← Chapters

အပစ်ပေးခြင်း

Vol. 30 Ch. 438

အပစ်ပေးခြင်း

Vol. 30 Ch. 438

နောက်တစ်နေ့တွင် နေလုံးကြီးသည်အရှေ့အရပ်မှထွက်ကာအလင်းရောင်နှင့်အပူရှိန်တို့ကိုပေးလေသည်။

လင်းဖန်သည် နံနက်စာစားပြီးနောက်၊ Cullinan(ကား)ဖြင့်ကျူချင်တွမ်ဆီသို့ မောင်းသွားခဲ့သည်။

သို့သော် သူသည် ကျချင်တွမ် သို့ တိုက်ရိုက်မမောင်းခဲ့ပေ။

ယင်းအစား၊ သူသည် ကျူချင်တွမ်နှင့် မဝေးသော နေရာ၌ ဖြည်းညှင်းစွာ ရပ်လိုက်ပြီး စနစ်အပေါ် အာရုံစိုက်လိုက်သည်။

[ခြေတုလက်တုစက်ကို ထုတ်ယူမည်လား။ 】

“ဟုတ်တယ်!”

နောက်အခိုက်အတန့်တွင် ကြီးမားသော စက်ယန္တရားကြီး အများအပြား ရုတ်ချည်း ပေါ်လာသည်။

သို့သော် ဤစက်ရုပ်ပုံသဏ္ဍာန်များသည် အလွန်ထူးဆန်းပြီး အလွန်လည်းရှုပ်ထွေးလှသည်။

သို့သော်လည်းလင်းဖန်သည် ဤစက်များ၏လုပ်ဆောင်မှုအားလုံးကို သိလေသည်။

ခြေတုလက်တုစက်ကိုအနည်းငယ်ကြည့်ပြီးနောက် လင်းဖန်က သူ၏လက်ကောက်ဝတ်ရှိ စူပါစမတ်နာရီအား “ရှောင်ဘိုင်”

“ရှိပါတယ် သခင်” စူပါစမတ်နာရီသည် အနည်းငယ်တုန်ခါသွားကာ အသံထွက်သည်။

လင်းဖန်က “ငါ့ရှေ့မှာရှိတဲ့ခြေတုလက်တုနဲ့ ခြေတုလက်တုစက်အတွက် မူပိုင်ခွင့်တင်ဖို့ ကူညီပေးပါအုံး”

ပစ္စည်းအသစ်များရလာသောအခါတွင် မူပိုင်ခွင့်ကို ဦးစွာမှတ်ပုံတင်ရန်သည်လင်းဖန်အတွက်အလေ့အထတစ်ခုဖြစ်လာသည်။

သာမန်လူတစ်ဦးတစ်ယောက်အတွက်မူပိုင်ခွင့်မှတ်ပုံတင်ခြင်းသည် အလွန်ရှုပ်ထွေးပြီး ခက်ခဲမည်ဖြစ်သည်။

သို့သော် လင်းဖန်အတွက်တော့အလွန်လွယ်လေသည်။

“ဟုတ်ကဲ့သခင်” ရှောင်ဘိုင်က ပြောသည်။

မိနစ်အနည်းငယ်အတွင်းမှာပဲမူပိုင်ခွင့်လက်မှတ်၏ အီလက်ထရွန်းနစ်ဗားရှင်းသည် မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။

လင်းဖန် က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး “အခု ကုန်ကြမ်းတွေ ဝယ်ပြီး ထုတ်လုပ်ဖို့ပဲ လိုတော့တယ်... ဒီကုန်ကြမ်းတွေကိုရှာဖွေရ၊ ကိုင်တွယ်ရ လွယ်မဲ့ပုံမပေါ်ဘူး၊ဒါကဒုက္ခပဲ...!”

ဒါကိုပြောပြီးနောက်လင်းဖန်က မျက်မှောင်ကြုတ်လိုက်သည်။

ထိုအချိန်တွင် ရှောင်ဘိုင်က “သခင်..ငါကကုန်ကြမ်းတွေကိုကို ရှာဖွေပြီး သယ်ပေးလို့ရတယ်” လို့ ပြောလိုက်သည်။

“တကယ်လား?” လင်းဖန်၏ မျက်လုံးများချက်ချင်းပင်တောက်ပလာသည်။

“ဟုတ်ပါတယ်သခင် နောက်ပြီးခြေတုလက်တုကို အစုလိုက်အပြုံလိုက် ထုတ်လုပ်မှု၊ အရောင်း...စသည်တို့ကိုကျွန်ုပ်ထိန်းချုပ်နိုင်တယ်။ထို့အပြင် ခြေတုလက်တု ထုတ်လုပ်သူကိုလည်း ကျွန်ုပ် ထိန်းချုပ်နိုင်ပါသေးတယ်” ရှောင်ဘိုင်က ထပ်ပြောသည်။

ရှောင်ဘိုင်သည် ကုန်ကြမ်းများကို ရှာဖွေပြီးနောက် အစုလိုက်အပြုံလိုက် ထုတ်လုပ်မှု၊ အရောင်းနှင့်....တို့ကိုလုပ်ဆောင်နိုင်သည်။

ဤသည်မှာ သူ့အတွက်အရမ်းကိုကောင်းတဲ့ကိစ္စပင်ဖြစ်သည်ယာ

လင်းဖန်က “ရှောင်ဘိုင်၊ မင်းကတကယ်ကောင်းတာပဲ!”

ရုတ်တရက်ဆိုသလိုပင် စူပါစမတ်နာရီ၏ မျက်နှာပြင်ပေါ်တွင် ပြုံးနေသောမျက်နှာကြီး ပေါ်လာပြီး “ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ် သခင်”။

လင်းဖန်က ခဏလောက်စဉ်းစားပြီး “စကားမစပ် ရှောင်ဘိုင်၊ မင်း ခြေတုလက်တုကို ချိန်ညှိပေးနိုင်မလား၊ချိန်ညှိပေးနိုင်ရင်လဲ​ခြေတုလက်တုကိုသာမန်လူတစ်ယောက်ရဲ့ ကြံ့ခိုင်မှု၊ အရှိန်နဲ့ ....ကို အတူတူနီးပါးဖြစ်အောင် လုပ်ပေးပါ” လို့ပြောလိုက်သည်။

လင်ဖန်းသည် ခြေတုလက်တုကို ၀တ်ဆင်ပြီးနောက် ပြသခဲ့သော စွမ်းရည်ကို မြင်လိုက်ရသည့်အချိန်တွင်သူနားလည်လိုက်သည်… အကယ်၍ မသန်စွမ်းအများအပြားကို ထိုခြေတုလက်တုဖြင့် အစားထိုးလိုက်လျှင် ကမ္ဘာကြီးအတွက် မလိုလားအပ်သော ပြဿနာများရှိလာပေလိမ့်မည်။

ရှောင်ဘိုင် က “ကိစ္စမရှိပါဘူး!”

ရှောင်ဘိုင်၏ကတိကိုရပြီးနောက်လင်းဖန်သည် တုံ့ဆိုင်းမနေတော့ဘဲ ရိုဟိုင်ပန်၏နံပါတ်ကို တိုက်ရိုက်ခေါ်ဆိုကာ လူအချို့၊ ထရပ်ကားများနှင့်....တို့နှင်အတူလာရန် တောင်းဆိုလိုက်သည်။

ရိုဟိုင်ပန် ရဲ့လုပ်ဆောင်ချက်က တော်တော်ကောင်းတယ်လို့ဆိုရမည်ဖြစ်သည်။

ခဏအကြာတွင်...

ကုန်တင်ကားကြီးနှစ်စီး၊ အလုပ်သမားတစ်ဒါဇင်နှင့် ကရိန်းကြီးတစ်စင်းသည် လင်းဖန်ဆီသို့ ရောက်လာသည်။

“ သူဌေးလင်း.....” ရျုဟိုင်ပန်က ပြောသည်။

ထို့နောက် ချက်ချင်းပင် အလုပ်သမားတစ်ဒါဇင်က “မင်္ဂလာပါ သူဌေး!”လို့ချက်ချင်းနှုတိခွန်းဆက်လိုက်လေသည်။

သူတို့၏အသံများသည် အလွန်လေးစားဖွယ်ဖြစ်နေသည်။

ဒါကလဲအံ့သြစရာတော့ မဟုတ်ပေ။

လက်းဖန်က သူတို့စက်ရုံကိုယွမ်ငွေ ၂ ဘီလီယံ ပေးပြီး သူတို့လိုအလုပ်သမားတွေရဲ့လစာကိုလဲ နှစ်ဆတိုးပေးခဲ့သည်။

လင်းဖန်က ခေါင်းညိတ်ပြီး “ဒီစက်တွေကို စက်ရုံကို ပို့ပေးပါ” လို့ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ” အားလုံးက တညီတညွတ်တည်း ပြောလိုက်ကြသည်။

အလုပ်သမားများသည် စက်များကို ကျူချင်တွမ်အရုပ်စက်ရုံသို့ ရွှေ့ပြောင်းပြီးနောက် လင်းဖန်သည် အရာအားလုံးကို ရှောင်ဘိုင်ထံသို့ တိုက်ရိုက်လွှဲပြောင်းပေးခဲ့သည်။

သိပ့်မကြာခင်မှာပဲရှောင်ဘိုင်၏ ထိန်းချုပ်မှုအောက်တွင် ဤစက်ရုပ်ငယ်လေးများသည် အရုပ်အစိတ်အပိုင်းများကို ကောက်ယူပြီး ရိုးရှင်းသော ကိုယ်တိုင်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ကာ ၎င်းတို့၏ ခန္ဓာကိုယ်ကို ပိုမို သွက်လက်ပြီးကြံ့ခိုင်လာစေသည်။

ထို့နောက် ဤစက်ရုပ်ငယ်လေးများသည် အမျိုးမျိုးသော အစိတ်အပိုင်းများကို ယူကာ ပြုပြင်မွမ်းမံရန်အတွက် ခြေတုလက်တုထုတ်လုပ်သူထံ ပေးပို့ခဲ့သည်။(ထုတ်လုပ်သူကလဲစက်ရုပ်ပါပဲ)

ဒီမြင်ကွင်းက အလုပ်သမားတွေကိုအံ့အားသင့်စေသည်။

သို့သော် အလွန်တုန်လှုပ်ခြင်းတော့မရှိပေ။

အခုသည် 21 ရာစုဖြစ်ပြီး အလုပ်သမားတွေမှာလဲတစ်ချို့သော သိမြင်မှုတွေရှိဆယ်လို့မှတ်ယူနိုင်သည်။

စက်ရုပ်ငယ်လေးများသည် ခြေတုလက်တုကို ပြုပြင်ထုတ်လုပ်ပြီးနောက်၊ အခြားထရပ်ကားသည် အရုပ်စက်ရုံသို့ မောင်းနှင်လာခဲ့သည်။

ဤထရပ်ကားပေါတွင်.. ပစ္စည်းမျိုးစုံသယ်ဆောင်လာသည်။

စက်ရုပ်လေးများသည် ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးကြပြီး ခြေတုလက်တုပြုလုပ်သူများသည် အပူချိန်မြင့်ကာ အရည်ပျော်ခြင်း၊ ဖြတ်တောက်ခြင်း၊ ဂဟေဆော်ခြင်းနှင့် အခြားပစ္စည်းများကို လျင်မြန်စွာ စီမံဆောင်ရွက်ပေးနေကြသည်။

သိပ်မကြာခင်မှာပဲ ခြေတုလက်တုတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် စက်ရုပ်ငယ်လေး၏ ဖန်သားပြင်ပေါ်တွင် စကားလုံးများ ပေါ်လာသည်- ၎င်းတို့ကို ထုပ်ပိုးပါ’’ဟူ၍ပင်ဖြစ်သည်။(ဒီခြေတလြက်တုထုတ်လုပ်တာတွေအကုန်လုံးကစက်ရုပ်တွေပါ။အခုထုတ်ပိုးပါဆိုတဲ့စကားကိုတွေ့မှအလုပ်သမားတွေကထုတ်ပိုးရတာပါ)

ဒါကိုကြည့်ရင်းလင်းဖန်သည်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

လင်းဖန်က “ရိုဟိုင်ပန်နောင်မှာ၊ စက်ရုံရဲ့ စီမံခန့်ခွဲမှုနဲ့ လည်ပတ်မှုအတွက် မင်းဆက်ပြီး တာဝန်ယူရလိမ့်မယ်။ဒီခြေတုလက်တုနဲ့ပတ်သက်ပြီးတော့ဒီစက်ရုပ်လေးတွေပြောတာကိုကို လိုက်နာပါ “

အခုအချိန်တွင်ရိုဟိုင်ပန်နှင့် အလုပ်သမားများစွာတို့သည် စက်ရုပ်ငယ်လေးနှင့်....တို့ကို သဘောကျစွာကြည့်နေကြသည်။

ရိုဟိုင်ပန် သည် လင်းဖန် ၏စကားကိုကြားသောအခါတွင် သူသည် ခဏတာမျှ မတုံ့ပြန်ခဲ့ပေ။

ခဏကြာတော့ သူက စိတ်လှုပ်ရှားစွာနဲ့ “ဟုတ်ကဲ့ပါ သူဌေး!”

အဘယ်ကြောင့်ဆိုသော် လင်းဖန်၏စကားများသည် သူ့ကို စက်ရုံဒါရိုက်တာအဖြစ် ဆက်လက်လုပ်ကိုင်ခွင့်ပေးသည်နှင့် ညီမျှသောကြောင့်ဖြစ်သည်။

သို့သော် ယနေ့တွင်စက်ရုံဒါရိုက်တာ၏ လစာသည် ရိုဟိုင်ပန်အတွက် ဘာမှမဟုတ်ပေ။

သို့သော်၊ အထူးသဖြင့်.....စက်ရုပ်များဖြင့်ပြုလုပ်ထားသောခြေတုလက်တုများကိုမြင်ပြီးနောက်တွင်ဒီစက်ရုံသည်ဒီထက်မကအောင်မြင်လာပြီးသူမက်မောတဲ့အထိလစာရမယ်လို့သူယုံကြည်သည်။

အရာအားလုံးကိုရှင်းပြပြီးနောက် လင်းဖန် သည် Cullinan(ကား)ဖြင့်ဟန်မိသားစုအိမ်သို့ပြန်မောင်းလာခဲ့သည်။

ဟန်မိသားစုခြံဝင်းသည််စိမ်းလန်းစိုပြေသောအပင်များစွာရှိသောကြောက့်လေထုသည်လတ်ဆတ်သည်။ထိုသို့ကြညိလင်သန့်ရီင်းသောလေထုရှိသောကြောင့်သက်ကြီးရွယ်အိုတို့ကိုပြုစုစောင့်ရှောက်ရန်အတွက် အလွန်သင့်လျော်ပါသည်။

သို့သော် လင်းဖန်သည် အဘိုးကြီးမဟုတ်ပေ။

အချိန်အကြာကြီး နေရတာကြာတော့နည်းနည်းတော့ ငြီးငွေ့လာမှာ မလွဲဧကန်ပင်ဖြစ်သည်။

ဟန်တီ ကလဲဒါကို သတိပြုမိပုံရတာကြောင့် ဟန် မိသားစုရဲ့ အဖိုးအို ဟန်နန်ရှန် ကို ကျောင်းမှာ လုပ်စရာတွေ ရှိသေးတယ်လို့ ပြောပြီးထွက်လာခဲ့ကြသည်။

ထို့နောက် သူမသည်လင်းဖန်၏ Cullinan(ကား) တွင်ထိုင်ပြီး ကျန်ပေ့ဆီသို့ အတူတကွ ဦးတည်သွားကြသည်။

ဟန်တီ သည် လင်းဖန်၏ကားတွင် ပထမဆုံးအကြိမ် စီးခြင်းဖြစ်သည်။

လင်းဖန် ကားမောင်းသည့်အသွင်အပြင်ကိုကြည့်ရင်း သူမ သဘောကျလာခဲ့သည်။

ဒါကြောင့်သူမှသည်ကားမောင်းနေတာတွေနားမလည်တော့ပဲနားတော့သည်။

( ̄ε ̄)

( ̄3)(ε ̄)

...

ကျွမ်းကျင်တဲ့ ကားမောင်းကျွမ်းကျင်မှုရှိသောကြောင့်လင်းဖန်သည်ကားကို ချောချောမွေ့မွေ့ မောင်းနှင်ခဲ့သည်။

ကျန်ပေ့ ကိုရောက်တဲ့အခါ ကောင်းကင်မှောင်နေပြီဖြစ်သည်။

လင်းဖန်ကဟန်တီကိုအပစ်ပေးသည့်အနေနဲ့ဟန်တီအိမ်ရောက်သည်နှင့်လင်းဖန်သည်ဟန်တီကိုပွေ့ချီ၍အိပ့်ခန်းထဲသို့ဝင်ကာ၁၈နှစ်အောက်မဖတ်သင့်သောအပြုအမူဖြင့်အပစ်ပေးတော့သည်။

.....

All Chapters