မစ်ရှင်
Vol. 29 Ch. 434
လင်းဖန်သည် ဟန်ရှန်ဒေါင်၏ ခန္ဓာကိုယ် အပြောင်းအလဲများကို အာရုံစိုက်ခဲ့သည်။
အနည်းငယ်စဉ်းစားပြီးနောက်၊ သူသည် ဆေးရေတစ်ပုလင်းဝယ်ယူရန် နောက်ထပ် ယွမ် ၁၀ သန်းကို အသုံးပြုခဲ့သည်။
“ အစ်ကိုဟန် နောက်တစ်ပုလင်း ထပ်သောက်လို့ရသေးတယ်။”
ဟန်ရှန်ဒေါက်သည်ယခုအချိန်တွင်သည် အံ့သြနေသည့်အခြေအနေတွင် ရှိနေသေးသည်။
ထို့ကြောင့် လင်းဖန်၏ စကားများကို မကြားလိုက်ပေ။
လင်းဖန်က “အစ်ကိုဟန် မင်းပါးစပ်ကို ဖွငပေးပါ” လို့ ပြောလိုက်သည်။
ထိုမှသာ ဟန်ရှန်ဒေါင်က တုံ့ပြန်ပြီး “အ...အိုကေ” ဟုဆိုသည်။
သူ့အသံက အရင်ကလို အက်ကွဲကွဲအသံမဟုတ်တော့ဘဲ ပုံမှန်အသံအတိုင်းပြန်ဖြစ်သွားသည်။
“ဂလု!”
ဒုတိယဆေးပုလင်းက သည်ဟန်ရှန်ဒေါင်၏ခန္ဓာကိုယ်ထဲသို့ဝင်သွားလေသည်။
ဟန်ရှန်ဒေါင်သည် သူ့ခန္ဓာကိုယ်က နွေးထွေးလာပြီး အရမ်းသက်တောင့်သက်သာရှိနေသလိုခံစားလိုက်ရသည်။
ပြင်ပလူများ၏အမြင်တွင် ဟန်ရှန်ဒေါင်၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် မြန်မြန်သက်သာလာသည်။
လင်းဖန်သည် ဟန်ရှန်ဒေါင် ၏ ခန္ဓာကိုယ် အပြောင်းအလဲများကို စိုက်ကြည့်နေပြီးနောက်တစ်ခါထပ်ပြီးစနစ်မှ ဆေးရေတစ်ပုလင်းဝယ်ယူရန် ယွမ် ၁၀ သန်း ထပ်မံသုံးစွဲခဲ့သည်။
ဆေးရေတစ်ပုလင်းသည် မရေမတွက်နိုင်သော ရောဂါများကို ကုသပေးနိုင်သည်။
သုံးပုလင်းသုံးစွဲပီးနောက် ဆေးရေ၏အာနိသင်က နှစ်ဆတိုးလာသည်။
မျက်တောင်ခတ်တိုင်းနီးပါးတွင်ဟန်ရှန်ဒေါင် ရဲ့ဒဏ်ရာက နည်းနည်း ပျောက်သွားသည်။
ဆယ်မိနစ်အကြာတွင်ဟန်ရှန်ဒေါင်၏ဒဏ်ရာအားလုံးနီးပါးသက်သာသွားပြီဖြစ်သည်။
ဒါကိုကြည့်ရင်းလင်းဖန်သည်သက်ပြင်းချလိုက်သည်။
ဘာလို့လဲဆိုတော့ ဟန်ရှန်ဒေါင်ရဲ့ ခြေထောက်တွေ ပြန်ကောင်းမလာသေးလို့ပင်ဖြစ်သည်။
ဟန်တီက “ဒုတိယအစ်ကို၊ မင်း ဘယ်လိုနေလဲ” လို့ မေးလိုက်သည်။
ဟန်ရှန်ဒေါင် က လက်သီးတွေကို တင်းတင်းဆုပ်ပြီး “ ငါအခုအရမ်းအဆင်ပြေတယ်လို့ ခံစားရတယ်!”
ဟန်နန်ရှန်သည် အကြိမ်ကြိမ် ခေါင်းညိတ်သည်။
ထို့နောက် ဟန်ရှန်ဒေါင်အား “ရှန်ဒေါင် လင်းဖန်ကိုကျေးဇူးတင်လိုက်လေ”
ဟန်နန်ရှန် ပင်လျှင် အလွန်ဆိုးဝါးသောဒဏ်ရာများကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေသော ဆေးကို မကြားခဲ့ဖူးပေ။
ဆေးဝါး?
ဟန်နန်ရှန်၏အမြင်တွင်... ဤအရာကို ရိုးရိုးဆေးဝါးဟု မဆိုနိုင်ပေ။၎င်းသည်အံ့ဖွယ်ဆေးဝါးဟုသာခေါ်နိုင်ပေမည်။
၎င်း၏တန်ဖိုးသည် လုံးဝခန့်မှန်း၍မရနိုင်ကြောင်း သံသယဖြစ်ဖွယ်မရှိပေ။
ဟန်ရှန်ဒေါင် သည်လည်း ဤအမှန်တရားကို နားလည်ပြီး “လင်းဖန်ကျေးဇူးတင်ပါတယ်” ဟု လေးလေးနက်နက် ပြောကြားလိုက်သည်။
လင်းဖန်က သူ့လက်ကို ဝှေ့ယမ်းပြီး “ဒုတိယအစ်ကိုမင်းငါ့ကိုအဲ့လောက်ထိ... ပြောစရာမလိုပါဘူး၊ ပြီးတော့ငါလဲမင်းကို တကယ်မကူညီနိုင်ခဲ့ဘူး” လို့ ပြောလိုက်သည်။
စကားပြောနေစဉ်တွင်ဟန်ရှန်ဒေါင် ၏ခြေထောက်များကို ငုံ့ကြည့်လိုက်သည်။
ဟန်ရှန်ဒေါင်သည်လည်း အနည်းငယ် ဝမ်းနည်းသွားပြီး “အခုကပဲအရမ်းကောင်းနေပါပြီ၊ ခြေထောက်တွေပြန်ပေါက်ဖို့ဆိုတာကမဖြစ်နိုင်ဘူးလေ” လို့ ပြောလိုက်သည်။
ထိုအချိန်တွင် လင်းဖန်၏ ခေါင်းထဲတွင် ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။
【ဒင်း! မစ်ရှင်- အရုပ် 1 သန်းကို ဝယ်ပြီး မတူညီသော အရုပ် 100 ကို သင်ကိုယ်တိုင် ပြုလုပ်ပါ။ ဆုလတ်-ခြေတုလက်တုပြုလုပ်ရာတွင် အသုံးပြုသည့် စက်ယန္တရားများ၊ ကိရိယာများ၊အခြေခံမူများနှင့်ပြီးပြည့်စုံသော ခြေတုလက်တုကို ဆုချမည်ဖြစ်သည်။ 】
လင်းဖန်သည် ဒါကိုကြားသောအခါသူ့အမူအရာက အနည်းငယ် ပြောင်းသွားပြီး “အစ်ကိုဟန်ကို မတ်တပ်ရပ်ဖို့ ငါ့မှာ နည်းလမ်းရှိတယ်!”
ဒီစကားထွက်လာတာနဲ့တပြိုင်နက်ဘေးပတ်လဘ်တွင်ရှိသောလူများသည်စိတ်လှုပ်ရှားမှုတွေကို ပြသကြတော့သည်။
ဒါပေမယ့် ချက်ချင်းဆိုသလိုပဲလင်းဖန်က “ဟန်တီ ရှန်ရှီ မှာ အရုပ်စက်ရုံကြီးရှိလားဆိုတာကိုမင်းသိလား”
အရုပ်စက်ရုံကြီးလား။
ဟန်ရှန်ဒေါင် မတ်တပ်ရပ်နိုင်မယ်လို့ မင်းပြောတာမဟုတ်ဘူးလား။
ဘာကြောင့် အရုပ်စက်ရုံကို ရုတ်တရက် မေးတာလဲ။
စိတ်ထဲတွင်သံသယတွေရှိပေမယ့်လည်း ဟန်တီက “မြို့မြောက်ဘက်မှာ အရုပ်စက်ရုံတချို့ရှိတယ်” လို့ ပြန်ဖြေလိုက်သည်။
လင်းဖန်က ခေါင်းညိတ်ကာ “ကောင်းပြီ” ဟုပြောလိုက်သည်။ပြောပြီးတာနဲ့ အပြင်ကို ထွက်သွားလေသည်။
ဟန်မိသားစုဝင်များသည် ခဏတာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေလိုက်ကြသည်။
အရုပ်စက်ရုံသည်မတ်တပ်ရပ်တာနဲ့ ဆက်စပ်နေတာလား။
လင်းဖန်သည်သူ့ကားပေါ်တွင် ထိုင်ကာ မြို့မြောက်ဘက်သို့ မောင်းသွားခဲ့သည်။
ခဏအကြာတွင်၊ ကျူချင်တွမ် ဟုခေါ်သော စက်ရုံကြီးတစ်ခု၏ တံခါးဆီသို့ သူရောက်လာသည်။
တံခါးနားက လုံခြုံရေးအစောင့်က လင်းဖန်ကို အမြန်သတိထားမိပြီး “ဟဲလို၊ တစ်ခုခုလိုအပ်လို့လား။”
လင်းဖန်က “မင်းတို့ဒါရိုက်တာကိုပြောလိုက်ပပါ။မင်းတို့အရုပ်စက်ရုံကိုဝယ်ချင်တယ်လို့”
လင်းဖန်၏ စိတ်ကူးသည် အလွန်ရိုးရှင်းသည်။
တာဝန်မှာ အရုပ်တစ်သန်းဝယ်ရန်ဖြစ်သည်။
လိုက်ဝယ်နေရင်မစ်ရှင်ပြီးဖို့အချိန်ကြာမှာသေချာသည်။
အရိုးရှင်းဆုံးနှင့် တိုက်ရိုက်အကျဆုံးနည်းလမ်းကတော့စက်ရုံတစ်ခုလုံးကို ဝယ်လိုက်တာပင်ဖြစ်သည်။
ထို့အပြင် လင်းဖန် သည် မတူညီသော အရုပ် 100 ကို သူကိုယ်တိုင် ပြုလုပ်ရန် လိုအပ်သည်။
စက်ရုံဝယ်ပြီးတာနဲ့ကိုယ်တိုင်လုပ်လိုက်ရင်မစ်ရှင်ပြီးသွားမှာသေချာသည်။
သို့သော် ထိုစကားကြောင့် လုံခြုံရေးအစောင့်သည်အနည်းငယ် အံ့အားသင့်စေခဲ့သည်။
စက်ရုံကြီးတစ်ခုကို တစ်စုံတစ်ယောက်ဝယ်လိုကြောင်း ရုတ်တရက်ကြားလိုက်ရသူတိုင်း အနည်းငယ် စိတ်ရှုပ်သွားလိမ့်မည်ဖြစ်ငည်။
ထို့ထက်ပို၍ ဝယ်လိုသူသည် လူငယ်တစ်ဦးဖြစ်ဆဲဖြစ်သည်။
“လွှတ်!”
ထိုအချိန်တွင် Porsche Cayenne(ကား)သည် အဝေးမှ မောင်းနှင်လာခဲ့သည်။
လုံခြုံရေးအစောင့်က မတ်တပ်ရပ်လိုက်ပြီး “မင်္ဂလာပါ ဒါရိုက်တာ ရို!”
ထို့နောက်…ဗိုက်ပူပူနှင့် လူလတ်ပိုင်းအမျိုးသားတစ်ဦး ဖြည်းညှင်းစွာ ဆင်းလာသည်။
ဒါရိုက်တာ ရိုက သူ့ကို နှုတ်ဆက်ကြောင်းပြသရန် ခေါင်းညိတ်ပြသည်။
ထို့နောက် သူက “ဒီမှာ ဘာဖြစ်နေတာလဲ” ဟု မေးလိုက်သည်။
လုံခြုံရေးအစောင့်က တုံ့ဆိုင်းသွားကာ ဘာပြန်ပြောရမှန်းမသိဖြစ်သွားသည်။
ဒီလူငယ်က အရုပ်စက်ရုံကို ဝယ်ချင်တယ်လို့ပြောက်ရင်ဒါရိုက်တာရိုကသူ့က်ုတိုက်ရိုက်အလုပ်ထုတ်မှာသေချာသည်။
လင်းဖန်က “ငါဒီကို လာတာမင်းရဲ့ စက်ရုံကို ဝယ်ချင်လို့”
ဒါရိုက်တာ ရိုလည်း ထိတ်လန့်သွားသည်။
ရှင်းရှင်းပြောရရင်ဒါရိုက်တာရိုသည်လင်းဖန်က ဒီလိုမျိုး တောင်းဆိုဖို့ မမျှော်လင့်ထားပေ။
ဒါရိုက်တာ ရိုသည် လင်းဖန်အား ကြည့်နေသည်။သိပ်မကြာခင်မှာပဲ ဒါရိုက်တာ ရို က ပါးစပ်ကိုဖွင့်ပြီး “ငါ့တို့ရဲ့ ကျူချင်တွမ်အရုပ်စက်ရုံက အမြတ်အစွန်းအရမ်းများတယ်။ နှစ်စဉ်အမြတ်ငွေက ယွမ် ဆယ်သန်းကျော်ရှိပြီးဆက်လက်ပြီးတော့လဲတိုးမြင့်ဆဲဖြစ်သည်။ လက်ရှိအချိန်မှာတော့ ငါဒါကိုရောင်းချဖို့ ဆန္ဒမရှိသေးပါဘူး။တောင်းပန်ပါတယ်လူငယ်လေး’’
လင်းဖန်သည်ဒါကိုမကြားသလိုမျိုးလုပ်ကာ “ယွမ် သန်း 500!”ဟုစျေးခေါ်လိုက်သည်။
ဒါရိုက်တာ ရိုသည် အနည်းငယ် အသက်ရှုကြပ်သွားသည်။
ယွမ် သန်း 500!
တကယ်တော့ သူတို့စက်ရုံက ပိုက်ဆံနည်းနည်းတန်တယ်ဆိုပေမဲ့အဲ့လောက်ကြီးတန်တဲ့စက်ရုံမဟုတ်ပေ။
ယွမ် သန်း 500!
စက်ရုံ၏ အမှန်တကယ်စျေးနှုန်းထက် ကျော်လွန်နေသည်။
ဒါရိုက်တာ ရို က နှုတ်ဆိတ်နေတာကို မြင်တော့ လင်းဖန် က “1 ဘီလီယံ “
ယွမ် ၁ ဘီလီယံ!
၎င်းသည် စက်ရုံ၏ အမှန်တကယ်စျေးနှုန်းထက် လုံးဝကိုကျော်လွန်နေပြီဖြစ်သည်။
ဒါရိုက်တာ ရိုသည် ခဏမျှလည်ချောင်းခြောက်သလိုခံစားရသည်။
ဒါရိုက်တာ ရို က မဖြေသေးတာကို မြင်တော့ လင်းဖန်က အနည်းငယ် မျက်မှောင်ကြုတ်ပြီး “2 ဘီလီယံ “
ထိုအချိန်တွင် ဒါရိုက်တာ ရိုက နောက်ဆုံးတွင် တုံ့ပြန်ပြီး “ရောင်းမယ်။ ရောင်းပါမယ်!”
“မင်းလိုအပ်တဲ့ပစ္စည်းတွေ၊ အလုပ်သမားတွေနဲ့အရောင်းလမ်းကြောင်းတွေ အားလုံးကို မင်းဆီ ငါထားခဲ့မယ်!” ဒါရိုက်တာ ရိုက ချက်ချင်းပြောလိုက်သည်။
လင်းဖန်က ကျေနပ်စွာ ခေါင်းညိတ်ပြီး “ကောင်းပြီ!”
ဒါရိုက်တာ ရို က သူ့ဘေးမှာ ရပ်နေတာကိုမြင်တော့ သူက မျက်မှောင်ကြုတ်ပြီး “မင်းဒီမှာဘာလုပ်နေသေးတာလဲ၊မြန်မြန်သွားပြီး စာချုပ်ယူလာခဲ့လေ။ဒီနေ့ ငါ ကျူချင်တွမ်ရဲ့ ပိုင်ရှင်ဖြစ်ချင်တယ်”
“ဟုတ်ကဲ့ပါ” ဒါရိုက်တာ ရိုက ကမန်းကတန်း ပြန်ဖြေပြီးနောက်ကားထဲဝင်ပြီးစက်ရုံထဲသို့ အမြန်မောင်းထွက်သွားလေသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး