လူသားများနှင့် နတ်ဆိုးများ အတူယှဉ်တွဲ နေထိုင်နိုင်သော်လည်းအရုဏ်တက်နတ်ဧကရီ သေရမည်။
Vol. 14 Ch. 171
ဘုန်း
လမ်းမကြီးပေါ်ရှိ ကျောက်ပြားများ ကြေမွသွားပြီး ဒေါင်းနက်၏ သွေးများ စွန်းထင်းကုန်ကာ ထိုအခိုက်အတန့်တွင် လူအုပ်အကြား၌ တိတ်ဆိတ်မှုတစ်ခု လွှမ်းခြုံသွားသည်။ မျက်လုံးများ ပြူးကျယ်နေသော သူတို့၏ အကြည့်များသည် ယွမ်ရှောင်နှင့် အရုဏ်တက်နတ် ဧကရီအကြားတွင် ဟိုသည် ကူးပြောင်းနေပြီး နှလုံးခုန်သံများ မြန်နေသည်။
"ဒီကိစ္စများ ဖြစ်မလား..."
အရုဏ်တက်နတ် ဧကရီ၏ မျက်လုံးများမှ အရောင်အဝါသည် ယွမ်ရှောင်၏ ဖြူစွတ်နေသော ဝတ်ရုံတွင် ကျရောက်နေသည်။
"ငါ့ကို ပြောစမ်း။ လူတွေက မင်းဟာ နတ်ဆိုးမင်းသားတစ်ပါးရဲ့ အရိုးတွေကို လူသိရှင်ကြား ဝါးမျိုပြီး အသားကို သန့်စင်ပစ်တာ မှားယွင်းတယ်လို့ ယုံကြည်နေရင်၊ မင်း ဘာလုပ်သင့်သလဲ"
ယွမ်ရှောင်သည် ဦးခေါင်းကို မော့လိုက်ပြီးသူ၏ မျက်လုံးများ မီးလျှံကဲ့သို့ တောက်လောင်နေကာ ရဲရဲရင့်ရင့် ကြေညာလိုက်သည်။
"ငါက နတ်ဆိုးဧကရာဇ်နဲ့ သူ့နောက်ကွယ်က ထောက်ခံသူတွေရဲ့ နတ်ဆိုးအရိုးတွေကိုပါ ဝါးမျိုပစ်မယ်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ငါ့ရဲ့ ဓားဝိညာဉ်မှာ အလှဆင်ဖို့ ဓားစက်ကွင်းအဖြစ် သန့်စင်ပစ်မယ်။ အဲ့ဒီ အတင်းအဖျင်းပြောတဲ့ သူတွေ တိတ်ဆိတ်သွားအောင် သူတို့ရဲ့ အလောင်းတွေကို နေ့ရောညပါ ရိုက်နှက်ပစ်မယ်"
ရဲတင်းသော ထိုစကားကြောင့် လူအများ၏ နှလုံးခုန်သံများ ရပ်တန့်လုနီးပါး ဖြစ်သွားပြီး ဤစကားကို ကြားသောအခါ ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်၏ အမွှာမင်းသမီးနှစ်ပါးသည် အကြိမ်ကြိမ် ပါးရိုက်ခံလိုက်ရသကဲ့သို့ ဖင်ထိုင်ကျသွားကြသည်။ ကောင်းကင်မှ အရုဏ်တက်နတ် ဧကရီသည် သဘောတူညီဟန်ဖြင့် ခေါင်းညိတ်ခဲ့သည်။
"ကောင်းတယ်။ ဒီ စက်ဆုပ်စရာ အလောင်းကို မင်းရဲ့ ဓားဝိညာဉ်နဲ့ နေ့စဉ်နေ့တိုင်း အရှက်ရအောင် လုပ်ဖို့ တာဝန်ပေးလိုက်မယ်။ ဒါက သေလွန်သွားတဲ့ ဝိညာဉ်တွေကို နှစ်သိမ့်စေပြီး မကောင်းဆိုးဝါး နတ်ဆိုးတွေကို သတိပေးတာဖြစ်ပါစေ။ မင်းရဲ့ ဓားဝိညာဉ် တည်ရှိနေသရွေ့ ဒါက နတ်ဆိုးတွေအတွက် သတိပေးချက်တစ်ခု ဖြစ်လိမ့်မယ်။ နတ်ဘုရားတိုက်ကြီးနဲ့ အင်မော်တယ်နတ်ပြည်ထောင်ရဲ့ လူတွေက ငါတို့ရဲ့ အထိမခံနိုင်တဲ့ စည်းပဲ။ ဒီစည်းကို ကျော်တဲ့ ဘယ်သူမဆို အဆုံးထိ ပေးဆပ်ရလိမ့်မယ်"
"ငါ့ရဲ့ ဓားဝိညာဉ်က မျိုးဆက်သစ်တွေအတွက် မီးရှူးတန်ဆောင်အဖြစ် ထွန်းလင်းမယ်။ ငါ့အသက်ကို နတ်ဘုရားတိုက်ကြီးရဲ့ သုခချမ်းသာကို ကာကွယ်စောင့်ရှောက်ဖို့ ပေးဆပ်မယ်"
သူမ၏ ကြုံးဝါးချက်သည် ကောင်းကင်နယ်မြေ တစ်ခုလုံး တုန်လှုပ်စေခဲ့ပြီး ယွမ်ရှောင်သည် သူ၏ ဓားကို ကောင်းကင်သို့ မြှောက်ကာ ကတိပြုလိုက်၏။ နတ်ဆိုးဧကရာဇ်၏ ကိုးဆယ့်ကိုးချောင်းသော အမြီးတောင်များမှ ဝိညာဥ်များလွတ်မြောက်သွားကာ တိမ်တိုက်များကြား ပျံ့လွင့်နေစဥ် သူက အရိုအသေပြုလိုက်သည်။ တစ်ချိန်က သူတို့ကဲ့သို့ပင် ယွမ်ရှောင်၏ ဝိညာဉ်သည် မတရားခံခဲ့ရသောကြောင့် ယ ဤခံစားချက်ကို ကောင်းကောင်းနားလည်ပြီး သေလွန်သူများကို နှစ်သိမ့်ပေးခြင်းသည် ကျင့်ကြံသူတစ်ဦးအတွက် အခြေခံအကျဆုံး ယုံကြည်ချက်ဖြစ်သည်။
"နှုတ်ဆက်ပါတယ်"
သူ၏ ဓားသည် မြေကြီးထဲသို့ စိုက်ဝင်သွားပြီး နတ်ဆိုးများကို သတ်ဖြတ်လိုစိတ်မှာ ထင်ရှားနေသည်။ လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီးနောက် ယွမ်ရှောင်သည် မရေမတွက်နိုင်သော မျက်လုံးများကို လျစ်လျူရှု၍ သူ၏ ဓားကို ဆုပ်ကိုင်ရင်း ထာဝရ ပျော်ရွှင်ခြင်း နတ်ဆိုးဧကရာဇ်၏ အလောင်းပေါ်သို့ ခုန်တက်လိုက်သည်။ သူ က ဓားသွားကို နတ်ဆိုး၏ ရိုးတွင်းခြင်ဆီထဲသို့ နက်ရှိုင်းစွာ ထိုးစိုက်လိုက်သောအခါ
မဟာကျောင်းတော် သူတော်စင်၊ အင်မော်တယ်နတ်ပြည်ထောင်မှ အရာရှိအများအပြား နှင့် ဟန်ကျင်းလီတို့ ဦးဆောင်လျက် ရှုံ့မဲ့နေသော မျက်နှာများဖြင့် အရုဏ်တက်နတ် ဧကရီထံ ချဉ်းကပ်လာကြသည်။
"ရပ်လိုက်စမ်း"
"အရှင်မ၊ ထာဝရ ပျော်ရွှင်ခြင်း နတ်ဆိုးဧကရာဇ်ကို သတ်ဖြတ်လိုက်တာက လူသားတွေနဲ့ နတ်ဆိုးတွေကြားက ငြိမ်းချမ်းရေးစာချုပ်ကို ချိုးဖောက်လိုက်တာပါပဲ။ ကြီးမားတဲ့ အမှားနဲ့ ဒီလူငယ်ရဲ့ စော်ကားမှု ပေါင်းစပ်လိုက်ရင်၊ ကျုပ်တို့ရဲ့ နတ်ဘုရားတိုက်ကြီးတစ်ခုလုံးက ပြန်ပြင်မရနိုင်တဲ့ ပျက်စီးခြင်းကို ရောက်သွားနိုင်ပါတယ်"
သူတော်စင်က အသံတုန်ရီစွာ တင်လျှောက်၍ စိတ်ပျက်နေပုံရ၏။
"စာချုပ်ကို ချိုးဖောက်တယ်။ ဟုတ်လား"
အရုဏ်တက်နတ်ဧကရီက ပြုံးလိုက်ပြီး နတ်ဆိုးတိုက်ကြီးမှ မျက်လုံးများ နီရဲနေသော နတ်ဆိုးသူတော်စင်များကို တစ်ချက်ကြည့်ကာ ရေရွတ်လိုက်သည်။
"အမှန်တရားကို ပြောကြရအောင်။ လူသားတွေနဲ့ နတ်ဆိုးတွေကြားက ငြိမ်းချမ်းရေးဟာ အပြန်အလှန် သဘောတူညီချက်တစ်ခုဖြစ်ပေမယ့် ဒီ ထာဝရ ပျော်ရွှင်ခြင်း နတ်ဆိုးဧကရာဇ်က အောက်နယ်မြေကို ခိုးဝင်ပြီး အပြစ်မဲ့သူတွေကို ဖျက်ဆီးခဲ့တယ်။ သူက ငြိမ်းချမ်းရေးကို ချိုးဖောက်တဲ့သူပဲ။ စာချုပ်နဲ့အညီ ငါက သူ့ကို ကွပ်မျက်လိုက်တာဟာ နတ်ဆိုးမိတ်ဆွေတွေအတွက် အစွန်းအထင်းတစ်ခုကို ဖယ်ရှားပေးပြီး နတ်ဆိုးတိုက်ကြီးအတွက် ဖြောင့်မတ်မှန်ကန်မှုကို ပြန်လည်ယူဆောင်ပေးခဲ့တာ ဖြစ်တယ်။ ဘယ်နေရာမှာ မှားယွင်းနေတာလဲ"
"ဧကရီ မှန်တယ်။ ထာဝရ ပျော်ရွှင်ခြင်း နတ်ဆိုးဧကရာဇ်က အပြစ် ရှိတယ်"
လူသားမျိုးနွယ်၏ ဒေါသတကြီး အော်ဟစ်သံများ ကောင်းကင်ဘုံတစ်ခွင် ဟိန်းထွက်သွားသည်။ မျောက်သူတော်စင် အပါအဝင် ဒေါသထွက်နေသော နတ်ဆိုးသူတော်စင်များသည် ဧကရီ၏ စကားများကြောင့် ဆွံ့အကုန်သည်။ သူမ နန်းမတက်ခင်အချိန်တွင် သူတို့က အောက်နယ်မြေများ၌ စိတ်ရှိလက်ရှိ ရမ်းကားခဲ့ကြပြီး ငြိမ်းချမ်းရေးဆိုသည်မှာ အင်အားကြီးသူများ၏ လက်အတွင်း ရှိနေခြင်းပင်။
"ထာဝရ ပျော်ရွှင်ခြင်း နတ်ဆိုးဧကရာဇ်လို အပြစ်သားတွေက ငါတို့ရဲ့ နတ်ဆိုးမိတ်ဆွေတွေကို အရှက်ရစေရုံပဲ ရှိတယ်။ ဒီကိစ္စကို တခြား နတ်ဆိုးဧကရာဇ် လေးပါးကို ငါ ရှင်းပြလိုက်မယ်။ ငါတို့ရဲ့ ငြိမ်းချမ်းရေးဟာ တားဆီးလို့မရတဲ့ သမိုင်းတစ်ခု ဖြစ်ပြီး ဒီလို ပိုးမွှားတွေကြောင့် တုန်လှုပ်ရမှာ မဟုတ်ဘူး။ မင်းတို့လို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေက ဒီလို အောက်တန်းစားမျိုးနဲ့ ပေါင်းသင်းမှာ မဟုတ်ဘူးလို့ ငါ ယူဆပါတယ်။ ဒီလို နတ်ဆိုးမျိုးကို ငါတို့ မျိုးနွယ်နှစ်ခုလုံးက ဖယ်ရှားသင့်တယ်ဆိုပေမယ့် စိတ်လိုက်မာန်ပါ လုပ်မိတဲ့အတွက် စိတ်မရှိပါနဲ့"
အရုဏ်တက်နတ် ဧကရီက နတ်ဆိုးသူတော်စင်များကို ပြုံးပြရင်း သူမ၏ စကားကို နိဂုံးချုပ်လိုက်သည်။
"မင်းက ငါတို့ရဲ့ နတ်ဆိုးဧည့်သည်တွေကို ကြိုဆိုဖို့ မဟာဘုရားကျောင်းမှာ စားသောက်ပွဲ စီစဉ်နေတာ မဟုတ်ဘူးလား"
ထို့နောက် သူမက မူတန်းရှီဘက် လှည့်ကာ မေးခွန်းထုတ်လိုက်ပြန်၏။ မူတန်းရှီသည် အောက်သို့ ငုံ့ကြည့်လိုက်သောအခါ ယွန်ရှောင်သည် နတ်ဆိုးအရိုးများကို စုပ်ယူပြီး သူ၏ ဓားစက်ကွင်းကို ဖွဲ့စည်းနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ နတ်ဆိုးအုပ်စု တိတ်ဆိတ်နေဆဲဖြစ်ကာ ကြီးမြတ်သော နတ်ဆိုးဧကရာဇ် လေးပါး မရှိသဖြင့် သူတို့တွင် နောက်ဆုတ်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိပေ။
"ကျုပ်တို့ နတ်ဆိုးမျိုးနွယ်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ပြေလျော့စေတဲ့အတွက် အရုဏ်တက်နတ် ဧကရီကို ကျေးဇူးတင်ပါတယ်။ ကျုပ်တို့မှာ ပြန်ပေးဆပ်ဖို့ နည်းလမ်းမရှိပေမယ့် အင်မော်တယ် စစ်ပွဲမှာ အကောင်းဆုံး ကြိုးစားပြီး အရှင်မကို မျက်နှာသာပေးနိုင်ဖို့ ကြိုးစားမယ်လို့ ကတိပေးပါတယ်"
မျောက်သူတော်စင်သည် သူ၏ မိုးထိလုမတတ် မြင့်တက်နေသော ဒေါသကို ချုပ်တည်းရင်း ကျယ်လောင်စွာ ပြောလိုက်သည်။
"ငါ စောင့်နေမယ်"
အရုဏ်တက်နတ် ဧကရီက ခေါင်းညိတ်ပြခဲ့ပြီး ဤသို့ဖြင့် မူတန်းရှီသည် နတ်ဆိုးများကို ခေါ်ဆောင်သွားစဥ် တောက်ပပြီး ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် ဓားစက်ကွင်းတစ်ခု ယွမ်ရှောင်၏ လက်ထဲတွင် ပေါ်ထွက်လာသည်။ ထာဝရ ပျော်ရွှင်ခြင်း နတ်ဆိုးဧကရာဇ်၏ ဝိညာဉ်သည် ကျန်ရှိနေဆဲဖြစ်ပြီး သူ၏လက်ထဲတွင် ကြမ်းတမ်းစွာ ဟိန်းဟောက်နေရာ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေသည်။ ယွမ်ရှောင်၏ ဓားဝိညာဉ်ပေါ်တွင် ဓားစက်ကွင်းနှစ်ခု လက်ရှိ ချိတ်ဆွဲထားပြီး တစ်ခုမှာ မြေခွေးမျိုးနွယ် သူတော်စင် ဓားစက်ကွင်းဖြစ်ပြီး အခြားတစ်ခုမှာ ဒေါင်းမင်းသားထံမှ သန့်စင်သော ဓားစက်ကွင်းဖြစ်သည်။
"မင်းရဲ့ သားနဲ့ ပြန်ဆုံချင်နေတာလား"
ယွမ်ရှောင် လှောင်ပြောင်၍ ဒေါင်းမင်းသား၏ ဓားစက်ကွင်းကို ဖယ်ရှားကာ ကျောက်ရွှမ်ကျန်းထံမှ ရလာသော အခြား သူတော်စင် ဓားစက်ကွင်း သုံးခုကို ထုတ်ယူလိုက်၏။ လျင်မြန်သော လှုပ်ရှားမှုဖြင့် နောက်ထပ် သူတော်စင် ဓားစက်ကွင်း သုံးခုက ယွမ်ရှောင်၏ ဓားပတ်လည်တွင် ပေါ်ထွက်လာကာ ခရီးမထွက်ခင်က ၎င်းတို့ကို သူ၏ ဓားဝိညာဉ်မှ ဖယ်ရှားထားခဲ့သော်လည်း လက်ရှိတွင် ဟန်ဆောင်မှုများဖြင့် စွမ်းအားကို ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။ သူ၏ ဓားပေါ်တွင် သူတော်စင် ဓားစက်ကွင်း လေးခုနှင့် သူ၏ လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားသော နတ်ဆိုးဧကရာဇ်အဆင့် ဓားစက်ကွင်း တစ်ခု ရှိသည်။ ထို့နောက် ထက်သန်သော စိတ်ပိုင်းဖြတ်မှုဖြင့် ယွမ်ရှောင်သည် နတ်ဆိုးဧကရာဇ်၏ သွေး ကျောက်ကို သူ၏ ဓားဝိညာဥ်၌ တိုက်ရိုက် တပ်ဆင်လိုက်သောအခါ သွေးကျောက်များအားလုံးထဲတွင် အပြင်းထန်ဆုံးနှင့် အကြမ်းတမ်းဆုံး သွေးကျောက်သည် ပေါက်ကွဲလာ၍ ဓားသွားအထက်တွင် လွှမ်းခြုံထားသော ကြီးမားသည့် အနက်ရောင်မီးလျှံ ဓားစက်ကွင်းတစ်ခု ဖြစ်တည်လာ၏။ စုစုပေါင်း ဓားစက်ကွင်း ငါးခုကြောင့် ကောင်းကင်နယ်မြေက နောက်တစ်ကြိမ် ဆူညံပွက်လောရိုက်သွားပြီး အရုဏ်တက်နတ်ဧကရီ၏ အစွမ်းပြသမှုနောက်တွင် မရေမတွက်နိုင်သော တုန်လှုပ်နေသော မျက်လုံးများသည် ယွမ်ရှောင်ထံ ကျရောက်လာကာ တီးတိုးသံများ လူအုပ်အကြား ပျံ့နှံ့ကုန်သည်။
"ဓားစက်ကွင်း ငါးခုကို ဘယ်အဆင့်လို့ သတ်မှတ်မလဲ"
"ဒါက ဓားဧကရာဇ်ပဲလား ဒါမှမဟုတ် ပိုကြီးမြတ်တဲ့ အရာတစ်ခုခုလား"
"ဘာ"
ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်မှ ဓားသူတော်စင် ယုချန်သည် သူ၏ မျက်လုံးများ မျက်နှာအတွင်းမှ ထွက်ကျလာတော့မည့်အတိုင်း ပြူးကျယ်နေသည်။
"ဦးလေးယု၊ သူနဲ့ နတ်ဧကရီက ဆိုးရွားတဲ့ အဆုံးသတ်ဆီ ဦးတည်နေတာ သေချာတယ်မလား"
မင်းသမီးငါးက တုန်ရီနေသော အသံဖြင့် မေးလိုက်သည်။
"စိတ်မပူပါနဲ့။ သူတို့ သေချာပေါက် ဖျက်ဆီးခံရလိမ့်မယ်"
ဓားသူတော်စင် ယုချန်၏ အဖြေကြောင့်
အမွှာညီအစ်မနှစ်ယောက် စိတ်သက်သာရာရသွားဟန်ဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
"ဓားအော်ရာ အလွှာ ၂၅၀..."
သို့သော် ဓားသူတော်စင် ယုချန်၏ မျက်လုံးများတွင် ဤမြင်ကွင်းကို စောင့်ကြည့်နေစဉ် စိုးရိမ်သော အရိပ်အယောင်များ ထင်ဟပ်နေ၏။ နတ်ဆိုးသူတော်စင်များ ထွက်ခွာသွားကြပြီး လောလောဆယ်တွင် ကောင်းကင်နယ်မြေသည် ငြိမ်သက်နေပုံရသော်လည်း ပို၍ ပြင်းထန်သော ထိပ်တိုက်တွေ့ဆုံမှုတစ်ခု ရောက်ရှိလာမည်ဟု လူတိုင်း သိထားကြသည်။ မျက်လုံးအားလုံးက အဖြူရောင်ဝတ် လူငယ်ထံ ကျရောက်နေပြီး နတ်ဆိုးဧကရာဇ် ဓားစက်ကွင်းတစ်ခု ဓားသွားပေါ်တွင် တပ်ဆင်ထားသဖြင့် နတ်ဆိုးမျိုးနွယ် တစ်ခုလုံး၏ ရန်သူ ဖြစ်လာသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။ သူ၏ တည်ရှိမှုကိုယ်တိုင်က နတ်ဆိုးတိုင်းအတွက် စော်ကားမှုနှင့် အရှက်ရမှုတစ်ခု ဖြစ်ပေသည်။
"သူက နတ်ဆိုးတွေဆီကနေ အမုန်းတရား အများကြီး ဆွဲဆောင်လိုက်တာ သေချာပေမယ့် နတ်ဧကရီက ဘာလို့ မီးလောင်ရာ လေပင့်လိုက်တာလဲ။ ကောင်းကင်နယ်မြေရဲ့ အင်မော်တယ် စစ်ပွဲမှာ ရောက်လာမယ့် စိန်ခေါ်မှုတွေကို သူ တကယ် ရင်ဆိုင်နိုင်ပါ့မလား"
နတ်ဆိုးတိုက်ကြီး၏ အမုန်းတရား အားလုံးသည် ယွမ်ရှောင် နှင့် ဧကရီအပေါ်တွင် တည့်တည့်မတ်မတ် တည်ရှိနေပြီး မရေမတွက်နိုင်သော နတ်ဆိုးများ၏ အမျက်ဒေါသကို ဆွဲဆောင်ရဲခြင်းသည် ရဲရင့်မှုလော သို့မဟုတ် မိုက်မဲမှုသက်သက်လော မေးခွန်းထုတ်စရာပင်။ အရုဏ်တက်နတ် ဧကရီသည် သူမ၏ နန်းတော်သို့ ပြန်သွားနှင့်ပြီဖြစ်ပြီး အင်မော်တယ်နတ်ပြည်ထောင် အရာရှိ အုပ်စုတစ်စုသည် သစ္စာရှိသူများကဲ့သို့ အနောက်မှ လိုက်ပါသွားကြ၏။
"ယွမ်ရှောင်"
စိမ်းပြာရောင်ဝတ်ဆင်ထားသော အရက်သမားသည် ရှေ့တွင် ပေါ်လာပြီး မျက်လုံးများက စိတ်ဝင်စားဟန်ဖြင့် တောက်ပနေသည်။
"စောစောက ကျုပ်ကို ကယ်တင်ခဲ့တဲ့အတွက် ဦးလေးအရက်သမားကို ကျေးဇူးတင်ပါတယ်"
ယွမ်ရှောင်က လေးစားစွာ ဦးညွှတ်လိုက်သည်။
"လောကဝတ်တွေ မလိုအပ်ပါဘူးကွာ။ လာခဲ့၊ နတ်ဧကရီက မင်းကို သီးသန့်တွေ့ချင်နေတယ်"
"နားလည်ပါပြီ"
ယွမ်ရှောင်က ခေါင်းညိတ်ပြခဲ့ပြီး သူတို့သည် ကောင်းကင်နယ်မြေ၏ လမ်းများတစ်လျှောက် ပတ်ဝန်းကျင်ရှိ နတ်ဆိုးများ၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် အရုဏ်တက်နတ် ဧကရီ၏ နန်းတော်သို့ ဂုဏ်ယူစွာ ချီတက်သွားကြသည်။ လမ်းတွင် အရက်သမားသည် သူ၏ အရက်အိုးမှ တစ်ငုံ သောက်၍ အတွေးနက်နေဟန်ဖြင့် မှတ်ချက်ချလိုက်သည်။
"လာမယ့် ရက်တွေက ငြိမ်းချမ်းမှာ မဟုတ်တော့ဘူး"
"ဟုတ်ပါတယ်"
"မင်း ဘယ်လို ခံစားရလဲ"
"ဘာကိုလဲ"
ယွမ်ရှောင်က မေးလိုက်သည်။
"နတ်ဆိုးမင်းသားကို လူသိရှင်ကြား ကွပ်မျက်ပြီး နတ်ဆိုးအရိုးတွေကို စုပ်ယူ၊ သူ့အလောင်းကို သွေးကျောက်အဖြစ် သန့်စင်တာကို ပြောတာ"
အရက်သမားက ရှင်းပြလိုက်သည်။
"စိတ်လှုပ်ရှားစရာကောင်းတယ်"
"လှောင်ပြောင်သံတချို့ ကြားလိုက်ရသေးလား"
"ကြားတယ်"
ယွမ်ရှောင်က မဲ့ပြုံးပြုံးလိုက်ပြီး သူ၏ မျက်လုံးများတွင် နတ်ဆိုးတိုက်ကြီးကို ထီမထင်ဟန်များ ထင်ဟပ်နေ၏။
"ကောင်းတယ်၊ ဘာလို့လဲဆိုတော့ အဲ့ဒီအသံတွေက ပိုကျယ်လာဦးမှာ။ မင်းကိုပဲ ဦးတည်နေမှာ မဟုတ်ဘူး။ နတ်ဧကရီကိုရော ကောလဟာလတွေ ပျံ့နှံ့လာလိမ့်မယ်။ ပြီးတော့ ငါ ခန့်မှန်းရသလောက်ဆိုရင် မင်းက မကြာခင်မှာ အင်မော်တယ်နတ်ပြည်ထောင်ရဲ့ မှတ်တမ်းတွေထဲမှာ ရာဇဝတ်ကောင်အဖြစ် ပုံဖော်ခံရတော့မယ်"
"ဘာလို့လဲဆိုတော့ သမိုင်းပညာရှင်တွေက မဟာကျောင်းတော်က မလို့လား"
ယွမ်ရှောင်က ကောက်ချက်ချလိုက်သည်။
"မှန်တယ်၊ သူတို့က နတ်ဆိုးတွေဘက်ကို ရပ်တည်ဖို့ ရွေးချယ်ခဲ့တာ ကြာပြီ။ မင်းရဲ့ လုပ်ရပ်တွေက သူတို့အမြင်မှာ သူတို့ရဲ့ ကျေးဇူးရှင်တွေကို စော်ကားတာပဲ။ ဒီ သူရဲဘောကြောင်တဲ့ကောင်တွေက ငါတို့ ရန်သူတွေနဲ့ ပေါင်းနေကြတဲ့အတွက် သူတို့ကို သစ္စာဖောက်လို့ ခေါ်တာတောင် ကြင်နာရာကျနေဦးမယ်။"
အရက်သမားက ရွံရှာဟန်ဖြင့် တံတွေးထွေး၍ သက်ပြင်းချလိုက်သည်။
"အံ့သြစရာတော့ မဟုတ်ဘူး။ ဒါပေမယ့် မင်း ကောင်းကင်ကြီးလောက် များပြားတဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်ရတော့မယ်။ သူတို့က နတ်ဆိုးမင်းသားအပေါ် ရက်စက်မှုကြောင့် မင်းဟာ နတ်ဆိုးတွေကို ဒေါသထွက်စေပြီး အပြစ်မဲ့တဲ့ လူတွေကို ထိခိုက်အောင် လှုံ့ဆော်နေတယ်လို့ ပြောကြလိမ့်မယ်။ ဒါပေမယ့် သူတို့က အမှန်တရားတစ်ခုကို နားမလည်ကြဘူး။ ဒီလောကမှာ နတ်ဆိုးတွေက အကြောင်းပြချက်မလိုဘဲ လူတွေကို သတ်တယ်၊ အသားစားတယ်၊ သွေးသောက်တယ်။ ဒါက သူတို့ရဲ့ သဘာဝပဲ။ မင်းက သူတို့အပေါ် ရက်စက်သည်ဖြစ်စေ၊ မရက်စက်သည်ဖြစ်စေ ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး။ သူတို့ သိမ်မွေ့ချင်ယောင်ဆောင်နေတဲ့ တစ်ခုတည်းသော အကြောင်းအရင်းက လူသားတွေနဲ့ နတ်ဆိုးတွေကြားက ဘာသဟဇာတဖြစ်မှုကြောင့်မှ မဟုတ်ဘူး၊ နတ်ဧကရီကို ကြောက်လို့ပဲ။ ရဲတော်ဝင်မိသားစု အုပ်ချုပ်တုန်းက တကယ့် ဆိုးရွားတဲ့ နေ့ရက်တွေပဲ။ ပညာရှိတွေလို့ ခေါ်တဲ့လူတွေနဲ့ သူတော်ကောင်းယောင်ဆောင်တဲ့သူတွေက တစ်ကိုယ်ကောင်းဆန်ပြီး နတ်ဆိုးတိုက်ကြီးဘက်ကို လှည့်ကြည့်ဖို့ ရွေးချယ်ခဲ့ကြတာဖြစ်တယ်"
"သူမက အသက်ဆယ့်ငါးနှစ်ပဲ ရှိသေးတယ်"
ယွမ်ရှောင် ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
"အတိအကျပဲ။ ပဋိပက္ခတွေရဲ့ အရင်းမြစ်က ဒီအချက်ကနေပဲ လာတာ။ စဉ်းစားကြည့်စမ်း၊ သူမက အသက်ဆယ့်ငါးနှစ်မှာ ဒီလောက် ကြောက်စရာကောင်းနေရင် နတ်ဆိုးတိုက်ကြီးရဲ့ နတ်ဆိုးဧကရာဇ် ငါးပါးက မကြောက်ဘဲ နေပါ့မလား။ နှစ်အနည်းငယ်အတွင်း သူမ ဘာဖြစ်လာမလဲ ဆိုတာ ဘယ်သူသိနိုင်မလဲ။ ယွမ်ရှောင်၊ မင်း မကြာသေးခင်က မဟာဘုရားကျောင်းကနေ ပျံ့နှံ့လာတဲ့ သတင်းကို သိလား"
အရက်သမားက ယွန်ရှောင်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ဘာများလဲ"
"'လူသားတွေနဲ့ နတ်ဆိုးတွေ အတူယှဉ်တွဲ နေထိုင်နိုင်တယ်၊ ဒါပေမယ့် အရုဏ်တက်နတ်ဧကရီ သေရမယ်တဲ့"
အရက်သမားက အေးစက်စက် ရယ်မောရင်း မုန်းတီးစွာ ပြောလိုက်လေသည်။