ထွက်သွား
Vol. 30 Ch. 445
လူတိုင်းသည် ကျိုးကြောင်းဆီလျော်သည်ဟုခံစားကြရသောကြောင့်လီခိုင်ဂျန်ပြောတာကို သဘောတူကြပြီး ချီးမွမ်းလိုက်ကြသည်။
“ရှောင်မီလီနင့်ရဲ့ကောင်လေးကဗဟုသုတအတော်ရှိတာပဲ’’
“ဟုတ်တယ်....အားကျလိုက်တာရှောင်မီလီရယ်။’’
“ဟုတ်တယ်..ငါလဲရှောင်မီလီရဲ့ကောင်လေးလိုမျိုးကိုလိုချင်လိုက်တာ’’
...
ရှောင်မီလီ သည် လူတိုင်း၏ ချီးကျူးမှုကို နားထောင်လိုက်ရာ သူမတစ်ကိုယ်လုံးသည် လီခိုင်ဂျန် ၏ ရင်ခွင်ထဲသို့ဝင်ကာဂုဏ်ယူသောလေသံဖြင့် “ ခိုင်ဂျန် မင်းက အရမ်းတော်တာပဲ!”
လီခိုင်ဂျန် က ရယ်ပြီး “အခုပြောဖို့ကစောလွန်းသေးတယ်။ညကျမှပြောရင်ပိုမကောင်းဘူးလား.....။”
ရှောင်မီလီသည် လီခိုင်ဂျန်၏ပခုံးကို အသာအယာရိုက်လိုက်ပြီး “လူဆိုးကြီး၊လူဆိုးကြီး...”ဟုဆိုလိုက်သည်။
သူမ၏အမူအရာက်ုကြည့်ရင်းလီခိုင်ဂျန်ကလူယုတ်မာအပြုံးပြုံးလိုက်သည်။
ထိုအချိန်တွင် အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသည်။
ထို့နောက် ဩစတြေးလျပုဇွန်ကင်၊ မြွေစွပ်ပြုတ်၊ ငှက်သိုက်၊ M9 အမဲသားကင်....၊လီယန်ဝိုင်၊လီဖန်1993၊မူတန်1992.....
စျေးကြီးသော ဟင်းမျိုးစုံနှင့် တန်ဖိုးကြီးအရက်၊ဝိုင်အမျိုးမျိုးတို့ကို တစ်ခုပြီးတစ်ခု ယူဆောင်လာခဲ့သည်။
ဒါကိုကြည့်ရင်းလီခိုင်ဂျန်အပါအဝင် လူတိုင်းက ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး မျက်နှာတွေ မှာအံ့သြသောအမူအရာနှင့်ပြည့်နှက်နေကြသည်။
လီခိုင်ဂျန်က “စားပွဲထိုး၊ မင်း မှားပြီးလာပို့တာလား။ ဒီအစားအစာနဲ့ ဝိုင်တွေကို ငါတို့ မှာထားတာ မဟုတ်ဘူး” လို့ ပြောလိုက်သည်။
သိသင့်တယ်ဒါက မီယန်လိုဆိုတာ။
ဒီမှာ ဟင်းပွဲတွေက အရသာရှိပေမယ့် တခြားနေရာတွေထက် ဈေးပိုကြီးသည်။
ဟင်းပွဲ တစ်ခုတည်းက 100,000 ထက် ပိုကုန်မှာ ကြောက်သည်။
ဒီဝိုင်တွေဆိုရင်... ဘယ်ပုလင်းမဆို 100,000 ထက်မှာရှိသည်။
ဤအစားအစာအားလုံးကိုသာတွက်ရရင်သန်းဆယ်နှင့်ချီ၍ ကုန်ကျနိုင်သည်။
လီ မိသားစုသည် ကုမ္ပဏီများစွာဖွင့်ထားသော်လည်း ၎င်းတို့တွင် ငွေကြေးအနည်းငယ်သာရှိသည်။
ထမင်းတစ်နပ်က သန်းဆယ်ဂဏန်းကုန်ကျမည်ဆိုရင် ဒါသူလုံးဝမတတ်နိုင်တဲ့ကိစ္စပင်ဖြစ်သည်။
ထိုအချိန်တွင် ဧည့်ခန်းမန်နေဂျာက ပြုံးပြီး “ဒါက ဧည့်သည်တွေကို မီယန်လိုက ပေးတဲ့အလကား ဟင်းပွဲတွေနဲ့ သောက်စရာတွေပါ။ ဧည့်သည်တွေ ပျော်ရွှင်စွာ စားသောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်”
အားလုံးက ခဏလောက် ထိတ်လန့်သွားကြသည်။
ဒီထဲမှာလီခိုင်ဂျန် လည်း အပါအဝင်ဖြစ်သာ်။
ဟင်းပွဲများနှင့် သောက်စရာများ အခမဲ့။
ဒါ... ရိုးရိုးရှင်းရှင်း တွေးလို့ မရတဲ့ကိစ္စပင်ဖြစ်သည်။
လီခိုင်ဂျန်တွေးလိုက်သည်- မကြာသေးမီငါ့အဖေက မှော်မြို့ရဲ့ အဓိက မိသားစုလေးခုထဲက တစ်ခုဖြစ်တဲ့ ချမ် မိသားစုနဲ့ ပူးပေါင်းချင်တယ်လို့ ပြောခဲ့ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုအဆင်ပြေနေတာထင်တယ်။ဒါကြောင့်မီယန်လိုကငါ့အတွက်အခန်းတစ်ခတ်းစီစဉ်ပြီး အလကားလာကျွေးသည်မှာ အံ့သြစရာမရှိဘူးပဲ။
ဒါကိုတွေးရင်း လီခိုင်ဂျန်က “ဒါဆိုဒီလိုပေါ့.... မင်းတို့မီယန်လိုက အရမ်းကောင်းတာပဲ” လို့ပြောလိုက်သည်။
ဧည့်ခန်းမန်နေဂျာက “ဒါက ငါတို့လုပ်သင့်တဲ့အရာပါ။ ကျေးဇူးပြုပြီး ကောင်းကောင်းစားပြီး သောက်ကြပါ။မင်းမှာ တခြားလိုအပ်ချက်တွေရှိရင် အချိန်မရွေး ပြောပြလို့ရပါတယ်”
စကားပြောပြီးနောက်စားပွဲထိုးတို့နဲ့အတူအပြင်ကို လမ်းလျှောက်ထွက်ခဲ့သည်။
ရှောင်မီလီသည် လီခိုင်ဂျန် ၏ ရင်ခွင်ထဲသို့ တိုးဝင်ပြီးနမ်းလိုက်လေသည်။
“ခိုင်ဂျန် နင်ကအရမ်းတော်တာပဲ”
လီခိုင်ဂျန်မိသားစုသည် ကုမ္ပဏီငယ်များစွာ ဖွင့်လှစ်ထားကြောင်း ရှောင်မီလီက သိသည်။
သို့သော် လက်ရှိအခြေအနေအရ ကြည့်လျှင် ကုမ္ပဏီငယ်အနည်းငယ်လောက်ရိုးရှင်းမှာမဟုတ်ပေ။
ယခုအချိန်တွင်ရှောင်မီလီသည် လီခိုင်ဂျန် ကို ရွေးချယ်ခဲ့ခြင်းအတွက် အလွန်ပျော်ရွှင်နေသည်။
ထို့နောက် သူမသည် ကျောက်တီကို အလွန်ဂုဏ်ယူသောအကြည့်ဖြင့် ကြည့်လိုက်သည်။
ရှောင်မီလီက “ကျောက်လီဒီနေ့ နင့်ကိုအရသာရှိတဲ့ ထမင်းတစ်နပ်ကျွေးမယ်။ဒီထမင်းတစ်နပ်က မင်းရဲ့ ဆယ်နှစ်တာ လစာလောက်ရှိတယ်။နင်ဒါကိုနောင်အခါစားနိုင်မှာမဟုတ်ဘူး”
ဒါကိုကြားတော့ကျောက်တီ၏ မျက်နှာသည် ပျက်ယွင်းသွားသည်။
လင်းဖန်၏မျက်နှာသည်လည်းမကောင်းဖြစ်သွားသည်။
လင်းဖန် “ငါ့ဝမ်းကွဲက အဲဒါကို နောင်မှာ စားနိုင်မှာမို့စိတ်ပူစရာ မလိုဘူး၊ ဒါပေမယ့် မင်း ကတော့နောင်မှာ သေချာပေါက် မစားနိုင်တော့ဘူး”
ရှောက်မီလီကလင်းဖန်ဤသို့ပြောမည်ကိုဟုမမျှော်လင့်ထားပေ။ထို့ကြောင့်သူမက”ဒါက ဘာကိုဆိုလိုတာလဲ?!”
လင်းဖန်က ရှောင်မီလီကိုအေးစက်စွာကြည့်ကာ “ငါဘာကိုဆိုလိုချင်တာလဲ မင်းနားမလည်ဘူးလား”
ရှောင်မီလီသည်လင်းဖန်အကြည့်ကြောင့်တုန်လှုပ်သွားသည်။
ခဏအကြာတွင် သူမကလီခိုင်ဂျန်၏လက်မောင်းကို ပွေ့ဖက်ကာပြောလိုက်သည်။” ခိုင်ဂျန်သူပြောတာကိုကြည့်အုံး ၊ငါ့ကိုပြောတာက မင်းရဲ့ လီမိသားစုကို ကျိန်ဆဲလိုက်တာပဲ “(ဒါကကျိန်ဆဲတာနဲ့ဘာဆိုင်သွားလဲမသိဘူး)
ရှောင်မီလီသည် လီခိုင်ဂျန်၏ အနာဂတ်ဇနီးဖြစ်သည်။
ဤအရသာရှိသောဟင်းများကို သူမ မစားနိုင်ဟု ပြောခြင်းသည် လီမိသားစုမှဖြစ်သောသူမသေရတော့မည်ဟု ပြောခြင်းနှင့်အတူတူပင်ဖြစ်သည်။(လက်ထပ်ဖြစ်ရင်ရှောက်မီလီက လီခိုင်ဂျန်ရဲ့မိသားစုဝင်ဖြစ်သွားမှာပါ)
လီခိုင်ဂျန် က “လူတိုင်းက မင်းရဲ့အတန်းဖော်တွေမို့ငါဘာမှမပြောချင်ဘူး”
“ဒါပေမယ့်!ငါ့ လီမိသားစုကို ကျိန်ဆဲတာတော့ငါသည်းခံမှာမဟုတ်ဘူး။”
ဒါကိုပြောပြီး လီခိုင်ဂျန် က လင်းဖန်ကို “အခုမီယန်လိုကနေထွက်သွားပါ”
ယခုအခါ လီခိုင်ဂျန်သည် မှော်မြို့၏ အဓိကမိသားစုလေးခုအနက်မှ တစ်ခုဖြစ်သည့် ချမ်မိသားစုနှင့် ပူးပေါင်းဆောင်ရွက်နေပြီဟု ခံစားရသည်။
ထို့ကြောင့်သူသည် မောက်မာလာသည်။
လင်းဖန်က မျက်မှောင်ကြုတ်လိုက်သည်။
သူ့ကို ဘယ်သူမှ ဒီလိုမပြောဖူးပေ။
ထိုအချိန်တွင် စင်္ကြံအပြင်ဘက်တွင် ခြေသံများထွက်ပေါ်လာသည်။
ထို့နောက် လူအုပ်ကြီး ဝင်လာသည်။
၎င်းတို့အနက် အနောက်တိုင်းဝတ်စုံဝတ်ထားသောအဖိုးကြီးများလဲပါသည်။
အတန်းဖော်အားလုံး၏မျက်နှာတွင်စိတ်ရှုပ်ထွေးမှု အရိပ်အမြွက် ပြသနေသည်။
ထိုအချိန်တွင်လီခိုင်ဂျန်၏နှလုံးခုန်နှုန်းမြန်လာသည်။
သူသည် မှော်မြို့ဇာတိဖြစ်သည်။
သို့ပေမဲ့သူသည်မှော်မြို့ရဲ့ အဓိကမိသားစုလေးခုရဲ့ ဘိုးဘေးကို မတွေ့ဖူးပေ။
သို့သော်လည်း မှော်မြို့၏ အဓိကမိသားစုလေးခုထဲမှ တစ်ခုဖြစ်သည့် ချမ် မိသားစုနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ဖခင်ဖြစ်သူက မကြာသေးမီက ပြောကြားခဲ့သည်။
ထို့ကြောင့် လီခိုင်ဂျန်သည် ချမ်မိသားစု၏ အခြေအနေကို အထူးမေးမြန်းခဲ့သည်။ထိုအခါသူသည်ချမ် မိသားစု၏ အကြီးအကဲ ချမ်ရှောင်ဝမ် ၏ ဓာတ်ပုံကို တွေ့လိုက်ရသည်။
သူ၏ဖခင်ဖြစ်သူကချမ်မိသားစု၏ အကြီးအကဲ ချမ်ရှောင်ဝမ် အကြောင်းပြောနေချိန်တွင် သူ့မျက်နှာပေါ်ရှိ လေးစားမှုကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။
ယခုအခါ ချမ် မိသားစု၏ အကြီးအကဲ ချမ်ရှောင်ဝမ်သည် ဤလူအုပ်စုတွင် အမှန်တကယ် ရှိနေသည်။
ထို့အပြင် သူသည် ဤလူအုပ်စု၏ ရှေ့ဆုံးတွင် မရပ်ပဲ အဲဒီအစား အဖြူရောင်လေ့ကျင့်ခန်းဝတ်စုံဝတ်ထားတဲ့ အဘိုးကြီးတစ်ယောက်ရဲ့ဘေးမှာ လေးလေးစားစား ရပ်နေလေသည်။
ဒါ... ဘယ်လိုအခြေအနေကြီးလဲ။
ဒီလူရဲ့ လက်ခဏာက ဘာလဲ။
သူတို့ ဘာကြောင့် အခန်းထဲကိုရောက်လာတာလဲ။
လီခိုင်ဂျန်သည် အံ့သြသွားပြီး ပဟေဠိဖြစ်သွားသည်။
ထိုလူတွေအားလုံးသည် လင်းဖန်ကို ကြည့်နေကြသည်။
လင်းဖန်၏မျက်နှာကို မြင်လိုက်သောအခါလင်းဖန်လက်ကိုကြည့်လိုက်ရာနဂါးပုံသဏ္ဍာန်လက်စွပ်ကို ဝတ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။
ထို့နောက်သူတို့အားလုံးက ခေါင်းငုံ့ကာ အလွန်ရိုသေသော လေသံဖြင့် “မစ္စတာလင်းကို တွေ့လို့ဝမ်းသာပါတယ်”ဟုတစ်ညီတစ်ညွှတ်တည်းပြောလိုက်သည်။