← Chapters

ဆေးရေတိုက်ခြင်း

Vol. 29 Ch. 433

ဆေးရေတိုက်ခြင်း

Vol. 29 Ch. 433

ရှန်ရှီ။

ကျယ်ဝန်းသော ခြံဝင်းထဲတွင်။

ဟန် မိသားစု ဟန်နန်ရှန် ၊​ဟန်တီနှင့်အခြားသော ဟန် မိသားစုဝင်များစွာတို့သည် တံခါးဝတွင် ရပ်နေကြပြီး သူတို့၏မျက်နှာအမူအရာများသည်ဝမ်းနည်းမှုများဖြင့်ပြည့်နှက်နေပြီးငိုရင်းစကားပြောနေကြသည်။

“ ရှန်ဒေါင်... ရှန်ဒေါင်...”

“ဒါက ဘာလို့လဲ?”

အဘိုးကြီး ဟန်နန်ရှန်သည် သူ့မွေးနေ့တွင်လင်းဖန်ဆီကနေလီချမ်လက်ဖက်ရည်အများကြီးရခဲ့သည်။

ပုံမှန်သာသောက်ရင် အနည်းငယ်နုပျိုပြီးအသက်ရှည်ရှည်နေနိုင်မှာသေချာသည်။

သို့သော်လည်း ယခုအခါတွင်၊ဟန်နန်ရှန်၏ မျက်နှာသည် အရင်ကထက်ပိုပြီးအိုမင်းရင့်ရော်နေပုံပေါ်သည်။

ဟန်နန်ရှန်သည် လူအုပ်ကြီး၏ အသံကို ကြားသောအခါ သူသည်ချက်ချင်းပဲကိမ်းမေညက်းတော့သည်။

“ဘာလို့ငိုနေကြတာလဲ။ ရှန်ဒေါင် က သူ့အဖေအတွက်နဲ့ဒဏ်ရာရသွားတာလေ၊ ငါတို့က သူ့ကို ဂုဏ်တောင်ယူရမှာကိုနင်တို့ကငိုနေတယ်ပေါ့။​အခုကစပြီးငွေတဲ့သူကိုငါစကားအပိမြပြောတော့ဘူး”

ဟန် မိသားစုတွင် ဟန်နန်ရှန်ရဲ့ အဆင့်အတန်းက တကယ်ကို မြင့်မားတယ်လို့ ပြောရမည်ဖြစ်သည်။

သူ့အသံကျသွားပြီးနောက်၊ ဟန်မိသားစုမှလူတိုင်းသည်ငိုတာချပ်ချင်းရပ်သွားလေသည်။

ဟန်ခိုင် အသက်ပြင်းပြင်းရှူပြီး “ဟုတ်တယ်၊ ငါတို့ ရှန်ဒေါက်အတွက် ဂုဏ်ယူရမယ်!”

ဒီအချိန်မှာပဲ..

ဂျစ်ကားသုံးစီးနှင့် လူနာတင်ယာဉ်တစ်စီး သည်သူတို့ရှေ့တွင်ဖြည်းညှင်းစွာ ရပ်တန့်သွားသည်။

စစ်သားများနှင့် ဆရာဝန်အုပ်စုကြီးတစ်စုတို့သည် မျက်နှာတွင် အမာရွတ်များရှိသော အမျိုးသားတစ်ဦးကို သယ်ဆောင်ကာ ထွက်လာကြသည်။

ဤလူသည်ဟန်တီ၏ ဒုတိယအစ်ကိုဟန်ရှန်ဒေါင်ပင်ဖြစ်သည်။

အနီးကပ်ကြည့်ရင် ဟန်ရှန်ဒေါင်ရဲ့မျက်နှာမှာ ဒဏ်ရာတင်မကဘဲ သူ့ခန္ဓာကိုယ်မှာလဲအမာရွတ်တွေ အများကြီးကျန်နေသေးတာကို တွေ့နိုင်သည်။

သူ့ခြေထောက်တွေတော့လုံးဝမရှိတော့ပေ။

သူသည်ယခုကစပြီးမသန်စွမ်းဖြစ်သွားပြီဖြစ်သည်။

ဟန်မိသားစုက အားလုံးကသိပြီးသားဖြစ်သည်။

သို့သော်လည်း ဟန်ရှန်ဒေါင်၏ သနားစရာကောင်းသော အသွင်အပြင်ကို မြင်ပြီးနောက် လူတိုင်းသည် ၎င်းတို့၏ မျက်လုံးများသည် အနည်းငယ်နီရဲလာပြန်သည်။

ထိုအချိန်တွင်၊ ပခုံးပေါ်တွင် ကြယ်တံဆိပ်ပါသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ဟူနန်ရှန်ထံ ရောက်လာပြီး အလေးပြုကာ “ခေါင်းဆောင်ဟောင်း၊ တောင်းပန်ပါတယ်၊ ရှန်ဒေါင် ကို ကောင်းကောင်းမကာကွယ်နိုင်ခဲ့ဘူး၊ ရှန်ဒေါင်ရဲ့ဒဏ်ရာကအရမ်းပြင်းထန်တယ်၊ဒါကြောင့်ငါ...”

ဟန်နန်ရှန်ကချက်ချင်းပဲက “မင်းဘာတွေပြောနေတာလဲ?”

“သူက စစ်သားပဲ!”

“သူစစ်သားဖြစ်ပြီးကတည်းကအချိန်မရွေး ကိုယ်ကိုယ့်စတေးဖို့ အဆင်သင့်ဖြစ်နေပြီ!”

“ဒါ့အပြင်မင်းကသူ့ကိုကာကွယ်ဖို့မဟုတ်ဘဲ တခြားသူတွေကို ကာကွယ်ပေးသင့်တယ်!”

ဒါကိုပြောပြီးတာနဲ့ ဟန်နန်ရှန်ဟာ ဟန်ရှန်ဒေါင် ကို စိုက်ကြည့်ကာ “ငါတို့မင်းအတွက်... ဂုဏ်ယူပါတယ်!”

“ဂုဏ်ယူပါတယ်” ပခုံးပေါ်၌ ကြယ်တံဆိပ်ပါသော လူကပြောလိုက်သည်။

ထို့နောက် ဟန်ရှန်ဒေါင်ကို အခန်းထဲသို့ ခေါ်သွားခဲ့သည်။

ကြယ်တံဆိပ်ရှိသောသူနှင့် စစ်သားများသည် အကြာကြီးမနေဘဲ ဟန်နန်ရှန် ကို အလေးပြုပြီးနောက် လှည့်ထွက်သွားကြသည်။

နောက်ဆုံးတွင်၊ ၎င်းတို့သည် တိုက်ခိုက်ရေးသမားများဖြစ်ကြသောကြောင့်၎င်းတို့တွင်ကိုင်တွယ်ဖြေရှင်းရန် ကိုယ်ပိုင်တာဝန်များစွာရှိသည်။

စစ်သားများ ထွက်ခွာသွားပြီးနောက် ဟန်မိသားစုမှ လူတိုင်းသည် ဆရာဝန်များနှင့် သူနာပြုများသည်ဒဏ်ရာများကိုကြည့်ရှုနိုင်ရန်ဟန်ရှန်ဒေါင်ကိုအဝတ်အစားလဲရန် ကူညီပေးကြသည်။သူတို့သည်ကူညီပေးရင်းမျက်ရည်များက မထိန်းနိုင်ဘဲ ဆက်လက်စီးဆင်းနေသည်။

နာကျင်သောဝေဒနာကြောင့် သတိမေ့နေသော ဟန်ရှန်ဒေါင်သည် နှိုးလာခဲ့သည်။

သူက ခက်ခက်ခဲခဲ မျက်လုံးကို မှိတ်လိုက်ပြီး “ငါ... ငါ... ငါကအခု.....”

ဟန်ကျောက်လည်းငိုရင်း “ရှန်ဒေါင် အဆင်ပြေပါတယ်၊ဒါကရပါတယ်၊ မင်းအိမ်ပြန်ရောက်တာနဲ့တင်ရပြီ......”ပြောလိုက်သည်။

ဟန်ရှန်ဒေါင်သည် ရုတ်တရက် မျက်တောင်ခတ်လိုက်တာနဲ့ မျက်ရည်များက အလိုအလျောက် လှိမ့်ဆင်းလာသည်။

ယောက်ျားတစ်ယောက်သည်လွယ်လွယ်နဲ့မငိုပေ။ငိုပြီးဆိုရင်လဲဒါကတော်တော်လေးကိုခံစားရလို့ပင်ဖြစ်သည်။

“ကလင် ကလင် ကလင်!”

ထိုအချိန်တွင် ဟန်တီ၏ အိတ်ကပ်ထဲမှ ဖုန်းသည် အနည်းငယ် တုန်ခါသွားသည်။

ဖုန်းခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်တော့ လင်းဖန် ထံမှဆိုတာကိုသိလိုက်သည်။

ယခုအချိန်တွင်ဟန်တီ သည် အလွန်ဝမ်းနည်းနေခဲ့သည်။

သို့သော် သူမအဖြေခလုတ်ကို နှိပ်လိုက်သည်။

“ဟန်တီ ကျွန်တော် ခြံတံခါးကို ရောက်ပါပြီ” လင်းဖန်က ပြောသည်။

ဟန်တီ က အသက်ပြင်းပြင်းရှူပြီး “ကောင်းပြီ မင်းကိုခေါ်ဖို့ ငါလာခဲ့မယ်” လို့ပြောလိုက်သည်။

ဟန်တီသည် လင်းဖန် ကိုမြင်သောအခါတွင် သူမသည် သူမ၏အကူအညီကိုတွေ့လိုက်ရသလို ခံစားရကာ သူမသည်လင်းဖန်ရင်ခွင်စီသို့တိုးဝင်ကာငိုကြွေးတော့သည်။

လင်းဖန်သည် ဟန်တီ၏ပခုံးကို ပုတ်လိုက်ပြီး “ငါဒီမှာရှိပြိမို့ ဒုတိယအစ်ကို အဆင်ပြေမှာပါ... ဒုတိယအစ်ကို ကို တွေ့ဖို့ ခေါ်သွားပေးပါအုံး။”

လင်းဖန်သည် သူမအား နှစ်သိမ့်ပေးနေသည်ဟု ဟန်တီတွေးကာ ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ ဟန်မိသားစုရဲ့ ခြံဝင်းထဲကို ပခုံးချင်းဆက် လျှောက်လာကြတယ်။

လင်ဖန်းသည် ကုတင်ပေါ်တွင် ဒဏ်ရာများဖြင့် လဲလျောင်းနေသော ဟန်ရှန်ဒေါင် ကိုတွေ့လိုက်ရသည်။ဟန်ရှန်ဒေါင်သည်သူရဲ့ခြေသလုံးအထိဆုံးရှုံးသွားသော်လည်း သူ့အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခြင်း ပင်မရှိပေ။(ငိုကရင်ထဲမှာကမ္ဘာပျက်နေ)

လင်းဖန်သည်သူ့မှာ ဆေးဘုရင် အတွေ့အကြုံရှိသည်။

သို့သော် ခြေသလုံးထိပြတ်သွားသူများအတွက်တော့ကုသဆေးမရှိပေ။

အခုတော့ သူသည်မျှော်လင့်ချက်ကိုဆေးရေပေါ်မှာပဲ ထားနိုင်တော့သည်။

ခဏအကြာတွင် လင်းဖန် က “ငါ့မှာ အထူးဆေးတစ်ပုလင်းရှိတယ်။ ဒါကဒုတိယအကိုရဲ့ဒဏ်ရာအတွက် အထောက်အကူပြုလိမ့်မယ်”

စကားပြောနေစဉ်တွင် သူသည် ဆေးရေတစ်ပုလင်းဝယ်ရန် ယွမ် ၁၀ သန်း သုံးစွဲလိုက်သည်။

ဟန် မိသားစုမှ လူများအားလုံးသည် လင်းဖန်ကို တယောက်ပြီး တယောက် ကြည့်လိုက်ကြသည်။

ဟန်နန်ရှန်က လင်းဖန်ကို ကြည့်လိုက်သည်။

လင်းဖန်က “အစ်ကိုဟန်ကိုဒီဆေးပုလင်းကို တိုက်လိုက်တာနအရင်ကထက်တော့ကောက်းသွားမှာ’’လို့ပြောလိုက်သည်။

ဟန်​ရှန်ဒေါက်၏အခြေအနေကြောက့်ဟန်နန်ရှန်ကက ငြင်းချင်သည်။

သို့သော် မကြာမီတွင် သူသည် လီချမ်အကြောင်းကိုတွေးလိုက်မိသည်။

ဒါကိုတွေးပြီး ဟန်နန်ရှန် က “ဒါဆို ငါ မင်းကို ဒုက္ခပေးရလိမ့်မယ် လင်းဖန်”

ဟန်နန်ရှန်၏သဘောတူချက်ကိုရသောအခါအခြားလူများသည် သဘာဝအတိုင်း ဘာမဖျမပြောကြတော့ပေ။

လင်ဖန်းသည် ဟန်ရှန်ဒေါင်အနားသို့ ရောက်သောအခါ သူ့ဘေးနားရှိ ဟန်တီသည်လဲသူ၏အစ်ကိုသနားစရာကောင်းသော အသွင်အပြင်ကို အနီးကပ်မြင်လိုက်ရသောအခါလင်းဖန်၏လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သည်။

လင်းဖန်သည် သူမ၏နောက်ကျောကို ညင်သာစွာ ပွတ်သပ်ကာ “အဆင်ပြေသွားမှာပါ” ဟု တိုးတိုးလေးပြောသည်။

ယခုတွင်လင်းဖန်သည် ဆေးရေသည်ထိရောက်မှုရှိမရှိ မသိသေးပေ။

ဒါပေမယ့် သူ့မှာ စနစ်တစ်ခုရှိလေသည်။ထို့ကြောင့်သူကခြေထောက်ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှိရမယ်လို့လင်းဖန်ကယုံကြည်သည်။လင်းဖန်က “အစ်ကိုဟန် မင်းပါးစပ်ကို အရင်ဖွင့်ပေးပါ”

ဟန်ရှန်ဒေါင်ကမျက်တောင်ခတ်ပြီး ပါးစပ်ကို ဖွင့်လိုက်သည်။

“ဂလု!”

လင်းဖန်သည် လူတိုင်း၏အကြည့်အောက်တွင် ဆေးရေကို ဖြည်းညှင်းစွာသောက်လိုက်သည်။

ဆေးရေသောက်ပြီးနောက် ဟန်ရှန်ဒေါင် သည် သူ၏ဗိုက်ထဲကနေပူနွေးသောလျှပ်စီးကြောင်းကို ခံစားလိုက်ရသည် ။

ထို့နောက်တွင်သူ၏နာကျင်နေသော ခန္ဓာကိုယ်သည် လျင်မြန်စွာ သက်သာလာသည်။

အပြင်လူများ၏ မျက်လုံးများတွင်တေည့ဟန်ရှန်ဒေါင်၏ ကြောက်စရာကောင်းသော ဒဏ်ရာများသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ပျောက်ကင်းသွားသည်။

ဒီမြင်ကွင်းကိုတွေ့တော့အကုန်လုံးနီးပါး အံ့ဩသွားကြသည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters