လက်အောက်ငယ်သား
Vol. 30 Ch. 447
လင်းဖန်သည် တော်ဝင်အခန်းထဲတွင် ဘာဖြစ်သွားလဲဆိုတာကိုမသိပေ။သိလဲဂရုစိုက်မည်မဟုတ်ပေ။
အခုအချိန်တွင်သူ့ကို မီယန်လို ရဲ့ အပေါ်ဆုံးထပ်ကို အဓိက မိသားစု လေးခုက လိုက်ပို့ဆောင်ခဲ့သည်။
ထိုအခန်းသည်တော်ဝင်အခန်းလောက် ဇိမ်ကျကျမဟုတ်ပေမယ့်တော်ဝင်အခန်းထက်ကျယ်ဝန်းပြီး ညကောင်းကာင်ရှုခင်းကိုလဲပည့်နိုင်သည်။
အပေါ်ထပ်တစ်ထပ်လုံးတွင် လူနှစ်ယောက်သာရှိသည်။သူတို့ကလင်းဖန်နှင့် ကျောက်တီတို့ပင်ဖြစ်သည်။
မကြာမီ အရသာရှိသော အစားအစာများနှင့် အဖိုးတန်ဝိုင်များကို တစ်ခုပြီးတစ်ခုယူဆောင်လာကြသည်။
သို့သော် ကျောက်တီသူမသည်ဘာမှမစားပဲလက်းဖန်ကိုသာစိုက်ကြည့်နေလိုက်သည်။
လင်းဖန်အဖိုးလင်းချူလီမွေးနေ့တွင်သူမသည်စက်ရုံတွင်အလုပ်ရှုပ်နေသောကြောင့်မွေးနေ့ပွဲကိုမလာဖြစ်ခဲ့ပေ။
ထို့ကြောင့်ကျောက်တီသည်လင်းချူလီ ၏ မွေးနေ့တွင် ဂုဏ်ပြုဆုတောင်းကိြဖုန်းဖြင့်သာ ပြောလိုက်ရသည်။
မွေးနေ့ပွဲကို မသွားဖြစ်ပေမဲ့ကျောက်တီသည်သူမှမိသားစုကနေလင်းဖန်ကြောင့်အကောင်ကြီးကြီးများအဖိုးမွေးနေ့ပွဲကိုလာရောက်ဂုဏ်ပြုတယ်ဆိုတာကိုသိလိုက်ရသည်။
ယင်းနှင့်ပတ်သက်၍ကျောက်တီသည် နားထောင်ရုံသာနားထောင်ပြီးဘာမှပြန်မပြောခဲ့ပေ။ထို့အပြင်သာမစိတ်ထဲမှာလဲဒါကသက်သက်ကြွားတာလို့ပဲထင်နေလိုက်သည်။
ကျောက်တီသည်လင်းဖန်ကို သိသည်။
လင်းဖန်သည်သူညီမလေးကြောက့်တက္ကသိုလ်မတက်ခဲ့ရပေ။ထို့နောက်သူသည်ကျန်ပေ့တွင်အလုပ်တစ်ခုရှာပြီးလုပ်နေခဲ့သည်။
ဤအခြေအနေတွေကြောင့်ကျန်ပေ့...တို့ရှိအကောင်ကြီးကြီးများသည် လင်းဖန် ၏အဖိုးမွေးနေ့ကိုလာပြီးဂုဏ်ပြုပေးဖို့ဆိုတာကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ဒါဟာ သူမသက်သက်လင်းဖန်ကို နှိမ့်ချတာမဟုတ်ပေ။
ဒါပေမယ့် အခုအခြေအနေက ဘယ်လိုလဲ။
မီယန်လိုမှလူများသည် လင်းဖန် ကြောင့် သူမနှင့် အတန်းဖော်များအားဇိမ်ခံအခန်းဖြစ်သောတော်ဝင်အခန်းသို့ ဖိတ်ခေါ်ခြင်းခဲ့ရလေသည်။
ယခုအချိန်တွင် ကျောက်တီသည် လီခိုင်ဂျန်ကြောင့်သူမတို့ကိုတော်ဝင်အခန်းထဲသို့ဖိတ်ခေါ်ခြင်းမဟုတ်ကြောင်းနားလည်လိုက်သည်။
ပြီးတော့…လင်းဖန်နောက်ကနေ လိုက်လာတဲ့ လူအုပ်စုက ဘယ်သူတွေလဲ။
သူတို့ကဘာလို့လင်းဖန်ကို အရမ်းလေးစားနေရတာလဲ။
ကျောက်တီကလင်းဖန်ကိုကြည့်လေလေမြူခိုးများဖြင့်ဖုံးလွှမ်းနေသလိုခံစားရသည်။
...
ကျောက်တီကတိတ်ဆိတ်နေပြီး မစားသောက်သေးသည်ကိုမြင်လိုက်ရတော့လင်းဖန် က “ဝမ်းကွဲ၊ မင်းဘာလုပ်နေတာလဲ၊စားတော့လေ။ဒါမှမဟုတ်လဲဒီဟင်းပွဲတွေကိုမကြိုက်လို့လား။ဒါဆိုအမစားချင်တာကိုမှာလိုက်လေ’’
ဒီအခါမှကျောက်တီက”မဟုတ်ဘူး... မဟုတ်ပါဘူး၊ ဒါတွေအားလုံးက အရသာရှိပုံပဲ။”
စကားပြောနေစဉ်တွင် သူမသည် တူကို ကောက်ကိုင်ကာ အသားတစ်ပိုင်းကို ကောက်ယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။
ထို့နောက်သူမ၏မျက်လုံးများတောက်ပသွားပြီး “အရသာရှိလိုက်တာ!”ဟုပြောလိုက်သည်။
လင်းဖန်က ပြုံးပြီး “အရသာရှိရင် များများစားပါ” လို့ပြောလိုက်သည်။
ထို့နောက် သူသည် 1993 ရိုမန်ဝိုင် ကို စားပွဲပေါ် ကောက်ယူပြီး သူ့အတွက်နှင့်ကျောက်တီအတွက် ဝိုင်တစ်ခွက်စီလောင်းထည့်လိုက်သည်။
ထို့နောက် သူ့ဖန်ခွက်ကို မြှောက်လိုက်ပြီး ‘’ဝမ်းကွဲလာ..ကမ်းပေ့’’
ကျောက်တီသည် သူမ၏ဝိုင်ခွက်ကို မြှောက်လိုက်ပြီး “ကမ်းပေ့....’’ဟုပြောကာခွက်ချင်းတိုက်ပြီးနောက်ဝိုင်ကိုသောပ်လိုက်လေသည်။
အရင်တုန်းကတော့ ကျောက်တီသည်ဝိုင်များစွာကိုသောက်ဖူးလေသည်။သို့သော်ဒီတစ်ခါသောက်သောဝိုင်လောက်သောက်လို့ကောင်းတဲ့ဝိုင်ကိုတစ်ခါမှမသောက်ဖူးပေ။
“သောက်လို့ကောင်းလိုက်တာ!” ကျောက်တီကပြုံးပြီးပြောလိုက်လေသည်။
လင်းဖန်က ပြုံးပြီး “ဒါဆို များများသောက်’’
ဒါကိုကြားတော့ကျောက်တီက အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။
အစားအသောက်စားရင်းဝိုင်အနည်းငယ်သောက်လိုက်သည်။
နောက်ဆုံးတော့ ကျောက်တီ က “လင်းဖန်ခုနကလူတွေကဘယ်သူတွေလဲ၊ဘာလို့ မင်းကို အရမ်းလေးစားနေကြတာလဲ?”
လင်းဖန်က “လောလောဆယ်တော့ သူတို့ဘယ်သူလဲဆိုတာတော့ မသိဘူး။ လေးစားရတဲ့ အကြောင်းအရင်းကတော့ သူတို့အားလုံးက ငါ့ရဲ့ လက်အောက်ငယ်သားတွေမို့လို့ပဲ”
လင်းဖန်သည် ဤစကားနှင့်ပတ်သက်၍ အဓိပ္ပါယ်မဲ့စွာ မပြောခဲ့ပေ။
နောက်ဆုံးတွင် သူသည် တခြားလူတွေရဲ့ အထောက်အထားကို မမေးမိလိုက်ပေ။ထို့ကြောင့်သူတို့ဘယ်သူလဲဆိုတာမသိပေ။
လက်အောက်ငယ်သားလား?
တကယ်ကိုသူတို့ကသူ့ရဲ့လက်အောက်ငယ်သားပင်ဖြစ်သည်။
အကြောင်းမှာ အဓိက မိသားစုလေးစုသည် ချင်ဟိုမန်၏ လက်အောက်ခံများဖြစ်သည်။
လင်းဖန် သည် ချင်ဟိုမန်ဂိုဏ်း၏ ဘိုးဘေးအထောပ်အထားရှိပြီးသူသည်ချက်ဟိုမန် ဂိုဏ်း၏ ဂိုဏ်းသခင်ဖြစ်ခြင်းနှင့် ညီမျှသည်။
ထို့ကြောင့်သူတို့သည်သူ၏ လက်အောက်ငယ်သားများပင်ဖြစ်သည်။
...