မြန်မြန်စားခြင်း
Vol. 30 Ch. 450
လီဝေသည်ထိုစကားများကိုပြောပြီးနောက်ကျန်းမုဒန်ရဲ့ မျက်နှာကို ရိုက်လိုက်လေသည်။
သူမသည် မယုံကြည်နိုင်သောအမူအရာဖြင့်လီဝေကိုကြည့်လိုက်သည်။
“ကလင် ကလင် ကလင်”
ထိုအချိန်တွင် လီဝေ၏ လက်ကိုင်ဖုန်းသည် လျင်မြန်စွာမြည်လာသည်။
ဖုန်းခေါ်ဆိုမှု အကြောင်းကြားချက်ကို တစ်ချက်ကြည့်လိုက်တာနဒ်သူ့ကိုယ်ပိုင်မှိုစက်ရုံ ဒါရိုက်တာထံမှ ခေါ်ဆိုမှုဆိုတာကိုတွေ့လိုက်သည်။
လီဝေက သူ့ရင်ထဲက ဒေါသတွေကို ထိန်းပြီး အဖြေခလုတ်ကို နှိပ်လိုက်သည်။
အထဲမှာ စိုးရိမ်သောက အသံတစ်ခုထွက်ပေါ်လာသည်။
“မစ္စတာလီ၊ မကောင်းပါတော့ဘူး၊ဟော့စန်၊အီလစ့်မိုင်ချီးနီးယား... ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ကုမ္ပဏီတွေ အားလုံးနီးပါးက ငါတို့ရဲ့မှိုအရည်အသွေးက ပြဿနာဖြစ်နေလို့ ဖုန်းဆက်ပြီး ပြောတယ်။ ဒါတင်မကသေးဘူး အနာဂတ်မှာလည်း ကျနော်တို့နဲ့ ပူးပေါင်းတော့မှာ မဟုတ်ဘူးတဲ့၊ပြီးတော့သူတို့ကို လျော်ကြေးပေးရမယ်တဲ့”
လီဝေက “သူတို့စီမှာပေါ်ပေါက်လာတဲ့ အရည်အသွေးဆိုင်ရာ ပြဿနာတွေကို ချက်ချင်းဖြေရှင်းပြီး လေးနက်စွာ တောင်းပန်ပြီးလျော်ကြေးပေးလိုက်ပါ။ ဒါပေမယ့် ပူးပေါင်းဆောင်ရွက်မှုကိုတော့ဆက်လုပ်ရအောင်သေချာလေးပြောပေးပါ...”
လီဝေသည် ခဏကြာ စကားပြောပြီးနောက် ဖုန်းချလိုက်သည်။
“ကလင် ကလင် ကလင်!”
ဒီတစ်ခါဆက်တဲ့သူကပြုပြင်မွမ်းမံတဲ့ စက်ရုံဒါရိုက်တာဆီကပင်ဖြစ်သည်။
လီဝေက အဖြေခလုတ်ကိုနှိပ်လိုက်သည်နှင့်တပြိုင်နက်စိုးရိမ်သောအသံတစ်ထွက်ပေါ်လာသည်။”ဘော့စ်လီ၊ မကောင်းတော့ဘူး၊ဒုံဖတ်ကုမ္ပဏီ၊စတားလိုက်ကုမ္ပဏီ... ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ထားတဲ့ ကုမ္ပဏီတွေအားလုံးက ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းလိုက်ပြီးသူတို့ကို လျော်ကြေးငွေပေးရမယ်တဲ့။အဲ့လိုပြောရတာကလည်းကျနော်တို့ရဲ့ပစ္စည်းအရည်အသွေးမှာ ပြဿနာရှိနေတယ်လို့ ဆိုပါတယ်။’’
လီဝေသည် ဒါကိုကြားတော့ သူ့စိတ်တွေ တင်းကြပ်သွားသည်။
အလွန်ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခုသူ့ရင်ထဲမှာပေါ်လာလေသည်။
သို့သော်၊ အသက်ပြင်းပြင်းရှူကာ “မင်း…” ဟု ပြောသေးသည်။
နောက်ဆုံးတွင် လီဝေသည် ခုနကအစီအစဉ်အကြောင်းအတိငြ်း ထပ်မံပြောဆိုခဲ့သည်။
ထို့နောက် ဖုန်းချလိုက်သည်။
သို့သော်၊ ချက်ချင်းပင်သူ့ဖုန်းက အမြန်မြည်လာပြန်သည်။
“သူဌေးလီမကောင်းတော့ဘူး...”
ကိုယ်ပိုင်ကုမ္ပဏီတစ်ခု၊နှစ်ခုမှာပြဿနာရှိလျှင် ဒါကမတော်တဆမှုတစ်ခုသာ ဖြစ်နိုင်ပါသည်။
သို့သော်၊ သုံးခု.. သို့မဟုတ် အားလုံးမှာ ပြဿနာများ ရှိနေသည်ဆိုကတည်းကမတော်တဆမှု မဟုတ်သည်မှာ သေချာသည်။
သတင်းဆိုးတွေကိုဆက်တိုက်ကြားပြီးနောက်လီဝေသည်ဖုန်းကိုင်ဖို့တောက်အားမရှိတော့ပေ။ထို့ကြောင့်သူ့ဖုန်းသည်ကြမ်းပြင်ပေါ်သို့ကျသွားလေသည်။
သူနားလည်လိုက်သည်။ဒါကမိသားစုကြီးလေးခု၏ ပြစ်ဒဏ်ဆိုတာကိုပင်ဖြစ်သည်။
ငါတော့...ပြီးသွားပြီ!
.......
တစ်ဖက်တွင်လည်း အမေရိကန်။
ဝမ်မိသားစုရဲ့ဘိုးဘေးစောစောကပြောခဲ့သည့်အတိုင်း ရီလုံ သည် မှော်မြို့ကို ကိုယ်တိုင်လာဖို့လုပ်နေသည်။
ရီလုံသည် တုတ်ကောက်ကိုကိုင်ကာ အိမ်ကြီးထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက “အဖေ၊ မင်း ကျန်းမာရေးက သိပ်မကောင်းဘူးလေ။ လူကိုယ်တိုင် သွားမှရမှာလား။ ဒါမှမဟုတ်ရင်လဲလင်ဖန်းကို အမေရိကားကို လာခိုင်းလိုက်လေ” လို့ ပြောလိုက်သည်။
မူလက ငြိမ်သက်နေသော ရီလုံသည်သူ၏တုတ်ကောက်ကိုင်ကာ လူလတ်ပိုင်း အမျိုးသားကို ရိုက်နှက်တော့သည်။
လူလတ်ပိုင်းအမျိုးသားသည်နာကျင်နေသော်လည်းသူသည်မအော်ရဲပေ။
ရီလုံက အေးစက်စွာပြောလိုက်သည်- “မစ္စတာလင်းသည် ယနေ့ချင်ဟိုမန် ဂိုဏ်း၏သခင်လဲဖြစ်ပြီးအရင်ချင်ဟိုမန်ဘိုးဘေးမှ ဆင်းသက်လာသူဖြစ်သည်။ ချင်ဟိုမန်ဂိုဏ်းဝင်တိုင်းသည် သူ့ရှေ့မှအငယ်တန်းဟု မှတ်ယူရမည်!”
“ဒီတုတ်က ပြစ်ဒဏ်ပဲ!”
“နောက်တစ်ခါ တစ်စုံတစ်ယောက်က မစ္စတာလင်းရဲ့ နာမည်ကို တိုက်ရိုက်ခေါ်ဝံ့ရင် ဒါမှမဟုတ် သူ့ကို မရိုမသေလုပ်ရင်၊ တုတ်လောက် လောက်နဲ့ရိုးရှင်းမှာ မဟုတ်ဘူး!”
“အဟွတ် အဟွတ် အဟွတ်”
လူလတ်ပိုင်းအမျိုးသားပြောသလိုပဲ ရီလုံရဲ့ ကျန်းမာရေးက တကယ်ကို မကောင်းပေ။
အခုသူသည်သူ ချောင်းဆိုးရင်းကနေသွေးတောင်ပါလာလေသည်။
ဒါကိုမြင်တော့လူတိုင်းနီးပါးထိတ်လန့်သွားခဲ့သည်။
တစ်စုံတစ်ယောက်က ထိတ်လန့်စွာအော်ပြောသည်- “လူအိုကြီးလံု၊ မင်း အဆင်ပြေရဲ့လား”
“ဒေါက်တာ!”
“ဒေါက်တာ ဒီကိုလာပါအုံး”
ခဏကြာတော့ အင်္ကျီအဖြူဝတ်ထားတဲ့ ဆရာဝန်က ဆေးသေတ္တာကို သယ်ပြီး ပြေးလာခဲ့သည်။
ရီလုံက သူ့လက်ကို ဝှေ့ယမ်းပြီး “ကြည့်စရာ မလိုဘူး ငါ့ခန္ဓာကိုယ်အကြောင်းငါသိတယ်။ အခု မြန်မြန် လေဆိပ်သွားရအောင်။ ငါ ချက်ချင်း တရုတ်ရဲ့မှော်မြို့ကို မြန်မြန်သွားချင်တယ်!”
“ဒါ…”
ရှိနေတဲ့သူအားလုံး တုံ့ဆိုင်းသွားကြသည်။
ရီလုံ၏ မျက်လုံးများ ပြူးကျယ်သွားပြီး “ဘာလဲ၊ ငါ့စကားတွေက အသုံးမဝင်တော့ဘူးလား” ဟု အော်လိုက်သည်။
ဤစကားထွက်လာသည်နှင့် တပြိုင်နက် လူတိုင်းက သူတို့၏ပခုံးပေါ်တွင် တောင်ကြီးတစ်ခု ဖိလိုက်သလိုမျိုးခံစားလိုက်ရသည်။ထို့ကြောင့်သူတို့သည်ထိတ်လန့်တုန်လှုပ်သွားကာ ဘာမှမပြောဝံ့ကြတော့ပေ။
ရီလုံက “လေဆိပ်သွားရအောင်”
စကားပြောနေရင်း၊သူသည်အိမ်ရှေ့ရှိRolls Royce(ကား)ပေါ်ထိုင်ပြီး လေဆိပ်ကို မောင်းသွားသည်။
ထိုအချိန်တွင် ဇိမ်ခံ အထူးလေယာဉ်တစ်စင်းသည် လေဆိပ်အလယ်တွင် ရပ်နေပြီဖြစ်သည်။
...
တစ်ဖက်တွင် တရုတ်၊ပေကျင်း။
“ဒီဒီဒီ!”
အဘိုးအိုတစ်ဦးသည် ဖန်သားပြင်ပေါ်ရှိ မက်ဆေ့ချ်ကို ကြည့်ကာ အံ့အားသင့်စွာဖြင့် “ဘာလဲ၊ ရီလုံ ကမှော်မြို့ကို လာမှာလား။”
“ဒါက ရှားတယ်!”
“သူက အရင်တုန်းက ငါတို့အတွက်အများကြီး လုပ်ခဲ့ပြီးပြီ။ ဒါကြောင့်ငါတို့က သူ့ဘေးကင်းရေးအတွက်သေချာလုပ်ရမယ်။”
ခဏနားပြီးနောက်၊ အဘိုးအိုက “မှော်မြို့ကို ချက်ခြင်းသွားမယ်!”
ထို့နောက် ချက်ချင်းပင် အေဒီနှင့် ဂျက်လေယာဉ်တို့သည် မှော်မြို့ရဲ့လေဆိပ်သို့ လျင်မြန်စွာ မောင်းနှင်လာခဲ့သည်။ထို့ကြောင့်မှော်မြို့ရှိလေဆိပ်လေထုသည်မကြုံစဖူးလေးနက်နေလေသည်။
.......
လင်းဖန်သည် ဒါကို လုံးဝမသိ။
လင်းဖန်သည် မနက်ခင်းနေရောင်ခြည်ကြောင့်သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
သူက ဖုန်းစခရင်ကို ပုံမှန်အတိုင်းကြည့်လိုက်သည်။
ယခုအချိန်တွင် ဖုန်းတွင် မက်ဆေ့ချ်တို နှစ်ခုရှိသည်။
“၀:၀၀ နာရီ၊ တရုတ်ဘဏ်မှ ယွမ် ၃၇၈၉၃၂၀၀ ရရှိသည်။”
“6:10am(ဒါကအချိန်ပါ)ကျူရီရှောင်: ငါပြန်ရောက်ပြီ။”
လင်းဖန်သည် ပထမစာသားမက်ဆေ့ခ်ျကို လျစ်လျူရှုရန် ရွေးချယ်ခဲ့သည်။
လင်းဖန်သည် ဒုတိယစာသားမက်ဆေ့ခ်ျကို ဖတ်ပြီးနောက် ဖုန်းခေါ်ဆိုရန် ရွေးချယ်ခဲ့သည်။
ဖုန်းက အနည်းငယ် မြည်လာပြီး ချက်ချင်း ချိတ်ဆက်သွားသည် ။
“လင်းဖန် မင်းနိုးပြီလား” ကျူရီရှောင်၏ အလွန်ပျော်ရွှင်သော အသံသည် ဖုန်းမှ ထွက်ပေါ်လာသည်။
လင်းဖန် က “ဟေး...ချစ်လေး...မင်းပြန်ရောက်လာပြီမလား”
ကျူရီရှောင်က “ငါပြန်ရောက်ပြီလေ...ငါမက်ဆေ့ပို့ထားတယ်လေ၊မဖတ်ရသေးဘူးလား!”
လင်းဖန်က’’ဖတ်ပြီးသွားပြီ၊မေ့ပြီးမေးမိတာ’’
“ကောင်းပြီ ဒါဆို ငါမင်းဆီ နောက်မှ လာခဲ့မယ်။ စကားမစပ် သွားချင်တဲ့ နေရာရှိလား” လင်းဖန်က မေးလိုက်သည်။
ကျူရီရှောင် ခဏလောက်စဉ်းစားပြီး “ငါမှော်မြို့မှာနေတာ နှစ်အတော်ကြာပြီဆိုပေမဲ့ ဒစ်စနေလန်ကို အမြဲသွားချင်ခဲ့တာ။”
လင်းဖန် က “ကောင်းပြီ၊ဒါဆိုငါတို့ ဒစ်စနေလန် ကို သွားကြမယ်!”
နှစ်ယောက်သား ခဏတာ စကားစမြည်ပြောကြပြီးမှ ဖုန်းချလိုက်ကြသည်။
ထို့နောက် လင်းဖန်သည် အခန်းမှထွက်ကာမျက်နှာသစ်လိုက်သည်။ ထို့နောက်သူသည်စားစရာတွေကိုမှာတော့လေသည်။
မကြာမီမှာပဲသြစတြေးလျ ပုဇွန်ခေါက်ဆွဲ၊ ကြက်ဥ ပေါင်မုန့်၊ M9 အမဲသားကင်...စတာတွေကစားပွဲပေါ်မှာရောက်လို့နေပြီဖြစ်သည်။
ထိုအချိန်တွင် ကျောပ်တီသည်လဲရောက်ရှိလာသည်။
လင်းဖန်က “ဝမ်းကွဲ၊ မင်းလည်းနိုးပြီဆိုတော့တစ်ခုခုစားကြရအောင်”
ကျောက်တီက ခေါင်းညိတ်ပြီး “ကောင်းပြီ” ဟုဆိုသည်။
သို့သော်သူမသည်လင်းဖန်ကဲ့သို့ ဖြည်းညင်းစွာ ဝါးပြီး အရသာမခံပေ။
သူမသည်ပါးစပ်ထဲသို့အကုန်သိမ်းကြုံးထည့်တော့သည်။
လင်းဖန် က “ဝမ်းကွဲ ၊ ဖြည်းဖြည်းစားပါ၊တော်ကြာနင်နေအုံးမယ်”
ဖြည်းဖြည်းစားရမှာလား
ဒီလောက်အဖိုးတန်ပြီး အရသာရှိတာတွေကိုမြန်မြန်စားတာကဖြစ်သင့်တယ်ဆိုပြီးလင်းဖန်ပြောတာကိုနားမထောင်ပဲမြန်မြန်စားတော့သည်။
စာစဉ်၃၀ပြီး။