မစ်ရှင်ပြီးခြင်း
Vol. 30 Ch. 436
“ဒါကစဉ်းစားစရာမလိုတော့ဘူး”
“ကျွန်တော်သဘောတူတယ်”
“ကျွန်တော်လဲသဘောတူတယ်!”
အလုပ်သမားများအားလုံသည်လင်းဖန်ပြောတာကိုသဘောတူရန်ရွေးချယ်ခဲ့ပြီးတစ်ယောက်မှစက်ရုံမှထွက်ခွာရန် ရွေးချယ်ခဲ့ခြင်း မရှိပေ။
နောက်ဆုံးတွင်၊ ဤသည်မှာ သူတို့လုပ်အားသည်အရင်ကထက်နှစ်ဆရမည်ဖြစ်သည်။
တစ်ညလုံးတွေးပြီးမှ နောက်နေ့ကျရင်ဒီလိုလုပ်အားခနှစ်ဆမရတော့ရင်ဘာ်လိုလုပ်မလဲ။
အဲဒါကသူတို့ကိုတစ်သက်လုံး နောင်တရစေမှာသေချာသည်။
ဒီလိုဆူညံနေတဲ့မြင်ကွင်းကိုကြည့်ရင်း
လင်းဖန်သည် အလိုအလျောက် မျက်မှောင်ကြုတ်လိုက်သည်။
ဒီဆူညံတဲ့ မြင်ကွင်းကို သူ သိပ်မကြိုက်ပေ။
အထူးသဖြင့်၊ သူ့တွင် ပြီးမြောက်ရန် မစ်ရှငိရှိနေသေးပြီး ဟန်တီ နှင့် ဟန်နန်ရှန် တို့သည် အိမ်တွင် သူကိုယ်စောင့်နေကြဆဲ ဖြစ်သည်။
သူ့ဘေးတွင်ရပ်နေသော ရိုဟိုင်ပန်သည် လင်းဖန်မပျော်မရွှင်ဖြစ်နေသည်ကို သတိပြုမိလိုက်ပြီး “နေချင်တဲ့သူတွေကမန်နေဂျာကျူ စီမှာ စာရင်းသွင်းဖို့ သွားပါ”
“နေရာအရေအတွက်ကကန့်သတ်ထားတာမို့။အရေအတွက်ပြည့်တာနဲ့ကျန်သူတွေကိုလျှော်ကြေးပေးပါ့မယ်။စာရင်းပေးသွင်းနိုင်တဲ့သူတွေကတော့မနက်ဖြန် အလုပ်ဆင်းလို့ရပြီ!”
လင်းဖန်သည် လစာနှစ်ဆနှင့်လျော်ကြေးများကို နောက်ပြောင်ခြင်းဟု မထင်ခဲ့ပေ။
သိရန်……
ယခုလင်းဖန်သည် ကျူချူတွမ်ကို မြင့်မားသောစျေးနှုန်း 2 ဘီလီယံဖြင့် ၀ယ်ယူခဲ့သည်။
ရိုဟိုင်ပန်အသံစကားဆုံးသွားပြီးနောက် ဝန်ထမ်းများသည် ဘာမှမဆူညံပဲမန်နေဂျာကျူ စီသို့ပြေးသွားကြသည်။
ခဏကြာတော့ အလုပ်ရုံတစ်ခုလုံးသည်တိတ်ဆိတ်ငြိမ်သက်သွားလေသည် ။
လင်းဖန်က ကျေနပ်စွာ ခေါင်းညိတ်ပြီး “ကောင်းပြီ” ဟု ပြောသည်။
ဒါကစကားလုံး ၂လုံးသာရှိသည်။
ဒါပေမယ့် ရိုဟိုင်ပန်ရဲ့ နားထဲမှာတော့ လှပတဲ့ ဂီတသံကိုကြားလိုက်ရသလိုမျိုးခံစားလိုက်ရသည်။
ရိုဟိုင်ပန်က “မစ္စတာ လင်း မင်းကချီးကျူးလွန်းနေပါပြီ”
လင်းဖန်က “ကဲ အရုပ်လုပ်နည်းသင်ပေးပါအုံး”
“ကောင်းပြီ။” ရိုဟန်ပန်က ပြောသည်။
ရိုဟိုင်ပန် သည် သေးငယ်သော မော်တာနှင့် ပလတ်စတစ်အဖုံးတစ်ခုကို ယူကာ “ဒါက အရုပ်ကားရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီးတော့ဒါကတပ်ဆင်ဖို့ပဲလိုတော့တယ်” လို့ ပြောလိုက်သည်။
စကားပြောနေစဉ်တွင် အစိတ်အပိုင်းပေါင်း တစ်ဒါဇင်ခန့်ကို တပ်ဆင်လိုက်သည်။
မကြာခင်မှာပဲ သူ့ရှေ့မှာ ကားအသေးစားတစ်စီး ပေါ်လာပြီးနောက်မော်တာကို တပ်ဆင်ပြီးနောက်ကားသည်သူဘာသာသူမောင်းနှင်နိုင်ခဲ့သည်။
ရိုဟိုင်ပန်သည် ဒီလိုကားပြီးမြောက်ရန် တစ်မိနစ်သာ အချိန်ယူရသည်။လင်းဖန်ကလဲမကြာခင်၁မိနစ်မပြည့်မီတွင်အရုပ်ကားကိုအောင်မြင်စွာဆက်နိုင်ခဲ့သည်။
ဒါကလည်း ပုံမှန်ပင်ဖြစ်သည်။ပြောရရင်ဒီအရုပ်လုပ်ရတာဟာအရမ်းရိုးရှင်းသည်။
လင်းဖန်တွင်မမေ့နိုင်သောမှတ်ဉာဏ်ရှိသောကြောင့်သူသည်ကားကိုမြန်မြန်ဆက်နိုင်ခြင်းဖြစ်သည်။
ရိုဟိုင်ပန်သည် လင်းဖန် ၏ပြီးပြည့်စုံသော တပ်ဆင်ထားသည့် အရုပ်ကို ကြည့်ပြီး အံ့သြသောလေသံဖြင့်”မစ္စတာလင်း၊ မင်းရဲ့ကားဆက်တဲ့ အရှိန်က အရမ်းမြန်တာပဲ!”
လင်းဖန်သည် မစ်ရှင်စနစ်ကို အာရုံစိုက်နေသောကြောင့် သူ့ပြောတာကိုလျစ်လျူရှုလိုက်သည်။
【ဒင်း! မစ်ရှင်- အရုပ် 1 သန်း(100/100)ကို ဝယ်ပြီး မတူညီသော အရုပ် 100(1/100)ကို သင်ကိုယ်တိုင် ပြုလုပ်ပါ။ ဆုလတ်-ခြေတုလက်တုပြုလုပ်ရာတွင် အသုံးပြုသည့် စက်ယန္တရားများ၊ ကိရိယာများ၊အခြေခံမူများနှင့်ပြီးပြည့်စုံသော ခြေတုလက်တုကို ဆုချမည်ဖြစ်သည်။ 】
လင်းဖန်က “နောက်အရုပ်ကိုဆက်လုပ်ရအောင်”
“ကောင်းပြီ။” ရိုဟိုင်ပန်က ပြောသည်။
ထို့နောက် သူတို့သည် ရထားများ၊ မတူညီသော အန်ထရာမန်း၊ အိုင်းယွန်းမန်း၊ အမျိုးမျိုးသော အရုပ်သေနတ်များ၊ မြေတူးစက်များ၊ လျှောများ အစရှိသည်တို့ကို ပြုလုပ်ခဲ့ကြသည်။
ကျူချူတွမ်မှာ အရုပ်တွေ အများကြီးရှိတယ်ဆိုတာ ပြောရမည်ဖြစ်သည်။
ရိုဟိုင်ပန်သည် အရုပ်မျိုးစုံပြုလုပ်ရာတွင် အမှန်တကယ် ကျွမ်းကျင်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲသုံးနာရီကြာသွားလေသည်။
ရိုဟိုင်ပန်သည် အစိတ်အပိုင်းများကို ကောက်ယူကာ လက်ကို မြှောက်ပြီး တပ်ဆင်ရန် လုပ်လိုက်သည်။
ဒီအချိန်မှာမှာ စကားပြောတဲ့ လင်းဖန်က ရုတ်တရက် “တော်ပီ၊ထပ်လုပ်ဖို့မလိုတော့ဘူး”လို့ပြောလိုက်သည်။
ဘာကြောင့်ဒီလိုပြောရတာ
လဲဆိုတော့ သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သတိပေးချက်တစ်ခု ထွက်ပေါ်လာလို့ပင်ဖြစ်သည်။
【ဒင်း! မစ်ရှင်ပြီးခြင်း- အရုပ် 1 သန်း(100/100)ကို ဝယ်ပြီး မတူညီသော အရုပ် 100(100/100)ကို သင်ကိုယ်တိုင် ပြုလုပ်ပါ။ ဆုလတ်-ခြေတုလက်တုပြုလုပ်ရာတွင် အသုံးပြုသည့် စက်ယန္တရားများ၊ ကိရိယာများ၊အခြေခံမူများနှင့်ပြီးပြည့်စုံသော ခြေတုလက်တုကို ဆုချမည်ဖြစ်သည်။ 】
မစ်ရှင်ပြီးသွားပြီ။
တစ်ချိန်တည်းမှာပင် လင်းဖန်သည် သူ့စိတ်ထဲတွင် ခြေတုလက်တုနှင့်ပတ်သက်သည့် ဗဟုသုတများစွာပေါ်လာခဲ့သည်။
ခဏကြာတော့ သူ့မျက်နှာမှာ အပြုံးတစ်ခုပေါ်လာသည်။
ဘာလို့ဆို စနစ်ကပေးသော ခြေတုလက်တုဆိုင်ရာ အသိပညာနှင့်ခြေတုလက်တုတို့ကြောင့်ဟန်ရှန်ဒေါင်သည် မကြာခင်မတ်တတ်ရပ်နိုင်တော့မယ်ဆိုတာကိုသူသိသောကြောင့်ဖြစ်သည်။
လင်းဖန်ပြောသောစကားကို ရိုဟိုင်ပန် ကြားပြီးနောက် စိတ်သက်သာရာရသွားလေသည်။
သုံးနာရီဆက်တိုက် အရုပ်လုပ်ခြင်းကြောင့်သူသည်လည်း ပင်ပန်းနေပြီဖြစ်သည်။
လင်းဖန် က “ကောင်းပြီ မနက်ဖြန် ငါပြန်လာခဲ့မယ်”
“ကောင်းပြီ။” ရိုဟိုင်ပန် က ဖြေသည်။
ထို့နောက်လင်းဖန်သည် အကြာကြီးမနေဘဲ Cullinan(ကား)ဖြင့်ရှေ့သို့ မောင်းနှင်သွားခဲ့သည်။
…………
ဟန် မိသားစု နေရာ။
ဟန်ရှန်ဒေါင်သည် ဆေးရေသုံးပုလင်းသောက်ပြီးနောက် ခြေထောက်များ မပေါက်သေးသည် မှလွဲ၍ ၎င်း၏ အခြေအနေမှာ ယခင်ကနှင့် မတူတော့ပေ။
မတူတာလား။
တကယ်တော့ ကွဲလွဲမှုတွေ ရှိသေးသည်။
ဟန်ရှန်ဒေါင်သည်...ရောဂါများကို နှစ်ပေါင်းများစွာ ခံစားခဲ့ရသည်။ယခုအခါတွင်ထိုရောဂါများအားလုံး လုံးဝပျောက်ကွယ်သွားခဲ့သည်။
ဟန်မိသားစုရှိလူတိုင်း၏မျက်နှာပေါ်တွင် ဝမ်းနည်းမှုရှိနေဆဲဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ဟန်ရှန်ဒေါငိက အားတင်းပြီး ပြုံးကာ “ဖေဖေ၊ မေမေ၊ ဦးလေး၊ အဒေါ်၊ မင်းတို့ဝမ်းနည်းနေစရာမလိုပါဘူး၊ အခုအခြေအနေလဲအရမ်းကောင်းနေပြီလို့ ငါထင်တယ်၊ အနာဂတ်မှာ ငါကလေ့ကျင့်မှုကိုလဲမလိုအပ်ဘူး၊ ပြေးဖို့ အတွက်လဲမလိုအပ်ဘူး။ဒါကြောင့်အခုကစပြီးမင်းတို့အနားမှာ အမြဲရှိနေတော့မှာလေ”
ဟန်ရှန်ဒေါင်အဒေါ်က “လင်းဖန်မှာသာမှော်ဆေးတစ်မျိုးရှိရင်ရှန်ဒေါင်ပြန်ထနိုင်ဖို့က သေချာပေါက်ဖြစ်နိုင်လိမ့်မယ်” လို့ အဒေါ်ဖြစ်သူက ပြောလိုက်သည်။
ဟန်ရှန်ဒေါင်သည် ထိုစကားကိုကြားသောအခါတွင် သူ၏ နှလုံးခုန်နှုန်းသည် ချက်ချင်းခုန်တက်သွားသည်။
ဒါပေမယ့် မကြာခင်မှာပဲ သူ ခေါင်းကို ခါယမ်းလိုက်သည် ။
မှော်ဆေးလား?
ဆုံးရှုံးသွားသော ခြေထောက်များကိုလေဖိအားနည်းရပ်ဝန်းမှ ပြတ်ပေါက်ထွက်ရန် မှာမဖြစ်နိုင်တဲ့ကိစ္စပင်ဖြစ်သည်။
အဒေါ်က “ဟန်တီ၊ လင်းဖန်ကနင်ကိုတစ်ခုခုပြောခဲ့သေးလား။”
ဟန်တီက တုံ့ဆိုင်းသွားပြီး “သူက... အရုပ်စက်ရုံကို မေးသွားတယ်”
ဟန်ရှန်ဒေါင်အဒေါ်စကား၏အဓိပ္ပါယ်မှာ ဟန်တီသည် ဟန်ရှန်ဒေါင်ကို နှစ်သိမ့်ရန် တစ်ခုခုပြောလိုသည်မှာ ထင်ရှားသည်။
ဟန်တီသည်လဲဒါကိုသည်လေသည်။သို့သော်လင်းဖန်သည်သူ့အစ်ကိုကိစ္စကိုမဖြေရှင်းရင်ပြဿနာကပိုမဆိုးသွားဘူးလား။
ဟန်တီက လင်းဖန်းကို အရှက်မကွဲစေချင်ပေ။
တကယ်တော့...
လင်းဖန်သည် ဟန်မိသားစုအိမ်မှ ထွက်သွားပြီး အရုပ်စက်ရုံသို့ သွားသည်ဟုသူမပြောလိုက်သည်နှင့်ဟန်မိသားစုဝင်တိုင်းသည်သူ့တို့ရင်ထဲရှိမျှော်လင့်ချက်ရောင်ခြည်များသည်ချက်ချင်းပင်ကကြက်ပျောက်၊ငှက်ပျောက်ပျောက်သွားလေသည်။
သို့သော်လည်း တစ်စုံတစ်ယောက်က “သူကအရုပ်စက်ရုံမှာ ဘာလုပ်နေလဲ” လို့ တိုးတိုးလေး ပြောလိုက်သည်။
ဒီအချိန်မှာဟန်နန်ရှန်က ပြုံးပြီး “လင်းဖန်က အရုပ်စက်ရုံကို သွားတယ်ဆိုတော့... သူက ငါ့မြေးနှင့်မြေးမတို့အတွက် အရုပ်တွေ လုပ်ချင်နေတာ ဖြစ်နိုင်တယ်... မဆိုးဘူး”
ဟန်တီသည်ဒါကိုကြားလိုက်သည်နှင့် သူမ၏လှပသော မျက်နှာတစ်ပြင်လုံး နီရဲသွားသည်။
ဤစကားကိုကြားပြီးနောက် ဟန်မိသားစု အားလုံးသည် သူတို့၏ စိတ်ခံစားချက် များအနည်းငယ် သက်သာလာခဲ့သည်။
ထိုအချိန်တွင် အပြင်ဘက်ကနေခြေသံ ထွက်ပေါ်လာသည်။
လင်းဖန်သည် သေတ္တာကြီးတစ်လုံးနှင့် လှမ်းဝင်လာပြီး “ဟန်တီအစ်ကို၊မင်းမကြာခင်မတ်တပ်ရပ်နိုင်တော့မယ်”
ဒီစကားထွက်လာတာနဲ့တပြိုင်နက်ဟန်နန်ရှန်၊ ဟန်တီ... နဲ့ ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ ဟန်ရှမ်ဒေါင်တို့ အားလုံးကလင်းဖန်ကိုလှည့်ကြည့်လိုက်ကြသည်။
မကြာခင်... မတ်တပ်ရပ်နိုင်မယ်
အားလုံးရဲ့ နှလုံးခုန်သံတွေကချက်ချင်းပင်မြန်ဆန်လာတော့သည်။