← Chapters

၅ထရီလီယံရခြင်း

Vol. 30 Ch. 440

၅ထရီလီယံရခြင်း

Vol. 30 Ch. 440

ဖန်ရှင်း သည် လင်းဖန်၏ စကားကို လုံးဝ ဂရုမစိုက်ဘဲ စိတ်လှုပ်ရှားစွာဖြင့် အချိန်အတော်ကြာရယ်မောနေခဲ့သည်။

ထို့နောက်သူက “ပါမောက္ခလင်း၊မင်းငါတို့ သိပ္ပံအကယ်ဒမီရဲ့ ကျန်ပေ့ဌာနခွဲကိုလာဖို့ အချိန်ရှိလား မသိဘူး”

ဖန်ရှင်းသည် လင်းဖန်နှင့် အကြိမ်ကြိမ်တွေ့ဆုံခဲ့သည်။

သို့သော်၊ အချိန်တိုင်း၊လင်းဖန် တီထွင်ထားသော ထုတ်ကုန်များကိုအကြောင်းသာပြောဖြစ်ပြီးပညာမဖယ်လှယ်ရပေ။

လင်းဖန်သာ သိပ္ပံအကယ်ဒမီကို လာခဲ့မယ်ဆိုရင် ဒါဟာ လုံးဝကို ကွဲပြားသွားမည်ဖြစ်သည်။

ဘာဖြစ်လို့လဲဆိုတော့ ကျန်ပေ့ဌာနခွဲမှာပညာရှင်တွေ အများကြီးရှိသည်။

သူတို့သည်လင်းဖန် နှင့် အကြောင်းအရာများစွာကို ပြောဆိုနိုင်သည်။(ပညာဖလှယ်တဲ့သဘောပါ)

ထို့အပြင် ဤအရာသည် သးတျု့လိုပညာရှင်တွေစောင့်မျှော်နေသည့်အရာပင်ဖြစ်သည်။

လင်းဖန်သည် ဖန်ရှင်း၏ အတွေးများကို နားလည်သည်။

ဖန်ရှင်းသည် ပညာရှင်များနှင့်ပညာဖလှယ်ရင်းသူ့တို့ကိုအကြံဉာဏ်ပေးလိုခြင်းဖြစ်သည်။

ထို့ကြောင့်သူက ပါးစပ်ကိုဖွင့်ပြီး “ဒါဆို ငါလာခဲ့မယ်။”

“တကယ်လား ကောင်းတယ်!” ဖန်ရှင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ပြီးတာနဲ့ ချက်ချင်းပင်ပျော်ရွှင်လွန်းသောကြောင့်ဖုန်းကိုချလိုက်လေသည်။

ဖုန်းချလိုက်သည်ကိုကြည့်ပြီးနောက် လင်းဖန်သည် မနေနိုင်ဘဲ ပြုံးကာ ခေါင်းခါလိုက်သည်။

ထို့နောက် သာမာန်အနီရောင်စာအိတ် ၂၀၀,၀၀၀ ကို အာရုံပြန်စိုက်လိုက်သည်။

“အနီရောင်စာအိတ်ကုန်ဖွင့်မယ်!”

“ဒင်း၊ ဂုဏ်ယူပါတယ်၊ ၂ ယွမ်ရသည်။”

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း ၁၀ ယွမ် ရသည်”

…………

“ဒင်း၊ ဂုဏ်ယူပါတယ်၊ ၁ ယွမ် ကတ်ပြားကိုရရှိသည်။”

…………

“ဒင်း! မြူတွန်အရက်၏ရှယ်ယာ10% ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်။”

…………

“ဒင်း! ဂုဏ်ယူပါတယ်၊ ရှယ်ယာနှစ်ဆတိုးကူပွန်ကို သင်ရရှိသည်။”

…………

“ဒင်း! ဂုဏ်ယူပါတယ် မင်း ရီခီ အိမ်ခြံမြေရဲ့ရှယ်ယာ 51% ကို ရရှိသည်။’’

…………

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း ဝမ်ရှန်ဂရု ရဲ့ ရှယ်ယာ 51% ကို ရရှိသည်။”

…………

“ဒင်း! ဂုဏ်ယူပါတယ် ...ဆေးရုံကိုရရှိသည်။”

…………

အနီရောင်စာအိတ် ၂၀၀,၀၀၀ ဖွင့်ရာတွင်လင်းဖန်သည် စုစုပေါင်း ယွမ် ၂၁၀၄၉၈၀၁ ရရှိခဲ့သည်။

၁ယွမ်ကတ်ပြား၁၂ကတ်ဆိုသည်မှာ 12 ယွမ်ကိုသုံးပြီးလင်းဖန်သည် ယွမ် 1.2 ဘီလီယံ ရရှိသည်ဟုဆိုနိုင်သည်။

မြူတွန်အရက်၏စျေးကွက်တန်ဖိုးသည် ယွမ် ၂ ထရီလီယံကျော်ရှိပြိး ရှယ်ယာ ၁၀ ရာခိုင်နှုန်းသည် ယွမ် ၂၀၀ ဘီလီယံဖြစ်သည်။

လင်းဖန် သည် အဲဂရုနှင့် ပန်ကူဂရုတွင် ရှယ်ယာနှစ်ဆတိုးကူပွန်တစ်ခုစီကို အသုံးပြုလိုက်သည်။

မူလက လင်းဖန်သည် အဲဂရု နှင့် ပန်ကူဂရု၏ ရှယ်ယာ 40% ကို အသီးသီး ပိုင်ဆိုင်ထားသည်။ ရှယ်ယာနှစ်ဆတိုးကွန်ပွန်ကိုသုံးပြီးနောက်လင်းဖန်သည်ရှယ်ယာ 80% စီပိုင်ဆိုင်သွားသည်။

တစ်နည်းဖြင့်ဆိုရသော် ကုမ္ပဏီနှစ်ခု၏ အစုရှယ်ယာ 40% ချက်ခြင်းတိုးလာသည်။

ဒါကလုံးဝကိုမယုံနိုင်စရာကိစ္စပင်ဖြစ်သည်။

ရီခီ သည် တရုတ်နိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေကုမ္ပဏီဖြစ်ပြီး စျေးကွက်တန်ဖိုးသည်ယွမ် ၂၀၀ ဘီလီယံခန့်ရှိသည်။၎င်း၏ရှယ်ယာ ၅၁ ရာခိုင်နှုန်းရသည်ဆိုသည့်မှာယွမ် ၁၀၀ ဘီလီယံခန့်ရသည်ဟုဆိုနိုင်သည်။

ဝမ်ရှန်ဂရု သည် စျေးကွက်တန်ဖိုးသည်ယွမ် 200 ဘီလီယံခန့်ရှိပြီးကမ္ဘာ့ထိပ်တန်း စားသောက်ကုန် ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည်။၎င်း၏ ရှယ်ယာ၏ 51% ရသည်ဆျုသည်မှာယွမ် 100 ဘီလီယံရသည်နှင့်အတူတူပင်ဖြစ်သည်။

...ဆေးရုံသည် တရုတ်နိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကဆေးရုံဖြစ်ပြီး ခန့်မှန်းစျေးကွက်တန်ဖိုးသည်ယွမ် ဘီလီယံ ၁၀၀ ကျော်ရှိသည်။

…………

ဤအရာများသည် စာအိတ်အနီ ၂၀၀,၀၀၀ ဖွင့်လှစ်ခြင်းမှလင်းဖန်ရငွေများသည် စုစုပေါင်းယွမ် ၅ ထရီလီယံနီးပါးရှိသည်။

ဒီစာအိတ်အနီ ၂၀၀,၀၀၀ သည်အရုပ်စက်ရုံတစ်ခုဝယ်ဖို့ ယွမ် ၂ ဘီလီယံသုံးစွဲလို့ရလာတဲ့အနီရောင်စာအိတ်ပင်ဖြစ်သည်။

ယွမ် ၂ ဘီလီယံ သုံးစွဲပြီး ယွမ် ၅ ထရီလီယံ ရရှိသည်။ဒါကဘယ်လိုကြီးလဲ.....

လင်းဖန်သည် ဖန်သားပြင်ပေါ်တွင် ဖွင့်ပြီးသားအနီရောင်စာအိတ်များကို ကြည့်ရင်း သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာလေသည်။

ခဏအကြာတွင် သူသည် သူ့အတွေးများကို ဖယ်ရှားလိုက်ပြီး Cullinan(ကား)ဖြင့်ရှေ့ကိုမောင်းသွားလေသည်။

…………

ကျန်ပေ့၊ဒိုင်ချမ်။

ယမန်နှစ်ကကျန်ပေ့ အရာရှိများသည် ဤနေရာတွင် ရုံးခန်းအဆောက်အအုံနှင့် စက်ရုံတည်ဆောက်ရန် ယွမ်ငွေ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့သည်။

အိမ်ခြံမြေကို ကြေငြာချက်တစ်ခုထုတ်ပြီး နောက်ကုမ္ပဏီအချို့ကလည်း ၎င်းတို့၏ရင်းနှီးမြှပ်နှံမည့်ဆန္ဒကို ထုတ်ဖော်ခဲ့ကြသည်။

သို့သော်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် ရင်းနှီးမြှုပ်နှံမှုကိုလက်မခံတော့ဘူးဆိုတဲ့သဘောထုတ်ပြခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဤရုံးအဆောက်အအုံနှင့် စက်ရုံဧရိယာအားလုံးကို သိပ္ပံအကယ်ဒမီမှ သိမ်းယူလိုက်သောကြောင့်ဖြစ်သည်။

ယခုအချိန်တွင် ဖန်ရှင်းနှင့် ပညာရှင် အများအပြား နှင့် ဝန်ထမ်း အများအပြားတို့သည် သိပ္ပံ အကယ်ဒမီ ၏ ဂိတ်ပေါက် တွင် တစ်စုံတစ်ယောက်ကို စောင့်ဆိုင်း နေကြ သည် ။

မကြာခင်မှာပဲကားတစ်စီးရောက်လာလေသည်။ဒီကားကတေည့ လင်းဖန် ရဲ့ Cullinan (ကား)ပင်ဖြစ်သည်။

လင်းဖန်သည် ဖန်ရှင်းနှင့် အခြားသူများ တံခါးဝတွင် ရပ်နေသည်ကိုတွေ့ပြီးနောက် ကားကို ဖြည်းညှင်းစွာ ရပ်လိုက်ပြီးကားတံခါးဖွင့်ပြီးအပြင်သို့ထွက်​လာသည်။

ဖန်ရှင်းသူ့မျက်နှာမှာအပြုံးလေးနဲ့ နှုတ်ဆက်လိုက်သည်။”ပါမောက္ခလင်း၊ သိပ္ပံအကယ်ဒမီရဲ့ ကျန်ပေ့ ဌာနခွဲကနေကြိုဆိုပါတယ်!”

ဟိုးအရင်ကဖန်ရှင်းသည်လင်းဖန်က အရမ်းငယ်တယ်လို့ ပြောဖူးသည်။

သို့သော်လည်း ယခုအခါပညာရှင်းများသည်လင်းဖန်ကိုမြင်သောအခါ အံ့သြနေသေးသည်။

တကယ်ကို ငယ်လွန်းသည်။

ကမ္ဘာ့သင်္ချာပုစ္ဆာပေါင်းများစွာကို ဖြေရှင်းပြီး ငလျင်ကြိုတင်ခန့်မှန်းစက်၊ စူပါဘက်ထရီ၊ ကာဗွန်အခြေခံပုံသဏ္ဍာန်စက်၊ အင်ဆူလင်ပြန်လည်ထူထောင်ရေးဆေး... စသည့်အံ့ဖွယ်ပစ္စည်းများကိုလူငယ်လေးတစ်ဦးကတီထွင်ခဲ့သည်ဟုမည်သူကထင်မည်နည်း။

ပညာရှင်များသည် တခဏမျှ ထိတ်လန့်သွားပြီး အားလုံးက “ပါမောက္ခ လင်း၊ သိပ္ပံအကယ်ဒမီ၏ ကျန်ပေ့ဌာနခွဲမှ ကြိုဆိုပါတယ်” ဟု စတင်ပြောဆိုကြသည်။

လင်းဖန်ကခေါင်းညိတ်ပြီး “မင်းတို့တံခါးနားအထိစောင့်စရာမလိုပါဘူး”

ဖန်ရှင်းက “မင်းက ပညာရေးလောကအတွက်ရော တစ်ကမ္ဘာလုံးအတွက်ရောအများကြီး ပံ့ပိုးပေးခဲ့တယ်(တီထွင်တာကိုပြောတာ၊ပုစ္ဆာတွေကိုဖြေရှင်းတာကိုပြောတာပါ) ငါတို့က တံခါးနားမှာပဲ စောင့်တာကငါတို့လုပ်သင့်တဲ့အလုပ်ပဲလေ”

ပညာရှင်များသည် တယောက်ပြီး တယောက် ခေါင်းညိတ်လိုက်ကြသည်။

ရှင်းပါတယ်၊ သူတို့လည်း ဒါကို သဘောတူတယ်ဆိုတာ။

ထို့နောက် လင်းဖန်သည် ဖန်ရှင်း နှင့် ပညာရှင်းများ ဝန်းရံထားသည့်အတိုင်းအထဲသို့ ဝင်လာခဲ့သည်။

ခဏအကြာတွင် သူတို့သည် ကာဗွန်အခြေခံ စက်ကို ပြသထားသည့် ဓာတ်ခွဲခန်းသို့ ရောက်လာကြသည်။

ရွှေရောင်မျက်မှန်တပ်ထားသော ပညာရှင်တစ်ဦးက နောက်ဆုံးတွင် မကူညီနိုင်ဘဲ “ပရော်ဖက်ဆာလင်း၊ ငါ မင်းကို မေးခွန်းတချို့ မေးနိုင်မလား” လို့ဆိုလိုက်သည်။

လင်းဖန်က ခေါင်းညိတ်ကာ “ရပါတယ်’’ ဟုပြောလိုက်သည်။

နောက်ဆုံးတွင်၊ သူသည် သူတို့၏မေးခွန်းများကို ဖြေဆိုရန် ဤနေရာသို့ရောက်လာခြင်းဖြစ်သည်။

ပညာရှင်ဂျက်စီက “ပါမောက္ခ လင်း ကာဗွန်နာနိုပြွန်တွေရဲ့ သန့်စင်မှုကို ဘယ်လို..

% အထိရောက်အောင် ဘယ်လိုလုပ်ရမလဲ?”

လင်းဖန်က “မြင့်မားသောလျှပ်စစ်သံလိုက်ဓာတ်နှင့်သန့်စင်သော.....”

လင်းဖန်ပြောသည်များကိုနားထောင်ပြီးနောက်ပညာရှင်ဂျက်စီ၏မျက်လုံးများသည်တောက်ပလာသည်။

သူ့ဘေးက ပညာရှင်များသည်လဲအကြိမ်ကြိမ် ခေါင်းညိတ်ပြနေကြသည်။

အဲဒီနောက်မှာတော့ သူတို့ သံသယဖြစ်ခဲ့ရတဲ့ မေးခွန်းတွေကိုတစ်ယောက်ပြိးတစ်ယောက်မေးကြတော့သည်။

လင်းဖန်သည် မတွန့်တိုဘဲ သူတို့မေးသောမေးခွန်းများကိုအသေးစိတ်အဖြေများကို ပြောပြခဲ့သည်။

ပထမတော့ လင်းဖန် ရဲ့ ငယ်ရွယ်တဲ့အသွင်အပြင်ကို မြင်လိုက်ရတော့ အားလုံးကမယုံနိုင်အမှုအရာနှင့်အံ့သြမှုဆို့နှင့်ပြည့်နေသည်။

ယခုအခိုက်အတန့်တွင် သူတို့လင်းဖန်ကို ကြည့်လိုက်သောအခါ သူတို့၏မျက်လုံးထဲတွင်လေးစားကြည်ညိုမှုများရှိနေသည်။

သူတို့သည်ဆရာပြောသောစကားများကိုနားထောင်နေသောတပည့်များနဲ့တူလေသည်။သူတို့အားလုံးသည်အသိပညာကြွယ်ဝသူများဖြစ်ပြီးနယ်ပယ်အသီးသီးတွင်နာမည်ရှိသူများဖြစ်သည်။အကယ်၍သူတို့၏ယခုအမူအရာကိုသာတွေ့ရင်လူတိုင်းပါးစပ်အဟောင်းသားဖြစ်သွားမှာသေချာသည်။

All Chapters