← Chapters

ဆွေးနွေးကြခြင်း

Vol. 30 Ch. 441

ဆွေးနွေးကြခြင်း

Vol. 30 Ch. 441

ထိုအချိန်တွင် စကားမပြောသော ဖန်ရှင်းက “ပရော်ဖက်ဆာ လင်း၊ ဂိမ်းဦးထုပ်ကနေဆော့လို့ရတဲ့စစ်ရေးဂိမ်းတစ်ခု ဖန်တီးချင်ပါတယ်။ ဒါကိုဘယ်လိုဖန်းတီးရမလားဆိုတာသိချင်ပါတယ်”

ဂိမ်းဦးထုပ်၏ စွမ်းအင်ကို ခံစားပြီးနောက် ဖန်ရှင်းသည် ဤအကြံဥာဏ်ကို ရရှိခဲ့သည်။

ဂိမ်းဦးထုပ်သည် လက်တွေ့မြင်ကွင်းကို 100% ပုံဖော်နိုင်ပြီး လူများကို ဂိမ်းလောကထဲသို့ ဝင်ရောက်စေနိုင်သည်။

အကယ်၍ သူတို့တွင်စစ်ရေးဂိမ်းတစ်ခုရှိပြီး စစ်သားများကိုသာတစ်ကယ့်တိုက်ပွဲအတိုင်းဂိမ်းဖန်တီးပြီးတိုက်ခိုက်ခိုင်းမည်ဆိုရင်စစ်သားများ၏ တိုက်ပွဲအတွေ့အကြုံကို အဆမတန် တိုးမြင့်လာမည်မှာသေချာသည်။

စိတ်မကောင်းစရာကဂိမ်းဦးထုပ်တွင် ဂိမ်းတစ်ခုကိုဒီဇိုင်းဆွဲရန်မှာအလွန်ရှုပ်ထွေးပြီးမဖြစ်နိုင်လုနီး​ပါးရှိသည်။(ဂိမ်းဦးထုပ်ထဲမှာပရိုဂရိုရမိထည့်ပြီးဆော့တာမျိုးကိုပြောချင်တာပါ)

တရုတ်ပြည်မှာကွန်ပြူတာ ကျွမ်းကျင်သူတွေ အများကြီးရှိသည်။သို့သော်လည်းဒီလိုမျိုးဂိမ်းတစ်ခုကိုဖန်တီးရသည်မှာနှစ်တော်တော်ကြာအောင်အချိန်ပေးရမည်ဖြစ်သည်။အခုတော့လင်းဖန်ဒီကိုရောက်တုန်းမေးလိုက်ခြင်းဖြစ်သည်။

အမှန်ဆိုရလျှင် စစ်ရေးဂိမ်းကို တစ်ရက်စောပြီး တီထွင်ပါက တိုင်းပြည်အာဏာကို တစ်ရက်စောပြီး မြှင့်တင်နိုင်မည်ဖြစ်သည်။

ဒါက သေချာပေါက် ကြီးမားတဲ့ ကိစ္စပင်ဖြစ်သည်။

လင်းဖန် က ဖန်ရှင်း ရဲ့ အတွေးတွေကို နားလည်ပြီး “ဂိမ်းထဲမှာ လိုအပ်နေတဲ့ လက်နက်...ဒေတာတွေ အားလုံးကို ငါ့ကိုသာပေးလိုက်ပါ။မင်းကို စစ်ရေးဂိမ်းတစ်ခုကိုမကြာခင်ပေးမယ်။မင်းကိုသင်ပေးရင်တောင်မင်းတို့မလုပ်နိုင်လို့ငါပဲလုပ်ပေးမယ်” လို့ပြောလိုက်သည်။

“တကယ်လား ကောင်းလိုက်တာ၊မင်းမပြောပြလဲမင်းလုပ်ပေးမှာနဲ့တင်ပျော်နေပြီ။မင်းကို ဒေတာတွေ အားလုံးကို နောက်ကျရင်ပို့ပေးမယ်!” ဖန်ရှင်းက စိတ်လှုပ်ရှားစွာပြောသည်။

အကယ်၍ အခြားသူတစ်ဦးသည်ဂိမ်းအတွင်းရှိ လက်နက်ဒေတာဖြစ်လျက်ယူချင်ရင်ပြောရင်ဖန်ရှင်းက ငြင်းဆိုမည်မှာ သေချာသည်။

ပြီးနောက်၊ ဤဒေတာတွင်လျှို့ဝှက်ချက်အချို့လည်း ပါဝင်သည်။

ဒါပေမယ့် လင်းဖန်ဆိုရင်တော့ပြဿနာ လုံးဝရှိမှာ မဟုတ်ပေ။

ချက်ခြင်းပဲ၊ ဖန်ရှင်းက “စကားမစပ်၊ ဒီခြေတုလက်တုထက် ပိုမြင့်တဲ့ဗားရှင်းရှိတယ်လို့ ငါကြားတယ်”

သူပြောသော အဆင့်မြင့်ဗားရှင်းမှာ ဟန်ရှန်ဒေါင်၏ ခြေတုလက်တုဖြစ်သည်။

လင်းဖန်က ခေါင်းညိတ်ပြီး “ဟုတ်တယ်၊ ဒီဗားရှင်းက လူတွေရဲ့ ကာယဗလကို အရမ်းသန်မာစေလိမ့်မယ်၊ ဒါက ကမ္ဘာကြီးအတွက် ကောင်းတဲ့အရာမဟုတ်ဘူး” ဟု ပြောကြားလိုက်သည်။

ဖန်ရှင်းကဆိုလိုချင်တာကိုနားလည်ပြီး ထပ်ခါတလဲလဲ ခေါင်းညိတ်ပြပြီး “ပါမောက္ခ လင်း၊ ငါနားလည်ပါတယ်... ဒါမဲ့လေ့ကျင့်ရေးကြောင့် မတော်တဆ မသန်မစွမ်းဖြစ်ခဲ့ရတဲ့ စစ်သားအနည်းငယ်ကို ဒီခြေတုလက်တုကိုအသုံးပြုလို့ ရမလား။”

ဒီလိုပြောတဲ့အခါ သူ့မျက်နှာမှာ မျှော်လင့်ချက်တွေနဲ့ပြည့်နှက်နေသည်။

ဟန်ရှန်ဒေါင်သည် ခြေတုလက်တုကို ထည့်သွင်းပြီးနောက် အပြောင်းအလဲများကို သူမြင်ပြီးဖြစ်သည်။ယခုဆိုဟန်ရှန်ဒေါင်သည် စူပါမင်းဖြစ်သွားပြီဟု ဆိုခြင်းသည် ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။

မသန်စွမ်းစစ်သည်တစ်စုကသာဤအဆင့်မြင့် ခြေတုလက်တုတွေကိုသာတပ်ဆင်ပြီးသည်နှင့် မည်သို့သော မြင်ကွင်းမျိုး ဖြစ်လာမည်နည်း။

အဲဒါကို တွေးကြည့်ရုံနဲ့ ဖန်ရှင်း ရဲ့ နှလုံးက ချက်ချင်းခုန်သွားလေသည်။

လင်းဖန်က ခေါင်းညိတ်ပြီး “ရပါတယ်၊ ငါအဆင့်မြင့် ခြေတုလက်တု တစ်ရာကိုပို့ပေးလိုက်မယ်”

“ကောင်းပြီ၊ ကျေးဇူးတင်ပါတယ် ပါမောက္ခ လင်း!” ဖန်ရှင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ထို့နောက် ပညာရှင်များက သူတို့သိချင်သောမေးခွန်းများကိုထပ်မံမေးလာကြသည်။

ကွန်ပျူတာ၊ဓာတုဗေဒ၊ ရူပဗေဒ....စတဲ့မတူညီသည့်ဘာသာရဲ့မေးခွန်းတိုင်ကိုလင်းဖန်သည် အားလုံးကို မဆိုင်းမတွ ဖြေပေးခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နေမင်းကြီးသည် ဖြည်းညှင်းစွာ အနောက်သို့ဝင်သွားလေသည်။

..ပညာရှင်တို့သည် လင်းဖန်ကိုကြည်ညိုလေးစားစွာကြည့်နေကြသည်။

လင်းဖန်သည် သိပ္ပံအကယ်ဒမီတွင် ညစာစားပြီးနောက်တွင် သူ သည် နှုတ်ဆက်ပြီးတာနဲ့ လှည့်ထွက်ဖို့ပြင်လိုက်သည်။

ထိုအချိန်တွင် ဖန်ရှင်းက တစ်ခုခုကို တွေးနေပုံပေါ်ပြီး “စကားမစပ် ပါမောက္ခလင်း၊ အထက်က မင်းကို သိပ္ပံအကယ်ဒမီရဲ့ ဌာနမှူးဖြစ်စေချင်တယ်၊ မင်းရဲ့ သဘောကရောဘယ်လိုလဲ”

လင်းဖန်က သူ့လက်ကို ဝှေ့ယမ်းပြီး “မလုပ်ဘူး၊ ငါဒီကိုလာဖို့ အချိန်အများကြီးမရှိဘူး၊”

သူသည်ဦးနှောက်အရမ်းသုံးရတာကိုမကြိုက်ပေ။ဒီနေ့လည်း အိမ်မှာနေရင်းပျင်းလာတာကြောင့်လာပြီးကူညီပေးခြင်းဖြစ်သည်။

ဒါပေမယ့် သူ့ကို ဒီမှာ တစ်ချိန်လုံးနေစေချင်တာလား။ဒါဆိုမေ့လိုက်တာအကောင်းဆုံးပဲ။

ဖန်ရှင်းက “မင်းဒီမှာ တစ်ချိန်လုံးနေဖို့ မလိုပါဘူး၊ မင်းကို ဒီရာထူးပေးလိုက်တာပဲရှိတာ၊မင်းအရင်လုပ်နေကျအတိုင်းနေလို့ရတယ်၊ဒါက နာမည်တစ်ခုသက်သက်ပဲရှိတာ”

လင်းဖန် က “ဒါဆိုလဲ လုပ်တာပေါ့”

ဖန်ရှင်းသည် လင်းဖန်သဘောတူသည်ကို မြင်သောအခါ သူ့မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။

ထိုအချိန်တွင် လင်းဖန်က အနည်းငယ် စပ်စုသောလေသံဖြင့် မေးသည် “စကားမစပ် ငါ့သိပ္ပံအကယ်ဒမီရဲ့ ဌာနမှူးက တစ်နိုင်ငုံးမဗာဘယ်အဆင့်ရှိလဲ။”

ဖန်ရှင်း က “အိုး၊ ငါတို့ရဲ့ သိပ္ပံအကယ်ဒမီက နိုင်ငံတော်ရဲ့ အဓိက တက္ကသိုလ်တစ်ခုထက် ပြီးအဆင့်တစ်ဆင့် မြင့်တယ်။ဒါကြောင့် မင်းဟာ ဌာနမှူးဖြစ်ပေမဲ့အဓိက တက္ကသိုလ်ရဲ့ ကျောင်းအုပ်ထက် အဆင့်တစ်ဆင့် ပိုမြင့်တယ်။”

လင်းဖန်က မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။

အဓိတက္ကသိုလ်ကျောင်းအုပ်ကြီးထက် ပိုမြင့်သလား။ !

သိရန်အဓိက တက္ကသိုလ်များ၏ ကျောင်းအုပ်များသည် ကျန်ပေ့၏ ခေါင်းဆောင်များ နှင့် တူညီလေသည်။

သူက သူတို့ထက် အဆင့်တစ်ဆင့်မြင့်တယ်ဆိုတော့ ဒါက ချန်ပြည်နယ်ခေါင်းဆောင်နဲ့ အဆင့်တူသွားတာမဟုတ်ဘူးလား။ !

လင်းဖန်သည်ပင် သူ့မျက်နှာပေါ်တွင် အနည်းငယ်မပြုံးပဲမနေနိုင်ပေ။

ထို့နောက် လင်းဖန်သည်Cullinan(ကား)ကို ပန်းလုံဗီလာသို့ မောင်းနှင်လာခဲ့သည်။

ပန်းလုံးဗီလာသို့ရောက်တယနဲ့လင်းဖန်သည်ပင်းပန်လွန်းတာကြောင့်ချက်ချင်းပဲအိပ့်ရာဝင်လိုက်သည်။

…………

လင်းဖန်အိပ်ပျော်သွားသောအခါ ပြင်ပကမ္ဘာမှာတော့ အဆက်မပြတ် ဆွေးနွေးမှုများရှိလာခဲ့သည်။

ပထမဆုံးအနေနဲ့ ထိပ်တန်းအိမ်ခြံမြေကုမ္ပဏီ ရီခီတည်ထောင်သူ ဝမ်တိုဟာ စတော့ရှယ်ယာတွေကို ရုတ်တရက်ရောင်းထုတ်ပြီး ဘုတ်အဖွဲ့ဥက္ကဌအဖြစ်ကနေ နှုတ်ထွက်လိုက်တဲ့အတွက် လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်စေခဲ့သည်။(လှိုင်းလုံးကြီးဆိုတာကအားလုံးအံ့သြထိတ်လန့်ပြီးဘာလို့နှုတ်ထွက်တာ....စတာတွေကိုဆွေးနွေးတာကိုပြောချင်တာပါ)

ထို့နောက် ချက်ချင်းပင်၊ အဲဂရုနှင့် ပန်ကူတို့သည် ကြီးမားသောပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရသည်။အရင်ရှယ်ယာပိုင်ဆိုင်သောသူများသည်လဲနားမလည်နိုင်စွာဖြင့်ရှယ်ယာများကိုအကုန်ရောင်းချသွားလေသည်။

ထို့နောက် ဟွာအုပ်စုသည် ဂိမ်းဦးထုပ်ခြင်းဆိုင်ရာ ညီလာခံကို စတင်ခဲ့ပြီး ဂိမ်းလောကထဲသို့ ဝင်ရောက်ရန် ကမ္ဘာတစ်ဝှမ်းမှ ကစားသမား 100 ကို ခေါ်ယူသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဟွာအုပ်စုကြေညာလိုက်သောသတင်းကြောင့်အင်တာနက်တစ်ခွင်ဆွေးနွေးမှုများဖြင့်ပြည့်နှက်သွားလေသည်။

[ယူရီ- ဂိမ်းလောကထဲကို ဝင်ရောက်လာတဲ့ ဂိမ်းဦးထုပ်ကို တကယ်ပဲ တီထွင်ခဲ့တာလား။ 】

[လီလီ: အရမ်းကောင်းတယ်! 】

[ပင်လယ်နက်- ကစားသမား 100လား။ကျွန်ုပ်သည် ပရိုဂိမ်းမာတစ်ဦးဖြစ်သည်။ဒါကြောင့်ကျေးဇူးပြုပြီးကျွန်ုပ်ကို ရွေးချယ်ပေးပါ။ 】

[ကီး- တကယ်ဂိမ်းလောကထဲကို ဝင်နိုင်တာလား။ ဒီလိုမျိုးသတင်းကဟုတ်ရောဟုတ်ရဲ့လား။ငါတော့လိမ်နေတာလို့ပဲထင်တယ် 】

[စတုံး- အပေါ်ကတစ်​ယောက်ဂိမ်းဦးထုပ်ကို တီထွင်ခဲ့သူကိုမတွေ့ဖူးလား။ အဲဒါက ကြီးမြတ်တဲ့ လင်းဖန်ပဲ။သူက ငလျင်ကြိုတင်ခန့်မှန်းစက်....စတဲ့ဟာကိုတီထွင်ထားတဲ့လူတစ်ယောက်ပါ။သူ့လိုလူကလိမ်တာဖြစ်နိုင်ပါ့မလား။စဉ်းစားစမ်းပါငါ့သားရာ 】

[စလိ့စ့်-အပေါ်ကတစ်ယောက်ပြောတာထောက်ခံတယ် 】

[စနိုး- တစ်ကမ္ဘာလုံးမှာကစားသမား 100ပဲ ခေါ်တာလား။ဒီအရည်အတွက်ကအရမ်းနည်းလွန်းတယ်။ ငါတော့အရွေးခံရဖို့ မျှော်လင့်ချက်မရှိဘူးလို့ ခံစားရတယ်၊ မြန်မြန်ရောင်းချနိုင်ဖို့ပဲမျှော်လင့်တယ်။ 】

…………

အင်တာနက်ပေါ်တွင် ရီခီ၊ပန်ကူဂရု၊အဲဂရု နှင့် ဂိမ်းဦးထုပ်များကဲ့သို့သော အရာများအကြောင်းအများအပြားကပြောနေကြသောအခါ အမေရိကန်ပြည်ထောင်စုရှိထိပ်တန်းအိမ်ကြီးတစ်ခု၌လည်း ဆွေးနွေးမှုတစ်ခုရှိနေသည်။

All Chapters