← Chapters

ကွင်းတွင်း ချန်ပီယံ တိုက်ပွဲ၊ ပတ်လည် တိုက်ပွဲ

Vol. 14 Ch. 177

ကွင်းတွင်း ချန်ပီယံ တိုက်ပွဲ၊ ပတ်လည် တိုက်ပွဲ

Vol. 14 Ch. 177

အခန်းတံခါး ပွင့်သွား၍ ကောင်းကင်တွင် ထိန်ထိန်ညီး တောက်ပနေသည့် နေရောင်ခြည်က အဖြူရောင် ဝတ်စုံဝတ် မိန်းကလေးငယ်၏ ဖြူဖွေးသော အသားအရေပေါ် ဖြာကျနေသည်။ ယခင်ညမှ ရှက်သွေးဖြာ နီမြန်းမြန်းအရောင်သည် သူမ၏မျက်နှာထက်တွင် ရှိနေဆဲဖြစ်ကာ အရုဏ်ဦးနေရောင်၏ နမ်းရှိုက်ခံရသော ပန်းတစ်ပွင့်ကဲ့သို့ လှပစွာ ပွင့်လန်းနေ၏။ နတ်လှေပေါ်မှ ည၏ စိတ်လှုပ်ရှားမှုသည် ယခင်ည၏ နူးညံ့မှုနှင့် ပေါင်းစပ်ကာ စိတ်တွင် ထင်ရှားသော အမှတ်တရတစ်ခု ချန်ရစ်ခဲ့သည်။ ဤအချင်းအရာနှစ်ခုအနက် ချန်ရီသည် ခံစားချက်များစွာ ပါဝင်သော ယခင်ညကို ပို၍နှစ်သက်ပြီး အေးစက်ဟန်ဆောင်နေသော်လည်း သူမ၏ မျက်ဝန်းများတွင် ငြင်းမရနိုင်လောက်အောင် ပျော်ရွှင်မှု အရိပ်အယောင်တစ်ခု ထင်ဟပ်နေသည်။

"ငါနဲ့ လိုက်ခဲ့"

ချန်ရီက အနည်းငယ် နှုတ်ခမ်းစူပြီး လှည့်ထွက်သွားသည်။

"ဘယ်ကိုလဲ"

ယွမ်ရှောင်က သူမနှင့် ဘေးချင်းကပ်လျှောက်ကာ မေးလိုက်ခြင်းပင်။ တောက်ပသော နေရောင်အောက်တွင် ဤစုံတွဲက ပန်းချီကားတစ်ချပ်အတွင်းမှ ထွက်လာသကဲ့သို့ တင့်တယ်နေသည်။

"နင့်ရဲ့ အသင်းဖော် နှစ်ယောက်ကို တွေ့ဖို့လေ"

ချန်ရီက ပြန်ဖြေသည်။

"အင်မော်တယ်စစ်ပွဲအတွက် အသင်းဖော်တွေလား"

ယွမ်ရှောင်၏ ခန့်မှန်းချက် မှန်ကန်ကြောင်း သူမက ခေါင်းညိတ်လိုက်သည်။

"မနေ့က ငါတို့ ပြင်းပြင်းထန်ထန် ကျင့်ကြံပြီးတော့ ငါက သိသိသာသာ တိုးတက်ခဲ့ပြီး အဆင့်လေးဆင့် တက်သွားခဲ့တယ်။ မင်းကရော"

ယွမ်ရှောင်က မသိချင်ဟန်ဆောင်ကာ တစ်ချက်ပြုံး၍ မေးလိုက်သည်။

"ငါလည်း တော်တော်လေး တိုးတက်ခဲ့ပါတယ်"

သူမက ထိုတိုးတက်မှုကို ကြွားဝါနေခြင်းအား မကျေနပ်ဟန်ဖြင့် မျက်စောင်းတစ်ချက်ထိုးကာ ဖြေလိုက်သည်။

"ဒါက ထူးဆန်းတယ်။ ငါတို့ နှစ်ယောက်စလုံး တိုးတက်ခဲ့တော့ ဘယ်သူ ရှုံးနိမ့်ရတာလဲ"

ယွမ်ရှောင်က နောက်ပြောင်လိုက်သည်။

"နင့်ရဲ့ အစ်မကြီး ကျောက်ပေါ့"

ချန်ရီသည် သူမ၏ ယင်စွမ်းအား သုံးပုံတစ်ပုံ ဆုံးရှုံးခဲ့သော်လည်း ဖြစ်နိုင်သည်မှာ ယင် ဟင်းလင်းပြင် နှင့် ယန်စွမ်းအင် သဟဇာတဖြစ်မှုကြောင့် ယခင်ထက် ပို၍ အားကောင်းလာပုံရသည်ဟု သူ ခံစားမိခဲ့သည်။

"သူမ ကျင့်ကြံတဲ့ ယင် ဟင်းလင်းပြင် ကျင့်စဉ်က တော်တော်လေး စစ်မှန်ပုံရတယ်။ ဘယ်သူ သိနိုင်မှာလဲ။ ဖြစ်နိုင်တာက သူမလည်း ရှေးဦး အင်မော်တယ် ဘိုးဘေးတစ်ယောက်ယောက်နဲ့ နအမှန်တကယ် ဆက်နွယ်မှု ရှိနိုင်တယ်။ မြင့်မြတ်သော ချီစွမ်းအား ပမာဏ လျော့နည်းသွားပုံရပေမယ့် သန့်စင်မှုက အဆပေါင်းများစွာ တိုးပွားလာပြီး သူမကိုယ်တွင်း ဖန်ဆင်းရှင်မိုးစက်ဟာ မင်းရဲ့ ပြုစုပျိုးထောင်မှုကြောင့် ပိုမို အားကောင်းလာခဲ့တယ်။ ဒါ့ကြောင့် သူမရဲ့ တိုက်ခိုက်ရေး စွမ်းရည်က လုံးဝ လျော့ပါးသွားမှာ မဟုတ်လောက်ဘူး"

ဤတွေ့ရှိချက်က အလွန်အံ့သြစရာကောင်းသောကြောင့် ကြယ်ပြာကို အမှတ်မထင် ရေရွတ်စေခဲ့မိသည်။

"ဒါဆိုရင်တော့ စိတ်အေးရပါပြီ"

ယွမ်ရှောင်သည် ဤနှစ်ကိုယ်တူကျင့်ကြံခြင်းကြောင့် သူမ၏ တိုက်ခိုက်ရေး နိမ့်ကျသွားမည့်ကို စိုးရိမ်နေခဲ့သည်။

"တကယ်လို့ သူမသာ ယန် ဟင်းလင်းပြင်နေ အကျိုးရှိခဲ့ပြီး ဒီရှေးဦး အင်မော်တယ် ဘိုးဘေးက အစ်ကိုကြီးရဲ့ ဓားအောက်မှာ ကျဆုံးသွားရင် ဘာတွေဆက်ဖြစ်နိုင်မလဲ"

လနီက ခပ်တိုးတိုး ပြောသည်။

"ငါ ဘယ်လို သိနိုင်မှာလဲ။ ဒီလိုနတ်ဘုရားလောက်ကို ဆက်သလာရင်တောင် ဖန်ဆင်းရှင်က တစ်ချက်မှ ကြည့်မယ် မထင်ဘူး။ အခုတော့ ချန်ရီက အစ်ကိုကြီးထက် အဆင့်များများ ကျော်တက်သွားပြီ။ ဒီပြိုင်ပွဲက ​မဖြစ်နိုင်လောက်တော့ပါဘူး"

ကြယ်ပြာက နောင်တရနေဟန်ဖြင့် ညည်းတွားသည်။

"စကားမစပ်၊ ကောင်းကင်နယ်မြေ အင်မော်တယ်စစ်ပွဲက နှစ်ရက် ကြာတယ်။ နောက်နေ့ ညနေမှာ ငါ နင့်ဆီက အကူအညီတစ်ခု လိုအပ်နေလို့ စစ်ပွဲ ပြီးဆုံးပြီးရင် လျှောက်မသွားနဲ့"

ချန်ရီ လေးနက်စွာ မှာကြားလိုက်သဖြင့် တစ်ခုခုကို တွေးမိလိုက်သော ယွမ်ရှောင်၏ မျက်လုံးများ ကောက်ကျစ်သည့် အရိပ်အယောင် တောက်ပသွားသည်။

"ကျားမလေး၊ ဟိုကိစ္စကို နောက်တစ်ခါ လောဘကြီးလာပြန်ပြီလို့တော့ မပြောနဲ့နော်။"

" ဘာဖြစ်လဲ။ ​ငါက နင်နဲ့ တရားဝင် လက်ထပ်ထားတာ မဟုတ်ဘူးလား။ ဇနီးတစ်ယောက်က ခင်ပွန်းသည်ရဲ့ အာရုံစိုက်မှုကို တောင့်တတာ ရာဇဝတ်မှုလား"

ချန်ရီက ခံစားချက်မဲ့သော မျက်နှာဖြင့် ပြန်ပြောလိုက်သောကြောင့် အင်မော်တယ်စစ်ပွဲအပြီး ညကို သူတို့၏ တတိယအကြိမ် တူနှစ်ကိုယ်ကျင့်ကြံမှုအတွက် ရွေးချယ်ထားပုံရသည်။ သူ ခန့်မှန်းထားသည်မှာ ၎င်းသည် သူမအနေဖြင့် နတ်ဆိုးတိုက်ကြီးကို တရားဝင် စစ်ကြေညာမည့် အကြိုည ဖြစ်သောကြောင့် အရေးကြီးဆုံး ခြေလှမ်းအဖြစ် ယန်စွမ်းအင်များ လိုအပ်ပေလိမ့်မည်။ သူမက သားကောင်ကို အာသာငမ်းငမ်းကြည့်နေသော တောမုဆိုးသားရဲပမာ သူ့ကို စိုက်ကြည့်နေပြီး ဝါးမျိုရန် ယုံကြည်ချင်အပြည့်ရှိနေပုံပင်။

"လုပ်လိုက်စမ်းပါ။ ငါ မင်းကို ငိုအောင် လုပ်ပြမယ်"

ယွမ်ရှောင်က စိတ်ထဲမှ ကျေနပ်စွာ တွေးလိုက်ပြီး ဤလင်မယားသည် လျှို့ဝှက်ချက်ကိုယ်စီဖြင့် အရုဏ်တက်အိမ်တော်အပြင်သို့ ထွက်ခွာလာခဲ့၏။

"ကောင်းသော နေ့ပါ၊ သခင်မလေးနဲ့ သခင်လေး"

လမ်းလျှောက်နေစဉ် ချန်ကောင်းကင်အိမ်တော်၏ အစောင့်များက သူတို့ကို လေးစားစွာ နှုတ်ဆက်လာကြသည်။ ရဲ ရှင်းချန်ကို အနိုင်ယူပြီး ဒေါင်းမင်းသားကို ကွပ်မျက်ခဲ့သဖြင့် ယွမ်ရှောင်က သူတို့၏ ရိုသေလေးစားမှုကို ရရှိခဲ့ပြီးဖြစ်သည်။ ဤဆက်ဆံမှုများမှ တဆင့် ချန်အိမ်တော် သခင်မလေးဟူသော သရုပ် မည်မျှစစ်မှန်ကြောင်း သိနိုင်ပြီး အရုဏ်တက်နတ်ဧကရီနှင့် တစ်ယောက်တည်းဖြစ်နေမည်ဟု တွေးမိစရာ အကြောင်း မရှိတော့ပေ။

"အစ်ကို ကျင်း၊ ထန်အာ၊ ယွမ်ရှောင် ရောက်လာပြီ"

ခဏအကြာတွင် နှစ်ယောက်သား မြေကွက်လပ်တစ်ခုသို့ ရောက်လာပြီး ချန်ရီက အသိပေးလိုက်သောအခါ ပခုံးဖက်ထားသော လူငယ် အမျိုးသားနှစ်ဦး ပေါ်ထွက်လာသည်။ တစ်ဦးမှာ အညိုရောင် တိုက်ပွဲချပ်ကာ ဝတ်ဆင်ထားပြီး လေးထောင့်ကျကျ မျက်နှာ၊ ကြီးမားသန်မာသော ကိုယ်လုံးကိုယ်ပေါက်၊ အသားညိုညိုနှင့် တောက်လောင်နေသော မျက်လုံးများ ပိုင်ဆိုင်၍ နဖူးထက်တွင် ဘုရင်စာလုံး မှိန်ဖျော့စွာ တည်ရှိနေသည်။ ယွမ်ရှောင်က သူ့ကို ချက်ချင်းမှတ်မိလိုက်ပြီး ချန်ကျင်း၊ ချန်ရီ၏ ဝမ်းကွဲအစ်ကို၊ ဦးလေး ချန်ကျောက်၏ သား ဖြစ်သည်။ ကိုးကောင်းကင် အင်မော်တယ်စစ်တပ်၏ လေ့ကျင့်ရေးစခန်းများတွင် သူက စစ်သူကြီးချုပ်ချန်ရှောင်၏ အရိုက်အရာ ဆက်ခံသူအဖြစ် ပြုစုပျိုးထောင်ခံနေရသဖြင့် အမူအရာနှင့် တည်ငြိမ်သော လမ်းလျှောက်ဟန်က ကြီးမြတ်သော အနာဂတ်စစ်သူကြီးတစ်ဦး၏ ပုံရိပ်မျိုး အရိပ်အမြွက် ပြသနေသည်။ ကျန်တစ်ဦးမှာ အပြာနုရောင် ဝတ်ရုံ၊ နူးညံ့သော မျက်နှာသွင်ပြင်များနှင့် မှတ်သားလောက်အောင် သေးသွယ်သော ခါးရှိသည့် ပိန်ပိန်ပါးပါး အသားဖြူဖြူ လူငယ်တစ်ဦး ဖြစ်သည်။

" ဒီတစ်ယောက်က ဘယ်သူလဲ"

"ဒါက ဦးလေး ကျောက်ရဲ့ သား၊ ကျောက်ရှောင်ထန်"

ချန်ရီက မိတ်ဆက်ပေးလိုက်ရာ သူ ချက်ချင်း မှတ်မိသွားပြီး ထိုလူငယ်သည်လည်း သတင်းကြီးသူတစ်ယောက် ဖြစ်ပေသည်။ နတ်ဆိုးကိုယ်ပွား လနတ်သားသည် မိန်းမဆန်သော မျက်နှာသွင်ပြင်များ ရှိသည့် အမျိုးသားတစ်ဦး ဖြစ်သော်လည်း မိန်းမအစစ်ပမာ နူးညံ့သိမ်မွေ့ခြင်း မရှိဘဲ အေးစက်စက် အရှိန်အဝါမျိုး ပိုင်ဆိုင်ထား သို့သော် ဤ ကျောက်ရှောင်ထန်ကမူ သူ၏ ကိုယ်လုံးကိုယ်ပေါက်မှ အပြုံးအထိ မြင်ရသူတိုင်းကို ခေါင်းကုတ်သွားစေနိုင်လောက်သည့် ခံစားချက်များ ပေးနိုင်သည်။

"အစ်ကို ယွမ်ရှောင်"

ကျောက်ရှောင်ထန်သည် ယွမ်ရှောင်ကို မြင်သည်နှင့်တပြိုင်နက် ချန်ကျင်းကို လွှတ်၍ ပွေ့ဖက်ရန် ပြေးဝင်လာသည်။

"အဲ့နေရာမှာ ရပ်လိုက်စမ်း။ ငါ့ယောက်ျားနဲ့ စကားပြောချင်ရင် ဝေးဝေးနေ"

ချန်ရီက သူ့ကို တားမြစ်ရန် ကြားဖြတ်ဝု်လိုက်ပြီး လက်ဆန့်ကာထားခဲ့သည်။

"အမလေး၊ ဇွတ်ကျားမ နင်က ငါနဲ့တောင် တကယ် သဝန်တိုနေတာလား"

ကျောက်ရှောင်ထန်က အလန့်တကြား အော်ဟစ်လိုက်သောကြောင့် ယွမ်ရှောင်မှာ အူကြောင်ကြောင် ဖြစ်သွားရသည်။ စကားမဆုံးခင်မှာပင် လက်သီးတစ်ချက်ရောက်လာသည့်အတွက် ကျောက်ရှောင်ထန်က လွင့်ထွက်သွားပြီး နာကျင်စွာ ညည်းညူလိုက်၏။

"နင့်လို လူကြမ်းမကို အစ်ကိုယွမ်ရှောင်က အနှေးနဲ့အမြန် စွန့်ပစ်လိမ့်မယ်"

ကျောက်ရှောင်ထန်က လက်ညှိုးငေါက်ငေါက်ထိုး၍ ရန်တွေ့နေသဖြင့် ယွမ်ရှောင် ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေမိသည်။ ကျောက်ရွှမ်ကျန်း အမြဲတမ်း စိတ်ဓာတ်ကျနေပုံရသည်မှာ အံ့ဩစရာ မရှိပေ။ အကယ်၍ ယွမ်ရှောင်သည်လည်း သူ့ကို သားအဖြစ် ရခဲ့လျှင် အနည်းငယ် စိတ်ရှုပ်ရမည်ပင်။ သို့သော် ဤသို့ ရင်းနှီးစွာ စနောက်နေခြင်းအရ ချန်ရီသည် ဤလူငယ်နှစ်ဦးနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသည်ဟု ဆိုလိုပြီး ငယ်စဉ်ကတည်းက ကစားဖော်များ ဖြစ်ခဲ့နိုင်သည်။

"ငါ နင်နဲ့ ရန်ဖြစ်ဖို့ အားယားမနေဘူး"

"အစ်ကို ကျင်း၊ ယွမ်ရှောင်ကို စောင့်ရှောက်ပေးဖို့ တောင်းဆိုပါတယ်"

ချန်ရီက ကျောက်ရှောင်ထန်ကို တစ်ချက်စိုက်ကြည့်၍ အညိုရောင်ချပ်ကာဝတ် ချန်ကျင်းဘက်သို့ လှည့်ကာ ပြောလိုက်၏။

"နားလည်ပါတယ်။ သူက မင်းရဲ့ ခင်ပွန်းဆိုမှတော့ ငါ့အတွက်လည်း ညီအစ်ကိုပါပဲ"

ချန်ကျင်းက ခေါင်းညိတ်ပြသည်။

"သူက ငါရဲ့ညီအစ်ကိုလည်း ဖြစ်တယ်"

ယွမ်ရှောင်ကို ခေါင်းအစ ခြေအဆုံး အကဲဖြတ်နေသော ကျောက်ရှောင်ထန်က မျက်လုံးများ အရောင်လက်နေသည်။

"အမလေး၊ ဒီလောက် ရင်သပ်ရှုမောဖွယ် ရုပ်ရည်မျိုးနဲ့ဆိုရင် ငါတောင် ရှောင်နိုင်မှာ မဟုတ်ဘူး။ ဒီကျားရိုင်းမက အတိတ်ဘဝမှာ ဘယ်လောက် ကောင်းမှုကုသိုလ် စုဆောင်းခဲ့လို့ ဒီလောက် တောက်ပတဲ့ ကြာပန်းလေးကို ညစ်ညမ်းခွင့်ရအောင် ကံကောင်းနေတာလဲ"

"ကျောက်ရှောင်ထန်"

ချန်ရီက ဒေါသမထိန်းနိုင်တော့ဟန်ဖြင့် ကျောက်ရှောင်ထန်ထံ ပြေးဝင်သွားကာ လက်သီးဖြင့် အကြိမ်ကြိမ် ထိုးနှက်လိုက်သည်။ ဤမြင်ကွင်းမျိုးကို ရိုးအီနေပြီဖြစ်သော ချန်ကျင်းက ယွမ်ရှောင်ကို လက်ယပ်ခေါ်၍ အိမ်တော်တစ်ခုထံ ခေါ်ဆောင်သွားခဲ့သည်။

"ညီလေး ယွမ်၊ ငါတို့ စစ်မြေပြင်ကိုရောက်ရင် မင်းရယ်ငါရယ် ရှောင်ထန်ရယ် အဖွဲ့တစ်ခု ဖွဲ့ရအောင်။ အတူတူ တိုက်ခိုက်ပြီးငါတို့ရဲ့ အရုဏ်တက် အင်မော်တယ်နတ်ပြည်ထောင်အတွက် ဂုဏ်ဆောင်ကြမယ်ကွာ"

ချန်ကျင်းက အကြံပြုလိုက်သည်။

"ကျုပ်ကို စည်းမျဥ်းစည်းကမ်းတွေအကြောင်း ရှင်းပြပေးပါလား"

ယွမ်ရှောင်က အင်မော်တယ်စစ်ပွဲအကြောင်း အပေါ်ယံသာ နားလည်ထားသဖြင့် တောင်းဆိုလိုက်၏။

"သူမက မင်းကို မပြောရသေးဘူးလား"

ချန်ကျင်း အံ့ဩသွားပုံရသည်။

"သူမက ချန်မျိုးနွယ်ရဲ့ မီးရှူးတန်ဆောင်လေ။ တော်တော်လေး အလုပ်ရှုပ်နေတာထင်တယ်"

"အင်မော်တယ်စစ်ပွဲ နှစ်ရက် ကြာပြီးတော့ စစ်မြေပြင် အမျိုးအစားအလိုက် တစ်ရက်စီ ကွဲပြားတယ်"

"နှစ်ရက်တောင်လား"

ဓားရှစ်လက်ပွဲတောင်အကြောင်း သူက ချက်ချင်း အမှတ်ရလိုက်ပြီး သေမျိုး လောက၏ ယှဉ်ပြိုင်မှု အလေ့အထများသည် ကောင်းကင်နယ်မြေ၏ အင်မော်တယ်စစ်ပွဲမှ ဆင့်ကဲပြောင်းလဲလာခြင်း ဖြစ်နိုင်သည်။

"မှန်တယ်။ ပထမနေ့အကြောင်း ပြောကြစို့။ ဒါကို ထူးခြားတဲ့ စစ်မြေပြင် နှစ်ခုအဖြစ် ခွဲခြားထားသည်—ပတ်လည် တိုက်ပွဲ နဲ့ ကွင်းတွင်း ချန်ပီယံ တိုက်ပွဲ။ကွင်းတွင်း ချန်ပီယံ တိုက်ပွဲမှာ နတ်ဘုရားတိုက်ကြီးရဲ့ အင်မော်တယ်နတ်ပြည်ထောင် ခြောက်ခုစီက ချန်ပီယံတစ်ဦးစီ ရွေးချယ်ပြီး နတ်ဆိုးတိုက်ကြီးကတော့၊ ချန်ပီယံ ဆယ်ဦး ဝင်ခွင့် ရှိတယ်။ ဒါကြောင့် စုစုပေါင်း ချန်ပီယံ ဆယ့်ခြောက်ဦးက တစ်ယောက်ချင်းစီ သက်ဆိုင်ရာ တိုက်ပွဲ ကွင်းတစ်ခုစီကို စောင့်ကြပ်ရတယ်။ ဘယ်ပါဝင်သူမဆို သူတို့ကို ရာထူးအတွက် စိန်ခေါ်နိုင်ပြီး ငါတို့ရဲ့ အရုဏ်တက်နတ် ပြည်ထောင်အတွက် နဂါးအဆင့်သတ်မှတ်ချက် အဆင့်တစ်က ချန်ပီယံ ဖြစ်လိမ့်မယ်"

ချန်ကျင်းက ချန်ရီကို တစ်ချက်လှမ်းကြည့်၍ ရှင်းပြလိုက်ပြီး မဟာကျောင်းတော်၌ သူမ တိုက်ခိုက်ခဲ့သော အကြောင်းအရင်း ဖြစ်ပေလိမ့်မည်။ ကွင်းတွင်း ချန်ပီယံတစ်ဦးသည် အဆင့်သတ်မှတ်ထားပြီးဖြစ်သော ပြိုင်ပွဲဝင်တစ်ယောက်နှင့် ဆင်တူကာ အရုဏ်တက် အင်မော်တယ်နတ်ပြည်ထောင် တစ်ခုလုံးအတွက် နေရာ တစ်ခုသာ ရရှိနိုင်သည်။ ချန်ရီက သူတော်စင်နယ်ပယ် ကျင့်ကြံဆင့်၌ ရှိနေသည်ကို ထောက်ရှုလျှင် ဤကွင်းတွင်း ချန်ပီယံများသည် တိုက်ခိုက်သူများထဲတွင် အင်အားအကြီးဆုံးများဖြစ်ကြပြီးသက်ဆိုင်ရာ အင်အားစုများ၏ ဂုဏ်သိက္ခာကို ကိုယ်စားပြုကြောင်း ထင်ရှားသည်။ ထို့အပြင် နတ်ဆိုးတိုက်ကြီးတွင် ချန်ပီယံ ဆယ်ယောက်ရှိသောကြောင့် နတ်ဆိုးဧကရာဇ်များ၏ မျိုးဆက်များ ဖြစ်နိုင်ကာ အင်မော်တယ်နတ်ပြည်ထောင် ခြောက်ခု၏ ထိပ်တန်း ပါရမီရှင်များထက် အင်အားသာလွန်ပေလိမ့်မည်။

"ပတ်လည် တိုက်ပွဲကကော"

ယွမ်ရှောင်က ဆက်မေးသည်။

"ပတ်လည် တိုက်ပွဲက တော်တော်လေး ခက်ခဲလိမ့်မယ်။ ပြိုင်ပွဲဝင် အားလုံးက ငါးယောက် တစ်ဖွဲ့စီ ဖွဲ့စည်းရပြီး တခြားအဖွဲ့တွေနဲ့ တိုက်ခိုက်ကြရမယ်။ မင်းက ပြိုင်ဘက်ကို မြန်မြန် ချေမှုန်းနိုင်လေလေ မြန်မြန် ရှေ့ဆက်နိုင်လေလေပဲ။ ဒီတိုက်ပွဲတွေက အသင်းလိုက်ဆောင်ရွက်မှုကို ဦးစားပေးပြီး မျက်စိဖမ်းစားနိုင်လောက်တယ်"

ချန်ကျင်း၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားသည်။

"ဒါဆိုရင် တစ်ဖက်မှာ ကွင်းတွင်း ချန်ပီယံ တိုက်ပွဲ ရှိပြီး ကျန်တစ်ဖက်မှာ ပတ်လည်တိုက်ပွဲပေါ့။ အောင်နိုင်သူကို ဘယ်လိုဆုံးဖြတ်ကြမှာလဲ"

ယွမ်ရှောင်က နားမလည်ဟန်ဖြင့် မေးခွန်းထုတ်လာသောအခါ ချန်ကျင်းသည် အင်မော်တယ်စစ်ပွဲလက်မှတ် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ပြလိုက်ပြီး သူလည်း တစ်ခု ပိုင်ဆိုင်ထားသည်။

"အောင်ပွဲကို မင်းလက်ထဲမှာ ဒီကျောက်စိမ်း ဘယ်လောက်ရှိသလဲဆိုတာနဲ့ ဆုံးဖြတ်တယ်"

"ဒါက ဘယ်လို အလုပ်လုပ်တာလဲ"

ယွမ်ရှောင်က စူးစမ်းလိုစိတ်ဖြင့် အနီးကပ် ကြည့်လိုက်သည်။

"ဥပမာကွာ၊ ပတ်လည်တိုက်ပွဲရဲ့ ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီမှာ ကျောက်စိမ်းတစ်ခုစီရှိတယ်။ အဖွဲ့လိုက်တိုက်ခိုက်ပြီး အနိုင်ရရင် ကျောက်စိမ်းငါးခု ရမယ်။ အောင်ပွဲတိုင်းအတွက် ဆက်တိုက်ရနေမှာပဲ"

"ဒါပေမယ့် အဖွဲ့အတွင်းမှာ ဘယ်လိုခွဲယူကြမှာလဲ။ ညီတူညီမျှလား"

ဓားဆွေးနွေးပွဲစည်းမျဥ်းများနှင့် တူညီကြောင်း ယွမ်ရှောင် စိတ်ထဲမှ မှတ်ချက်ပေးလိုက်၏။

"စိတ်ကြိုက်ခွဲဝေလို့ရတယ်"

"အချင်းချင်း ပြဿနာရှိနေရင်ရော"

"ဒါဆိုရင် ခွန်အားနဲ့ ဆုံးဖြတ်ပေါ့။ အသင်းဖော်အချင်းချင်းလည်း သစ္စာဖောက်နိုင်တယ်နော်"

ချန်ကျင်းက တစ်ချက်ပြုံး၍ ရှင်းပြလိုက်သဖြင့် ပြင်းထန်လှသော တိုက်ပွဲဖြစ်ကြောင်း သူ နားလည်သွားခဲ့၏။

"အင်မော်တယ်စစ်ပွဲရဲ့ စည်းမျဥ်းတွေက ကြမ်းကြုတ်ရက်စက်တယ်။ မင်းက အသင်းကို သစ္စာဖောက်လို့ ရပေမယ့် စာရင်းပေးထားပြီးရင် အသင်းပြောင်းလို့မရဘူး။ နောက်ဆုံးမှာ ငါးယောက်တစ်ယောက် တိုက်ခိုက်ရတာမျိုးတောင် ဖြစ်လာနိုင်တယ်"

ချန်ကျင်းက ခေါင်းညိတ်ပြလိုက်ပြီး သေသည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ ထုတ်ပယ်ခံရ​ပေလိမ့်မည်။ ပြိုင်ပွဲဝင်တိုင်းသည် ကျောက်စိမ်းလက်မှတ်တစ်ခုစီဖြင့် စတင်ရပြီး အသင်းအနေဖြင့် နိုင်ပွဲဆက်နေလျှင် အရေအတွက်များများ ရနိုင်ကာ အဆင့်သတ်မှတ်ချက်ဖြင့် အနိုင်ရသူနှင့် ရှုံးနိမ့်သူများကို ခွဲခြားရန် ဖြစ်လေသည်။

All Chapters