မှော်မြို့သို့ရောက်ခြင်း
Vol. 30 Ch. 443
နောက်ရက်အနည်းငယ်အတွင်းမိုးရွာဘေသည်။
မိုးရွာသော်လည်းလင်းဖန်သည် နေ့တိုင်း ကျောင်းကို အချိန်မှန်သွားလေသည်။
လင်းဖန် ၏အကူအညီဖြင့် နင်းကျန်းကျန်း နှင့် ဂျင်ချန်ကျူ တို့သည် ဒုတိယမေးခွန်းကိုဖြေရှင်းနိုင်ခဲ့သည်။
တတိယမေးခွန်းကိုတော့ဘယ်သူမှဖြေဆိုနိုင်ခြင်းမရှိသေးပေ။
ဘာကြောင့်လဲ ဆိုတော့ တတိယမေးခွန်းရဲ့ အခက်အခဲက ပထမမေးခွန်းနဲ့ ဒုတိယမေးခွန်းပေါင်းစပ်ထားတာထက်တောင်ပိုရှုပ်ထွေးပြီးခက်ခဲသောကြောင့်ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ပိတ်ရက်လို့ရောက်လာသည်။
လင်းဖန်သည်ပြတင်းပေါက်ကို တွန်းဖွင့်လိုက်တော့ စူးရှတဲ့ နေရောင်ခြည်နဲ့ငှပ်ကလေးများ၏စကားပြောသံကိုချက်ချင်းကြားလိုက်ရသည်။
“မိုးမရွာတော့ဘူးပဲ”
“အင်းဆက်တွေကအရမ်းအရသာရှိတယ်!”
“ငါကသုံးကောင်တောင်စားပြီးပြီ”
“ငါလဲစားပြီးပြီ!”
......
လင်းဖန်သည်ငှက်ကလေးများ၏ပြောစကားကိုကြားပြီးနောက် ပြုံးပြီး ခေါင်းခါလိုက်သည်။ထို့နောက်လင်းဖန်သည် ဆိုဖာပေါ်တွင် ထိုင်ကာ ဖုန်းသုံးနေလိုက်သည်။
ထိုအချိန်တွင် သူ့မျက်လုံးထဲတွင်သတင်းတစ်ခု ထွက်ပေါ်လာသည်။
“ပထမတန်းတွမ်စန်အိမ်.....”
ဤသတင်းကိုမြင်ပြီးနောက် လင်းဖန်သည် ကျူရီရှောင်ကို မစဉ်းစားပဲမနေနိုင်ချေ။
ထို့နောက်သူကပါးစပ်ကနေရေရွတ်လိုက်လေသည်။ “ငါ သူမကို မတွေ့တာကြာပြီပဲ၊ဘာပဲဖြစ်ဖြစ် ဒီနေ့ ဘာမှလုပ်စရာမရှိဘူးဆိုတော့သူမစီသွားမယ်!”
လင်းဖန်သည် Cullinan(ကား)ကို လေဆိပ်သို့ တိုက်ရိုက်မောင်းနှင်ပြီး မှော်မြို့သို့သွားရတ်ပထမတန်းလေယာဉ်လက်မှတ်ကို ဝယ်လိုက်သည်။
လေယာဉ်ပေါ်တွင် နှစ်နာရီကြာ အိပ်ပြီးနောက် လင်းဖန်သည်မှော်မြို့သို့ ရောက်ရှိလာခဲ့သည်။
ထို့နောက်လင်းဖန်သည် တက္ကစီစီးကာဂိုဘယ်လးအဆောက်အအုံကို ရောက်လာလေသည်။
လင်းဖန်က ဒီကို အကြိမ်ပေါင်းများစွာ ရောက်ဖူးပြီးဒီအဆောက်အအုံလဲသူ့အပိုင်ဖြစ်သည်။
သို့သော်လည်း ယခုအခါ ဂိုဘယ် အဆောက်အအုံကြီး၏ ခမ်းနားထည်ဝါသောပုံစံကိုတွေ့တော့မအံ့သြပဲမနေနိုင်ပေ။
ထို့နောက် လင်းဖန်သည် 78 ထပ်သို့ ဓာတ်လှေကားဖြင့် တက်လာခဲ့သည်။
78ရုံးခန်းထဲမှာ ...၀တ်စုံဝတ်ထားတဲ့ အလုပ်သမားတွေ အားလုံးကသူတို့လုပ်စရာရှိတာကိုအလျင်စလိုလုပ်နေကြသည်။
အခုလိုပုံစံဖြင့်နေသည်မှာသူတို့အားလုံး အရမ်းအလုပ်များနေလို့ပင်ဖြစ်သည်။
အခြားရှုထောင့်မှကြည့်လျှင် ကုမ္ပဏီ၏လုပ်ငန်းသည် အလွန်ကောင်းမွန်သည်။
ဒါပေမယ့် ဒါကလည်း ပုံမှန်ပင်ဖြစ်သည်။
သိရန် ဤနေရာတွင် ရုံးခန်းအဆောက် အအုံများ ငှားရမ်းသည့် ကုမ္ပဏီများသည်ကျူရီရှောင်၏ကုမ္ပဏီတွင်ရင်းနှီးမြှပ်နှံကြသည်။ဘာလို့ဆိုပထမအချက်လင်းဖန်သည်အဆောက်အဦးပိုင်ရှင်ဖြစ်သည်။ဒုတိယအချက်ကတော့ကျူရီရှောင်တို့၏ကုမ္ပဏီသည်အလားအလာအလွန်ကောင်းသောကြောင့်ဖြစ်သည်။
ထိုအချိန်တွင် ညီအစ်မလူသည် စာရွက်စာတမ်းအမြောက်အမြားကိုင်ကာလာလေသည်။
လင်းဖန်ကိုတွေ့ပြီးနောက် သူမအံ့သြသွားသည်- “လင်းဖန်၊ မင်းဘယ်ကနေလာတာလဲ။”
“မင်းက ရီရှောင်ကို လာရှာတာလား။ဒါဆိုနင်ကိုစိတ်မကောင်းဘူးပဲပြောရမယ်။ဘာလို့ဆိုရီရှောင်ကအလုပ်ကိစ္စနဲ့ ခရီးထွက်နေတာမို့ပါ။”
လင်းဖန်က အံ့အားသင့်သွားပြီး “သူမအလုပ်ကိစ္စနဲ့ ခရီးထွက်နေတာလား။”
သူက ကျူရီရှောင်ကိုအံ့သြစေချင်သောကြောင့်ကြိုမပြောပဲလာခြင်းဖြစ်သည်။
အခုက...ဘယ်လိုလဲ
ညီအစ်မ လူက “ဟုတ်တယ်၊ ဒါပေမယ့်နင် မနက်ဖြန်ပြန်လာကြည့်လေ’’
မနက်ဖြန် ပြန်လာရမှာလား
လင်းဖန်က သက်ပြင်းတစ်ချက်ချကာ “ကောင်းပြီ ဒါဆို မနက်ဖြန် ငါပြန်လာခဲ့မယ်” လို့ပြောလိုက်သည်။
ထို့နောက်လင်းဖန် သည် ဂိုဘယ်အဆောက်အအုံ တွင် အချိန်အတော်ကြာအောင် မနေခဲ့ပေ။
ထို့နောက်လင်းဖန်သည်မှော်မြို့ရှိလမ်းမတွင်လျှောက်သွားနေလေသည်။ထိုအချိန်တွင် သရေယိုစရာမွှေးရနံ့တစ်ခုကိုသူရလိုက်လေသည်။
မီယန်လို ဟုခေါ်သော စားသောက်ဆိုင်တစ်ခုသို့ သူ မသိလိုက်ဘဲ ရောက်လာခဲ့ခြင်းဖြစ်ပေသည်။
လင်းဖန်သည်ဒီဆိုင်တွင်တခါမှ မစားဖူးပေ။
သို့သော် သူသည် နာမည်ကိုတော့ကြားဖူးလေသည်။
အဘယ်ကြောင့်ဆိုသော် ဤစားသောက်ဆိုင်သည် မှော်မြို့တွင် အရှည်ကြာဆုံး သမိုင်းကြောင်းရှိသည့် စားသောက်ဆိုင်ဖြစ်ပြီး ၎င်းသည် အလွန်ကျော်ကြားသောကြောင့် ဖြစ်သည်။
လင်ဖန်းသည် လေထဲတွင် ရနံ့များကို ရှူရှိုက်ရင်း ဗိုက်ကဆာလာတော့သည်။
“လင်းဖန်?”
သူ့နောက်တွင် ကြညိလင်ပြတ်သားသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
လင်းဖန်သည် လှည့်ကြည့်လိုက်ရာ သူ့မျက်နှာပေါ်တွင်အံ့သြသွားသညိ့အမူအရာတစ်ခုပေါ်လာသည်။ဘာလို့ဆိုသူသည်လှပသောအမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်သောကြောင့်ဖြစ်သည်။
“ဝမ်းကွဲ!”
မှန်တယ်!
သူမသည် လင်းဖန်၏ဝမ်းကွဲ... ကျောက်တီ ဖြစ်သည်။
ဟိုးအရင်တုန်းက လင်းဖန်သည် ကျောက်တီ က မှော်မြို့ မှာ အလုပ်လုပ်နေတယ်လို့ ကြားသည်။အခုတော့အမှန်ဖြစ်ပုံရသည်။
ကျောက်တီက “ရှောင်ဖန် ၊ မင်းဘယ်တုန်းက မှော်မြို့ကို ရောက်တာလဲ။မင်းလာတာငါ့ကိုလဲ မပြောဘူး”
လင်းဖန်က “ငါ ဒီနေ့ပဲ ရောက်တာ၊ပြီးတော့ဝမ်းကွဲကိုဆက်သွယ်ဖို့ကလဲဝမ်းကွဲရဲ့နံပါတ်မှမသိတာ”
“အော်...ဒါဆိုဒီလိုပေါ့! ဒီနေ့ မင်းကို ငါထမင်းလိုက်ကျွေးမယ်!” ကျောက်တီက ဝမ်းသာအားရ ပြောလိုက်သည်။
ထို့နောက် သူမသည် မီယန်လိုကို လက်ညှိုးထိုးပြပြီး “ဒီနေ့ ဒီမှာ အတန်းပြန်ဆုံပွဲ ကျင်းပမယ်လေ။မင်းမီယန်လိုကိုကြားဖူးတယ်မလား။ ဒီမှာရှိတဲ့အစားအသောက်တွေက အရမ်းအရသာရှိတယ်!”
သူမပြောပြီးတာနဲ့တံတွေးမမျိုချပဲမနေနိုင်ချေ
မူလက လင်းဖန်သည် ဝင်စားဖို့လုပ်နေပြီဖြစ်သည်။အခုသူဝမ်းကွဲဖိတ်ခေါ်တော့သူမငြင်းတော့ချေ။
မီယန်လိုထဲသို့ လျှောက်သွားရင်း နှစ်ယောက်သား စကားများပြောနေကြသည်။မကြာခင်မှာပဲခန်းမတစ်ခုထဲကိုရောက်လာလေသည်။
ခန်းမထဲတွင် အသက်နှစ်ဆယ်ကျော် လူငယ်အုပ်စုကြီးသည် စကားပြောနေကြသည်။
ကျောက်တီနှင့် လင်းဖန်တို့ရောက်လာသောအခါ အမျိုးသားတစ်ဦးက ပြုံးပြီး “အ! ဒါက ငါတို့အတန်းထဲက လှပပြီးချောမောတဲ်အမျိုးသမီး မဟုတ်ဘူးလား”
ထို့နောက် လူများစွာသည် ကျောပ်တီကို ကြည့်လိုက်ကြသည်။
ယင်းကြောင့် ....၏အဝတ်အစားကိုဝတ်ဆင်ထားသောရှောင်မီလီ အမည်ရှိအမျိုးသမီး၏မျက်နှာပေါ်တွင်မနှစ်မြို့ဖွယ်ကောင်းသောအမူအရာတစ်ခုပေါ်လာလေသည်။
ရှောင်မီလီကကျောက်တီဘေးမှာ လင်းဖန်ကိုတွေ့တော့ သူမရဲ့အမူအရာက အနည်းငယ်ပြောင်းသွားပြီး “ကျောက်တီ၊ ဒါက မင်းရဲ့ချစ်သူလား။ ငါတို့ကိုလဲမိတ်ဆက်ပေးပါအုံး။”
ကျောက်တီ၏အတန်းဖော်များကလည်း တစ်ယောက်ပြီးတစ်ယောက်လင်းဖန်က်ုမိတ်ဆက်ခိုင်းကြတော့သည်။
ကျောက်တီက ပြုံးပြီးပြောလိုက်သည်” မင်းတို့နားလည်မှုလွဲနေပြီ။ ဒါက ငါ့ချစ်သူမဟုတ်ဘူး၊ သူ့နာမည်က လင်းဖန်...ငါ့ဝမ်းကွဲပါ”
ဒါကိုကြားတော့ရှောင်မီလီ ၏ မျက်နှာပေါ်တွင် စိတ်ပျက်သွားသောအမူအရာများပေါ်လာသည်။
ဒီအချိန်မှာ အိမ်သာထဲဝင်သွားတဲ့ သူမရဲ့ချစ်သူက လမ်းလျှောက်ပြီးဝင်လာသည်။
ရှောင်မီလီသည် သူ့ရည်းစား၏လက်ကိုဆွဲကာ “ကျောက်တီရဲ့ဝမ်းကွဲလဲငါရဲ့ဝမ်းကွဲပါပဲ” ဟုပြောလိုက်သည်။
“လင်းဖန်၊ မင်းလည်း မှော်မြို့မှာ အလုပ်လာရှာတာလား။ မင်းအလုပ်ရှာတာမတွေ့ရင် ငါ့ကိုပြောလို့ရတယ်။”
“ငါ့ချစ်သူမှာ ကုမ္ပဏီပေါင်းများစွာရှိတယ်၊ သူနင့်ကိုကူညီပေးလိမ့်မယ်”