← Chapters

အဆက်မပြတ်အဆင့်မြှင့်တင်မှု

Vol. 29 Ch. 435

အဆက်မပြတ်အဆင့်မြှင့်တင်မှု

Vol. 29 Ch. 435

ဒါရိုက်တာ ရို ရဲ့ နာမည်က ရိုဟိုင်ပန်ဖြစ်သည်။

သူက စက်ရုံ၏ ဒါရိုက်တာဖြစ်သည်။

ထို့ကြောင့်စက်ရုံတစ်ခုလုံးသည် သူ့တစ်ဦးတည်းနှင့်မပိုင်ပေ။

သူအပါအဝင် လူသုံးဦးက ကျူချင်တွမ်တည်ထောင်ခဲ့သည်။

........

မကြာမီတွင်ကျူချင်တွမ်ပိုင်ဆိုင်မှုပြောင်းစာချုပ်ကို အမြန်ရေးဆွဲပြီး နှစ်နာရီအတွင်း ပိုင်ဆိုင်မှုပြောင်းလဲမှုကို အပြီးသတ်ခဲ့သည်။

အရောင်းအ၀ယ်ပြီးသွားသောအခါ၊ ရိုဟိုင်ပန်၏ မျက်နှာတစ်ခုလုံးသည် ရယ်မောနေလေသည်။

လင်းဖန်၏အမူအရာမှာ ယခင်အတိုင်းပင်ဖြစ်ပြီး မစ်ရှင်စနစ်အပေါ် တိုက်ရိုက်အာရုံစိုက်လိုက်သည်။

【ဒင်း! မစ်ရှင်- အရုပ် 1 သန်း(100/100)ကို ဝယ်ပြီး မတူညီသော အရုပ် 100 ကို သင်ကိုယ်တိုင် ပြုလုပ်ပါ။ ဆုလတ်-ခြေတုလက်တုပြုလုပ်ရာတွင် အသုံးပြုသည့် စက်ယန္တရားများ၊ ကိရိယာများ၊အခြေခံမူများနှင့်ပြီးပြည့်စုံသော ခြေတုလက်တုကို ဆုချမည်ဖြစ်သည်။ 】

အလုပ်တစ်ဝက်ပြီးပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ သူ့လက်ကိုင်ဖုန်းထဲတွင် စာအိတ်အနီ ၂၀၀,၀၀၀ပေါ်လာသည်။

သို့သော် လင်းဖန်သည် စာအိတ်အနီကို ချက်ချင်းဖွင့်ရန်မရွေးချယ်ခဲ့ပေ။

ထိုအချိန်တွင် လင်းဖန်၏ စိတ်ထဲတွင် စူးရှသော မြည်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။

【ဒင်း! စနစ်အဆင့်မြှင့်တင်မှု၊ LV8။ 】

[LV8 ဆုလတ်- ထွက်သက်တိုင်းအတွက် ယွမ် 200 ရရှိမည်ဖြစ်သည်။ အိပ်ချိန်၊စက္ကန့်တိုင်းတွင်လည်းယွမ် 200 ရရှိမည်ဖြစ်သည်။ သင်ခြေတစ်လှမ်းလှမ်းတိုင်းယွမ် 200 ရရှိမည်ဖြစ်သည်။ ဆုလက်ဆောင်များကို နေ့စဉ် 24 နာရီအတွင်းအကောင့်ထဲသို့ ထည့်သွင်းပေးမည်ဖြစ်သည်။ 】

[စနစ်သုံးစွဲမှုပမာဏ- ယွမ် 1.62133 ထရီလီယံ (လက်ဆောင်များ၊ လောင်းကစား စသည်ဖြင့်) မပါဝင်ပါ။ ထို့အပြင် စနစ်မှရရှိသော ပစ္စည်းများအားလုံးကို ရောင်းဝယ်ဖောက်ကားခြင်းမှ တားမြစ်ထားသည်။ 】

【ဒင်း! စနစ်အဆင့်မြှင့်တင်မှု၊ LV9။ 】

[LV9 ဆုလာဘ်- အသက်ရှုတိုင်းအတွက် ယွမ် 500 ရရှိသည်။ အိပ်ချိန်၊စက္ကန့်တိုင်းတွင်လည်းယွမ် 500 ရရှိမည်ဖြစ်သည်။ သင်သည်ခြေလှမ်းတစ်လှမ်းလှမ်းတိုင်းယွမ် 500 ရရှိမည်ဖြစ်သည်။ ဆုလက်ဆောင်များကို နေ့စဉ် 24 နာရီအတွင်းသင့်အကောင့်ထဲသို့ ထည့်သွင်းပေးမည်ဖြစ်သည်။ 】

[စနစ်သုံးစွဲမှုပမာဏ- ယွမ် 621.33 ထရီလီယံ (အခြားသူများကို လက်ဆောင်ပေးခြင်း၊ လောင်းကစားခြင်းစသည်တို့ကိုမရေတွက်ပါ)။ ထို့အပြင် စနစ်မှရရှိသော ပစ္စည်းများအားလုံးကို ရောင်းဝယ်ဖောက်ကားခြင်းမှ တားမြစ်ထားသည်။ 】

【ဒင်း! ဂုဏ်ယူပါတယ်၊ သင်သည် လျှို့ဝှက်မစ်ရှင်ကို ပြီးမြောက်ခဲ့သည်။ စုစုပေါင်း ယွမ် ၁ ဘီလီယံ အကုန်အကျခံသောကြောက့်ပလက်တီနမ် အနီရောင် စာအိတ် ၅ စောင်ကို လက်ခံရရှိသည်။ 】

သူ့စိတ်ထဲမှာ အချက်ပေးချက်များအစီအရီထွက်ပေါ်လာပြီးနောက် လင်းဖန်တောင်မှ အနည်းငယ် တုန်လှုပ်သွားသည်။

စနစ်ကအဆင့်နှစ်ဆင့် ဆက်တိုက်တက်သွားတာလား။

LV7 တွင်၊ အသက်ရှုခြင်း၊ လမ်းလျှောက်ခြင်း၊ အိပ်ခြင်းမှရရှိသောငွေများကိုသာ ရေတွက်ပါက တစ်ရက်လျှင် ယွမ် 7 သန်းကျော်ရနိုင်သည်။

LV9ဆိုတော့သူရဲ့ဝင်ငွေ၅ ဆ တိုးသွားပြီဖြစ်ငည်။

တစ်နည်းဆိုရသော် ယခုအခါတွင်လင်းဖန် သည် အသက်ရှု ၊ လမ်းလျှောက် ၊ အိပ်ချိန်အပါဝင်တစ်နေ့ကိုယွမ် ၃၅ သန်းကျော် ရနိုင်သည် ။

တစ်လဆိုတော့ယွမ်တစ်ဘီလီယံ။

ဒါက အရမ်းကြောက်စရာကောင်းတဲ့ နံပါတ်တစ်ခုပင်ဖြစ်သည်။

တကယ်တော့လင်းဖန်က ဒါကို ဂရုမစိုက်ပေ။

သူသည်ပလက်တီနမ် အနီရောင် စာအိတ် ၅ အိတ်ကိုသာအာ​ရုံစိုက်နေလိုက်သည်။

လင်းဖန်သည် ပလက်တီနမ်အနီရောင်စာအိတ်ကို ဘယ်သောအခါမှ မဖွင့်ဖူးသော်လည်း ရွှေရောင်စာအိတ်ဖွင့်ရာတွင်လီချမ်လက်ဖက်ခြောက်များ၊ ရှယ်ယာနှစ်ဆမြင့်တင်ကတ်များပေးထားသောကြောင့်ကောင်းသောအရာများ ရရှိရန် ဖြစ်နိုင်ခြေများသည်။

…………

အချိန်အတော်ကြာပြီးနောက် လင်းဖန်သည် သူ့အတွေးကို ပြန်ပြောင်းလိုက်သည်။

သူက သူ့လက်ကိုင်ဖုန်းကိုကိုင်ပြီး လက်ကျန်ငွေကို ရေတွက်နေတဲ့ ရိုဟိုင်ပန်ကို တစ်ချက်ကြည့်လိုက်ပြီး မထွပ်သွားသေးတာကိုတွေ့တော့သူက “မင်းဘာလို့ရှိနေသေးလား?”

ရိုဟိုင်ပန် ခဏတုံ့ဆိုင်းသွားပြီး “ဒါ... မစ္စတာလင်း၊ ငါ စက်ရုံမှာ ဆက်ပြီး အလုပ်လုပ်နိုင်မလား မသိဘူး”

“စိတ်မပူပါနဲ့၊ ကျွန်တော် ရှယ်ယာမယူပါဘူး၊ ရိုးရိုးမန်နေဂျာတစ်ယောက်ဆိုပဲကျေနပ်ပါပြီ “

“ကျွန်တော်က ဒီမှာစက်ရုံမန်နေဂျာအဖြစ်လုပ်လာတာ ဆယ်နှစ်ကျော်ရှိပြီဖြစ်သည်။ အရုပ်စက်ရုံရဲ့ စီမံခန့်ခွဲမှု၊ လည်ပတ်မှု၊ အရုပ်ထုတ်လုပ်တာ၊ အရောင်းအ၀ယ်လုပ်တာတွေနဲ့ အရမ်းရင်းနှီးတယ်။ လုပ်ငန်းစဉ် အစုံအလင် က.....”

ယနေ့တွင် သူသည် လုံးဝချမ်းသာပြီး လွတ်လွတ်လပ်လပ်နေနိုင်သည်သည်ဟု ဆိုနိုင်သည်။

သို့သော်၊ ရိုဟိုင်ပန်သည် လင်းဖန်၏နောက်သို့ လိုက်ပါက၊ သူသည် ပိုမိုမြင့်မားသောဘဝကိုရနိုင်လိမ့်မည်ဟူသော ပင်ကိုယ်ဥာဏ်ရှိသည်။

လင်းဖန်သည် စီမံခန့်ခွဲမှု၊ လည်ပတ်မှု၊ အရောင်းစသည်တို့ကို ဂရုမစိုက်ပေ။

သို့သော် ထုတ်လုပ်မှု?

ဒါက လင်းဖန် ရဲ့လိုအပ်ချက်ပင်ဖြစ်သည်။

နောက်ဆုံးတွင်သူသည်အရုပ်ပေါင်း 100 ကို ပြုလုပ်ရန် လိုအပ်သည်။

ဤနည်းဖြင့်သာ မစ်ရှင်ပြီးမြောက်နိုင်မည်ဖြစ်သည်။

လင်းဖန်”မင်း အရုပ် 100 လောက် လုပ်တတ်လား”

​ဒါကိုကြားတော့ရိုဟိုင်ပန်အနည်းငယ် အံ့ဩသွားပြီး သူဘာလို့ ဒီလိုမေးခွန်းမျိုး မေးတာပါလိမ့်ဟုစဉ်းစားလိုက်သည်။

သို့သော် သူက ချက်ချင်းပြန်ပြောသည်- “တစ်ချို့အပြောင်းအလဲများတဲ့အရုပ်တွေကိုမလုပ်တတ်ပေမဲ့ငါတစ်ခြား အရုပ်ပေါင်း ရာနဲ့ချီပြီး တော့လုပ်တတ်တယ်”

လင်းဖန်က ခေါင်းညိတ်ပြီး “ကောင်းပြီ၊ ဒါဆို မင်းငါ့ကို အရုပ်ပေါင်း 100 လောက်လုပ်တတ်အောင်သင်ပေး”

အရုပ် 100 လောက်လုပ်တတ်အောင် သင်ပေးခိုင်းတာလား

ရိုဟိုင်ပန်အံ့အားသင့်သွားပြန်သည်။

ဒါ……

အရုပ်စက်ရုံတစ်ခုဝယ်ရန် ယွမ်ငွေ ၂ ဘီလီယံသုံးစွဲခဲ့သော စူပါလူချမ်းသာတစ်ဦးသည် အရုပ်လုပ်နည်းကို လေ့လာလိုပါသလား။

“ဘာလို့လဲမရဘူးလား” လင်းဖန်က အနည်းငယ် မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။

ဒါကိုကြားတော့ရိုဟိုင်ပန် က ကမန်းကတန်းပြောလိုက်သည် “ရပါတယ်၊ ရပါတယ်... အရုပ်မျိုးစုံလုပ်ဖို့အတွက် ပစ္စည်းတွေနဲ့ ကိရိယာတွေရှိတဲ့ အလုပ်ရုံကိုမင်းငါနဲ့အတူ တော့လိုက်ရမယ်။”

ယခုအချိန်တွင် အလုပ်ရုံတွင် အလုပ်သမားတစ်စုသည် စက်လည်ပတ်ရန်ကြီးကြပ်ခြင်းသို့မဟုတ် အရုပ်လက်များကိုပြုလုပ်ခြင်း... စသည်ကို့ကို လုပ်ဆောင်နေကြသည်။

ရိုဟိုင်ပန် ကိုတွေ့သောအခါအားလုံးက”မင်္ဂလာပါ ဒါရိုက်တာ ရို”

ရှင်းပါတယ်၊ ဒီအလုပ်သမားတွေက သူတို့ရဲ့သူဌေးက ပြောင်းသွားပြီဆိုတာ မသိကြသေးဘူးဆိုတာ။

ရိုဟိုင်ပန်က တိုးတိုးလေး ချောင်းဆိုးလိုက်ပြီး “အားလုံးပဲမင်းတို်အလုပ်တွေကို အရင်ရပ်လိုက်ပါ!”

ထိုစကားကိုကြားပြီးနောက် လူတိုင်းသည် လုပ်နေတာကိုရပ်လိုက်ပြီး ချက်ချင်းစုရုံးလိုက်ကြသည်။

ရိုဟိုင်ပန်က ဆက်ပြောသည် - “ကဲ၊ လူတိုင်းကို တစ်ခုလောက် ကြေငြာပါရစေ။ ဒီနေ့ကစပြီး ဒီ မစ္စတာလင်း ဟာ ငါတို့ချင်ကျူတွမ်အရုပ်စက်ရုံရဲ့ ပိုင်ရှင်အသစ် ဖြစ်တယ်”

ထို့ကြောင့် ဝန်ထမ်းများအားလုံး လင်းဖန် ကို ကြည့်​ပြီး “မင်္ဂလာပါ ဘော့စ့်လင်း”ဟုနှုတ်ဆက်လိုက်သည်။

သူတို့၏ ပြောင်းလဲမှုများသည် အလွန်ရိုးရှင်းသည်ဟု ဆိုနိုင်သည်။

ဒါကလည်း ပုံမှန်ပင်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် သူဌေးလိုလူများနှင့် လုံးဝဆက်ဆံလေ့မရှိပေ။

သူတို့နှလုံးသားထဲမှာတော့အလုပ်ပုံမှန်လုပ်နေသမျှ သူဌေးက ပုံမှန်လစာပေးမည်ဖြစ်သည်။ဒါကြောင့်သူဌေးကဘယ်သူလဲဆိုတာ သူတို့အတွက်အရေးမကြီးပေ။

လင်းဖန်က “အားလုံးပဲမင်္ဂလာပါ။ ကျွန်တော်တစ်ခုကြေငြာချင်တာက အရုပ်စက်ရုံသည်မကြာခင်မှာပဲတခြားပစ္စည်းလေးတွေထွက်လာဖို့ရှိတယ်။အဲ့အချိန်ကျရင်မင်းတို့ပိုပြီးအလုပ်ကြိုးစားရမည်ဖြစ်တယ်။ပြီးရင်အရုပ်ကိုလဲသေချာထုတ်လုပ်ရမည်ဖြစ်သည်။ဒါကြောင့်ဆက်နေချင်တဲ့သူတွေကဆက်နေလို့ရတယ်။သူတို့ကိုကနေစရာရပြီး လစာကိုလဲနှစ်ဆတိုးပေးသွားမှာပါ။ မနေချင်ဘူး။ နုတ်ထွက်မယ်ဆိုတဲ့သူတွေကိုလဲလျော်ကြေးပေးမှာပါ။ဒါကြောင့်မင်းတို့စိတ်ကြိုက်ဆုံးဖြတ်ပါ”

မစ်ရှင်ပြီးတာနဲ့သူသည် ခြေတုလက်တုပြုလုပ်ရန်အတွက် စက်ယန္တရားများ၊ ကိရိယာများ၊ အခြေခံမူများနှင့် အခြားအရာများကို ရရှိနိုင်မည်ဖြစ်သည်။

စက်ရုံကိုဝယ်ပြီးပြီဆိုတော့ ထုတ်လုပ်မှုကို လိုက်လုပ်ကြည့်ရမည်ဖြစ်သည်။

မဟုတ်ရင် တကယ့်ကို ဖြုန်းတီးတာပင်ဖြစ်သည်။

လျော်ကြေးပေးခြင်းနှင့် လစာနှစ်ဆတိုးခြင်းနှင့်ပတ်သက်၍ လင်းဖန်သည်သည်ဒါကို လုံးဝဂရုမစိုက်ပေ။

“တကယ်လား?”

“လုပ်ခ နှစ်ဆရမှာလား”

“နေမယ်!”

“ငါရောပဲ!”

…………

လင်းဖန်၏စကားဆုံးတာနဲ့စက်ရုံတစ်ခုလုံးတွင်ပြင်းထန်သောအော်သံများ ထွက်ပေါ်လာသည်။

အရုပ်စက်ရုံမှာ အလုပ်လာလုပ်ရတဲ့ အကြောင်းရင်းက အရုပ်တွေကို ကြိုက်တာကြောင့် မဟုတ်ပေ။

ငွေရှာရန်သာဖြစ်သည်။

အခု လစာ နှစ်ဆ ရမယ်ဆိုတော့သူတို့ဒါကိုလက်လွှတ်ခံမည်မဟုတ်ပေ။

လင်းဖန် က ခေါင်းညိတ်ပြီး “မင်းတို့ဒါကို ချက်ချင်း သဘောတူဖို့ မလိုဘူး။ ဒီနေ့တစ်ရက် မင်းတို့အနားယူလို့ ရတယ်။ မနက်ဖြန် ပြန်လာပြီး ငါ့ကိုအကြောင်းပြန်ပေးပါ”

All Chapters