မှော်ဆန်သော ခြေတုလက်တု
Vol. 30 Ch. 437
ဟန်တီ က ရှေ့ကို တိုးရင်း”လင်းဖန်၊ မင်းပြောတာက အမှန်လား’’ လို့ ပြောလိုက်သည်။
လင်းဖန်က ပြုံးပြီး “မင်းကို ဘယ်တုန်းကငါ လိမ်ဖူးလို့လဲ”
“ဒါကြောင့်ငါလိမ်မှာကိုစိတ်မပူပါနဲ့”
စကားပြောနေစဉ်တွင် သူဟန်တီ၏လက်ကို ညင်သာစွာ ကိုင်လိုက်သည်။
ထို့နောက် သေတ္တာကြီးတစ်လုံးကို ကိုင်ကာ ဆေးရုံကုတင်သို့ရောက်လာသည်။
လူတိုင်း၏အကြည့်အောက်တွင် လင်းဖန်သည် ခြေတုလက်တုကို သေတ္တာကြီးထဲမှ ထုတ်ယူလိုက်သည်။
လင်းဖန်က “ဒါက ခြေတုလက်တုပါ။ဒါကိုခန္ဓာ ကိုယ်မှာ တပ်ဆင်ပြီးရင် မူလခြေထောက်တွေလိုမျိုးအလုပ်လုပ်ပါလိမ့်မယ်”
“ဟန်တီ အစ်ကို၊ဒီလိုတပ်ဆင်နေတဲ့အချိန်တွင်တစ်ကိုယ်လုံး ထုံကျင်နေသလို ခံစားရလိမ့်မယ်။ဒါပေမဲ့လဲ မကြာခင် ဒီလိုခံစားရတာပျောက်သွားလိမ့်မယ်။”
ဟန်ရှန်ဒေါင်က ခေါင်းညိတ်ပြီး “ကောင်းပြီ” ဟုဆိုသည်။
ထို့ကြောင့် လင်းဖန်သည် ဟန်ရှန်ဒေါင် ၏ ခန္ဓာကိုယ်အောက်ပိုင်းကိုဖုံးထားသောစောင်ကိုရုတ်သိမ်းလိုက်သည်။
ဟန်ရှန်ဒေါင်ရဲ့ဒဏ်ရာတွေ အားလုံးသည်သက်သာသွားပြီဖြစ်သည်။
သို့သော် ပေါင်နှစ်ချောင်းတွင် ဒဏ်ရာအမာရွတ်များကို မြင်နေရဆဲဖြစ်သည်။
ဒါကိုကြည့်ရင်း...
ဟန်မိသားစုမှ လူများသည် တုန်လှုပ်ခြောက်ခြားရင်းအလွန်ဝမ်းနည်းကြေကွဲသွားကြသည်။
လင်းဖန်သည် ခြေတုလက်တုကို ကိုင်ကာ ဟန်ရှန်ဒေါင်၏ပေါင်နှင့် အနည်းငယ် နှိုင်းယှဉ်သည်။
ထို့နောက် သူသည် အရည်များစီးကျနေသည့် ခြေတုလက်တု၏ အဆုံးကို ဟန်ရှန်ဒေါင် ၏ ပေါင်နှင့် ချိတ်ဆက်လိုက်သည်။
လင်းဖန်ပြောသည့်အတိုင်း ဟန်ရှန်ဒေါင်သည်သူ့တစ်ကိုယ်လုံး ထုံကျင်နေသလိုခံစားလိုက်ရသည်။
ထိုအချိန်မှာပဲဟန်ရှန်ဒေါင်၏ဦးနှောကသည််တွေးတောမှုမှန်သမျှရပ်တန့်သွားခဲ့သည်။
ဟန်မိသားစု၏မျက်လုံးထဲတွင်...
ခြေတုလက်တုရှိ အရည်များသည် ရုတ်တရက် ပြင်းထန်စွာ စီးကျလာပြီးဟန်ရှန်ဒေါင်၏ ပေါင်များအတွင်းသို့ အဆက်မပြတ် စိမ့်ဝင်သွားသည်။
ဒါကတော့အရမ်းထူးဆန်းတဲ့မြင်ကွင်းပင်ဖြစ်သည်။
၃ မိနစ်လောက်အကြာတွင်အရည်တွေအားလုံးမရှိတော့ပေ။
ယခုအချိန်တွင်ခြေတုလက်တုသည်ဟန်ရှန်ဒေါင် ၏ခန္ဓာကိုယ်နှင့် လုံး၀ချိတ်ဆက်ထားသည်။(အမှန်ဆိုလက်တုကမလိုပေမဲ့ခြေတုလက်တုလို့ပဲပန်လိုက်ပါတယ်)
ထိုအချိန်တွင်ဟန်ရှန်ဒေါင်၏ ခန္ဓာကိုယ်ပေါ်ရှိ ထုံကျင်နေသော ခံစားမှုသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
သူက ဖြည်းညှင်းစွာပြောလိုက်သည် “ကောင်းသွားပြီလား”
လင်းဖန်က ခေါင်းညိတ်ပြီး “ကောင်းသွားပြီ အစ်ကိုဟန် မတ်တပ်ရပ်ပြည့်ပါအုံး” ဟု ပြောလိုက်သည်။
“ကောင်းပြီ။” ဟန်ရှန်ဒေါင် က ပြန်ပြောသည်။
နောက်အခိုက်အတန့်တွင် သူသည်လုံးဝအံ့အားသင့်သွားခဲ့သည်။
ဘာလို့လဲဆိုတော့ သူအခုမတ်တပ်ရပ်နေလို့ပင်ဖြစ်သည်။
သူ့ခြေထောက်တွေ ပြန်ပေါက်သွားသလိုခံစားလိုက်ရသည်။
ထို့သည်ကိုတွေးရင်းသူ စိတ်လှုပ်ရှားစွာနဲ့ခုန်လိုက်သည် ။
လူခုန်လိုက်သောအခါသူခေါင်းသည်ခေါက်မိုးနှင့်တိုက်မိပြီးပြန်ပြုတ်ကျလာခဲ့သည်။
ဤမြင်ကွင်းကိုဟန်ရှန်ဒေါင်သာမက ဟန် မိသားစုမှ လူတိုင်းကိုအံ့အားသင့်စေခဲ့သည်။
ဟန်ရှန်ဒေါင်၏ မျက်လုံးများ ပြူးကျယ်သွားကာ ထူးထူးဆန်းဆန်း ဖြစ်နေသောသူ့ခြေထောက်များကို ငုံ့ကြည့်လိုက်သည်။
အစတော့သူ့သည် ခြေတုလက်တုကိုမျှော်လင့်ချက်သိပ်မထားပေ။
ဒါပေမယ့် အခုအခြေအနေက ဘယ်လိုလဲ။ !
ဟန်ရှန်ဒေါင်သည်အလွန်အံ့အားသင့်ဖွယ်ကောင်းသော မြင်ကွင်းများစွာကို မြင်ဖူးသည်။သို့သော်လည်းအခုအချိန်တွင်သူသည်ထိတ်လန့်တုန်လှုပ်နေသည်။
ထိုအချိန်တွင် သူသည်မနေနိုင်ပဲ “လင်း... လင်းဖန်... ငါ့... ဒါက...”
လင်းဖန် က “ဒါက ခြေတုလက်တုပဲ၊သုံးရတာဘယ်လိုခံစားလဲ”
ဟန်ရှန်ဒေါင် ခေါင်းညိတ်လိုက်ပြီး “ဒါငါ့အရင်ကခြေတောက်အတိုင်းပဲ။ဒါပေမဲ့အခုခြေထောက်ကငါ့ရဲ့ခွန်းအားနှင့်အရှိန်ကအရင်ကထက် ပိုကောင်းတယ်”
လင်းဖန်က “ဒါက ပုံမှန်ပါပဲ။ ဒီခြေတုလက်တုက မင်းရဲ့ အာရုံကြော၊အရွတ်တွေနဲ့ ချိတ်ဆက်ထားတာကြောင့်၊ မင်းကိုယ်ပိုင်ခြေထောက်တွေလိုပဲ ထိန်းချုပ်နိုင်တယ်” လို့ လင်းဖန် က ရှင်းပြလိုက်သည်။
“အရင်ကထက်ပိုပြီးကောင်းလာတဲ့ခွန်အားနဲ့ အရှိန်ကတော့ ပစ္စည်းကြောင့် ဖြစ်တာ။”
ဟန်ရှန်ဒေါင်အဒေါ်က “ကောင်းလိုက်တာ!”
ခေတ္တနားပြီးနောက် အဒေါ်က “ဒါ...ဒီခြေထောက်ကိုဂရုတစိုက်နဲ့ ထိန်းသိမ်းဖို့ လိုအပ်သေးလား၊ပြီးတော့ဒီခြေတုလက်တုကြီးကခန္ဓာကိုယ်ကို အန္တရာယ်ပေးနိုင်လား”
လင်းဖန်က’’စိတ်မပူပါနဲ့၊ ဒီခြေတုရဲ့ ပစ္စည်းက ဆေးရည်နဲ့ယှည်နိုင်တာကြောင့်ခန္ဓာကိုယ်ကို ထိခိုက်မှု မရှိပါဘူး။ဒါပေမဲ့ ဗုံးဒဏ်ထိရင်တော့ ပျက်စီးလိမ့်မယ်”
“ပြီးတော့ခြေတုလက်တုသည် အလွန်ခိုင်ခံ့သည်။ ရေ သို့မဟုတ် မီးကို မကြောက်ပေ။(ရေ၊မီးဒဏ်ခံနိုင်တယ်လို့ပြောတာပါ)ဒါကြောင့် အထူးထိန်းသိမ်းရန် မလိုအပ်ပေ၊ ပုံမှန်ခြေထောက်အတိုင်း အသုံးပြုလို့ရပါတယ်’’
ဟန်နန်ရှန် က “ရှန်ဒေါငိ၊ မင်းဘာလုပ်နေသေးတာလဲ၊ လင်းဖန်ကိုကျေးဇူးတင်လိုက်
လေ”
ဒီခြေတုလက်တုဟာ ဆေးရေနဲ့ ယှဉ်နိုင်တဲ့ မှော်ဆန်တဲ့ ပစ္စည်းတစ်ခုပင်ဖြစ်သည်။
ဟန်နန်ရှန် သည် လင်းဖန်က၎င်းကို ထုတ်ယူရန် ငွေအမြောက်အမြား သုံးစွဲလိုက်ရသည်ဟုထင်လိုက်သည်။
ဟန်ရှန်ဒေါင်သည်လည်း ဤအမှန်တရားကို နားလည်ပြီး “လင်းဖန်၊ ကျေးဇူးအများကြီးတင်ပါတယ်!”လို့ပြောလိုက်သည်။
လင်းဖန့ က ပြုံးပြီး “ဒါက အသေးအဖွဲကိစ္စပဲလေ၊ဒါကြောင့်...ပြောစရာမလိုပါဘူး၊”
ဟန်ရှန်ဒေါင် ကို ကုသပေးပြီး ခြေတုလက်တု ပေးသည့်အတွက် လင်းဖန်အား ကျေးဇူးတင်ရန်အတွက် ဟန်မိသားစုသည် အထူးခမ်းနားသော ဧည့်ခံပွဲတစ်ခုကို ကျင်းပခဲ့သည်။
ဤစားသောက်ပွဲတွက်လင်းဖန် အဓိကဇာတ်ဆောင်ဖြစ်သည်။
ဟန်မိသားစုမှ အဘိုးကြီး ဟန်နန်ရှန် အပါအဝင် ဟန်မိသားစုအားလုံးသည် လင်းဖန်နှင့်အတူပျော်ရွှင်စွာစားရင်းစကားပြောနေကြသည်။
...
နေဝင်ချိန်ကိုကျော်ပြီးနောက်မှောင်ရိပ်များတစ်ဖြည်းဖြည်းသမ်းလာလေသည်။
ဟန်တီနှင့် လင်းဖန်တို့သည် ခြံနောက်ဘက်ရှိ တောင်ကုန်းပေါ်တွင် ပခုံးချင်းယှဉ်လျက် အေးအေးဆေးဆေး လမ်းလျှောက်ကြသည်။
“လင်းဖန်၊ မင်းရှိတာ ငါ့အတွက်ကံကောင်းစေတာပဲ” ဟန်တီကပြောရင်းသက်ပြင်းချလိုက်သည်။
သူမစကားပြောနေစဉ်တွင် လင်းဖန်သည် သင်္ချာပုစ္ဆာများကို စိတ်အားထက်သန်စွာ ဖြေရှင်းနေသည့် မြင်ကွင်းကို ပြန်ပြီးမတွေးပဲမနေနိုင်ချေ။
ထို့နောက်လင်းဖန်သည် လှပုံပြီးသေးသပ်သော တရုတ်စာလုံးများကို ရေးနေပုံ...ကို တွေးလိုက်မိသည်။
နောက်တော့ လင်းဖန်က သူ့မအိမ်ကိုလာတဲ့မြင်ကွင်းကို တွေးလိုက်မိသည်။
ဒါကိုတွေးရင်းဟန်တီ၏ မျက်နှာသည် ရုတ်တရက် နီမြန်းသွားပြီးသူမ မထိန်းနိုင်ဘဲ လင်းဖန်ဘက်သို့ လှည့်ကာနမ်းလိုက်တော့သည်။
( ̄3)(ε ̄)
...
ခဏအကြာတွင်လင်းဖန်နှင့် ဟန်တီတို့သည် တောင်ပေါ်မှ ဆင်းလာခဲ့ကြသည်။
အေးမြသောလေနုအေးကြောင့် သူတို့၏မျက်နှာများသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားကြသည်။
ဒီအချိန်မှာဟန်တီက တစ်ခုခုကို တွေးမိပုံရပြီး “လင်းဖန် မင်း ဒီနေ့ အရုပ်စက်ရုံအကြောင်း ဘာလုပ်ဖို့မေးတာလဲ” လို့ မေးလိုက်သည်။
တကယ်တော့ သူမဟာ ဒီအကြောင်းကို အစောကြီးကတည်းက သိချင်နေခဲ့တာပင်ဖြစ်သည်ာယ
သို့သော် ဟန်မိသားစု၏ခြံဝင်းထဲတွင်လူများလွန်းသည်။
လင်းဖန်အရှက်ကွဲမှာကို သူမစိုးရိမ်သောကြောင့် သူမမေးခဲ့ပေ။
လင်းဖန် က “ငါခြေတုလက်တုကို သုတေသနလုပ်ဖို့အတွက်မေးတာပါ”
သုတေသနလုပ်ဖို့လား
မနက်ထွက်ပြီးနေ့ခင်းဘက်လဲကျတော့ ဒီအထူးအာနိသင်ရှိတဲ့ခြေတုလက်တုကို တီထွင်လိုက်တာလား။
ဒါ…
ဒါ…
လင်းဖန်သည် ကမ္ဘာ့အဆင့်မီ သင်္ချာပုစ္ဆာပေါင်းများစွာကို ဖြေရှင်းနိုင်ခဲ့သည်ကိုဟန်တီ သိသည်။ငလျင်ကြိုတင်ခန့်မှန်းစက်....ဟု ခေါ်သည့် အခြားထုတ်ကုန်များကို တီထွင်ခဲ့သည်။
သို့သော်လည်း ဟန်တီသည် လင်းဖန်၏ အဖြေကို ကြားပြီးနောက် သူမသည် ထိတ်လန့်နေဆဲဖြစ်သည်။
လင်းဖန်၏ လှပသော မျက်လုံးများကို သူမ ကြည့်လိုက်ရရင်းသူမ၏မျက်လုံးထဲတွင်အလင်းရောင် မှိန်ဖျော့ဖျော့လေး လင်းလက်သွားသည်။
ပုံမှန်အခြေအနေကိုကိုရောက်ရှိသောဟန်တီ၏မျက်နှာသည်တစ်ဖန်နီးမြန်းလာပြန်ပြီးလင်းဖန်ကိုသူမ၏အခန်းထဲသို့ခေါ်သွားလေသည်။ထို့နောက်၁၈နှစ်အောက်မဖတ်သင့်သောအကြောင်းအရာများကိုလုပ်ကြတော့သည်။
.........