တော်ဝင်အခန်း
Vol. 30 Ch. 444
လင်းဖန်က “ဒါ..မလိုအပ်သေးပါဘူး။ကျနော်ကကျောင်းသားပဲရှိသေးတယ်”
ရှောင်မီလီက ရုတ်တရက် ပြောလိုက်သည်။’’ ဒါဆိုလဲဘွဲ့ရပြီးရင် ပိုကောင်းတဲ့အလုပ်တစ်ခုကိုရှာချင်ရင် မင်းငါ့ဆီလာနိုင်တယ်”
“မင်းက ကျောက်တီရဲ့ ဝမ်းကွဲဆိုတော့ငါ့ရဲ့ဝမ်းကွဲပဲပေါ့။”
ခေတ္တနားပြီးနောက် သူမက “စကားမစပ် ကျောက်တီမင်းက စက်ရုံတစ်ခုမှာအလုပ်လုပ်တယ်လို့ ငါကြားတယ်”
“စက်ရုံဆိုတာက ပညာမတတ်တဲ့ရွှေ့ပြောင်း အလုပ်သမားတွေ အလုပ်လုပ်တဲ့ နေရာပါ။ သူတို့အလုပ်ကအရမ်းပင်ပန်းတယ်လို့ကြားဖူးတယ်။နင်..ဒါဆိုလဲငါ့ချစ်သူရဲ့ကုမ္ပဏီမှာအလုပ်လုပ်လို့ရအောင်စီစဉ်ခိုင်းလိုက်မယ်”
ထို့နောက် ရှောင်မီလီကချစ်စနိုးလေသံဖြင့် “ ခိုင်ဂျန် ၊ ကျောက်တီအတွက် အလုပ်တစ်ခု စီစဉ်ပေးနိုင်မလား “
လီခိုင်ဂျန်က “ကျောက်တီက မင်းရဲ့အတန်းဖော်ဆိုတော့ငါစီစဉ်ပေးရတာပေါ့”
ကျောက်တီသည်ရှောင်မီလီပြောစကားကိုကြားသောအခါအရမ်းစိတ်မကောင်းဖြစ်သွားလေသည်။
ပညာမတတ်ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်လုပ်တဲ့ စက်ရုံတွေက ဘာကို ဆိုလိုတာလဲ။
သူမအလုပ်လုပ်တဲ့ စက်ရုံဟာ နောက်ဆုံးပေါ်ကိရိယာတွေကိုပရော်ဖက်ရှင်နယ်နည်းပညာဖြင့် ထိန်းချုပ်ရခြင်းဖြစ်သည်။
ကျောက်တီသည် အတန်းဖော်များစုဝေးကြသည့်နေရာတွင်အချင်းမများချင်သောကြောင့်”စက်ရုံက အရမ်းကောင်းတယ်လို့ ငါထင်တယ်။တက္ကသိုလ်မှာ သင်ခဲ့ရတဲ့ သင်ခန်းစာတွေကို စက်ရုံမှာပြန်အသုံးချလို့ရတယ်။”
သူမဘေးက ကျောင်းသားတွေကလဲလေထုက နည်းနည်းတော့ မှားနေတယ်လို့ ခံစားမိသောကြောင့် “လူတိုင်း ရောက်ပြီဆိုတော့မြန်မြန်စားစရာတွေက်ုမှာလိုက်ကြရအောင်!”
“ဟုတ်တယ်...မီယန်လိုရဲ့နာမည်ကို ငါကြားဖူးနေတာကြာပြီ။ တစ်ခါမှမစားဖူးသေးဘူး...ဒီနေ့စားရမယ်ဆိုတော့ပျော်လိုက်တာ....”
“ငါရောပဲ........’’
…………
အမျိုးသားတစ်ဦးက “ဒါက ရှောင်မီလီချစ်သူရဲ့ကျေးဇူးကြောင့်ပဲ၊ မဟုတ်ရင် ဒီမှာ ဆုံပြီးစားဖို့ ဘယ်လိုအခွင့်အရေးရှိနိုင်မှာလဲ”
ဒီစကားက မှန်လေသည်။
လူအများစုသည် ညစာစားရန် မီယန်လိုသို့ လာချင်ရင်အနည်းဆုံး တစ်လခန့် ချိန်းဆိုထားရမည်ဖြစ်သည်။
လီခိုင်ဂျန်သည် မိသားစုဆက်ဆံရေးအချို့ကို အသုံးပြုကာ နေရာတစ်ခုကို အောင်မြင်စွာရယူနိုင့်ခဲ့သည်။
လီခိုင်ဂျန် က ပြုံးပြီးပြောလိုက်သည်။”ဒါကဘာမှမဟုတ်တဲ့ကိစ္စသေးသေးလေးတစ်ခုပါ။အားလုံးပဲငါ့ကိုအားနာစရာမလိုဘူး မင်းတို့စားချင်တာကိုမှာလိုက်ပါ။ဒီနေ့ မင်းတို့စားထားတာမှန်သမျှအားလုံးငါပေးချေမယ်။”
လူတိုင်းကရှောင်မီလီကိုကျီးချူးကြတော့သည်။
“ရှောင်မီလီနင့်ရည်းစားက အရမ်းကောင်းတာပဲ!”
“ဟုတ်တယ်...နင်ရည်းစားရကံကောင်းလိုက်တာ...”
…………
သူဆို့ပြောစကားကိုကြားတော့ရှောင်မီလီ ၏ မျက်နှာသည် အပြုံးများ ပြည့်နှက်နေပြီး ကျောက်တီကို ကြည့်လိုက်သည်။
…………
ပြီးနောက်လူတိုင်း စကားစမြည်ပြောနေကြတဲ့အခါအနောက်တိုင်း၀တ်စုံနှင့် သားရေဖိနပ်စီးထားတဲ့လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကိုမြင်သောအခါ ဆိုင်ဝန်ထမ်းတွေက ငုံ့ပြီး “မင်္ဂလာပါ မစ္စတာဝမ်” ဟု လေးလေးစားစား နှုတ်ဆက်လိုက်ကြသည်။
မစ္စတာဝမ်ဆိုသူက သူ့တို့စကားကို နားမထောင်ဘဲ သူ့ဘာသာသူ ရှေ့ကို လျှောက်သွားလိုက်သည်။
ခေါင်းကို လှည့်ပြီးကြည့်လိုက်တော့ လင်းဖန်ကို မတော်တဆ တွေ့လိုက်ရသည်။
အထူးသဖြင့် လင်းဖန်၏လက်မပေါ်ရှိနဂါးပုံသဏ္ဍာန်လက်စွပ်ကို မြင်သောအခါသူ့နှလုံးတစ်ခုလုံး ရုတ်တရက်ခုန်သွားလေသည်။ချင်ဟိုမတ်ဂိုဏ်း၏ဘိုးဘေးအထောပ်အထားလက်စွပ်...။
မစ္စတာဝမ်သည် ရှေ့သို့ လှမ်းကာ လေးစားစွာ နှုတ်ဆက်တော့မလိုလုပ်လိုက်သည်။
သို့သော် မကြာမီ သူ မှားနေတယ်ဆိုတာကိုသိလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ချင်ဟိုမန်ဂိုဏ်း၏ဘိုးဘေးများလက္ခဏာသည် အသေးအဖွဲမဟုတ်ပေ။သူသည်ဒီလိုလူမျိုးနဲ့တိုက်ရိုက်တွေ့ဆုံနိုင်ခြင်းမရှိပေ။
ခဏလောက်စဉ်းစားပြီးနောက် မစ္စတာဝမ်က ဧည့်ခန်းမန်နေဂျာကိုခေါ်ပြီး “ဟိုမှာရှိတဲ့လူတွေကိုတော်ဝင်အခန်းစီခေါ်သွားပါ” လို့ပြောလိုက်သည်။
“ဒါ့အပြင်၊ စျေးအကြီးဆုံးဝိုင်တွေနဲ့ အရသာရှိတာတွေအားလုံးကို ပို့ပေးလိုက်ပါ။ “
ဧည့်ခန်းမန်နေဂျာသည် ချက်ချင်းပင် အံ့အားသင့်သွားသည်။
စျေးကြီးသောဝိုင်နှင့် အရသာရှိသော အစားအစာများ ပေးပို့ခြင်းသည် ကြီးကြီးမားမား ကိစ္စမဟုတ်ပေ။
မီယန်လိုသည် အကောင်ကြီးကြီးတစ်ချို့ကို လက်ခံရသောအခါအခန်းတစ်ခုကိုဘက်ခံရသည်။ထိုအခန်းသည်အထူးအခန်းသာဖြစ်သည်။
တော်ဝင်အခန်းသည်မီယန်လိုစတည်ကတည်းကတစ်ခါမှမဖွင့်ဖူးသောအခန်းဖြစ်သည်။
မစ္စတာဝမ်သည်လင်းဖန်လက်ထဲရှိနဂါးပုံသဏ္ဍာန်လက်စွပ်ကို အဝေးက လှမ်းကြည့်လိုက်သည်။
ထို့နောက် အပြင်ဘက်သို့ အမြန်လျှောက်လာခဲ့သည်။
…………
ရှောင်မီလီ၊လီခိုင်ဂျန်နှင့် အခြားသူများသည်စားပွဲဝိုင်းတွင် စကာ “ ဧည့်သည်တော် မင်းတို့အတွက်တော်ဝင်အခန်းကို ပြင်ထားပြီးပါပြီ၊ ကျေးဇူးပြုပြီး အထဲကို ဝင်လို့ရပါပြီ”လို့ဆိုလိုက်သည်။
အားလုံးက ခဏတာ ထိတ်လန့်သွားကြသည်။
ရှောင်မီလီ က ‘’ခိုင်ဂျန်မင်းက အရမ်းအံ့သြစရာကောင်းတာပဲ၊မင်းက ငါတို့အတွက်အခန်းတစ်ခုကိုတောင်ချိန်းထားပေးတာပဲ”
စကားပြောနေစဉ်တွင် သူမခန္ဓာကိုယ်ရှိယုန်နှစ်ကောင်ဖြစ် လီဂျန်ခိုင်ကို ပွတ်သပ်လိုက်သည်။
တကယ်တန်းတွင်တော်ဝင်အခန်းသို့ လာရန်ဧည့်ခန်းမန်နေဂျာက ပြောသောအခါလီခိုင်ဂျန်လည်း ထိတ်လန့်သွားသည်။
မီယန်လိုရှိ အခန်တစ်လုံးကို ဘွတ်ကင်လုပ်ရန် မည်မျှခက်ခဲသည်ကး
ဧည့်ခန်းမန်နေဂျာက “လေးစားရပါသော ဧည့်သည်များ ခေတ္တအနားယူပါ။ အစားအသောက်တွေကို မကြာမီ ပို့ဆောင်ပေးပါမည်။”
စကားပြောပြီးနောက် အပြင်သို့ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
လူတိုင်းသည် အသံတိုးတိုးဖြင့် ပြောနေလိုက်သည်။
“ဒီအခန်းက အရမ်းထူးခြားတယ်။”
“ကြည့်စမ်း... နံရံပေါ်က ပုဇွန်ပန်းချီကားမှာ ကျူဘီရှီရဲ့ နာမည်ကို ရေးထားတယ် ဒါက ကျူဘီရှီရဲ့ တကယ့်လက်ရာမဟုတ်ဘူးလား။”
“ဒီ...စာအုပ်လည်း ရှိတယ်။ဒါ ကစာရေးဆရာကြီး ဝူချမ်ချိုရေးတဲ့မူရင်းစာအုပ်ဖြစ်မယ်ထင်တယ်”
“ဟေ့! ဒါတွေက အစစ်တွေမဟုတ်ဘူးမလား”
လူတိုင်းသည် ပန်းချီကားများနှင့် စာအုပ်များကို ကြည့်ရှုကြပြီး အားလုံးက လီခိုင်ဂျန် အား စိုက်ကြည့်အစစ်လား၊အတုလားမေးလိုက်ကြသည်။
လူတိုင်း၏အမြင်တွင် လီခိုင်ဂျန်၏မိသားစုသည် ကုမ္ပဏီများစွာကို ဖွင့်လှစ်ထားသောကြောင့် အသိပညာအမြောက်အမြားရှိမည်ဖြစ်သည်။
ထို့အပြင် ဤအခန်းကိုလည်း သူ့ငှားထားသောကြောင့်အချို့အရာများကို သူသိမည်မှာသေချာသည်။
ရှောင်မီလီက “ခိုင်ဂျန် ဒီလက်ရေးလှနဲ့ ပန်းချီတွေက အစစ်တွေလား” ဟု မေးလိုက်သည်။
တကယ်တော့ လီခိုင်ဂျန်သည် ဤလက်ရေးလှနှင့် ပန်းချီကားများကို မြင်သောအခါ အံ့အားသင့်သွားသည်။
ယခုအချိန်တွင် ရှောင်မီလီ၏အသံကိုကြားပြီးနောက် သူသည် တည်ငြိမ်ဟန်ဆောင်ပြီး ပြုံးကာ “ဒါတွေက အစစ်မှန်တွေမဟုတ်ပါဘူး၊ ဒါတွေကမူရင်းကိုအတုယူထားတာပါ။”
“ဒီလိုမူရင်းများသည် သန်းရာနဲ့ချီပြီး တန်ကြေးရှိသည်။မီယန်လိုတောင်မှ အဲဒါကို ပေါ့ပေါ့တန်တန် ပြဝံ့မှာမဟုတ်ဘူး။”ဟုဆိုလိုက်သည်။