← Chapters

ဒေါသထွက်ခြင်း

Vol. 30 Ch. 449

ဒေါသထွက်ခြင်း

Vol. 30 Ch. 449

Rolls-Royce(ကား)၏ ယာဉ်မောင်းသည်အလွန်ကားမောင်းကျွမ်းကျင်သည်ဟုဆိုရမည်ဖြစ်သည်။

ဘာလို့ဆိုလင်းဖန်နှင့် ကျောက်တီတို့သည် ကားပေါ်တွင်ထိုင်နေစဉ်အတွင်း အရှိန် ဖြင့်မောင်းလြင်းသို့မဟုတ် ဘရိတ်အုပ်ခြင်းတို့ကို မခံစားရပေ။

ထို့အပြင်သူ့တို့ရှေ့မှာတင်ထားတဲ့ လက်ဖက်ရည်ခွက်သည်တုန်ခါတဲ့ အရိပ်အယောင်တောင်မတွေ့ရပေ။

နာရီဝက်လောက်အကြာတွင်ကားသမားက တံခါးကို တလေးတစားနဲ့ ဖွင့်ပေးလိုက်သည်။

ထိုမှသာကျောက်တီသည် သူမ၏ ဦးတည်ရာသို့ ရောက်နေပြီဆိုတာသိလိုက်သည် ။

သူမအရှေ့ဘက်တွင်အဆောက်အဦးတစ်ခုရှိသည်။

အဆောက်အဦးသာပြောတာအဆောက်အဦးနဲ့တရုတ်ရှေးခေတ်နန်းတော်တို​ပေါင်းထားတဲ့ပုံစံရှိသည်။တံခါးဝတွင်လဲကျောက်ခြင်္သေ့ရုပ်နှစ်​ရုပ်လည်း ရှိသည်။

ဒါကိုကြည့်ရင်ကျောက်တီက ခဏလောက် အေးခဲသွားပြီး “မင်း ငါတို့ကို ဘိုးဘေးအိမ်ဆီ မခေါ်သွားပဲဘာလို့ဒီကိုခေါ်လာတာလဲ’’

ထိုအချိန်တွင် Maybach(ကား)၊ Rolls-Royce (ကား)နှင့် Bentley(ကား)တို့သူမတို့ဘေးနားတွင် ရပ်လိုက်သည်။

မိသားစုလေးခုမှ အဖွဲ့ဝင်အားလုံးသည် အခြွေအရံများကဲ့သို့ ကားပေါ်မှ ဆင်းခဲ့ကြသည်။

ဝမ်မိသားစု၏ ဘိုးဘေးသည်ဒါရိုက်ဘာ၏ပြောပြချက်ကိုနားထောင်ပြီးနောက်သူက “မစ္စတာလင်း၊မစ္စကျောက်ဤအိမ်သည် ဘိုးဘေးများ၏မူလနေအိမ်ဖြစ်ပြီး ၎င်း၏ မူလအသွင်အပြင်မပျက်အောင်ကျနော်တို့ကအမြဲထိန်းသိမ်းထားတာပါတယ်။”

ကျောက်တီသည် ထိုစကားကိုကြားသောအခါ သူမ၏ပါးစပ်သည် အံ့သြ လွန်းလို့အဟောင်းသားဖြစ်သွားသည်။

အမှန်တော့သူမသည်ဒါကိုမျှော်လင့်ထားပြီးသားပင်ဖြစ်သည်။

သို့သော် ဤအဖြေကိုကြားပြီးနောက်တွင်ကျောက်တီသည်အံ့သြနေဆဲဖြစ်နေသည်။

လင်းဖန်သည်ဒါကိုကို လျစ်လျူရှုကာ ခေါင်းညိတ်ကာ “ကောင်းပြီ ဒါဆို ဝင်ကြည့်ရအောင်”

“ကောင်းပြီ။” ဝမ်မိသားစုရဲ့ဘိုးဘေးကပြောလိုက်သည်။

ဝမ်မိသားစု၏ ဘိုးဘေးသည် တံခါးဆီသို့ ရောက်လာပြီးနောက်ကြေးဝါသော့ရောင်သော့ကို ထုတ်ကာ ပေါ့ပေါ့ပါးပါး ဖွင့်လိုက်သည်။

တံခါးပွင့်သွားသည်နှင့်တပြိုင်နက်ရုတ်​တရက်​မွှေးပျံ့​သောရနံ့​လေးတစ်ခုက သူတို့မျက်​နှာစီရောက်​လာသည်​။

ထို့နောက်သူတို့အားလုံးသည်အထဲသို့ဝင်လာကြသည်။အားလုံးက ကျယ်ဝန်းသော ခြံဝင်းအတွင်းသို့ လျှောက်ဝင်လာကာ သစ်သားဖြင့်ပြုလုပ်ထားသော ရှေးဟောင်းအခန်းဆီသို့ ရောက်လာကြသည်။

ယေဘူယျအားဖြင့် ပြောရလျှင် အချိန်အတော်ကြာအောင် လူမနေထိုင်ရသေးသော အိမ်များသည် ထူးဆန်းသော အနံ့အသက်များ ရှိလိမ့်မည်ဖြစ်သည်။

သို့သော် လူတိုင်း အထဲသို့ ဝင်လာလေလေပိုပြီး မွှေးရနံ့ကသင်းပျံ့လေဖြစ်သည်။

သူတို့အားလုံးအပေါ်ကိုမေ့ာကြည့်လိုက်တာနဲ့မျက်နှာကျက်ပေါ်တွင် နဂါးများ၊ ဖီးနစ်များနှင့်အတူ ရှေးကဗျာများ နှင့် လှပရိုးရှင်းသော ပုံများစွာလဲရှိသည်။

“”နဂါးနှင့်ဖီးနစ်ကခုန်ခြင်း’’......’’။

ကျောက်တီက တိုးတိုးပြောပြီး “ဒါတွေက တန်ဘိုဟွမ် ရဲ့ တကယ့်လက်ရာတွေ မဟုတ်ဘူးလား”

ဝမ်မိသားစု၏ဘိုးဘေးက “ဟုတ်တယ်..ဒါတွေက တန်ဘိုဟွမ်ရဲ့ စစ်မှန်တဲ့လက်ရာတွေပဲ” လို့ ပြောလိုက်သည်။

ဒါကိုကြားတော့ကျောက်တီအသက်ရှုမဝသလိုခံစားလိုက်ရသည်။

တန်ဘိုဟွမ်သည် မင်မင်းဆက်ရှိ ပါရမီရှင်လေးပါး၏ အကြီးအကဲဖြစ်သည်။

“နဂါးနှင့်ဖီးနစ်ကခုန်ခြင်း” ကဗျာနှင့် “လီမြစ်တစ်ထောင်” တို့သည် သူ၏အကျော်ကြားဆုံးလက်ရာများဟု ဆိုနိုင်သည်။

မူရင်းလက်ရာနှစ်ခုက ဘယ်လောက်တောင်တန်ဖိုးရှိမလဲ။

သူမ...မယုံနိုင်ဖြစ်နေသည်။

လင်ဖန်းသည် အဓိက မိသားစုလေးခုမှ အဖွဲ့ဝင်များနှင့်အတူ အိမ်ကြီးတစ်ခုလုံး လှည့်ပတ်သွားခဲ့သည်။

သူသည် လေထဲတွင်ရှိသောမွှေးရနံ့များကို ရှူရှိုက်ရင်းရှေးဟောင်းပရိဘောဂများကို ကြည့်နေသည်။

ကောင်းကင်က မှောင်လာတာကိုမြင်တော့ လင်းဖန် က “ဒီနေ့ ငါဒီမှာပဲနေတော့မယ်”

မိသားစုလေးခုရှိလူများက အနည်းငယ် ထိတ်လန့်သွားကြသည်။

ဒီမှာနေတာလား

တခြားလူကသာ အဲဒီလိုပြောရင် နောက်တစ်စက္ကန့်မှာ တစ်ယောက်ယောက်စီကနေအရိုက်ခံရလိမ့်မှာသေချာသည်။

ဒါပေမယ့် အခုဒီစကားပြောတဲ့လူကလင်းဖန်ဖြစ်နေလေသည်။

လင်းဖန်က “ဘာလဲ၊ မရဘူးလား’’

ဝမ် မိသားစု၏ ဘိုးဘေးက အလျင်စလိုပြောခဲ့သည် “ရပါတယ်။ အိပ်ယာ၊ စောင်၊ ရေနဲ့နေ့စဉ်သုံးပစ္စည်း မျိုးစုံကိုယူလာပေးဖို့အချိန်ခဏလောက်ပေးပါ။”

ဤအိမ်သည်ချင်ဟိုမန်ဂိုဏ်း ၏ဘိုးဘေးအိမ်ဖြစ်သည်။

လင်းဖန်သည် အရင်ဘိုးဘေး၏ မျိုးဆက်ဖြစ်ပြီး လက်ရှိဂိုဏ်းသခင်ဖြစ်သည်။

ဒီကမ္ဘာတွင် မည်သူမဆို ဤနေရာတွင်နေထိုင်ရန် အရည်အချင်းပြည့်မီသောသူကိုပြပါ​ဆိုလျှင်လင်းဖန်ကိုသာပြရမည်ဖြစ်သည်။

လင်းဖန်က ကျေနပ်စွာ ခေါင်းညိတ်ပြပြီး ကျောက်တီဘက်လှည့်ကာ “ဝမ်းကွဲ၊ မင်းရောဒီနေ့ဒီမှာ​နေမှာလား”

ကျောက်တီသည် ဤသစ်သားအိမ်ကြီးကို အလွန်စိတ်ဝင်စားနေသည်။

ဤနေရာသို့ လမ်းလျှောက်ခြင်းကပင် သူမကို ရှေးခေတ်တော်ဝင်မင်းသမီးလေးလို ခံစားရစေသည်။ထို့ကြောင့်သူမသည်ဤနေရာတွင်ညအိပ့်ချင်သွားသည်။

ထို့ကြောင့် ကျောက်တီက ခေါင်းညိတ်ပြီး “ကောင်းပြီ” ဟုဆိုသည်။

အားလုံး လမ်းလျှောက်နေကြရင်းကျောက်တီက တိုင်တစ်လုံးကို ထိလိုက်ပြီး “ဒီအိမ်ကို ဘယ်လိုသစ်သားနဲ့ လုပ်ထားတာလဲ။သစ်သားတွေကိုပိုးတွေစားထားတဲ့ဟာလဲမရှိဘူး” လို့ပြောလိုက်သည်။

ဝမ်မိသားစုရဲ့ ဘိုးဘေးက “အိမ်တစ်ခုလုံးကို ရွှေနန်းမူနဲ့ လုပ်ထားတာပါ” လို့ ပြောလိုက်သည်။

မူလက တိုင်ကို ကိုင်နေဆဲဖြစ်သော ကျောက်တီသည် နေရာတွင်ပင် အေးခဲသွားသည်။

အိမ်တစ်ခုလုံးကို ရွှေနန်းမူနဲ့ လုပ်ထားတာလား။

ကျောက်တီသည်ရွှေနန်းမူကဘာဆိုတာကိုမသိပေ။သို့သော် သူမသည် သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရသည်။

ထိုသတင်းထဲတွင်ရွှေနန်းမူ၏စျေးနှုန်းသည် ရွှေနှင့်ညီသည်ဟုဆိုထားသည်။

ဒါဆိုဒီလိုအိမ်ကြီးကြီးအတွက် ရွှေနန်းမူဘယ်လောက်သုံးထားသလဲ။

သိပ်မကြာခင်မှာပဲအိပ်ယာ၊စောင်၊ရေ၊ ရေချိုးခန်းသုံးပစ္စည်းများ စသည်တို့ကို တစ်မျိုးပြီး တစ်မျိုး လာပို့ကြသည်။

ထိုညတွင် လင်းဖန်နှင့် ကျောက်တီနှစ်ယောက်လုံး အလွန်သက်တောင့်သက်သာရှိစွာ အိပ်မောကျသွားခဲ့ကြသည်။

...

လင်းဖန်တို့သာအိမ်မောကျသွားကြပေမဲ့တစ်ချို့လူများသည်အိပ်စက်လို့မရဖြစ်နေသည်။

လီဝေသည်အိမ်ပြန်ရောက်တာနဲ့ သူ့ဇနီး ကျန်းမုဒန်ဟာ သားဖြစ်သူ လီခိုင်ဂျန် ရဲ့ မျက်နှာရောင်ရမ်းနေတာကို တွေ့လိုက်ရသည်။

ကျန်းမုဒန် က “ဘာဖြစ်တာလဲသား၊မင်းကို ရိုက်တဲ့သူက ဘယ်သူလဲ၊ ငါ သူ့ရဲ့ရုပ်ရည်ကိုကြည့်လို့မရအောင်လုပ်ပစ်ပေးမယ်”

ထို့နောက် ဆိုဖာပေါ်တွင်ထိုင်ကာ ဆေးလိပ်သောက်တော့မည့်လီဝေကိုကြည့်ကာ “ဘာလို့ဆေးလိပ်သောက်နေရတာလဲ”

“သောက်မယ်ဆိုလဲသေအောင်သာသောက်ကိုယ့်သားဒီလိုဖြစ်နေတာတောင်ဆေး​လိပ်သောက်နိုင်သေးတယ်!”

စကားပြောနေစဉ် ကျန်းမုဒန်သည် ရှေ့သို့ တိုးလာပြီး လီဝေ၏ လက်ထဲရှိဆေးလိပ်ကို ယူလိုက်သည်။

သူမပြောစကားကိုကြားတော့လီဝေသည်ချပ်ချင်းဒေါသထွက်သွားပြီး “သူကိုရိုက်တာငါပဲ၊မင်းဘာလုပ်ချင်လဲ။’’

“မင်းသာကိုယ့်သားကိုမဆုံးမလို့ သူကအခုအပြင်မှာ ဘယ်လို ဒုက္ခရှာလိုက်လဲဲမင်းသိလား....”

All Chapters