← Chapters

တိတ်ဆိတ်ခြင်း

Vol. 30 Ch. 442

တိတ်ဆိတ်ခြင်း

Vol. 30 Ch. 442

နာမည်ကြီးရှပ်အင်္ကျီနဲ့ဘောင်းဘီးဝတ်ထားတဲ့ယောက်ကျား၊မိန်းမအားလုံးရှိလေသည်။

ခဏအကြာတွင်၊ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် နောက်ဆုံးတွင် ပါးစပ်ကိုဖွင့်လိုက်ပြီး “အဘိုးကြီး၊ လင်းဖန်အမည်ရှိ လူငယ်သည် အမှန်တကယ်ပင် ကျွန်ုပ်တို့ ချင်ဟိုမန်ဂိုဏ်း၏ ဘိုးဘေးများ၏ တိုက်ရိုက်ဆင်းသက်လာသူ ဟုတ်မဟုတ်သေချာလို့လား။နှစ်ပေါင်းများစွာကြာပြီးမှယခုလိုရုတ်တရက် ပေါ်လာတာကမယုံနိုင်စရာကောင်းတဲ့ကိစ္စပဲ?...”

ခဏကြာတော့ တစ်စုံတစ်ယောက်ကလဲလိုက်ပြောသည်။

“ဟုတ်တယ် “

“ဒါ့အပြင် သူက အရမ်းငယ်သေးတယ်’’

…………

ထိပ်မှာထိုင်နေတဲ့ အဘိုးအိုက မျက်ခုံးပင့်ပြီး “ဘာကိုမယုံနိုင်စရာရှိလို့လဲ?!”

“မင်းတို့ကငါ့ကိုမယုံတာလား’’

“အဟွတ် အဟွတ် အဟွတ်!”

အဘိုးအိုသည် ခဏတာချောင်းဆိုးသွားသည်။

အောက်ခြေရှိလူများက အနည်းငယ် တုန်လှုပ်သွားပြီး “ငါတို့ အဲ့လိုမလုပ်ရဲပါဘူး” ဟု ကမန်းကတန်း ပြောလိုက်သည်။

“ဆရာကြီး၊ ကျေးဇူးပြုပြီး မင်းရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ပါ”

…………

အဘိုးအိုက “အဲ့ဆိုပြီးရော ပြီးတော့...ကိုတွေ့ဖို့ ငါ့နောက်လိုက်ခဲ့၊ မင်းတို့သူ့ကိုသံသယဖြစ်စရာ မလိုဘူး” !”

ဤစကားထွက်လာသည်နှင့်တပြိုင်နက်၊ အခင်းဖြစ်ပွားရာနေရာမှလေထုသည်ပိုမိုလေးလံလာသည်။

လူတိုင်းက မသိစိတ်ကနေခါးညွတ်လိုက်ပြီး တလေးတစားပြောလိုက်ကြသည်- “ဟုတ်ကဲ့!”

…………

လင်းဖန်သည် ဒါကို လုံးဝမသိပေ။

မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်တစ်နေ့မနက်က်ုရောက်လာလေသည်။

လင်းဖန်သည် ကျောင်းမတက်သည်မှာ ရက်အတော်ကြာနေပြီဖြစ်သည်။

ထို့ကြောင့်သူသည်မနက်စာစားပြီးတာနဲ့ လင်းဖန်က Cullinan(ကား)ဖြင့်ကျန်ပေ့တက္ကသိုလ်ဆီ တန်းတန်းမောင်းသွားလေသည်။

ရှောင်ပန်၊ရှောင်အန်း၊နင်ကျန်းကျန်း၊ဂျင်ချန်ကျူ၊လင်းချင်ကျူတို့သည် ၎င်းတို့အတွက် မည်သည့်အခါမျှ စိတ်ပူရန်မလိုအပ်ပုံရသည်။

ဆရာ မရှိရင်တောင် သူတို့သည်စာအုပ်များကိုဖတ်ပြီးသူတို့ ပြဿနာများကို ဖြေရှင်းနေတုန်းပင်ဖြစ်သည်။

လင်းဖန်ရုံးခန်းထဲကို ဝင်လာတာကိုကြောင် ရှောင်ဘိုင်ကအရင်တွေ့လိုက်လေသည်။။

“မြောင်!”

“သခင်၊ နောက်ဆုံးတော့ မင်းဒီကိုရောက်ပြီ!”

စိတ်လှုပ်ရှားစွာ အော်ဟစ်ပြီးနောက် ကြောင် ရှောင်ဘိုင်သည် ဟော့ကျောက်ဝူ ၏ ပုခုံးပေါ်မှ တိုက်ရိုက်ခုန်ဆင်းကာ လင်းဖန် ၏ ခြေဖဝါးဆီသို့လာပြီးပွတ်သပ်နေခဲ့သည်။

သူ့ပါးစပ်ထဲတွင် ညည်းညူသံတစ်ခု ထွက်ပေါ်လာသည်။

“သခင်၊ ငါ မင်းကို အမြဲလွမ်းနေတာ”

“အရသာရှိတာတစ်ခုခုပေးလို့ရမလား”

လင်းဖန် က ပြုံးပြီး ကြောင်ဂှောင်ဘိုင်ရဲ့ ခေါင်းကို ကိုင်လိုက်ပြီး “ကောင်းပြီ မင်းအတွက် အရသာရှိတာပေးမယ်။”

စကားပြောနေစဉ်တွင် သူသည် အမဲသားကြောင်စာကောင်းတစ်ထုပ်ကို ထုတ်ကာ ကြောင် ရှောင်ဘိုင်ရှေ့တွင် ထားလိုက်သည်။

ကြောင် ရှောင်ဘိုင်ကအစာကိုစားအဆက်မပြတ်ချီးကျုးနေသည်။

“အရသာရှိတယ်၊ အရမ်းအရသာရှိတယ်!”

“ကျေးဇူးတင်ပါတယ် သခင်”

ကြောင် ရှောင်ဘိုင်၏ အပြုအမူနှင့် အသံသည်ဟော့ကျောက်ဝူ ၏ အာရုံကို လျင်မြန်စွာ စွဲဆောင်သွားသည်။

“ပါမောက္ခလင်း!” ဟော့ကျောက်ဝူ က ခေါ်လိုက်သည်။

ပြီးတာနဲ့ ချက်ချင်းပဲရှောင်ပန်၊ရှောင်အန်း၊နင်ကျန်းကျန်း၊ဂျင်ချန်ကျူ၊လင်းချင်ကျူတို့သည် စာဖတ်ခြင်းကို ရပ်လိုက်ကြပြီး လင်းဖန်အား ကြည့်လိုက်ကြသည်။

ကျောင်းသားတော်တော်များများက တစ်ချိန်တည်းမှာ သူ့ကိုကြည့်လိုက်သောကြောင့်

လင်းဖန်သည် ဆရာ့တာဝန်ကို မကျေပွန်ခဲ့ဟု ခံစားခဲ့ရကာသူ့မျက်နှာမှာ အနည်းငယ်နီမြန်းသွားလေသည်။

ရှောက်ပန်နှင့် ရှောင်အန်း သည် သူတို့၏ ကျောပိုးအိတ်ထဲမှ အလတ်စ့်တစ်ပုလင်းစီကို စိတ်လှုပ်ရှားစွာ ထုတ်ယူပြီး လင်းဖန်ကို ပေးလိုက်သည်။

လင်းဖန်သည် တုံ့ပြန်လိုက်ပြီး ပလတ်စ့်ပုလင်းနှစ်လုံးကိုဖွင့်ကာတစ်ငုံစီ သောက်လိုက်သည်။

ထိုအချိန်တွင်ဟော့ကျောက်ဝူ သည် လင်းဖန်ထံသို့လာပြီး “ပါမောက္ခ လင်း၊ ဟွာအုပ်စု သည် ကမ္ဘာတစ်ဝှမ်းရှိ ဂိမ်းဦးထုပ်ကစားသမား အယောက် 100 ကို ခေါ်ယူနေကြောင်း ကြားသိခဲ့ရတယ်။ဒါကျွန်တော်သွားလို့ရမလား”

ဒီလိုပြောတဲ့အခါဟော့ကျောက်ဝူ ရဲ့ မျက်နှာဟာ မျှော်လင့်ချက်အပြည့်နဲ့ဖြစ်နေသည်။

မနေ့က သတင်းကိုမြင်တော့ သူသည်ရင်တွေခုန်လွန်းတာကြောင့်တညလုံး အိပ်မပျော်ခဲ့ပေ။

လင်းဖန်က “မင်းကစားချင်သွားကစားလေ’’

“အရမ်းကောင်းတယ်!”

ဟော့ကျောက်ဝူက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး လင်းဖန်ကို ပွေ့ဖက်ရန် လက်နှစ်ဖက်ကို မြောက်လိုက်လေသည်။

သို့သော် လင်းဖန်သည် ဘေးသို့ အလျင်အမြန် ရှောင်ထွက်သွားသည်။

“ငါ့ရဲ့စိတ်က ပုံမှန်ပဲ!”

ဒီစကားတွေကြားတော့ ဟော့ကျောက်ဝူကအနည်းငယ်ရှက်သွားပြီး”ကျေးဇူးတင်ပါတယ် ပါမောက္ခလင်း။”ဟုဆိုလိုက်သည်။

လင်းဖန်သည် ခေါင်းညိတ်ကာ လက်ဖက်ရည်အိုးလုပ်ရန် တွေးပြီးနောက်လက်ဖက်ရည်လုပ်လိုက်တော့သည်။

မွှေးကြိုင်သောလီချမ်လက်ဖက်ရည်သောက်ပြီးနောက် လင်းဖန်၏တစ်ကိုယ်လုံး လန်းဆန်းသွားခဲ့သည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း မင်းနားမလည်တဲ့ ပြဿနာတစ်ခုခုကိုကြုံသေးလား။” လင်းဖန်က မေးသည်။

ဟော့ကျောက်ဝူက ဂုဏ်ယူစွာနဲ့ “ပါမောက္ခ လင်း၊ ကြည့်ပေးပါအုံးငါ့ရဲ့ ဒုတိယမေးခွန်းအတွက် အဖြေက ဘယ်လိုလဲ။”

စကားပြောနေစဉ်တွင် စာရွက်ကြမ်းတစ်အုပ်ကို လင်းဖန်ထံပေးအပ်လိုက်သည်။

လင်းဖန်သည် ၎င်းကို အမြန်လှန်လိုက်ပြီး စက္ကန့်အနည်းငယ်အကြာတွင် “လုပ်ငန်းစဉ်က နည်းနည်းရှုပ်ထွေးပေမယ့် အဖြေကမှန်ပါတယ်၊မင်းက မဆိုးဘူးပဲ!”

ဒါကိုကြားတော့ဟော့ကျောက်ဝူသည်အရမ်းပျော်သွားလေသည်။

လင်းချင်ကျူက “မင်းဘာတွေဂုဏ်ယူနေတာလဲ။ ရှောင်ပန် နဲ့ ရှောင်အန်းတို့ က မင်းထက် တစ်ရက်စောပြီး ဒုတိယနည်းကိုဖြေပြီးသွားတာလေ”

လင်းဖန်သည်ဒါကို ကြားလိုက်သောအခါ သူ့မျက်လုံးများ အနည်းငယ် တောက်ပလာပြီး ရှောင်ပန်နှင့် ရှောင်အန်းတို့ ၏ ကွန်ပျူတာများကို ကြည့်လိုက်သည် ။

အခုဆိုသူမတို့ရဲ့ ကွန်ပျူတာ မျက်နှာပြင်ဟာ တတိယအဆင့်ကဒေတာတွေနဲ့ပြည့်နေသည်။

သူမတျု့သည်ဒုတိယအဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်မှာ ထင်ရှားသည်။

လင်းဖန်က ခေါင်းညိတ်ပြီး “ရှောင်ပန်၊ရှောင်အန်၊ နင်တို့ ကောင်းကောင်းလုပ်ခဲ့တာပဲ!”

ဒါဟာ ရိုးရှင်းတဲ့ ချီးကျူးမှုတစ်ခုပင်ဖြစ်သည်။

သို့သော် ရှောင်ပန်နှင့် ရှောင်အန်းတို့သည် သကြားလုံးကိုစားလိုက်ရသလိုမျိုးသူမတို့၏ လှပသော မျက်နှာများသည်အပျော်များနှင့် ပြည့်နှက်နေသည်။

ဒါကိုကြည့်ရင်းသူမတို့ဘေးနားရှိ လင်းချင်ကျူက မနေနိုင်ဘဲ ခေါင်းကို တိတ်တဆိတ် ခါလိုက်သည်။

ဟော့ကျောက်ဝူ က “ဘာပဲဖြစ်ဖြစ်ငါကဒုတိယမေးခွန်းကို ဖြေပြီးသွားတာပဲလေ”

လင်းချင်ကျူ က “ငါလည်း နီးနေပြီ။”

နှစ်နာရီအကြာတွင် သူမသည် စာရွက်ကြမ်းတစ်အုပ်ကိုယူကာ လင်းဖန်ထံသို့ ရောက်လာသည်။

လင်းဖန် က မြန်မြန်လှန်ပြီး “ဒါက အဖြေကောင်းပဲ၊ တတိယမေးခွန်းကို ဆက်ဖြေပါ” လို့ ပြောလိုက်သည်။

နင်းကျန်းကျန်းနှင့် ဂျင်ချန်ကျူတို့သည် ဒုတိယမေးခွန်းကို မဖြေနိုင်ကြသေးပေ။ထျု့ကြောင့်သူတို့သည်သူ့ထက်ငါအရင်ဖြေနိုင်ဖို့ပြင်းပြင်းထန်ထန်ကြိုးစားနေလေသည်။

လူတိုင်းသည် သူ့ထက်ငါအရင်ပြီးဖို့သာစိတ်အားထက်သန်နေကြသည်။

လင်းဖန်သည် သူဌေးကုလားထိုင်ပေါ်တွင်သာထိုင်နေပြီး ဂိမ်းများကို ကစားနေသည်။

…………

မကြာမီကျောင်းဆင်းသွားတော့သည်။

ရှောင်ပန်၊ ရှောင်အန်း နှင့်လင်းချင်ကျူ တို့သည်အိပ့်ဆောင်ဆီသို့ လျှောက်လာကြသည်။

လင်းချင်ကျူက “ရှောင်ပန်၊ရှောင်အန်းနင်တို့ကပရော်ဖက်ဆာလင်းရဲ့ လေးနက်တဲ့ အသိပညာတွေအပြင် တစ်ခြားဘာတွေကို မင်းတို့ ကြိုက်သေးလဲ?”

လင်းချင်ကျူသည် ရှောင်ပန် နှင့် ရှောင်အန်းတို့သည် အတန်းဖော်နှင့် သူငယ်ချင်းများဖြစ်သည်ဟု ဆိုနိုင်သည်။

သူအခုလိုလုပ်နေရသည်ဆိုမှာလင်းဖန်တွင်က ရည်းစားရှိနေလို့ပင်ဖြစ်သည်။သူမတို့လင်းဖန်ကိုမကြိုက်အောင်သူမကနည်းအမျိုးမျိုးသုံးနေရသည်။

ရှောင်ပန် နှင့် ရှောင်အန်းတို့ ပြန်မဖြေကြသေးအချိန်တွင်အဝေးက​ဘတ်စကတ်ဘောကွင်းကနေဘတ်စကတ်ဘောကစားသံများကိုကြားနေရသည်။

ယောက်ျားလေးတစ်ယောက်က ဘတ်စကတ်ဘောကိုခြင်းတောင်းထဲပစ်ရာလက်ချော်ပြီးစည်းအပြင်ကိုမတော်တဆ ပစ်လိုက်မိသည်။

ထိုအချိန်တွင် လင်းဖန်သည် ဖြတ်သွားသည်နှင့်ဆုံးကာသူ့ကိုထိတော့မည်ဖြစ်သောကြောင့်သူသည် ဘတ်စကတ်ဘောကို ဖမ်းလိုက်သည်။

ကောင်လေးက “သူငယ်ချင်း၊ ကျေးဇူးပြုပြီး ဘတ်စကတ်ဘောကို ပစ်ပေးပါအုံး”ဟုဆိုလိုက်သည်။

လင်းဖန်သည် လုံးဝလှည့်မကြည့်ဘဲ လွှင့်ပစ်ပြီးထွက်သွားလေသည်။

ဘတ်စကတ်ဘောသည် လေထဲတွင် လှပစွာပျံဝဲကာအဆုံးတွင် ခြင်းတောင်းထဲသို့ ကျသွားလေသည်။

ဘတ်စကတ်ဘောကွင်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။

လင်းချင်ကျူ ၏ မျက်လုံးများ ပြူးကျယ်သွားကာ သူမ မထိန်းနိုင်ဘဲ “အရမ်းလှတာပဲ!”ဟုပြောလိုက်သည်။

ရှောင်ပန်နှင့် ရှောင်အန်းတို့၏လှပသော မျက်လုံးများသည်လင်းဖန်ထွက်ခွာသွားရာနေရာကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကြသည်။

All Chapters