ဇိမ်ခံအစားအသောက်ဆိုင်
Vol. 30 Ch. 448
ကျောက်တီသည်လင်းဖန်ပြောတာကိုကြားလိုက်ရတော့သူမသည်ပို၍ပင် စိတ်ရှုပ်သွားလေသည်။
ဘယ်သူလဲမသိဘူး ဒါပေမယ့် လက်အောက်ငယ်သားလား။
ဒီစကားကဘာလို့အရှေ့အနောက်မညီရတာလဲ။
လင်းဖန်းမှာ လက်အောက်ငယ်သားများစွာ ရှိပါသေးသလား။
ဒါကြောင့်မမှတ်မိတာလား?
လင်းဖန်က ဆက်မရှင်းပြတော့ဘဲ ဘဲကင်အသားတစ်ခုကို ကျောက်တီပန်းကန်ထဲထည့်ပေးလိုက်ပြီး “ဒီဘဲကင်က တော်တော်ကောင်းတယ်၊ ဝမ်းကွဲ၊ မင်းစားကြည့်” လို့ပြောလိုက်သည်။
“ကောင်းပြီ။” ကျောက်တီ က ပြန်ပြောပြီးဘဲကင်တစ်ဖတ်ကိုပါးစပ်ထဲသို့ထည့်လိုက်လေသည်။
မကြာခင်မှာပင် သူမ၏ မျက်နှာသည် ပျော်ရွှင်သောအမူအရာနှင့် ပြည့်နှက်သွားကာအရမ်းအရသာရှိတယ်ဆိုပြီးပြောလိုက်လေသည်။
...
လင်းဖန် နှင့် ကျောက်တီတို့ထမင်းစားနေစဉ်။
အဓိက မိသားစုလေးခုမှ ဘိုးဘေးများနှင့်မိငါးစုလေးခုအဖွဲ့ဝင်များသည် သစ္စာအရှိဆုံး အစေခံများကဲ့သို့ အပြင်တွင် စောင့်ဆိုင်းနေကြသည်။
တစ်စုံတစ်ယောက်က “လီဝေ နဲ့ လီခိုင်ဂျန်တို့ကိုဘယ်လိုလုပ်မလဲ။”
“အရင်တုန်းကဆိုရင်ချင်ဟိုမန်ဂိုဏ်းသခင်ကို စော်ကားခဲ့မယ်ဆိုရင် သေရလိမွမယ်!” အဘိုးကြီးတစ်ယောက်က “ဒါပေမယ့် အခုက တရားဥပဒေတွေရှိနေတဲ့အတွက်သူတို့ကိုသတ်လို့မရဘူး။ဒါပေမဲ့သူတို့ကိုဆင်းရဲပြီးစားစရာမရှိအောင်တော့လုပ်လို့ရတယ်.....”
ယေဘူယျအားဖြင့် ပြောရရင်ဒေဝါလီခံသွားရင်တောင် လူအများစုက စားစရာမရှိတဲ့ဘဝကိုရောက်မှာမဟုတ်ပေ။
ဒီနေ့ခေတ် လူ့အဖွဲ့အစည်းမှာ လက်၊ခြေအကောင်းတိုင်းရှိပြီး အလုပ်လုပ်ဖို့ ဆန္ဒရှိနေသရွေ့နေထိုင်စရာရှိပြီးစားဖို့ကပူပန်စရာမလိုပေ။
သို့သော် ... ဤစကားကိုပြောသောသူမှာမိသားစုကြီးလေးခုမှ ဘိုးဘေးဖြစ်သည်။
ဒါကြောင့် ဒါကစကားသက်သက်မဟုတ်ဘူးဆိုတာသေချာသည်။
အဘယ်ကြောင့်ဆိုသော်ဝမ် မိသားစု၏ အင်အားဖြင့် ၎င်းတို့အလုပ်အကိုင်များ ထပ်မံရှာဖွေလို့မရအောင်လုပ်လို့ရလေသည်။
ထို့အပြင် ကျန်ရှိနေသော ချမ်၊ ဟွမ် နှင့်ဇောင်တို့၏ ဘိုးဘေးများကလည်း ခေါင်းညိတ်သဘောတူကြသည်။
ဤအခိုက်အတန့်တွင်၊ ဟွမ် မိသားစုမှ ဘိုးဘေးက “ရီလုံကိုသိလား?”
ဝမ် မိသားစုရဲ့ မိသားစုဘိုးဘေးက “သိတယ်။ရီလုံသူကအခုပဲမှော်မြို့ကိုသူကိုယ်တိုင်လာဖို့လုပ်နေတယ်” လို့ပြောလိုက်သည်။
ဒီစကားထွက်လာတာနဲ့ ခဏတာတိတ်ဆိတ်သွားလေသည်။
ချင်ဟိုမန်ဂိုဏ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်လာအောင်ရီလုံက လုပ်ဆောင်ခဲ့သည်။
ယနေ့ ချင်ဟိုမန်ဂိုဏ်းသားများ၏ရင်ထဲတွင်ရီလုံသည်နတ်ဘုရားတစ်ပါးဖြစ်သည်။
ခုတော့ သူ့တို့ရင်ထဲကနတ်ဘုရားလိုလူကမှော်မြို့ကို ရောက်တော့မယ်ဆိုတော့သူတို့အားလုံးစိတ်လှုပ်ရှားလွန်းတာကြောင့်ဘာပြောရမယ်မှန်းမသိဖြစ်နေသည်။
...
မိသားစုကြီးလေးခုမှ လူများစကားပြောနေကြစဉ်တွင်လင်းဖန် နှင့် ကျောက်တီတို့သည် ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
မိသားစုကြီးလေးခုမှ လူများအားလုံးက တညီတညွတ်တည်း မတ်တပ်ရပ်ပြီး “မစ္စတာလင်း၊ မစ္စကျောက်” ဟု လေးလေးနက်နက် နှုတ်ဆက်လိုက်သည်။
လင်းဖန်ကခေါင်းညိတ်ပြလိုက်သည်။
ထိုအချိန်တွင် ဝမ်မိသားစု၏ ဘိုးဘေးက “မစ္စတာလင်း၊ ငါတို့က ဘိုးဘွားတွေရဲ့ မူလနေအိမ်ကို အမြဲထိန်းသိမ်းထားတယ်၊ မင်းဒါကိုသွားကြည့်ချင်လား။”(အရင်အရင်ကချင်ဟိုမန်ဂိုဏ်းရဲ့သခင်တွေနေလာတဲ့နေရာကိုပြောတာပါ)
လင်းဖန်သည် ယခုအချိန်တွင် ဗိုက်တင်းအောင်စားထားသောကြောင့်အစာကြေရန်လမ်းလျှောက်ချင်နေခဲ့သည်။
ထို့ကြောင့် သူက ခေါင်းညိတ်ပြီး “ကောင်းပြီ၊ ဒါဆို သွားကြည့်ရအောင်’’လို့ပြောလိုက်သည်။
ထို့နောက် သူက ကျောက်တီအား “ဝမ်းကွဲ၊ မင်းငါနဲ့အတူတူသွားချင်လား”
ကျောက်တီတုံ့ဆိုင်းသွားပြီး “အတူတူသွားရအောင်” ဟုပြောသည်။
ထို့ကြောင့်လင်းဖန် နှင့်ကျောက်တီ တို့သည် မိသားစုလေးခု၏လူများဝိုင်းရံထားရင်း အောက်ထပ်သို့ လျှောက်လာခဲ့ကြသည်။
အောက်ထပ်သို့ ဆင်းလာသောအခါတွင် သူ့အတွက်Rolls Royce(ကား) အပိုတစ်စီးက ဤနေရာတွင် စောင့်နေပြီဖြစ်သည်။
လင်းဖန်တွင် ဇိမ်ခံကားများစွာရှိသည်။
၎င်းထဲတွင် Rolls-Royce(ကား)လဲအပါအဝင်ဖြစ်သည်။
လင်းဖန်သည်Rolls-Royce(ကား)တွင် ထိုင်ရင်းအထဲရှိပစ္စည်းများကိုကြည့်ရင်းတိတ်တဆိတ် ခေါင်းညိတ်နေလိုက်သည် ။
ကျောက်တီသူမသည်ထိုင်ပြီးနောက် သူမ အံ့အားသင့်သွားသည်။ဘာလို့ဆိုကား၏အတွင်းပိုင်းအပြင်အဆင်များသည်အလွန်ကောင်းသောကြောင့်ဖြစ်သည်။
ထို့အပြင်ကားထဲတွင်... ဝိုင်နီ၊ အချိုရည်များ၊ဘာကာ၊ပီဇာ... အားလုံး ရှိသည်။
ထို့ကြောင့်ကျောက်တီရဲ့မျက်လုံးထဲမှာ ဒါက ကားမဟုတ်တော့ဘဲဇိမ်ခံအစားအသောက်ဆိုင်အဖြစ်သာမြင်မိတော့သည်။