်ဆေ့ခ်ျကိုပြန်လည်ပို့​ခြင်းမရှိပေ။

ဟန်တီ၏အိမ်တွင် တစ်ခုခုဖြစ်နေတယ်ဆိုတာကို လင်းဖန် နားလည်လိုက်သည်။

ဒါကြောင့် သူချက်ချင်းဖုန်းခေါ်လိုက်သည်။

ခဏကြာတော့ဖုန်းထဲကနေဝမ်းနည်းတဲ့အသံတစ်ခု ထွက်လာသည်။

“လင်းဖန်...”

“ဟန်တီ အိမ်ပြန်ပြီလား” လင်းဖန်က မေးသည်။

“ဟုတ်တယ်” ဟန်တီက ပြောသည်။

“အိမ်မှာ တစ်ခုခုဖြစ်လို့လား” လင်းဖန်က ထပ်မေးသည်။

ဟန်တီသည် ခဏမျှ တိတ်ဆိတ်သွားပြီး “ငါ့ရဲ့ ဒုတိယအစ်ကိုဒဏ်ရာရနေလို့ပါ”

ဟန်တီ က သူဘာဒဏ်ရာရခဲ့တယ်ဆိုတာ အတိကျ မပြောခဲ့ပေမဲ့လင်းဖန်သည် ပြင်းထန်သော ဒဏ်ရာဖြစ်ကြောင်း သေချာပေါက် သိသည်။

မဟုတ်ရင် သူမ အရမ်းဝမ်းနည်းနေမှာ မဟုတ်ပေ။

ထို့ကြောင့်လင်းဖန်က “ငါ့လာတာကိုစောင့်နေပါ!”

သိရန်……

လင်းဖန်သည် ဆေးပညာဘုရင် အတွေ့အကြုံရှိပြီး ဒဏ်ရာများကို ကိုင်တွယ်ဖြေရှင်းရန် လုံးဝပြဿနာမရှိပေ။

ထို့အပြင် လင်းဖန် သည် ရောဂါတိုင်းကို ပျောက်ကင်းစေသည့် ဆေးရည်လည်း ရှိသေးသည်။

လင်းဖန်က ဖုန်းချသွားပြီးနောက် ရှောင်ပန်၊ရှောင်အန်း နှင့် အခြားကျောင်းသားများကို “ငါ အပြင်သွားစရာ ရှိသေးတယ်၊ဒါကြောင့်မင်းတို့နားမလည်တာရှိရင် တခြားပါမောက္ခတွေကို မေးလို့ရတယ်။ဒါမှမဟုတ်ရင်လဲ ငါပြန်လာတာကိုစောင့်ပြီးမေးလို့လဲရတယ်။”

ပြောပြီးတာနဲ့ အမြန်ထွက်သွားလေသည်။

“ညောင်!”

အမဲသားနဲ့ ကြောင်စာ စားနေတဲ့ ကြောင်ရှောင်ဘိုင်က “နှုတ်ဆက်ပါတယ် သခင်!”

ထိုအချိန်တွင် ကွန်ပျူတာပါမောက္ခ ချင်ဂျန်ရှောင်နှင့် လီဝီတို့သည် နီတာဂျာနယ်နှင့်အတူ လမ်းလျှောက်လာကြသည်။

သူတို့သည်လင်းဖန်ကိုတွေ့တာနဲ့တစ်ခုခုပြောခါနီးနေပြီတွင်လင်းဖန်သူတို့ကိုကျော်ကာအပြင်သို့မြန်မြန်ထွက်သွားတာလေသည်။

“ဒါ……’’

ထိုအချိန်တွင် ဟော့ကျောက်ဝူသည် ၎င်းတို့နှစ်ဦးကို သတိပြုမိပြီး စိတ်လှုပ်ရှားစွာဖြင့် “ပါမောက္ခ လင်းရဲ့ “ဂိမ်းဦးထုပ်များ၏ စည်းမျဉ်းများနှင့် အလားအလာ”ကို ဆွေးနွေးဖို့ ဒီကိုရောက်လာတာလား။’’

“ပရော်ဖက်ဆာ လင်းကလုပ်စရာရှိလို့အလျင်လိုစွာ ထွက်သွားရတယ်”

“ငါက ပရော်ဖက်ဆာ လင်းရဲ့ ကျောင်းသား ဟော့ကျောက်ဝူ ပါ၊ ငါလည်း ဒါကို နားလည်မှု တစ်ချို့ရှိတယ်။ မင်းတို့လည်း ငါနဲ့ အတူတူ ဆွေးနွေးလို့ရတယ်”

ချက်ဂျန်ရှောင်နဲ့ လီဝီက ခေါင်းညိတ်ပြီး “ကောင်းပြီ” လို့ အချင်းချင်း ပြောလိုက်သည်။

ဟော့ကျောက်ဝူ က ဇယားကို ညွှန်ပြပြီး “ဒီမှာ ကဘာကို ဆိုလိုတာလဲ။”

“ပြီးတော့ ဒီပုံသေနည်းက...”

“ဒီမှာ……”

မကြာခင်... ချင်ဂျန်ရှောင် နဲ့ လီဝီ တို့သည်

သူတို့လုံးဝ နားမလည်တဲ့နေရာကိုရောက်နေပေမဲ့ဟော့ကျောက်ဝူကတော့အေးအေးဆေးတစ်ယောက်ထဲဘယ်ကဘယ်ဟာဆိုတာကိုပြောနေလေသည်။

ဒါကချင်ဂျန်ရှောင် နှင့် လီဝီကို အံသြသွားစေသည်။

စာတမ်းကို အပြည့်အ၀နားလည်ရင် သူတျု့လဲကိစ္စမရှိပေမဲ့ပြဿနာက ဒီစာတမ်းကို သူတို့ နားမလည်ကြပေ။

ထို့ကြောင့်ချင်ဂျန်ရှောင်နဲ့လီဝီတို့က ခဏလောက် စကားစမြည်ပြောပြီးနောက်ရုံးခန်းကထွက်ဖို့ ဆင်ခြေတစ်ခုရှာလိုက်လေသည်။

နောက်ဆုံးတော့သူတို့က ဆရာတွေမို့ကျောင်းသားတွေအထင်သေးတာမခံချင်ကြပေ။သူတို့သာကျောင်းသားတစ်ယောက်တောင်မယှဉ်နိုင်ဘူးဆိုတာကိုတစ်ခြားဆရာတွေကြားရင်လဲသူတို့ဟာကျောင်းရဲ့ရယ်စရာဖြစ်မှာသေချာသည်။ဒါကြောင့်သူတို့သည်ဆင်​ခြေပေးပြီးထွက်လာခြင်းဖြစ်သည်။

ချင်ဂျန်ရှောင် နှင့် လီဝီတို့သည် “နီတာ” မဂ္ဂဇင်းနှင့်အတူ လေ့ကျင့်ရေးအဆောက်အအုံဆီသို့ လျှောက်လာသောအခါ ကွန်ပျူတာပါမောက္ခဖြစ်သည့်ဝမ်ဂျန်လည်းလမ်းလျှောက်လာခဲ့သည်။

ဝမ်ဂျန်သည် သူတို့နှစ်ယောက်ရဲ့ ဂုဏ်ယူဝင့်ကြွားတဲ့ ပုံကိုကြည့်ကာ အားကျသွားသည်။ထို့နောက်ခေါင်းခါကာသူသည်လဲသူလမ်းသူသွားတော့သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters