သားမိုက်
Vol. 30 Ch. 446
အခန်းတစ်ခုလုံး ရုတ်တရက်တိတ်ဆိတ်သွားသည်။
ကျောက်တီ နဲ့ တခြားအတန်းဖော်တွေက ဒီလူတွေကို မသိကြဘူးဆိုပေမဲ့ဘင်းဖန်ကိုနှုတ်ဆက်လိုက်တာကြောင့် နည်းနည်းတော့ အံသြသွားကြတယ်။
ထိုအချိန်လီခိုင်ဂျန်၏နှလုံးခုန်နှုန်းသည်မြင်းကောင်ရေထောင်ပေါင်းများစွာပြေးနေသကဲ့သို့ဖြစ်နေသည်။
ဘာကြောင့်လဲ ဆိုတော့ လင်းဖန်ကိုနှုတ်ဆက်တဲ့အထဲမှာချမ်ရှောင်ဝမ်လဲပါလို့ပင်ဖြစ်သည်။
၎င်းသည်မှော်မြို့၏ အဓိကမိသားစုလေးခုအနက်မှ ချမ်မိသားစု၏ ဘိုးဘေးဖြစ်သည်။
အခုအခြေအနေက ဘယ်လိုကြီးလဲ.... !
ယခုအချိန်တွင်လီခိုင်ဂျန်၏စိတ်ထဲတွင်ထဲတွင် ဆိုးရွားသော ခံစားချက်တစ်ခု ရှိနေသည်။
ခဏကြာတော့ သူက “မစ္စတာတို့မင်းတို့နှုတ်ဆက်တာလူမှားနေတယ်ထင်တယ်”
လူမှားပြီးနှုတ်ဆက်တာလား !
မှန်တယ်!
ဒီလိုပဲဖြစ်ရမယ်။
လင်းဖန်သည် ကျောက်တီ၏ဝမ်းကွဲမျှသာဖြစ်ပြီး သူသည်ကျောင်းသားလည်းဖြစ်နေသေးသည်။
လူမှားပြီးနှုတ်ဆက်တာပဲဖြစ်မယ်!
ထိုအချိန်တွင်လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ဤအသံကိုကြားပြီးနောက် အခန်းအပြင်ဘက်ကနေအခန်းအတွင်းထဲသို့လှမ်းကြည့်လိုက်လေသည်။
ထို့နောက် ကမန်းကတန်း ပြေးဝင်လာလေသည်။
သူသည် လီခိုင်ဂျန်၏ဖခင် လီဝေပင် ဖြစ်သည်။
လီဝေလည်း ယနေ့ ညစာစားရန်မီယန်လို သို့ လာခဲ့သည်။
သူသည် သူ၏သား လီခိုင်ဂျန် ထက် များစွာပို၍ ဗဟုသုတ ကြွယ်ဝသည်။
မိသားစုကြီးလေးခုမှဘိုးဘေးများနှင့် တစ်ခြားသူများကိုတစ်ချက်ကြည့်လိုက်သည်။
ထို့နောက်လီဝေသည် သူတို့နားမချဉ်းကပ်ဝံ့ဘဲ အဝေးမှနေပြီးကြည့်နေရုံသာတတ်နိုင်သည်။
ဘာကြောင့်လဲဆိုတော့ သူ့မှာ ချဉ်းကပ်ဖို့ အရည်အချင်း လုံးဝမရှိဘူးဆိုတာ သူသိလို့ပင်ဖြစ်သည်။
လီဝေ သည် မိသားစုလေးခုမှဘိုးဘေးများနှင့် အခြားသူများ အတူတကွ ပေါ်လာသောအခါ သူတို့ဘာလုပ်မလဲဆိုတာကိုအလွန်သိချင်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် ၎င်းတို့သည် အချိန်အတော်ကြာ ပိတ်ထားသောတော်ဝင်အခန်းထဲသို့လျှောက်သွားသည်ကို တွေ့ရှိခဲ့သည်။
ထို့နောက်သူတို့အားလုံးသည်မစ္စတာလင်းဆိုတဲ့လူငယ်လေးကိုနှုတ်ဆက်လိုက်သည်ကိုတွေ့လိုက်သည်။လီဝေသည်ထိုမြင်ကွင်းကြောင့်အတော်လေးအံံ့သြသွားလေသည်။
လီဝေသည်အလွန်အံ့အားသင့်နေသည့်အချိန်တွင်သူ့သားလီခိုင်ဂျန်၏အသံကိုရုတ်တရက်ကြားလိုက်ရလေသည်။သူ့သားကိုတွေ့သောအခါလီဝေသည်ထပ်မံအံံ့အားသင့်သွားလေသည်။
သူ့သားကဒီလိုလျှို့ဝှက်ဆန်းကြယ်တဲ့လူကို ဘယ်တုန်းကသိသွားတာလဲ။
ဒီအတွေးတွေးပြီးပြီးချင်းမှာပဲ လီဝေက သူ့သားပြောတာကို ကြားတော့သူထိတ်လန့်သွားလေသည်။ဘာလို့ဆိုသူ့သားကဒီလိုလူတွေအားလုံးကိုစော်ကားမှာသူကြောက်လို့ပင်ဖြစ်သည်။
ထို့အပြင်၊ ဤအချိန်သည် မိသားစုကြီးလေးဦးမှလူများနှင့် လျှို့ဝှက်ဆန်းကြယ်သော လူငယ်လေး၏ ရှေ့မှောက်တွင် ပေါ်လာမည့်အချိန်ကောင်းဟု ထင်ရသည်။
ထိုကြောင့်လီဝေသည်အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက်အခန်းအမြန်ဝင်လာခဲ့သည်။
“ကောင်လေး၊ လူကြီးတွေရှေ့မှာမဟုတ်တာမပြောရဘူးဆိုတာကိုနားမလည်ဘူးလား”
မိသားစုလေးခုမှ ဘိုးဘေးများနှင့် တစ်ခြားများသည် အလွန်မျက်စိစူးရှသောသူများဖြစ်သည်။
လူမှားနှုတ်ဆက်တာဘယ်လိုဖြစ်နိုင်မှာလဲ။
သူ့သားပြောတာက...ဟာသမဟုတ်ဘူးလား။ !
ထို့နောက် လီဝေက ပြုံးပြီး “မစ္စတာလင်း၊ ငါ့နာမည်က လီဝေပါ...ငါ့သားလီခိုင်ဂျန်ကအပြောမတတ်လို့ခွင့်လွှတ်ပေးပါ”
လင်းဖန်သည် လီဝေကို ပေါ့ပေါ့တန်တန် ကြည့်ကာ “ခွင့်လွှတ်ရမှာလား” ဟု ပြောလိုက်သည်။
လင်းဖန်ကထပ်ပြောသည်။ “မင်းသားရဲ့ရည်းစားကငါ့ဝမ်းကွဲကိုအရှက်ခွဲသေးတယ်။ဒါ့အပြင်မင်းရဲ့သားလီခိုင်ဂျန်ကိုယ်တိုင်ကလဲငါ့ကိုမီယန်လိုကနေမောင်းထုတ်နေတယ်”
ချင်ဟိုမန်၏ဘိုးဘေးအထောက်အထားရှိတဲ့လူရဲ့ဝမ်းကွကိုအရှက်ခွဲတာလား။
ချင်ဟိုမန်၏ဘိုးဘေးအထောက်အထားရှိတဲ့လူကိုထွက်သွားခိုင်းတာလား။
သူ…ဘယ်လောက်တောင်သတ္တိရှိလိုက်လဲ! ?
တခဏချင်းမှာပဲ၊ အခန်းတစ်ခုလုံးရှိလေထုသည်ချက်ချင်းအေးခဲသွားတော့သည်။
မိသားစုကြီးလေးခုမှဘိုးဘေးများ နှင့် တစ်ခြားလူများအားလုံးသည် လီဝေ နှင့် လီခိုင်ဂျန်တို့အပေါ် အလွန်အေးစက်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။
လီဝေသည်သူတို့၏အကြည့်ကြောင့်မထိန်းနိုင်ဘဲ တုန်လှုပ်သွားပြီး သူ့တစ်ကိုယ်လုံး ချွေးတွေနဲ့ ချက်ချင်း စိုရွှဲသွားတော့သည်။
ယခုအချိန်တွင် သူသည် ကြောက်ရွံ့မှုနှင့် နောင်တရမှုများနှင့် ပြည့်နှက်နေသည်။
ငါဘာလို့ဒီလိုသားမျိုးရှိနေတာလဲ
ဒါ....ဒါကသူလုံးဝပြီးသွားပြီဆိုတာ သူသိလေသည်။
...
လင်းဖန်သည် လီဝေကို ဂရုမစိုက်တော့ဘဲ မိသားစုကြီးလေးခုမှ အဖွဲ့ဝင်များဘက်သို့ လှည့်ကာ “မင်းတို့ကချင်ဟိုမန် ကြောင့်ငါ့ကို လာတွေ့တာဟုတ်တယ်မလား?”
သူတို့သည် ချင်ဟိုမန်၏အမည်ကို လုံးဝမပြောရသေးပေ။
ဒါပေမယ့် လင်းဖန်သည်သူတို့ဝင်လာတာနဲ့သူ့လက်မပေါ်ရှိနဂါးလက်စွပ်ကိုတွေ့ပြီးတာနဲ့ချက်ချင်းနှုတ်ဆက်လိုက်တာကိုတွေ့လေသည်။ထို့ကြောင့်သူသည်အကြောင်းအရင်းကိုသိရန်မှာလွယ်ကူလေသည်။
လင်းဖန်သည်ဒီလက်စွပ်ကို မကြာသေးမီက ရရှိခဲ့သည်။ဒီလက်စွပ်ကချင်ဟိုမန်ဂိုဏ်းရဲ့ဂိုဏ်းသခင်ကိုကိုယ်စားပြုသလိုချင်ဟိုမန်ရဲ့ဘိုးဘေးဆိုတဲ့အထောက်အထားကိုလဲကိုယ်စားပြုလေသည်။
သို့သော်လင်းဖန်သည်ချင်ဟိုမန်ဂိုဏ်းကိုဂရုမစိုက်ပေ။
ဒီလက်စွပ်လေးက နည်းနည်းမိုက်တယ်ထင်လို့ဝတ်ထားတာပင်ဖြစ်သည်။
မိသားစုကြီးလေးခုမှ လူတိုင်းသည်ရိုသေလေးစားသောအမူအာဖြင့်တစ်ညီတစ်ညွှတ်တည်း’’ဟုတ်တယ်’’လို့ပြောလိုက်လေသည်။
လီဝေသည် မိသားစုကြီးလေးခု၏ ရိုသေလေးစားသော အသွင်အပြင်ကို တွေ့လိုက်ရာသူ့စိတ်ကနေပြီးထိတ်လန့်သွားလေသည်။
လင်းဖန်ကအခန်းကို တစ်ချက်ကြည့်လိုက်ပြီး “အရင်ဆုံး ငါ့အတွက် တိတ်ဆိတ်တဲ့ နေရာကို စီစဉ်ပေးပါ။ငါ့ဝမ်းကွဲ ကျောက်တီနဲ့ အတူညစာစားလိုက်အုံးမယ်။ကျန်တဲ့ကိစ္စတွေတော့စားပြီးမှဆက်ပြောတာပေါ့”
“ဟုတ်ကဲ့ပါမစ္စတာလင်းနဲ့ မစ္စကျောက်၊ဒီဘက်ကိုကျေးဇူးပြုပြီး.....” ဝမ်မိသားစု အကြီးအကဲ ဝမ်တန်ရီက လေးစားစွာ ပြောကြားလိုက်သည်။
ထို့နောက် လင်းဖန်နှင့် ကျောက်တီတို့က ရှေ့သို့ လျှောက်သွားကြသည်။
သစ္စာအရှိဆုံးကျွန်များကဲ့သို့ အဓိက မိသားစုလေးခုမှ လူများက လင်းဖန်နောက်သို့ ဖြည်းညှင်းစွာ လိုက်သွားကြသည်။
မကြာခင်မှာပဲတော်ဝင်အခန်းသည်တိတ်ဆိတ်သွားလေသည်။
အတန်းဖော်များအားလုံး၏ အမူအရာမှာ အနည်းငယ် တုန်လှုပ်နေသည်။
ထိုအချိန်တွင် လီခိုင်ဂျန်က ထိုင်ချလိုက်ပြီး “အဖေ... ငါ.... ငါ ဘာလုပ်သင့်လဲ”
ယခုအခါလီဝေသည် လိခိုင်ဂျန်၏အသံကိုကြားလိုက်သောအခါ စိတ်တိုသွားသည်။
သူက ကျယ်လောင်စွာ ပြောလိုက်သည်။ “ငါ့ကိုအဖေလို့မခေါ်နဲ့၊ငါ့မှာမင်းလိုသားမိုက်မျိုးမရှိဘူး!”
စကားပြောပြီးနောက် သူက လီခိုင်ဂျန်၏ မျက်နှာကို ပြင်းထန်စွာ ထိုးချလိုက်သည်။
လီခိုင်ဂျန်လဲသူ့အဖေထိုးမည်ဟုမမျှော်လင့်ထားပေ။လီခိုင်ဂျန်သည်မြေပြင်ပေါ်သို့ကျပြီးတာနဲ့သူ့အဖေလီဝေကထပ်မံကန်လေတော့သည်။
“ခွေးကောင်!”
“ခွေးကောင်!”
ထို့နောက် အနည်းငယ် ဆက်တိုက် ကန်လိုက်သည်။
ဒါကိုကြည့်ရင်း အတန်းဖော်များအားလုံးသည် ထိတ်လန့်သွားကြသည်။