← Chapters

ကြာနီ နှင့် လငပုပ်ဖမ်းခြင်း

Vol. 14 Ch. 175

ကြာနီ နှင့် လငပုပ်ဖမ်းခြင်း

Vol. 14 Ch. 175

နေဝင်လာသောအခါ အရုဏ်ဦးအိမ်တော်အတွင်း၌ ည၏ ဆွဲဆောင်မှုသည် ကျရောက်လာ၍ အနီရောင် လွှမ်းခြုံထားသော အခန်းတစ်ခုတွင် ပုံရိပ်နှစ်ခု ကုတင်အစွန်းတွင် ထိုင်နေကြသည်။ သူတို့ကြားတွင် တိတ်ဆိတ်မှုတစ်ခု ရှိနေပြီး နေ့ဘက်တွင် နတ်နန်းတော်၌ ချန်ရီသည် နဂါးဝတ်ရုံဖြင့် ထည်ဝါစွာ ရပ်တည်ခဲ့ကာ သူမ၏ တည်ရှိမှုက ကြီးမားကျယ်ပြန့်ပြီး သြဇာညောင်းသည်။ သို့သော် ချန်ကောင်းကင်အိမ်တော်၌ အဖြူရောင် စကတ်တိုကို ဝတ်ဆင်ထားသော သူမသည် ဆွဲဆောင်မှုပြင်းထန်ကာ ချိုမြိန်မှုတစ်ခုအလား လှပနေပြန်သည်။

"မင်္ဂလာဦးညက မင်း ငါ့ကို အောက်နယ်မြေအထိ လိုက်ဖမ်းတုန်းက မင်းဆီမှာ ကြီးမားတဲ့ စွမ်းအားတစ်ခုကို ခံစားမိခဲ့တယ်"

ယွမ်ရှောင်က ရေရွတ်လိုက်ရင်း သူမကို အကြည့်စူးစူးဖြင့် စိုက်ကြည့်နေခဲ့၏။

"နင် အမြင်မှားတာ သက်သက်ပါပဲ"

ချန်ရီက မျက်လုံးချင်း မဆုံမိအောင် ရှောင်လွှဲ၍ ပြန်ဖြေသည်။

"ဟုတ်လို့လား။ ချန်ရီ၊ မင်းနဲ့ နတ်ဧကရီက ဘာ ပတ်သက်မှုမှ မရှိဘူးလား"

ယွမ်ရှောင်က မျက်ခုံးတစ်ချက်ပင့်ပြီး ပြုံးလိုက်သည်။

"နင့်ရဲ့အလကား ထင်ကြေးတွေကို ကိုယ့်ဘာသာ စိတ်ထဲသိမ်းထား။ ပြီးတော့ တခြားသူတွေကို သေချာပေါက် မပြောပြနဲ့"

သူမ၏အကြည့်က အေးစက်သွားကာလက်ချောင်းများဖြင့် ကုတင်၏ အစွန်းကို ဆုပ်ကိုင်လိုက်မိသောကြောင့် စိတ်မသက်မသာဖြစ်နေကြောင်း ရှင်းလင်းပေသည်။

"ငါ ထင်ထားတဲ့အတိုင်းပဲ။ ငါ မင်းရဲ့ တကယ့် သရုပ်မှန်ကို သိလိုက်ရပြီ"

"နင်"

ချန်ရီ၏ ကိုယ်ဟန်အနေအထားက တိုက်ခိုက်ရန် ပြောင်းလဲသွားကာ ယွမ်ရှောင်ကို ကြည့်နေသော မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။

"မင်းက နတ်ဧကရီရဲ့ တပည့်ပဲ။ ငါ မှန်တယ်မလား"

ယွမ်ရှောင်က စိတ်ထဲမှ ကြိတ်ရယ်၍ လက်ဆန့်ပြီး သူမ၏ နီမြန်းနေသော ပါးပြင်ကို စနောက်သည့်ပုံစံဖြင့် ဆွဲညှစ်လိုက်သဖြင့် သူမအနေဖြင့် စိုက်ကြည့်ရုံသာ။

"စိတ်မပူပါနဲ့၊ မင်း၏ လျှို့ဝှက်ချက်က ငါ့ကြောင့် မပေါက်ကြားစေရပါဘူး"

ယွမ်ရှောင်က အာမခံသည်။

"ဒီအတိုင်း ထိန်းသိမ်းထားလိုက်၊ အထူးသဖြင့် အင်မော်တယ်စစ်ပွဲ မတိုင်ခင်ပေါ့"

ချန်ရီက သက်ပြင်း အနည်းငယ် ချရင်း သတိပေးခဲ့သည်။

"ကောင်းပြီ၊ ဒါပေမယ့် မင်း ငါ့အတွက် တစ်ခုခု လုပ်ပေးရမယ်"

"ဘာလဲ"

သူ မကောင်းတာတစ်ခုခု ကြံနေသည်ဟု သံသယဝင်မိသောကြောင့် သူမက မျက်မှောင်ကြုတ်လိုက်မိ၏။

"မင်းရဲ့ ဆရာဆီမှာ ငါ့အတွက် စကား ကောင်းကောင်း ပြောပေး"

သူက တစ်ချက်ပြုံး၍ တောင်းဆိုလိုက်သည်။

"ငါက ဘာလို့ အဲ့လို လုပ်ရမှာလဲ"

သူမက သူ့ကို နားမလည်ဟန်ဖြင့် ကြည့်သည်။

"ဘာလို့လဲဆိုတော့ ငါက ဆွဲဆောင်အားပြင်းတာကို ကြိုက်လို့လေ"

"နင် ရဲတင်းတဲ့ အရူးကောင်၊ နတ်ဧကရီကို မလေးမစား လုပ်ရဲတယ်။ သတိထားနေ၊ မဟုတ်ရင် ငါ နင့်စကားကို သူမဆီ တိုင်ကြားပြီး မျိုးရိုးစဉ်ဆက်တစ်ခုလုံးကို အပြစ်ပေးခိုင်းလိုက်မယ်"

ယွမ်ရှောင်၏ စကားကြောင့် ချန်ရီ မင်သက်သွားကာ သတိဝင်လာလာချင်း ခေါင်းအုံးတစ်ခုကို ဆွဲယူပြီး ယွမ်ရှောင်၏ ဦးခေါင်းကို တည့်တည့်မတ်မတ် ချိန်ရွယ်လိုက်သည်။

"ကောင်းပြီ၊ ဒီလိုဆိုရင်တော့ ချန်မျိုးနွယ်ကလည်း အပြစ်ပေးခံရလိမ့်မယ်"

နေ့ခင်းဘက်တွင် နတ်ဧကရီအဖြစ် လေးနက်စွာ မှာကြားခဲ့သော်လည်း ယွမ်ရှောင် ဂရုပြုသည်မှာ ဆွဲဆောင်အားဖြစ်နေသောကြောင့် ချန်ရီ ဒေါသထွက်နေသည်။ ယွမ်ရှောင်ကို အရင်ဆုံး တွေ့ခဲ့သူမှာ ကျောက်ရန်ရန် ဖြစ်ပြီး သူမက အတင်းအကြပ် သိမ်းပိုက်ခဲ့သည့်အတွက် စောဒကတက်ခွင့် မရှိပေ။ သို့သော် လက်ရှိအခြေအနေအရ သူမကိုယ်တိုင်ပင် ကိုယ့်ခင်ပွန်းကို လမ်းမှားသို့ ဆွဲခေါ်သွားသကဲ့သို့ ခံစားရစေသည်။ အခန်းသည် သူတို့၏ မင်္ဂလာဦးအတိုင်း ပြင်ဆင်ထားဆဲဖြစ်ကာ အနီရောင် ဖယောင်းတိုင်များ၏ နူးညံ့သော အလင်းရောင်က အခန်းကို ထွန်းလင်းစေပြီး ပြတင်းပေါက်တွင် ပျော်ရွှင်မှုကို ကိုယ်စားပြုသည့် ထင်ရှားသော မင်္ဂလာစာလုံးတစ်ခုကို တပ်ဆင်ထားလျက် အနီရောင် ပိုးကြိုးများ မျက်နှာကြက်မှ တွဲလောင်းကျနေသည်။

ချန်ရီသည် ယွမ်ရှောင်ကို စိုက်ကြည့်နေရင်း သူမ၏ ဒေါသ ပျောက်ကွယ်သွားပုံရကာ ရှေ့မှ အမျိုးသားသည် ငြင်းမရနိုင်အောင် ခန့်ညား၍ နောက်ထပ်အနည်းငယ် ခိုးကြည့်ပြီးနောက် သူမ၏ စိတ်ခံစားချက်များ ပြင်းထန် တက်ကြွလာသည်ကို နားမလည်နိုင်တော့ပေ။

"ဒီနေ့၊ အဖြစ်အပျက်တွေ အများကြီး ဖြစ်ခဲ့တယ်"

သူမက ကုတင်အစွန်း၌ ​ခြေတွဲလောင်းချ၍ စကားလမ်းကြောင်း လွှဲလိုက်သည်။

"ဟုတ်တယ်။ သူတို့က မင်းရဲ့ အဖေကို ဖယ်ရှားလုနီးပါး ဖြစ်အောင် လုပ်ခဲ့တယ်"

ယွမ်ရှောင်က ခေါင်းညိတ်ပြလိုက်သည်။

"အရေခြုံ ခွေးတစ်အုပ်ပါပဲ"

သူမက အေးစက်စက် ရယ်သံဖြင့် တုံ့ပြန်သည်။

"ဒါပေမယ့် စဉ်းစားကြည့်လိုက်ရင် မင်းက နဂါးအဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံး ဖြစ်နေပေမယ့် စာရင်းထဲက ကျန်တဲ့သူတွေက နောက်ကျောဓားနဲ့ထိုးမယ့်လူတွေပဲ"

"ဟုတ်တယ်"

သူမ၏ မျက်လုံးများက ဝမ်းနည်းမှု ဆောင်နေသည်။

"လာမယ့် တိုက်ပွဲမှာ မင်းက အရုဏ်တက်အင်မော်တယ်နတ်ပြည်ထောင်ကို ကိုယ်စားပြုပြီး နိုင်ငံတစ်ခုလုံးရဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းရမယ်။ မင်းအနေနဲ့ ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်နဲ့ အဇူရာ သစ်ရွက် အဖွဲ့ကို သစ္စာစောင့်သိသူတွေအပြင် သူတော်စင်နယ်ပယ် နတ်ဆိုးမင်းသားတွေနဲ့ မင်းသမီးတွေကို ရင်ဆိုင်ရလိမ့်မယ်။ ဒါ မင်းတစ်ယောက်တည်းအတွက် တာဝန် ကြီးလွန်းတယ်"

ယွမ်ရှောင်က ရေရွတ်လိုက်သောအခါ သူမကို တိတ်ဆိတ်သွားစေပြီး သူမ ကြောက်ရွံ့သည်မှာ ရန်သူများ၏ အင်အား မဟုတ်ဘဲ အတွင်းပိုင်းမှ သစ္စာဖောက်များပင်။

"နင် ငါနဲ့အတူ ရှိနေပေးမှာလား"

သူမက နူးညံ့စွာ မေးလိုက်ခြင်းပင်။

"ဒါပေါ့။ ယောက်ျားတစ်ယောက်က ရှေ့ဆောင်လမ်းပြလုပ်ရမယ်"

ယွမ်ရှောင်က ပြန်ဖြေသည်။

"အဲ့ဒီ စကားနောက်ကွယ်မှာ တခြား ဘာရည်ရွယ်ချက်တွေ ရှိသေးလဲ"

"…ဘာမှ မရှိဘူး"

ချန်ရီက အသက် ပြင်းပြင်းရှူရင်း သူမ၏ မျက်နှာတွင် ဝမ်းနည်းရိပ်သန်းနေပြီးတခြားအရာများကို ခံနိုင်ရည်ရှိသော်လည်း မတရားခံရသည့် ဝိညာဉ်တစ်သန်းကို မကယ်တင်နိုင်ခဲ့သောကြောင့် စိတ်ပင်ပန်းနေသည်။ သူမ၏မျက်နှာက အလွန် ညှိုးငယ်နေပြီး ကိုယ့်​ကိုကိုယ် အပြစ်တင်ခြင်းနှင့် နောင်တရသော စကားများ ပြောဆိုခဲ့သည်မှာ အံ့ဩစရာ မရှိပေ။

"ဒီအကြောင်း မပြောကြရအောင်။ သေရည် နည်းနည်း သောက်ကြမလား"

ယွမ်ရှောင်က သူမ၏စိတ်ကို နှစ်သိမ့်ပေးရန်အတွက် အကြောင်းအရာကို ပြောင်းလဲလိုက်ပြီး ချန်ရှောင် လက်ဆောင်ပေးခဲ့သော ကျားအဝှာ သေရည်ပုလင်းကို ထုတ်ယူခဲ့သည်။

"ငါ မသောက်ချင်ဘူး"

"အရက်က လေးလံတဲ့ နှလုံးသားကို နှစ်သိမ့်နိုင်ပြီး စိတ်ဓာတ်ကို ရဲရင့်စေနိုင်တယ်။ တိုက်ပွဲမဝင်ခင် တစ်ငုံလောက် သောက်လိုက်ရင် ရန်သူထောင်ပေါင်းများစွာကို အနိုင်ယူဖို့ သတ္တိကို ပေးနိုင်တယ်"

ယွမ်ရှောင်က နွေးထွေးစွာ ပြောလာသောကြောင့် သူမက သေရည်ပုလင်းကို ဆွဲယူလိုက်သည်။

"ဒီ ပရမ်းပတာ လောကကြီးမှာ ကံတရားက ငါတို့ကို အတူတကွ ဆုံစည်းစေခဲ့တယ်။ ငါတို့ရဲ့ တွေ့ဆုံမှုက ကံမကောင်း အကြောင်းမလှခဲ့ရင်တောင် မင်းရဲ့ ရည်မှန်းချက်တွေအတွက် ဂုဏ်ပြုပေးဖို့ ငါ သောက်မယ်"

ယွမ်ရှောင် စိတ်ရင်းမှန်ဖြင့် ပြောခဲ့သည်။

"နင်နဲ့ တွေ့ရတာ ကံမကောင်း အကြောင်းမလှဘူးလို့ ဘယ်သူ ပြောလဲ။ ငါ နင့်ကို အချစ်ကြောင့် မဟုတ်ဘဲ ရုပ်ရည်ကြောင့် လက်ထပ်ခဲ့တာပဲကို"

သူမက ပုလင်းကို ဖွင့်၍ ရဲတင်းစွာ တစ်ငုံ သောက်လိုက်သော်လည်း သူမ၏ ပါးပြင်များ ချက်ချင်း အနီရောင်သို့ ပြောင်းသွားကာ ပါးစပ်အတွင်း မွှေးကြိုင်သော ရနံ့တစ်ခု ထွက်ပေါ်လာခဲ့သည်။

"ပြင်းလိုက်တာ"

"မင်းက ဒီလိုသောက်ဖို့အတွက် အရမ်း ငယ်သေးတယ်"

" ဒါဆိုရင် ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်လား"

သူမက စိန်ခေါ်၍ ခေါင်းမာသော အကျင့်အတိုင်း တစ်ပုလင်းပြီး တစ်ပုလင်း ဆက်သောက်နေခဲ့သဖြင့် နောက်ဆုံးတွင် အမြင်အာရုံ ဝေဝါးသွားကာ မူးယစ်လာခဲ့၏။

"အနားယူဖို့ အဆင်သင့် ဖြစ်ပြီလား"

ယွမ်ရှောင်က သူမ၏ နားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်ရာ သူမက ခေါင်းညိတ်ပြခဲ့သည်။

"ငါ့ကို အကိုကြီး လို့ ခေါ်"

"အကိုကြီး"

သူက သူမ၏ မေးကို လက်ချောင်းဖြင့် ပင့်မ၍ စနောက်ခဲ့သော်လည်း ချန်ရီသည် လက်ကို ဖမ်းဆုပ်ပြီး ချစ်ခြင်းမေတ္တာ ခြုံလွှမ်းနေသော အကြည့်ဖြင့် တုံ့ပြန်လာခဲ့သည်။

ညနက်သန်းခေါင်ယံ၌ ကောင်းကင်နယ်မြေ၏ ခမ်းနားသော ဝင်ပေါက်တွင် တည်ရှိရာ ကြည်လင်မြင်ကွင်းစင်မြင့်ထိပ်တွင် ပုံရိပ်နှစ်ခု ရပ်နေသည်။ ၎င်းမှာ အင်မော်တယ်နတ်ပြည်ထောင်၏ မြို့တော်သို့ ပင်မဝင်ပေါက်ဖြစ်ပြီး ခန့်ညားမှုနှင့် လေးနက်မှုကို ထင်ဟပ်နေသော ထည်ဝါမြင့်မားသည့် ကျောက်တိုင်များ ဘေးတစ်ဖက်တစ်ချက်တွင် ရှိသည်။ ကြည်လင်မြင်ကွင်းစင်မြင့်၏ ဘေးနှစ်ဖက်တွင် တောင်တန်းများ အလျားလိုက် ဆန့်တန်းနေပြီး ဆောင်းဦး သစ်ပင်များက တောင်တန်းများကို ရွှေဝါရောင် အကွက်များအလား ခြယ်သထား၏။ စင်မြင့်ပေါ်တွင် ရွှေရောင် ဝတ်ရုံဝတ်ဆင်ထားပြီး သပ်ရပ်စွာ ချည်နှောင်ထားသော ဆံပင်၊ တင်းမာသော မျက်နှာသွင်ပြင်ဖြင့် ရဲ ချင်းထျန် ရပ်နေပြီး သူ၏ နံဘေးတွင် ခရမ်း-ရွှေ နှစ်ရောင်စပ် နဂါးဝတ်ရုံ၊ ခရမ်းရောင်ဖျော့ဖျော့ လွင့်မျောနေသော ဆံပင်များဖြင့် ထင်ရှား ခန့်ညားသော အမျိုးသားတစ်ဦး ရပ်နေသည်။ သူက ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်မှ ခရမ်းရောင်ဧကရာဇ် ဖြစ်ကာ လူအများစုအတွက် အသန်မာဆုံး ဧကရာဇ် ဖြစ်ခဲ့ဖူးသည်။ သို့သော် အရုဏ်တက်နတ် ဧကရီနှင့် ကြီးကျယ်သော တိုက်ပွဲအပြီးတွင် ထိုဘွဲ့ထူးသည် ပြည်သူများ၏ နှလုံးသားထဲတွင် ပိုင်ရှင်အသစ် တစ်ဦးထံ ရောက်ရှိသွားခဲ့သည်။ တစ်ချိန်က သူတို့ကို လူသားမျိုးနွယ်၏ အမွှာဧကရာဇ်များ ခရမ်းရောင်နှင့် အဇူရာ ဘုရင်များဟု ချီးကျူးခဲ့ကြပြီး ခရမ်းရောင် ကျန်ရစ်သော်လည်း အဇူရာက မရှိတော့ပေ။ ထိုသို့ဖြစ်လင့်ကစား လက်နှစ်ဖက် နောက်ပစ်၍ ရပ်နေသော ခရမ်းရောင်ဧကရာဇ်၏ မျက်လုံးများတွင် သူ၏ ဘေးမှ ဧကရာဇ်ဟောင်းသည် ညီအစ်ကိုပမာ ခင်မင်သော အချစ်ဆုံး သူငယ်ချင်းအဖြစ် ရှိနေဆဲဖြစ်ကြောင်း ရှင်းလင်းနေသည်။ လေပြင်းများ တိုက်ခတ်၍ အေးစက်နေသော်လည်း နှစ်ယောက်သား အချိန်ကြာမြင့်စွာ တိတ်တဆိတ် ရပ်နေဆဲပင်။

ကောင်းကင်တွင် တောက်ပနေသော လမင်း၏ အစိတ်အပိုင်းတစ်ခု ပျောက်ကွယ်သွားပြီး ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတစ်ခု ကောင်းကင်နယ်မြေကို လွှမ်းခြုံသွားသည်။

"လငပုပ်ဖမ်းတာလား"

ရဲ ချင်ထျန်းက တီးတိုးရေရွတ်လိုက်သည်။

(လကြတ်ခြင်းကို ဆိုလိုသည်)

"သူ ရောက်လာပြီ"

ခရမ်းရောင်ဧကရာဇ်က ကောင်းကင် အထက်သို့ စိုက်ကြည့်ရင်း မျက်လုံးများ ကျဉ်းမြောင်းသွားကာ လတစ်ခုလုံးကို အမှောင်ထုသည် ဖြည်းဖြည်းချင်း ဝါးမျို၍ အလင်းရောင် ပျောက်ကွယ်သွားစေသည်။

အမှောင်ထုက အရာအားလုံးကို လွှမ်းခြုံသွား၍ ကိုယ့်လက်ကိုပင် မမြင်နိုင်အောင် မည်းနက်သွားကာ ကောင်းကင်နယ်မြေတစ်ခွင်၌ ဆီမီးအလင်းရောင်သာ ကျန်ရစ်ပေ၏။

"သူက နတ်ဆိုးဧကရာဇ် ငါးပါးထဲမှာ အငယ်ဆုံးဖြစ်ပြီး သန်မာလာဖို့ အလားအလာ အများကြီး ရှိတယ်။ အခု ပိုတောင် ကြောက်စရာကောင်းလာပုံရတယ်"

ရဲ ချင်းထျန်က မျက်နှာထားတင်းတင်းနှင့် မှတ်ချက်ချလိုက်ရာ ခရမ်းရောင်ဧကရာဇ်သည်လည်း လေးနက်စွာ ခေါင်းညိတ် ထောက်ခံခဲ့သည်။

"မင်းနဲ့ ဒီနတ်ဆိုးကြားမှာ ဇာတ်လမ်းတစ်ခုခုရှိလား"

"ငါတို့က....."

ခရမ်းရောင်ဧကရာဇ်၏ စကား မဆုံးခင် နောက်ထပ် ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာပြီး စင်မြင့်ပတ်လည် ပတ်ဝန်းကျင်ရှိ တောင်ကုန်းများ၊ ချိုင့်ဝှမ်းများနှင့် သစ်ပင်များအပေါ် သွေးရောင် စွန်းထင်းကုန်သည်။ သစ်ခြောက်ပင်များနှင့် မြက်ပင်များသည် သွေးဖြင့် သွန်းလောင်းခံလိုက်ရသည့်အလား နီးစွေးနေပြီး အညွှန့်အဖူး အသစ်များပင် ဖြစ်ပေါ်လာသည်။မြစိမ်းရောင် မြင်ကွင်းတစ်ခုလုံး အနီရောင် သစ်တောပမာ ပြောင်းလဲသွားပြီး ကမ္ဘာကြီးသည် သွေးစွန်းသော နွေဦးကို အချိန်မတိုင်မီ ကြိုဆိုလိုက်သကဲ့သို့ပင်။ ရေမရှိသည့် ခြောက်သွေ့သော မြေပြင်တွင် သွေးရောင် ကြာပန်းနီများ အပင်ပေါက်လာ၍ မြင့်မားကာ ထူးဆန်းသကဲ့သို့ အနီရောင် ပွင့်ချပ်များ အိပ်မက်ဆန်ဆန် တောက်ပနေခဲ့သည်။

လေထဲတွင် အသံတစ်ခု ခပ်တိုးတိုး မြည်သွားကာ ကြာပနနီများမှ ပွင့်ဖတ်များ တုန်ခါပြီး ပင်စည်များမှ ကွာကျသွားသည်။ လေတစ်ချက်အဝေ့၌ ကောင်းကင်သို့ ပျံတက်သွားကာ ခမ်းနားသော ပန်း လေဆင်နှာမောင်းများ ဖြစ်တည်လာပြီး မရေမတွက်နိုင်သော သွေးရောင်ပန်းများ နယ်မြေတစ်ခွင် ပျံ့နှံ့သွားသည်။ လှပသော်လည်း ကျောချမ်းစရာ ကောင်းသော ပွင့်ဖတ်များက နောက်ဆုံးတွင် တစ်နေရာတည်း၍ စုဝေးလာကာ သွေးနီရောင် ကြာပန်းဝတ်စုံတစ်ခု ဖြန့်ကျက်လျက်သား ပေါ်ထွက်လာသည်။ အသက်ရှူမှားလောက်အောင် လှပသည့် အမျိုးသမီးတစ်ဦးက ၎င်းကို ဝတ်ဆင်ရင်း ကောင်းကင်မှ ဆင်းသက်လာသည်။ သွေးနီရောင် မျက်လုံးများနှင့် အေးစက်ပြီး ဆွဲဆောင်မှုရှိသော နှုတ်ခမ်းများက သူမကို ဤလောကီဘုံနှင့် မသက်ဆိုင်သယောင် ထင်မှတ်မှားနိုင်၏။ သူမက ကျက်သရေရှိစွာ ဆင်းသက်လာသောအခါ မြေပြင်ရှိ သစ်ပင်များ၊ မြက်ပင်များနှင့် ပန်းများသည် ပြန်လည်ရှင်သန်လာသကဲ့သို့ ပိုမို တက်ကြွစွာ ပွင့်လန်းလာကြသည်။

"ကြာနီ"

အထက် ကောင်းကင်မှ လကို မျိုချခဲ့သော အရိပ်မည်းက အော်ခေါ်လိုက်ပြီး လူငယ်တစ်ယောက်အဖြစ် အသွင်ပြောင်း၍ သူမနံဘေးတွင် ဆင်းသက်လိုက်ကာ ဆံပင်များမှာ မြေပြင်သို့ ဒရွတ်တိုက်ရှည်လျားနေ၏။ ထိုအခါမှသာ လသည် တစ်ဖန် ပေါ်ထွက်လာပြီး ကောင်းကင်နယ်မြေကို ၎င်း၏ ငွေရောင်အလင်းဖြင့် တောက်ပစေခဲ့သည်။

"ရှောင်ထျန်း၊ ငါက မင်းထက်အရင် ဒီကိုရောက်တာနော်"

သွေးနီရောင် ဝတ်စုံဝတ် အမျိုးသမီးက နူးညံ့စွာ ခေါ်လိုက်ပြီး မြူးထူးနေသော အသံဖြင့် စနောက်နေသည်။

"ငါ ဂရုမစိုက်ဘူး။ မင်းက ဖြတ်လမ်း သုံးခဲ့တယ်။ ဒါက လိမ်လည်တာမဟုတ်ဘူးလား"

လူငယ်၏ စကားအဆုံးတွင် အနီရောင်ဝတ် အမျိုးသမီးက တိတ်တဆိတ်ပြုံး၍

နှစ်ဦးစလုံးက ဧကရာဇ်နှစ်ပါးရှေ့မှောက်သို့ ဆင်းသက်လာကြ၏။

"ကြိုဆိုပါတယ် နတ်ဆိုးဧကရာဇ်များ​"

ခရမ်းရောင်ဧကရာဇ်နှင့် ရဲ ချင်းထျန် က တစ်ပြိုင်နက်တည်း သံပြိုင် ကြိုဆိုလိုက်ကြသည်။

"ထာဝရ ပျော်ရွှင်ခြင်းနဲ့ ပတ်သက်တဲ့ ကိစ္စမှာ အရုဏ်တက်နတ် ဧကရီ တစ်ဦးတည်း ပြုမူခဲ့ခြင်း ဖြစ်ပါတယ်။ အင်မော်တယ်နတ်ပြည်ထောင် ကိုယ်စား ကျုပ်က ခွင့်လွှတ်မှု တောင်းခံပါတယ်"

တစ်ဖက်လူ၏ အကြည့်စူးစူးအောက်တွင် ရဲချင်းထျန်သည် ဦးညွှတ်၍ တောင်းပန်လိုက်ပြီး လိုအပ်လျှင် ဒူးထောက်မည့်ပုံပေါ်နေသည်။

"မလိုပါဘူး။ ထာဝရ ပျော်ရွှင်ခြင်းက မိုက်မဲလို့ သူ့အဆုံးသတ်နှင့် တွေ့ခဲ့တယ်။ အရုဏ်တက်နတ် ဧကရီ၏ အစွမ်းကတော့ ချီးကျူးစရာပဲ"

လူငယ်က အရေးမစိုက်ဟန်ဖြင့် ပခုံးတွန့်ပြလိုက်သောအခါတွင်မှ သူသည် စိတ်အေးသွားပြီး သက်ပြင်းချလိုက်မိ၏။

"တခြား နတ်ဆိုးဧကရာဇ် နှစ်ပါးရော ရောက်မလာသေးဘူးလား"

ခရမ်းရောင်ဧကရာဇ်က မေးလိုက်ခြင်း ဖြစ်၏။

"ကူဧကရာဇ်က ကောင်းကင်နယ်မြေကို စောစောက ရောက်ရှိခဲ့ပေမယ့် ခင်ဗျားတို့ကို တွေ့ဖို့ ဂရုမစိုက်လောက်ဘူး။ ဘာပဲဖြစ်ဖြစ် သူက နေရာတိုင်းမှာ ရှိနေတာပါပဲ။ တားမြစ်ကံကြမ္မာ သူကတော့ လက်ရှိ အဆုံးမဲ့ငရဲပြည်မှာ အငြိုးကြီး ဝိညာဉ်တွေကို စားသောက်နေတယ်။ သူက ဘယ်အချိန်မဆို ရောက်လာနိုင်တယ်"

လူငယ်က ရှင်းပြလိုက်သောအခါ ရဲ ချင်းထျန်းနှင့် ခရမ်းရောင်ဧကရာဇ်သည် အကြည့်ချင်း ဖလှယ်၍ တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြ၏။ ကောင်းကင်နယ်မြေသို့ နတ်ဆိုးဧကရာဇ် သုံးပါး ရောက်ရှိလာပြီဖြစ်ကာ စတုတ္ထမြောက်သဧကရာဇ်သည်လည်း လမ်းခုလတ်တွင် ရှိနေသည်ဟု ပြောနိုင်သည်။

"ခေါင်းပဲညိတ်မနေကြနဲ့။ မင်းတို့ ဘာတွေ သိထားလဲ"

အနက်ရောင်ဝတ်လူငယ်က အေးစက်စက် မေးခွန်းထုတ်လာသဖြင့် ခရမ်းရောင်ဧကရာဇ် တုံ့ဆိုင်းသွားသည်။

"ဒီ အမျိုးသမီးရဲ့ မူလဇာစ်မြစ်က စုံစမ်းရခက်တယ်၊ သူမက လေထဲကနေ ပေါ်လာသလိုပဲ"

"စိတ်ချပါ၊ တကယ်လို့ သူမမှာ ကြောက်မက်ဖွယ် နောက်ခံ တကယ်ရှိရင် ဘာကြောင့် ပြဿနာတွေကို အလွတ်ပေးထားမှာလဲ။ သူမက တစ်ယောက်တည်း ဖြစ်ပြီး နိမ့်ကျတဲ့ ဇာစ်မြစ် ဖြစ်မယ်လို့ ငါယုံကြည်တယ်"

ရဲချင်းထျန်က ဖြတ်ပြောလိုက်ခြင်းပင်။

"နိမ့်ကျတဲ့ ဇာစ်မြစ် ဟုတ်လား။ ဒါတောင်မှ သူမက ဒီအသက်အရွယ်မှာ ဒီလောက် ကျင့်ကြံမှု အဆင့်ကို ရောက်နေတယ်ပေါ့"

လူငယ်က ပြက်လုံးတစ်ခု ကြားလိုက်ရသည့်ပမာ ဟက်ဟက်ပက်ပက် ရယ်နေခဲ့သောကြောင့် ရဲ ချင်းထျန် အလန့်တကြားခေါင်းငုံ့ချလိုက်ရသည်။

"တကယ်လို့ မင်းတို့ သတင်းအချက်အလက် ထိမ်ချန်ထားတယ်လို့ ငါ သိခဲ့ရင် အကျိုးဆက်တွေကို နားလည်တယ်မလား"

"စိတ်ချပါ။ ငါတို့လည်း သူမကို သေစေချင်ပါတယ်"

"ရှောင်ထျန်း၊ သခင် ရဲကို အပြစ်မတင်ပါနဲ့"

ကြာနီဟု အမည်ရသည့် အနီရောင် ဝတ်စုံဝတ် အမျိုးသမီးက နူးညံ့စွာ ကြားဖြတ်ပြောသည်။ လူငယ်က နှာခေါင်းတစ်ချက်ရှုံ့၍ သေးငယ်သော အနက်ရောင် စက်လုံးလေးတစ်ခုကို ထုတ်လိုက်ရာ ၎င်းထံမှ အငြိုးတရားများ လှိုင်းလုံးပမာ ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော အငြှိုးကြီး ဝိညာဉ်များ၏ မျက်နှာများက ၎င်း၏ မျက်နှာပြင်ပေါ်တွင် ပေါ်ထွက်လာသည်။

"အဲ့ဒါက ဘာလဲ"

ခရမ်းရောင်ဧကရာဇ်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်လေသည်။

"တားမြစ်ကံကြမ္မာ ဧကရာဇ်က ဒီ ရတနာလေးကို အဆုံးမဲ့ငရဲပြည်ကနေ ယူဆောင်လာခဲ့တာပဲ"

All Chapters