← Chapters

အရုဏ်တက်နတ် ဧကရီကို အကျပ်ကိုင်ခြင်း

Vol. 14 Ch. 172

အရုဏ်တက်နတ် ဧကရီကို အကျပ်ကိုင်ခြင်း

Vol. 14 Ch. 172

"လူသားတွေနဲ့ နတ်ဆိုးတွေ အတူယှဉ်တွဲ နေထိုင်နိုင်တယ်၊ ဒါပေမယ့် အရုဏ်တက်နတ်ဧကရီ သေရမယ်"

ယွမ်ရှောင်က အနည်းငယ် ကြောင်အသွားပြီး ထိုစကားစုသည် သူနှင့် ထူးဆန်းစွာ ရင်းနှီးနေပုံရသည်။

"ရှေးခေတ်တုန်းကတော့ လူသားတွေနဲ့ နတ်ဆိုးတွေ အတူယှဉ်တွဲ နေထိုင်နိုင်တယ်၊ ဒါပေမယ့် ဓားကျင့်ကြံသူတွေ သေရမယ်တဲ့။ သူတော်ကောင်းဟန်ဆောင်တတ်တဲ့ လူတစ်စုက နတ်ဆိုးတွေရှေ့မှာ ဒူးထောက်ပြီး ဓားကျင့်ကြံသူ ဘီလီယံချီကို ငရဲပြည် တန်းပို့ခဲ့ကြတယ်။ အဲ့ဒီနေ့ကစပြီး သူတို့က လူသားမျိုးနွယ်ကို နှစ်ထောင်ချီ အရှက်ရမှုတွေ ခံစားစေခဲ့တယ်၊ နေ့ခင်းကြောင်တောင်မှာ ဖိနှိပ်သတ်ဖြတ်ခံခဲ့ရတယ်။ လက်နက်ချခဲ့တဲ့သူတွေကတော့ ကျေနပ်နေကြတယ်ပြီး ကောင်းကင်နယ်မြေမှာ ရုပ်သေးရုပ်တွေလို စားသောက်ပျော်ပါးနေခဲ့ကြပေမယ့် သာမန်ပြည်သူတွေကတော့ အဆုံးမရှိတဲ့ ဒုက္ခတွေ ခံစားခဲ့ရတယ်"

အရက်သမားက ဝမ်းနည်းသော အပြုံးတစ်ခုဖြင့် ခေါင်းခါရင်း ဆက်ပြောသည်။

"အခုတော့ မီးလျှံလို တောက်လောင်နေတဲ့ ဧကရီငယ်တစ်ပါး ပေါ်ထွက်လာတယ်။ နတ်ဆိုးတိုက်ကြီးကို ကြောက်ရွံ့တုန်လှုပ်စေပြီး အင်မော်တယ်နတ်ပြည်ထောင်ရဲ့ ပြည်သူတွေအတွက် တစ်ဦးတည်းနဲ့ ကျောရိုးဖြစ်လာတယ်။ ကြည့်စမ်းပါဦး၊ ဓားကျင့်ကြံသူတွေရဲ့ ကျဆုံးမှုအတွက် တာဝန်ရှိတဲ့ သူတော်ကောင်းယောင်ဆောင်တွေ ပေါ်လာကြပြန်ပြီ။ ဒီတစ်ခါတော့ သူတို့က လူငယ်တွေနဲ့ လူထုကို ဦးနှောက်ဆေးကြောပြီး ဧကရီကို အာဏာရှင်တစ်ယောက်၊ ငြိမ်းချမ်းရေးကို ဖျက်ဆီးပြီး အတိုင်းအဆမဲ့ ဒုက္ခတွေ ဖြစ်စေတဲ့ စစ်ရာဇဝတ်ကောင်အဖြစ် ပုံဖော်ကြတယ်။ သူတို့က သူမရဲ့ ဂုဏ်သတင်းကို ထာဝရ ကဲ့ရဲ့ရှုတ်ချခံရအောင် လုပ်ချင်ကြတယ်"

ဤစကားကို ကြားသောအခါ ယွမ်ရှောင်၏ စိတ်အတွင်း ဒေါသမီးများ ပွက်ပွက်ဆူလာကာ သူသည်လည်း ဘုရင်တစ်ပါး ဖြစ်ခဲ့ဖူးပြီး အကယ်၍ ထိုသို့သော အဖြစ်အပျက်များ အမှန်တကယ် ဖြစ်ပျက်ခဲ့မည်ဆိုလျှင် စိတ်နှလုံး ကြေကွဲဖွယ် အလွန်ကောင်းပေလိမ့်မည်။ အင်မော်တယ်နတ်ပြည်ထောင်၏ နိုင်ငံရေးသည် အောက်ဘုံများထက် များစွာ ပို၍ ရှုပ်ထွေးနေ၏။ ထင်ရှားကျော်ကြားသော မျိုးနွယ်များသည် နတ်ဆိုးများနှင့် ပူးပေါင်းကာ သာမန်လူထု၏ အသက်သွေးကြောကို စုပ်ယူရင်း ကိုယ့်ကိုယ်ကို ကျေနပ်နေကြသည်။ သူတို့၏ သြဇာအာဏာသည် ကောင်းကင်နယ်မြေကို ကျော်လွန်၍ အင်မော်တယ်နတ်ပြည်ထောင်၏ အခြားနယ်မြေများအတွင်းတွင် ရှုပ်ထွေးနေသော အမြစ်များကဲ့သို့ ပျံ့နှံ့နေသည်။ အင်မော်တယ်နတ်ပြည်ထောင်၏ လူငယ် ပါရမီရှင်များသည် သူတို့၏ မျိုးဆက်များဖြစ်ကြပြီး နေရာတိုင်းသို့ ပျံ့နှံ့နေရာ ထိုသို့သော ကွန်ယက်ကို ဆန့်ကျင်ရန် မိန်းမငယ်တစ်ယောက်အတွက် အင်မတန်ခက်ခဲနိုင်သည်။

"အံ့သြစရာတော့ မရှိဘူး။ သူတို့က နန်းတော်အတွင်းမှာ ဧကရီကို အသရေဖျက်ဖို့ စနေလောက်ပြီလို့ ငါ လောင်းရဲတယ်"

အရက်သမားက အေးစက်စက် မဲ့ပြုံးဖြင့် ပြောလိုက်ပြီး ယွမ်ရှောင်သည် မဟာကျောင်းတော်တွင် ဤလူများ၏ အသွင်အစစ်ကို မြင်တွေ့ခဲ့ပြီးဖြစ်သည်။

"သူတို့က လောလောဆယ်တော့ မင်းကို ရိုးအပြီး တစ်ကိုယ်ကောင်းဆန်တယ်လို့ပဲ လှောင်ပြောင်နေကြတာပဲ။ ယွမ်ရှောင်၊ ဒါပေမယ့် တကယ့်တိုက်ပွဲ စတင်တဲ့အခါ မင်း ရန်သူကို ရင်ဆိုင်နေချိန်မှာ သူတို့က နောက်ကျောကနေ ဓားနဲ့ထိုးဖို့ အဆင်သင့် ဖြစ်နေလိမ့်မယ်။ မင်းက အင်မော်တယ် စစ်ပွဲအတွင်းမှာ အရိပ်ထဲက ဓားတွေကို သတိထားဖို့ လိုမယ်"

အရက်သမားက လေးနက်စွာ သတိပေးလိုက်သည်။

"ကျုပ် နားလည်ပါတယ်"

ယွမ်ရှောင်က အသက်ပြင်းပြင်းရှူပြီး ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

"သူတို့က တကယ်တော့ တော်တော် သနားစရာကောင်းတယ်ကွာ။ ဒူးထောက်နေခဲ့တာ အရမ်းကြာလို့ ခြေထောက်တွေ ထုံကျင်ပြီး စိတ်ဓာတ်တွေ ကျိုးပဲ့နေပြီ။ မင်း ဘာလုပ်လုပ်၊ သူတို့က အမှားလုပ်တယ်လို့ မြင်တယ်။ မင်းက သူတို့နဲ့အတူ ဒူးမထောက်ရင် အရှက်ရတယ်လို့ ခံစားရတယ်။ မင်းက သူတို့ရဲ့ နတ်ဆိုးအရှင်သခင်တွေကို အပြစ်ပေးတယ် သတ်ဖြတ်တယ်ဆိုရင် သူတို့က မင်းကို ဝေဖန်ပြီး ကဲ့ရဲ့ရှုတ်ချကြလိမ့်မယ်။ နည်းနည်းလေး လမ်းမှားလိုက်တာနဲ့ သူတို့က မင်းရဲ့ ဘိုးဘေး ဆယ့်ရှစ်ဆက်အထိ ကျိန်ဆဲဖို့ အဆင်သင့်ပဲ"

အရက်သမား ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။

"ဒီငကြောက်တွေက အရမ်းများလွန်းတာ အမှန်ပဲ"

ယွမ်ရှောင်က အနည်းငယ် ပင်ပန်းနွမ်းနယ်ဟန်ဖြင့် ရေရွတ်ခဲ့၏။

"မင်း နတ်ဆိုးမင်းသားကို သတ်တုန်းက ငါ ကြည့်နေခဲ့တယ်။ ရိုးရိုးသားသား ပြောရရင် တကယ် အသိတရားရှိတဲ့ လူတစ်ယောက်က ကိုယ့်လူမျိုးကို ထိခိုက်နေတဲ့ နတ်ဆိုးတစ်ကောင်ကို ဖျက်ဆီးတာ မြင်ရင် စိတ်လှုပ်ရှားတယ်လို့ ထိခံစားမိမှာပဲ။ သာမန်ကျင့်ကြံသူတွေက ဒါကို မဆင်မခြင် လုပ်တယ်လို့ တွေးမိရင်တောင် သူတို့က မင်းဘက်မှာ ရပ်တည်နေဦးမှာပဲ၊ ဟုတ်တယ်မလား"

အရက်သမားက တွေးတွေးဆဆနှင့် ​ပြော၍ ယွမ်ရှောင်က ခေါင်းညိတ်လိုက်သည်။ ကျောက်ရွှမ်ကျန်းသည် ထိုသို့သော လူတစ်ယောက် ဖြစ်ကာ ဤလုပ်ရပ်ကို မသင့်တော်ဟု ခံစားရသော်လည်း အဆုံးတွင် သူ့​ဘက်၌ ရပ်တည်ခဲ့သည်။

"ဒါပေမယ့် တချို့လူတွေက မတူဘူး။ သူတို့က မင်းရဲ့ စရိုက်နဲ့ လုပ်ရပ်တွေကို ပြစ်တင်ဆုံးမမယ်။ မင်းကို တစ်ကိုယ်ကောင်းဆန်တဲ့ သမိုင်း လူဆိုးတစ်ယောက်အဖြစ် ပုံဖော်ဖို့ စိတ်အားထက်သန်နေကြတယ်။ သူတို့က နတ်ဆိုးတွေရဲ့ ရက်စက်ကြမ်းကြုတ်မှု အားလုံးအတွက် မင်းအပေါ် အပြစ်ပုံချလိမ့်မယ်။ မင်းရဲ့ ဂုဏ်သတင်း ပြိုလဲတာကို သူတို့ မြင်ချင်နေကြတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ နှလုံးသားနဲ့ စိတ်ဓာတ်က ဖောက်ပြန်ပျက်စီးသွားပြီ။ သူတို့ရဲ့ ဒူးတွေက နတ်ဆိုးတိုက်ကြီးကို နှစ်ပေါင်းများစွာ ဦးညွှတ်ခဲ့လို့ ပျော့ပြောင်းသွားပြီ။ ဒီလိုလူတွေက ငြိမ်းချမ်းတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ဖြောင့်မတ်တယ်လို့ သရုပ်ဆောင်တတ်ကြပေမယ့် အခက်အခဲကြုံလာတဲ့အခါ ကိုယ့်လူမျိုးကို သစ္စာဖောက်ကြတယ်။ ဒီလို လူ့သဘာဝကို မင်းလည်း အမြင်ပဲ"

အရက်သမားက လေးလံစွာ သက်ပြင်းချလိုက်သည်။

"ကျုပ် သိပါတယ်။ ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်က လူတွေလိုပေါ့။ သူတို့က သာမန်ပြည်သူတွေရဲ့ ကောင်းကျိုးကို တကယ် ဂရုမစိုက်ကြဘူး။ သူတို့အတွက်တော့ လူထုရဲ့ အသက်တွေက သူတို့ရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ လက်နက်ပေါ့။ ပြီးတော့ ဒီလိုလက်နက်တွေက နတ်ဆိုးတွေကို ဘယ်တော့မှ ချိန်မရွယ်ဘူး။ ကိုယ့်မျိုးနွယ်အချင်းချင်း လူသားတွေကိုပဲ ချိန်ရွယ်တတ်တယ်"

လူတစ်ယောက်ကို သတ်ခြင်းက သာမန်ဖြစ်သော်လည်း သာမန်ပြည်သူများ၏ အသက်ကို သူတော်ကောင်းဟန်ဆောင်ရန် လက်နက်အဖြစ် အသုံးချခြင်းသည် မျက်နှာပျက်စရာပင်။ အကယ်၍ ယွမ်ရှောင် အဆုံးသတ်သွားလျှင် သို့မဟုတ် ရှုံးနိမ့်မှုကို ခံစားရလျှင် သူတို့က သူ့ကို စော်ကားမော်ကား ပြောဆိုရုံသာမက သူတို့၏ မျိုးဆက်သစ်များကလည်း တစ်လေသံတည်း ထွက်ကြပေလိမ့်မည်။ ထိုအချိန်တစ်လျှောက်လုံး သူတို့သည် သူ၏ ဒုက္ခဆင်းရဲမှ ရရှိသော အကျိုးအမြတ်များဖြင့် အိတ်ကပ်ကို ဖြည့်တင်းနေကြလိမ့်မည်။ ဤဖြစ်ရပ်များအရ အချက်တစ်ချက်က ရှင်းလင်းပြီး ကမ္ဘာကြီးသည် ရက်စက်ကြမ်းကြုတ်သော နေရာတစ်ခု ဖြစ်သော်လည်း ဧကရီ၏ နန်းတော်မှာ လူသားမျိုးနွယ်အတွက် တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် မျှော်လင့်ချက်၏ မီးရှူးတန်ဆောင်ပမာ တောက်ပနေသည်။

"အရှင်မက အဲ့ဒီ လူရမ်းကားတွေကို ခုခံနေတုန်းဆိုတော့ ငါ မင်းကို ဘေးဘက်ခန်းမဆောင်ကို ခေါ်သွားပေးမယ်"

အရက်သမားက ပြော၏။

"ကောင်းပါပြီ"

ယွမ်ရှောင်က ခေါင်းညိတ်၍ ခန့်ညားထည်ဝါသော နန်းတော်ကို ကြာရှည်စွာ စိုက်ကြည့်နေခဲ့မိသည်။

"တခြား နတ်ဆိုးတွေရဲ့ မျက်နှာကို ထောက်ထားပြီး ထာဝရ ပျော်ရွှင်ခြင်း နတ်ဆိုးဧကရာဇ်ရဲ့ ဂုဏ်သတင်းကို အသရေဖျက်လိုက်ရင်တောင် ဒါက ဟန်ပြသက်သက်ပဲ။ နတ်ဆိုးတွေရဲ့ ရက်စက်မှုအရ သူတို့က ပြဿနာကို ဒီအတိုင်း လွှတ်ထားလိမ့်မယ်လို့ တကယ် ထင်နေတာလား။ သူတို့က သာမန်ပြည်သူတွေကို ပြန်လက်စားချေရင် ဘယ်လိုလုပ်မလဲ။ အရှင်မက စိတ်မမှန်တော့ဘူးလား။ ကိုယ့်ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေအတွက် ဒီလောက် မဆင်မခြင် ပြုမူခဲ့တယ်။ အပြစ်မဲ့တဲ့ အသက်ပေါင်း ဘယ်လောက်များများ ဒီအတွက် ပေးဆပ်ရမှာလဲ"

ခမ်းနားသော နန်းတော်ခန်းမဆောင်အတွင်း လူတစ်စု စုဝေးနေကြပြီး

မဟာကျောင်းတော် သူတော်စင်၏ မျက်နှာသည် ဒေါသကြောင့် ခရမ်းရောင်သန်းနေသည်။ သူက နန်းပလ္လင်ပေါ်ရှိ မိန်းမငယ်ကို လက်ညှိုးငေါက်ငေါက်ထိုး၍ အော်ဟစ်ထားသဖြင့် ကွဲအက်နေသောအသံဖြင့် စွပ်စွဲနေ၏။ သူက အင်မော်တယ်နတ်ပြည်ထောင်တွင် အသက်အကြီးဆုံးနှင့် လေးစားခံရဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး တပည့်များကြောင့် ပြည်ထောင်၏ အသက်သွေးကြောကို ကိုင်စွဲထားသူဖြစ်သဖြင့် သူ၏ စကားများသည် အရေးပါအရာရောက်သဖြင့် ပြည်ထောင်၏ အခြားအရာရှိများကလည်း သံပြိုင် သဘောတူညီခဲ့ကြသည်။ ယခင်ဧကရာဇ်သည် ဘေးတွင် ရပ်နေပြီး သူ၏ မျက်နှာထားမှာ လေးနက်နေသည်။

"ဆက်ပြော"

အရုဏ်တက်နတ် ဧကရီက တည့်ကြည်စွာ ထိုင်ကာ မျက်လုံးကို မှိတ်၍ တွေးတောဆင်ခြင်ရင်း ပြောလိုက်သည်။

"နတ်ဆိုးဧကရာဇ် လေးပါး မကြာခင် ဒီကို ရောက်လာတော့မယ်။ ထာဝရ ပျော်ရွှင်ခြင်းက သူတို့ထဲမှာ အားအနည်းဆုံးပဲ။ ဒီ လေးယောက်က ကြောက်စရာကောင်းသလို တစ်ယောက်ထက်တစ်ယောက် ပိုအစွမ်းထက်တယ်။ အရှင်မက ထာဝရ ပျော်ရွှင်ခြင်းကို အနိုင်ယူခဲ့ပေမယ့် သူတို့ လေးယောက်လုံးကို ရင်ဆိုင်နိုင်ပါ့မလား"

မဟာကျောင်းတော် သူတော်စင်က သေလုမျောပါး ကြောက်လန့်နေသောကြောင့် မျက်နှာတစ်ခုလုံး ဖြူဖျော့နေသည်။

"အရှင်မ၊ ကျုပ်ရဲ့ စကားတွေက ကြမ်းတမ်းနေပေမယ့် နားထောင်ပေးဖို့ တောင်းပန်ပါရစေ။ ကျုပ်က တခြားနတ်ပြည်ထောင် ဧကရာဇ် အများအပြားနဲ့ ဆက်သွယ်ပြီးပါပြီ။ သူတို့ရဲ့ အကြံဉာဏ်အရ နတ်ဆိုးဧကရာဇ်တွေကို ကြိုဆိုဖို့ ကောင်းကင်နယ်မြေ တံခါးဝမှာ ယွန်ရှောင်ကို ယဇ်ပူဇော်လိုက်ပါ။ ဦးညွှတ်တောင်းပန်ပြီး အင်မော်တယ်နတ်ပြည်ထောင်**ရဲ့ နယ်မြေ ဆယ်ခုကို ပေးအပ်လိုက်ရမယ်။ ဒါမှသာ မျိုးနွယ်နှစ်ခုကြားက ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်မှာပါ။ ဒီလိုမှမဟုတ်ရင် နတ်ဆိုးတိုက်ကြီးကနေ ကြီးမားတဲ့ စစ်တပ်ကြီးတွေ ချီတက်လာတဲ့အခါ၊ အပြစ်မဲ့တဲ့ ဝိညာဉ်ပေါင်း ဘယ်လောက်များများ အကျိုးဆက်တွေကို ခံစားရမလဲ"

ဤသို့လျှောက်တင်ပြီးနောက် သူက သာမန်ပြည်သူများအတွက် စိတ်မကောင်းဖြစ်နေဟန်ဖြင့် တစ်ချက်ရှိုက်လိုက်၏။

"နယ်မြေ ဆယ်ခု ဟုတ်လား။ ဒီတောင်းဆိုချက်က တိကျလွန်းပြီး ဘာမှမရောင့်ရဲနိုင်ပါလား။ ဘာလဲ၊ ဒါက နတ်ဆိုးတိုက်ကြီးကနေ တိုက်ရိုက် လာတဲ့ အမိန့်လား"

အရုဏ်တက်နတ် ဧကရီက တစ်ချက် ပြုံးလိုက်သည်။

"အရှင်မ ဒီသတင်းအချက်အလက် ဘယ်ကလာတယ်ဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက ဒါဟာ ဘေးအန္တရာယ်ကို ရှောင်ရှားဖို့ ကျုပ်တို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နိုင်တယ်ဆိုတာပါပဲ။ လူသားတွေနဲ့ နတ်ဆိုးတွေကြား အထိမခံနိုင်တဲ့ ငြိမ်းချမ်းရေးက ကလေးကစားစရာ မဟုတ်ပါဘူး။ တကယ်လို့ မဆင်မခြင် လုပ်မိတဲ့ တစ်ခဏအတွင်းမှာ၊ အရှင်မက ဒီ နယ်မြေတွေကို အဆုံးရှုံးခံဖို့ ဆုံးဖြတ်လိုက်ရင်၊ ကျုပ် တိတ်ဆိတ်နေလိုက်ပါ့မယ်။ ဒါပေမယ့် ဘာမှမလုပ်ခင်မှာ သေချာ စဉ်းစားသုံးသပ်ဖို့ တိုက်တွန်းပါတယ်"

ရဲ ချင်းထျန်းက ကြားဖြတ်ပြောလိုက်ပြီး သူ၏ အသံမှာ လေးနက်နေသော်လည်းအရုဏ်တက်နတ်ဧကရီက ရယ်မောလိုက်၏။ ရယ်သံ တိတ်ဆိတ်သွားပြီးနောက် သူမက ပေါ့ပေါ့ပါးပါး ​ခြေချိတ်ထိုင်လိုက်ပြီး ရဲ ချင်းထျန်းဘက်သို့လှည့်ကြည့်ကာ မျက်ခုံးပင့်ကြည့်လိုက်သည်။

"ငါက ဆယ့်ငါးနှစ်ပဲ ရှိသေးတယ်ဆိုတော့ ဒါကို ကစားပွဲတစ်ခုလို့ မြင်တယ်။ သူတို့ကို ပြောလိုက်။ နယ်မြေတစ်ခုမှ ပေးမှာ မဟုတ်တဲ့အပြင် အင်မော်တယ် စစ်ပွဲကိုလည်း အိမ်ရှင်အဖြစ် ဆက်လက်ကျင်းပဖို့ ရည်ရွယ်ထားတယ်။ သူတို့ ပါဝင်ချင်ရင် အင်မော်တယ်နတ်ပြည်ထောင်ရဲ့ ပါရမီရှင်တွေ စောင့်နေတယ်။ မပါဝင်ချင်ဘူးဆိုရင်လည်း အခုချက်ချင်း ထွက်သွားနိုင်တယ်"

"မင်း.... မိုက်မဲတဲ့ မိန်းကလေး၊ အခုအချိန်ထိတောင် မင်း ဖန်တီးခဲ့တဲ့ ပြဿနာတွေအတွက် နောင်တရတဲ့ စိတ်ထား မရှိဘူးလား"

မဟာကျောင်းတော် သူတော်စင်သည် သူမ၏ စကားကို ကြားသောအခါ ဒေါသဖြင့် တုန်ရီသွားကာ သြဇာအာဏာရှိသော အရာရှိများ၏ ထောက်ခံမှုဖြင့် နတ်ဧကရီကို စွပ်စွဲလက်ညှိုးထိုးနေခဲ့၏။

"ပြီးတော့ မင်းရဲ့ ကြီးမားတဲ့ အမှားတွေနဲ့ ခေါင်းမာတဲ့ မာနစိတ်ကြောင့် မရေမတွက်နိုင်တဲ့ အပြစ်မဲ့သူတွေရဲ့ အသက်အတွက် တာဝန်ရှိသူအဖြစ် သမိုင်းမှာ ကဲ့ရဲ့ရှုတ်ချကြလိမ့်မယ်။ အစွမ်းအာဏာကို အားကိုးပြီး တစ်ဖက်သတ် ပြုမူတာက တစ်ကိုယ်ကောင်းဆန်တဲ့ အာဏာရှင် ဖြစ်စေပြီး မင်းကို လူတိုင်းက ပစ်ပယ်လိမ့်မယ်။ ငါတို့ ဘိုးဘေးတွေ တည်ဆောက်ခဲ့ပြီး သာယာဝပြောတဲ့ နတ်ပြည်ထောင်က မင်းလက်ထဲမှာ ပြိုလဲသွားလိမ့်မယ်"

ထို့နောက် မဟာကျောင်းတော် သူတော်စင်က ဒူးထောက်၍ နန်းတော်၏ အပြင်ဘက်ကောင်းကင်သို့ မြည်တမ်းကြွေးကြော်ခဲ့သည်။

"ကောင်းကင်ဘုံရဲ့ ကြီးမြတ်သော ဘိုးဘေးများ၊ ကျုပ်ရဲ့ ဘဝကို ငြိမ်းချမ်းရေးအတွက် မြှုပ်နှံခဲ့ပြီး လူသားတွေနဲ့ နတ်ဆိုးတွေ အကြားမှာ သဟဇာတရှိစွာ အတူယှဉ်တွဲ နေထိုင်နိုင်ဖို့ မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် ဒီ အာဏာရှင် နတ်ဧကရီက ပြဿနာကို ပိုကြီးမားစေခဲ့ပြီး မဟာကျောင်းတော်ရဲ့ ထောင်စုနှစ်ချီတဲ့ အစီအမံတွေကို အန္တရာယ်ဖြစ်စေခဲ့တယ်။ ကျုပ် တောင်းပန်ပါတယ်။ သူမရဲ့ ကောင်းကင်အစီအရင်ကို ပြန်လည်သိမ်းယူပြီးတော့ တန်ဖိုးထားရတဲ့ အင်မော်တယ်နတ်ပြည်ထောင်ကို ကယ်တင်ပေးကြပါ"

သူတော်ကောင်းဟန်ဆောင်၍ ငိုယိုနေသော တစ်ဖက်လူ၏ အရှက်မဲ့မှုကြောင့် နတ်ဧကရီမှာ ရယ်ချင်စိတ်ကို ထိန်းချုပ်မထားနိုင်ခဲ့ပေ။ ပတ်ဝန်းကျင်က တင်းမာနေချိန်တွင် ရဲချင်းထျန်းက လေးနက်သော အသံဖြင့် ဝင်ပြောလိုက်ပြန်၏။

"အရှင်မ၊ မဟာကျောင်းတော် သူတော်စင်က စိတ်လိုက်မာန်ပါ ပြောမိတာပါ။ သာမန်ပြည်သူတွေအတွက် စဥ်းစားပေးတာဖြစ်လို့ သူ့ကို အပြစ်မယူဖို့ ကျုပ် တောင်းပန်ပါတယ်"

"မင်းက စိတ်ပူလွန်းနေတာပဲ။ အစွမ်းမရှိဘဲ ဒေါသထွက်ပြနေတဲ့ အဘိုးကြီးတစ်ယောက်ရဲ့ စကားတွေကို ဘယ်သူက စိတ်ဆိုးမှာလဲ"

အရုဏ်တက်နတ် ဧကရီသည် နူးညံ့စွာ တစ်လုံးချင်း ပြောလိုက်၏။

"ဒါပေမယ့် မဟာကျောင်းတော်ရဲ့ ရည်ရွယ်ချက်တွေက မြင့်မြတ်ပါတယ်။ သူတို့က လူသားတွေနဲ့ နတ်ဆိုးတွေကြားက ပဋိပက္ခကို အဆုံးသတ်ဖို့ ကြိုးစားနေတာပါ။ အရှင်မ၊ ကျုပ် သိထားသလို မင်းလည်း သိပါတယ်။ ဒီနတ်ဆိုးတွေက မျိုးပွားနှုန်း အရမ်းမြန်လို့ ဘယ်လောက်ပဲ သတ်သတ် သူတို့က အမြဲတမ်း ကျုပ်တို့ထက် အရေအတွက် များနေမှာပါ။ ဒါကြောင့် သူတို့ကို ဖြောင့်မတ်မှန်ကန်မှုဆီ လမ်းညွှန်ပြီး ယှဥ်တွဲနေထိုင်ဖို့ကသာ တစ်ခုတည်းသော နည်းလမ်းပါ"

ရဲချင်းထျန်းက လေးနက်စွာ ထပ်ပြောလိုက်သည်။

"ဟုတ်လို့လား။ တကယ်လို့ ငါက နတ်ဆိုးတိုက်ကြီးထဲက တစ်ယောက်ချင်းစီတိုင်းကို သုတ်သင်ရှင်းလင်းလိုက်ရင်ရော၊ တစ်ယောက်မှ အသက်ရှင် မကျန်စေလိုက်ရင်ရော အဲ့ဒီအခါ ဘယ်လို မျိုးပွားကြမလဲ"

ဧကရီ၏ မျက်လုံးများက ဒေါသကြောင့် ထက်ရှလာသည်။

"ကောင်းကင်နယ်မြေက လူ့အသက်ကို တန်ဖိုးထားပါတယ်။ ကျင့်ကြံသူတွေအနေနဲ့ အင်မော်တယ်လမ်းစဉ်ကို တက်လှမ်းဖို့ ရည်ရွယ်ထားလို့ တကယ်ပဲ နတ်ဆိုးတိုက်ကြီးကို ဖျက်ဆီးသင့်ရဲ့လား။ လူသားတွေရော နတ်ဆိုးတွေရော ဒီလောကမှာ ဒုက္ခခံစားနေရပါတယ်။ ကျင့်ကြံသူတွေက သနားကြင်နာစိတ်နဲ့ ပြုမူသင့်ပါတယ်။ မဟုတ်ရင် ကျုပ်တို့ဟာ ကောင်းကင်နယ်​မြေရဲ့ တရားစီရင်ခြင်း အမျက်ဒေါသကို ခံရနိုင်ခြေ ရှိပါတယ်"

"ကောင်းကင်ဘုံရဲ့ တရားစီရင်ခြင်း ဟုတ်လား။ ကြောက်စရာကောင်းလိုက်တာ"

ဧကရီက မဲ့ပြုံးဖြင့် ရေရွတ်လိုက်၏။

"ဒါဆို အရှင်မင်းကြီး ဘယ်လို ဆုံးဖြတ်ထားပါသလဲ။ ငြိမ်းချမ်းရေးအတွက် နယ်မြေ ဆယ်ခုပဲ ပေးလိုက်ဖို့ လိုအပ်တာပါ"

"နယ်မြေ ဆယ်ခုကို ပေးအပ်ဖို့ အလိုရှိတဲ့ ဘယ်သူမဆို၊ ရှေ့ထွက်ခဲ့စမ်း"

"ကျုပ်က ပြည်သူတွေအတွက် ငြိမ်းချမ်းရေးကို လိုလားတယ်"

ဧကရီက လေသံခပ်တင်းတင်းဖြင့် အမိန့်ပေးလိုက်သောအခါ ရဲချင်းထျန်းက မျက်မှောင်ကြုတ်၍ ငြိမ်သက်စွာ ရပ်နေစဉ် မဟာကျောင်းတော် သူတော်စင်သည် သတ္တိရှိရှိ ရှေ့ထွက်လာပြီး ဖြောင့်မတ်ရိုးသားဟန်ဖြင့် ကြေညာလိုက်သည်။

All Chapters